ခြေကုပ်နေရာ တစ်နေရာ ထူထောင်ခြင်း
Vol. 50 Ch. 695
အဝါရောင် ဝတ်စုံနှင့် အမျိုးသားက သွေးအိုင်နားတွင် သူ့ကိုယ်သူ ဒေါသတကြီး ရေရွတ်နေလေ၏။ မည်သူမဆို ထိုသူက အနောက်ပိုင်းကျုံးပင်လယ်ရှိ နဂါးမျိုးနွယ်စုအား သတ်ဖြတ်သွားသည့် သူ ဖြစ်ကြောင်း ပြောနိုင်ပေလိမ့်မည်။
“ အဲဒီလူက ဘယ်သူကြီးလဲ ” တစ်ယောက်က မေးလိုက်သည်။
“ ဒီလို လူမျိုးကို အင်မော်တယ်လောကမှာ မသိဘူးဆိုတာ ဖြစ်နိုင်ပါ့မလား။ ရုပ်ဖျက်ထားတာ နေမယ် ” နောက်တစ်ယောက်က ဝင်ဖြေလိုက်၏။
အောင်းယွီလု မျက်နှာမှာ အရှက်သည်းလွန်းပြီး နီရဲလာလေ၏။ ဤနှစ်များ၌ သူမက မိုဝူကျိ၏ အကြောင်းများကို သွားလေရာတိုင်း သွားပုတ်လေလွင့် ပြောဆိုခဲ့သည်။
အမှန်တရားမှာ ဤနှစ်များ၌ သူမ အရှက်လိုက်ခွဲနေသော လူမှာ သူမ မျိုးနွယ်စု၏ ကယ်တင်သူ ဖြစ်နေခဲ့ပေသည်။
ထိုစဉ် သူမက အစာကျွေးသော ပြန်ကိုက်မိလိုက်သူအဖြစ် ခံစားလိုက်မိသည်။
“ အောင်းယွီလု …. ငါတို့မျိုးနွယ်စုက ကျေးဇူးတရားကို ကြင်နာမှုနဲ့ ပြန်ပေးဆပ်ကြတယ်။ နင်က အမှန်တရားကိုတောင် မရှာဖွေဘဲနဲ့ မိုဝူကျိရဲ့ ကြင်နာမှုကို ဂုဏ်သိက္ခာ ပျက်ယွင်းမှု ဖြစ်စေပြီးတော့ ပြန်ပေးဆပ်တာလား ”
“ အဲလိုဆိုရင် သူက ဘာလို့ ငါ့ကို ရှင်းမပြ .... ” အောင်းယွီလုက တစ်ဝက်တပျက် ရပ်တန့်သွား၏။ သူမက မိုဝူကျိ ရှင်းပြမည့် အကြောင်းကို နားထောင်ဖို့ရာ ငြင်းဆန်ခဲ့ကြောင်း ပြန်လည် အမှတ်ရသွားသည်။
ယခင်က သူမအနေနှင့် မိုဝူကျိ ရှင်းပြမည့် စကားများကို နားထောင်ဖို့ရာ ငြင်းပယ်ခဲ့ပြီး သူက ပြစ်မှု ကျူးလွန်ခဲ့သူ မဟုတ်သော်လည်း ကိစ္စများက သူမ ထင်ထားသလို ဖြစ်နေဟန် ပေါ်နေသည် မဟုတ်ပါလော။
လူအုပ်ကြီးက အောင်းယွီလု၏ မျက်နှာအနေအထားကို ကြည့်ပြီး နားလည်သွားကြသည်။ အောင်းစန်းကျီက မထူးမခြားနား ပြောလိုက်၏
“ အစ်ကိုဝူကျိကို ရှင်းပြခွင့် မပေးခဲ့ဘူးဆိုတာ သိနေတယ်။ မိုဝူကျိက ငါတို့ကို ကယ်တုန်းက ကျင့်ကြံဆင့် နိမ့်သေးတယ်။ သူ့အနေနဲ့ မင်းလိုမျိုး မဟာလော့ရှန်းအဆင့် တစ်ယောက်နဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။ တကယ်လို့ သူသာ မင်းလက်ထဲမှာ သေသွားခဲ့ရင် ငါတို့ မျိုးနွယ်စု တစ်ခုလုံး ခေါင်းငုံ့ပြီး အရှက်တရားနဲ့ နေထိုင်သွားရလိမ့်မယ် …. ”
“ ငါ မှားခဲ့တာပါ … ငါ တောင်းပန်ပါတယ် ” အောင်းယွီလုက ဝမ်လျန်ရှီးထံ လျှောက်သွားကာ တောင်းပန်လိုက်၏။ သူမအနေနှင့် အဖြစ်အပျက်ကို နားလည်ပြီးနောက် မိုဝူကျိသည် ဤသို့မျိုး သွေးသံရဲရဲ ဖြစ်နေရကြောင်း သံသယ မရှိတော့ချေ။
သူမက အမှားကို သိသည်နှင့် အမှန်ကို လက်ခံကျင့်သုံးတတ်သော သူ ဖြစ်ပေ၏။
ဝမ်လျန်ရှီးက တည်ငြိမ်စွာ ပြောလိုက်၏
“ တောင်းပန်ဖို့ မလိုပါဘူး။ အဲဒါကို လက်ခံဖို့ ဝါစဉ်လည်း မရှိပါဘူး ပြီးတော့ နောင်ကျရင်လည်း ကျမတို့တွေက မိတ်ဆွေတွေ ဖြစ်လာမှာ မဟုတ်ဘူးလေ။ အစ်ကိုဝူကျိက အဲလို လူစားမျိုး မဟုတ်ဘူးဆိုတာပဲ ယုံကြည်စေချင်တာပါ …. သူ့ကို အထင်မလွဲမှားဖို့ မျှော်လင့်မိရုံလေးပါ ”
ဝမ်လျန်ရှီးက အောင်းယွီလု မည်မျှ တောင်းပန်စေကာမူ ခွင့်လွတ်ပေးမည် မဟုတ်ပေ။ သူမ အမြင်၌ အောင်းယွီယုမှာ အစ်ကိုဝူကျိကို သတ်ဖို့ရာ လူအများအပြားကို လှုံ့ဆော်ခဲ့သည့် အကြောင်းအရင်း ဖြစ်နေပေသည်။
“ ဆေးလုံးဆရာမိုက အဲလို မလုပ်ပါဘူးလို့ ငါ မပြောဘူးလား ”
“ အဲဆို သူတော်စင်တရားကျောင်းက ဆရာတပည့်ကို သတ်ပြီးတော့ မဟာခွန်ဗုဒ္ဓမီးအိမ်ကို ခိုးသွားတယ်ဆိုတာကရော … ”
“ မိုဝူကျိက မဟာခွန်ဗုဒ္ဓ မီးအိမ်ကို ကိုယ်တိုင် ခိုးနေတာ မမြင်ဘဲနဲ့ ဘယ်လိုများ သေချာနေတာလဲ။ အောင်းယွီလုတောင် နဂါးမျိုးနွယ် သတ်ဖြတ်တဲ့ ကိစ္စကို မှားယွင်းပြီး စွပ်စွဲမိတာ မဟုတ်ဘူးလား။ ငါတို့တွေ နောက်ကျ အဖြစ်အပျက်ကို သိရမှာပေါ့ ”
…………..
နဂိုက မိုဝူကျိအား ဆဲဆိုကာ ရှံ့ချနေကြသည့် လူများက အောင်းစန်းကျီ၏ ရှင်းပြချက်နောက်တွင် ပြောင်းလဲသွားကြသည်။
“ အထက်ဘုံက တမန်တော် ရောက်ရှိလာပါပြီ ” အသံတစ်သံက လူအုပ်ကြီးမှ ထွက်ပေါ်လာကာ အရာအားလုံးကို တိတ်ဆိတ်သွားစေသည်။
သိပ်သည်းနေသော လူအုပ်ကြီးက လမ်းဖယ်ပေးလိုက်ကြသည်။
မဟာဆန်သည့် လူငယ်လေး တစ်ဦးက လူအုပ်ကြား လျှောက်လှမ်းလာသည်။ သူ့ခမ်းနားလှသော အနက်ရောင် ဝတ်ရုံက သူ့အရှိန်အဝါကို ပို၍ တိုးပွာသွားစေသည်။
စူးခရာ အင်မော်တယ် မြို့ဟောင်းရှိ အင်မော်တယ်များမှာ အံ့ဩတကြီး ထရပ်လိုက်ကြသည်။ သူတို့အတွက် အဆင့်မြင့် ကျင့်ကြံသူများနှင့် အင်မော်တယ် ဧကရာဇ်များကို မြင်တွေ့ခြင်းက ပုံမှန် ဖြစ်ပေ၏။ အနက်ရောင် ဝတ်ရုံနှင့် လူငယ်လေး၏ အရှိန်အဝါက အင်မော်တယ် ဧကရာဇ် တစ်ယောက်ထက် လျော့နည်းခြင်း မရှိပေ။ ကြည့်ရသည်မှာ ဤသို့ ငယ်ငယ်ရွယ်ရွယ်ဖြင့် အင်မော်တယ် ဧကရာဇ် တစ်ယောက် ဖြစ်နေလေပြီ။
ထိုအနက်ရောင်ဝတ် လူငယ်လေး၌ အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက် ရှိနေသည်။ အမျိုးသားမှာ အရပ်ရှည်ရှည်နှင့် လက်ဖဝါးကြီးကြီး ရှိ၏။ သူက မျက်လုံး ပိတ်ထားသော်လည်း တစ်ခုခုကို ခံစားမိနေဟန် ပေါ်သည်။ ထိုသာမာန်ဟန် အမျိုးသားတစ်ယောက်က သာမာန် ဖြစ်မနေပေ။ သူ့ခန္ဓာပေါ်၌ တခြားသူများကို စိတ်နှလုံးသားအထိ ကြောက်လန့်သွားစေနိုင်သည့် အရှိန်အဝါများ ပါဝင်နေပေ၏။
အမျိုးသမီး ဖြစ်သူမှာ အလွန်တရာ လှပပြီး မိုးသောက်မြူများကြားမှ ထွက်ပေါ်လာသော ပေါ့ပါးလွတ်လပ်သော နတ်သမီးလေးအလား ဖြစ်ကာ အလေးအနက်မထားဟန် မပေါ်ဘဲ ကြော့ရှင်းတင့်တယ်လှပပေသည်။
“ ကျုပ်က တပည့် ရွေးချယ်ပွဲအတွက် အထက်ဘုံကို ကိုယ်စားပြုတဲ့ တမန်တော် ကျင်းယူပါ ”
ညင်သာနွေးထွေးလှသည့် လေသံက လူအုပ်ကြားမှ စိုးရိမ်ပူပင်မှုများကြား စိမ့်ဝင်လာပြီး
“ စိုးရိမ်ဖို့ မလိုပါဘူး။ အထက်ဘုံက ဒီတစ်ခါ လူများများ ခေါ်ဖို့ ရည်ရွယ်ထားပါတယ်။ ကြယ်လေးလုံးနဲ့ အထက် ကျင့်ကြံသူ ဖြစ်ပြီးတော့ အထက်ဘုံကို ဝင်နိုင်မဲ့ အရည်အချင်းဦ အလားအလာမျိုး ပိုင်ဆိုင်မယ်ဆိုရင် ….. ”
ကျင်းယွီ ပြောစကား ကြားသည့်အခါ အများစုက စိတ်သက်သာရာ သက်ပြင်းချလိုက်ကြသည်။ လက်ရှိ လူအများစုမှာ ကြယ်လေးလုံးနှင့်အထက် ဖြစ်ပြီး တမန်တော်က ကြယ်လေးလုံး အဆင့် မရှိသူပင် အထက်ဘုံသို့ ဝင်ဖို့ရာ အခွင့်အရေး ရှိကြောင်း ပြောခဲ့၏။
“ ပြီးတော့ မင်းတို့ဂိုဏ်းနဲ့ ကျင့်ကြံတဲ့ အချိန်ကာလ အပိုင်းအခြားက ရွေးချယ်တဲ့ ဖြစ်စဉ်မှာ ထည့်သွင်း စဉ်းစားမှာ မဟုတ်ဘူး။ ဒီနေရာမှာ ငါ့ကို မင်းတို့တွေက ထိုက်တန်ပါတယ်ဆိုပြီး ပြနိုင်ရင် မင်းတို့တွေ အထက်ဘုံကို ဝင်ခွင့် ရမယ်။ ငါ့ဘေးနားမှာ ရပ်နေတဲ့ နှစ်ယောက်က နမူနာကောင်း နှစ်ယောက်ပဲ။ တစ်ယောက်က လျှပ်စီးဂိုဏ်းက လိန်ဟုန်ကျီနဲ့ နောက်တစ်ယောက်က ယုံရင်အင်မော်တယ်နယ်မြေရဲ့ ကျီယွဲ့ပဲ …. ”
အားလုံးက ကျင်းယူနောက်မှ နှစ်ယောက်ကို ကြည့်လိုက်ကြသည်။ သူတို့က ရွေးချယ်ပွဲ မစခင် အရွေးခံထားရသည့် နှစ်ယောက်ကို အားကျနေကြသည်။
ကျင်းယူက ပြုံးကာ
“ လိန်ဟုန်ကျီက နှစ်တစ်ရာတောင် မရှိသေးဘဲနဲ့ မဟာလော့ရှန်း အလယ်အလတ်အဆင့်ကို ရောက်လာခဲ့တယ်။ အဲဒါကြောင့် ရွေးချယ်ခံလိုက်ရတာပဲ။ ကျီယွဲ့ကတော့ ထောက်ပံ့ပေးမဲ့ မိသားစု မရှိသလို တည်ငြိမ်တဲ့ အရင်းအမြစ်လည်း မရှိခဲ့ဘဲနဲ့ မဟာယီရှန်းအဆင့်ကို ရောက်လာတယ်။ ကြယ်လေးလုံးအဆင့် ဆိုပေမဲ့လည်း သူမကို အထက်ဘုံအတွက် ရွေးချယ်လိုက်တယ် ….”
ကျင်းယူ စကားလုံးများက ထိုနှစ်ယောက်အပေါ် လူထုအမြင်ကို ပြောင်းလဲသွားစေ၏။
လိန်ဟုန်ကျီက နှစ်တစ်ရာပင် မရှိသေးဘဲ မဟာလော့ရှန်း အလယ်အလတ်အဆင့်ကို ရောက်ရှိလာသည့် ပင်ကိုယ်အထုံ ပါရမီ ကောင်းပေလိမ့်မည်။ ယခင် ရွေးချယ်ခံထားရသော ကြယ်ကိုးလုံး ပါရမီရှင်များပင် လိန်ဟုန်ကျီနှင့် ယှဉ်နိုင်မည် မဟုတ်ပေ။
ကျီယွဲ့မှာ လိန်ဟုန်ကျီလောက် မကောင်းသော်လည်း သူမအနေနှင့် အချိန်တိုလေးအတွင်း မဟာယီရှန်းအဆင့် တက်လှမ်းလာနိုင်သည်မှာ ပြောစမှတ် တွင်လောက်ပေ၏။
ကျင်းယူအနေဖြင့် လူအုပ်ကြီးက ထိုနှစ်ယောက်ကို လေးစားလာသည်ကို ခံစားမိပြီး ဆက်ပြောလိုက်သည်
“ လိန်ဟုန်ကျီနဲ့ ကျီယွဲ့တို့ကို အားကျနေဖို့ မလိုပါဘူး။ ကျိုးပျက်ကမ္ဘာ လေးလွှာမြောက်က ဖွင့်တော့မှာဆိုတော့ အားလုံးအတွက် အခွင့်အရေး ရှိပါတယ်။ လေးလွှာမြောက်မှာ အရင်းအမြစ် အသစ် ရလာတာက အထက်ဘုံ လူရွေးချယ်ပွဲမှာ အထောက်အကူ ဖြစ်မှာပါ ”
စူးခရာ အင်မော်တယ်မြို့ဟောင်း ဥယျာဉ်အတွင်း ရှိနေသော ပါရမီရှင်များက ကျိုးပျက်ကမ္ဘာ၏ လေးလွှာမြောက်မှ ရတနာများကို ရပြီး အထက်ဘုံသို့ ဝင်ခွင့်ရဖို့ရာ ဆုံးဖြတ်ချက် ခိုင်မာလာကြသည်။
“ ကျုပ်က မိုဝူကျိလို့ ခေါ်တဲ့ စွမ်းဆောင်ရည် ကောင်းတဲ့ အသစ်လေး အကြောင်း ကြားထားသေးတယ်။ သူ ဘယ်ရောက်နေတာလဲဆိုတာ သိကြလား ” သူက လူအုပ်ကြီးကို တစ်ချက် ဝှေ့ကြည့်ကာ မေးလိုက်သည်။
လူအုပ်ကြီးက ငြိမ်သက်သွားကာ မည်သူမှ ထမပြောရဲကြချေ။
…………….
ဓားအကျဉ်းထောင်အတွင်း
မိုဝူကျိက သူ့ပိုင်နက်သူ ကာကွယ်ဖို့သာ အာရုံစိုက်ထားပြီး အစီအရင်များကို ကိုးရက်အတွင်း ခင်းကျင်းထားလိုက်သည်။ သူက ထောင်ချောက်များနှင့် စောင့်ကြည့်ရေး အစီအရင်များပါ ပြုလုပ်ထားပြီး ကျူးကျော်သူ ဝင်ရောက်လာသည်နှင့် သတိပေးနိုင်ရန် ပြုလုပ်ထားသည်။
ဖေးလင်က မိုဝူကျိတွင် ရှိနေသည့် တစ်ခုတည်းသော အကူ ဖြစ်၏။ ဖေးလင်က မိုဝူကျိ အစီအရင်များနှင့် အလုပ်ရှုပ်နေစဉ် သူ့ကို ညွှန်ကြားထားသည့်အတိုင်း အင်မော်တယ်ဂူများ၏ ဆက်သွယ်ရေး ကွန်ယက်ကို ခင်းကျင်းနေလေ၏။
မိုဝူကျိက ဟန်ချင်းရုနှင့်အတူ အလယ် အင်မော်တယ်ဂူ၌ နေပြီး ဖေးလင်က မိုဝူကျိ၏ လက်ယာဘက်တွင် နေထိုင်သည်။
ကိုးရက်အတွင်း ဟန်ချင်းရု၏ ခန္ဓာကိုယ်မှာ မိုဝူကျိ၏ ဆေးလုံးများနှင့် ထာဝရ တော်ဝင်ဝါးအကျိုးအာနိသင်ကြောင့် အပြည့်အဝ ပြန်ကောင်းလာနေပြီ ဖြစ်၏။ သူမ ကမ္ဘာဦး စိတ်ဝိညာဉ်နှင့် ဝိညာဉ် ပြန်ကောင်းလာဖို့ရာ အချိန်တစ်ခုသာ လိုအပ်တော့သည်။ ဖေးလင်၏ ခန္ဓာကိုယ်ပင် အဆင့် ၈ ဆေးလုံးဧကရာဇ် ဖြစ်သည့် မိုဝူကျိ ၏ ဆေးလုံးများကို သောက်ကာ အပြည့်အဝ ပြန်ကောင်းလုနီးပါး ဖြစ်နေလေပြီ။
“ မင်းကို ရုပ်ခန္ဓာ ကျင့်စဉ် လွဲပေးမယ်။ ငါ့ကျင့်စဉ်က ဓားစွမ်းအင် ကာကွယ်ဖို့အတွက်ရော၊ ခန္ဓာကိုယ် လေ့ကျင့်ဖို့အတွက်ရော အသုံးဝင်တယ် ….” မိုဝူကျိက သူတို့နေရာ ကာကွယ်ရေး အစီအရင်များ ပြီးစီးသွားသည်နှင့် ဟန်ချင်းရုအား ခန္ဓာကျင့်စဉ်အကြောင်း သင်ပေးဖို့ရာ ရည်ရွယ်ထားလေ၏။ သူက ဟန်ချင်းရု၏ ကျင့်စဉ်များကို ပြောင်းလဲပစ်ဖို့ရာ ကြံရွယ်ထားသည်။
မိုဝူကျိက ထာဝရ ကမ္ဘာထဲ သွားဖို့ရာ အစီအစဉ် မရှိပေ။ သူက ဤနေရာရှိ အဆင့်မြင့် ကျင့်ကြံသူတချို့ကို ခြောက်လန့်ထားကာ သူ့အား လာမနှောင့်ယှက်ရန် စီစဉ်ထားပြီးသား ဖြစ်၏။ သို့သော်လည်း ထိုအင်မော်တယ် ဧကရာဇ်များအနေနှင့် သူက မဟာလော့ရှန်းအဆင့် ဖြစ်ပြီး ထာဝရ ကမ္ဘာ ပိုင်ဆိုင်နေကြောင်း သိပါက သူ့အား တစစီ လုပ်ပစ်ကြလိမ့်မည်။
မိုဝူကျိနှင့် ပတ်သတ်ဆက်ဆံဖို့ရာ ဟန်ချင်းရုအတွက် ခက်ခဲခဲ့သည်။ သူမက မိုဝူကျိသည် သူမ ဝန်ခံချက်အပေါ် ဘာမှ မပြောဆိုသည်ကို အနည်းငယ် စိတ်ပျက်မိ၏။ သူမအတွက် ဒုတိယ ဝန်ခံပြီး ဖွင့်ပြောဖို့ရာ မဖြစ်နိုင်ချေ။ သူမက သေခါနီးအချိန်၌ သတ္တိမွေးကာ မိုဝူကျိအား ဖွင့်ပြောဖို့ရာ ရွေးချယ်ခဲ့ခြင်း ဖြစ်၏။
သူတို့က ဘေးကင်းနွယ်တောင်သို့ ရောက်ရှိနေသော်လည်း ဘေးပတ်လည်၌ ဓားစွမ်းအင်များ ရှိနေသေး၏။ မိုဝူကျိ လုပ်ပေးထားသော အစီအရင်များနှင့် သူမက ဓားစွမ်းအင်များကို ကိုယ့်ဘာသာ ခုခံနိုင်လေသည်။ သူမ မှီဝဲနေရသည့် အင်မော်တယ် ဆေးလုံးများကြောင့် ဓားစွမ်းအင်က သူမအတွက် မပြောပလောက်ပေ။
ဟန်ချင်းရုက မိုဝူကျိ၏ ရုပ်ခန္ဓာကျင့်စဉ်အား အလွန်အံ့အားသင့်သွားသည်။ သူမဆီ လွဲပြောင်းပေးလိုက်သော ကျင့်စဉ်မှာ ဓားစွမ်းအင်များကို အလွယ်တကူ ဖယ်ရှားနိုင်ကြောင်း သတိပြုမိလိုက်၏။ သူမက ဓားစွမ်းအင်ကို အသုံးပြု၍ ခန္ဓာကိုယ်ကို လေ့ကျင့်နိုင်သေးသည်။ သူမက ဘေးကင်းနွယ်တောင်မှ ထွက်ပြီး ဓားစွမ်းအင် ပိုအားကောင်းသော နေရာ၌ ကျင့်စဉ်အသစ်ကို စမ်းကြည့်ချင်မိသည်။ သို့သော် မိုဝူကျိက ထိုကျင့်စဉ်အား လျို့ဝှက်ထားရန် ပြောဆိုလာလေ၏။
မိုဝူကျိက ဟန်ချင်းရုဆီ သူ့ကိုယ်ပိုင် ခန္ဓာကျင့်စဉ်ကို ပေးလိုက်ရုံသာမက ကြယ်တာရာ ပင်လယ် လျို့ဝှက်ပညာရပ်ကိုလည်း ပေးလိုက်သည်။ သူက ဟန်ချင်းရု၏ ကျင့်စဉ်ကို မပြောင်းလဲနိုင်ပေ။ အကြောင်းမှာ သူမက သူ့ကျင့်စဉ်နှင့် ကိုက်ညီမနေသောကြောင့် ဖြစ်၏။ သူက ဟန်ချင်းရုနှင့် ကိုက်ညီသည့် ကျင့်စဉ်ကို ရှာပေးရမည်။ ထိုကျင့်စဉ်က သူ့ကျင့်စဉ်လောက် မကောင်းသော်လည်း ဟန်ချင်းရု၏ လက်ရှိကျင့်စဉ်ထက် အပုံကြီး သာပေလိမ့်မည်။
မိုဝူကျိက ဟန်ချင်းရုအား ကျင့်စဉ်ကို ရှင်းပြနေစဉ် ဖေးလင်၏ အသံ ထွက်ပေါ်လာသည် “ ဂိုဏ်းချုပ် …အင်မော်တယ် အမဲလိုက်သူ အင်အားစုရဲ့ ခေါင်းဆောင်ဝေက ဂိုဏ်းချုပ်ကို လာတွေ့ပါတယ် …. ”
“ ကျုပ် သိပြီ …. ခဏနေရင် ထွက်လာခဲ့မယ်။ သူ့ကို အရင်ဧည့်ခံပေးထားပါဦး ”
မိုဝူကျိက ဝေကျီတောက်ကို အထင်ကြီးမိ၏။ ငါးရက်အတွင်း ဝေကျီတောက် လာရောက်တွေ့ဆုံလိမ့်မည်ဟု ခန့်မှန်းမိပြီးသား ဖြစ်၏။ မျှော်လင့်မထားသည်က ဝေကျီတောက်က သူ့ကို လာတွေ့ဖို့ရာ လဝက်နီးပါး စောင့်ဆိုင်းနေပေသည်။ ထိုသို့ စိတ်ရှည်မှုမျိုးကား ချီးကျူးထိုက်ပေသည်။