ထို့ပါ့ချန် တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်လာခြင်း
Vol. 13 Ch. 175
ဟန်မူယဲ့အတွက်ကား ဂိုဏ်းအတွက် စတေးခြင်းနှင့် အကျိုးဆောင်ခြင်းတို့မှာ လက်သင့်ခံနိုင်သော ကိစ္စဖြစ်သည်။
မည်သို့ဆိုစေ သူနှင့် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းတို့သည် လှေတစ်စင်းတည်းမဟုတ်ပါလား။
သို့သော်လည်း ထန်နှစ်သည် ဟွမ်လောင်လျှိုက ဂိုဏ်းအတွက် စတေးပေးခဲ့ခြင်းအား လျစ်လျူရှုခဲ့ကာ တခြားကျင့်ကြံသူများကို ဦးဆောင်လျှက် သူ့ပုဂ္ဂိုလ်ရေးကိစ္စအား သွားဖြေရှင်းခြင်းက မှားယွင်းနေသည်။
သို့သော်လည်း ဟန်မူယဲ့၏အမြင်တွင်ကား ကျင့်ကြံသူတစ်ဦးအတွက် သူ့စိတ်နှလုံးနောက်ကို လိုက်ခြင်းက အမှန်ကန်ဆုံးလမ်းစဉ်ဖြစ်သည်။ ဟွမ်လောင်လျှို၏အပြုအမူများက မှားယွင်းသည့်နေရာ မရှိပါ။
သူက သူ၏ချစ်သူအား ကယ်တင်လိုသည်။ သူက မည်သို့ ဂိုဏ်းတွင်ဆက်နေနိုင်မည်နည်း။
ဟွမ်လောင်လျှိုသာ ဂိုဏ်းတွင် ဆက်လက်အကျိုးဆောင်လိုပါက သူသည် ခေါင်းဆောင်တောက်ရင်၏နည်းစနစ်များကို ကျင့်ကြံနေပြီ ဖြစ်သည်။
ထန်နှစ်က ဆေးလုံးများကို လိုအပ်ပါက သူက ထောက်ပံ့ပေးနိုင်သည်။
သို့သော်လည်း ဟွမ်လောင်လျှိုအား တားဆီးမည် မဟုတ်ပါ။
သူ ဓားစံအိမ်သို့ ပြန်ရောက်သွားသောအခါ လုကောနှင့် တခြားလူများသည် ဟန်မူယဲ့၏အမူအရာ သိပ်မကောင်းသည်ကို မြင်တွေ့ကြရသည်။
“အစ်ကိုလု… ဆိုင်ရှင်ပိုင်ဆီကို သွားပြီးတော့ ဆေးအမယ်တွေ မြန်မြန်ပို့ပေးဖို့ ပြောပေးပါ”
ထို့နောက် ဟန်မူယဲ့ တတိယထပ်သို့ တိုက်ရိုက်တက်လှမ်းသွားခဲ့သည်။
သူသည် စားပွဲရှည်နောက်တွင် ထိုင်ကာ စားပွဲပေါ်မှ အံ့ဖွယ်နေမင်းဓားအား ကြည့်သည်။
ဓားကို အသာပွတ်သပ်ရင်း သူ့မျက်လုံးများ စူးရှလာ၏။
“ဓားသမားတွေဟာ စိတ်နှလုံးရဲ့ အလိုဆန္ဒကိုပဲ လိုက်ရတယ်။ ဒါကြောင့် လှည့်ကွက်တွေကိုပဲ အားကိုးလွန်းတဲ့အခါ ထက်ရှမှု ပျောက်ဆုံးလာတတ်တယ်”
သူ့ခန္ဓာကိုယ်မှ ထက်ရှသော အငွေ့အသက်များသည် ဓားတစ်လက်အလား ထင်မှတ်ရသည်။
သူ၏လက်ထဲတွင် ဓားတစ်လက်ရှိပါက မည်သည့်အရာကို ကြောက်လန့်တော့မည်နည်း။
…
နောက်တစ်နေ့တွင် မရေမတွက်နိုင်သော ဓားအလင်းများ ကောင်းကင်၌ ပျံသန်းထွက်ခွာသွားသည်။
တိုက်ခိုက်ရေးခန်းဆောင်အကြီးအကဲ လုဟောင်သည် သူ၏ရွှေဓာတ်မျိုးဆက်အား ဦးဆောင်ကာ ဖုန်းရှို့တောင်သို့ ထွက်ခွာသွား၏။
နောက်နှစ်ရက်ကြာလျှင် အလားတူ ဓားအလင်းများ ပျံသန်းထွက်ခွာသွားသည်။
အတွင်းစည်းဂိုဏ်းတပည့်နံပါတ် ၁ ထန်ချီသည် အတွင်းစည်းတပည့် သုံးထောင်အား ဦးဆောင်ကာ အရင်းအမြစ်များစွာကို သယ်ဆောင်လျှက် ချန်မင်တောင်ကုန်းသို့ ထွက်ခွာသွား၏။
ချန်မင်တောင်ကုန်းသည် အံ့ဖွယ်ကိုးတောင်ကုန်း၏လက်အောက်မှ တောင်ဘက်စူးစူးတွင်ရှိသော တောင်ကုန်းတစ်လုံးဖြစ်သည်။
ထန်ချီနှင့်အတူ ဂိုဏ်းမှ ထုတ်ပြန်သော အမိန့်စာလွှာလည်း ပါရှိသည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းလက်အောက်မှ ဂိုဏ်းများအားလုံး ထန်ချီ၏စီစဉ်ညွှန်ကြားမှုကို နာခံရမည်။
ထိုအမိန့်နှင့်အတူ အကျိုးဆောင်မှတ် တစ်သိန်းနှင့် ဝိညာဉ်ဓားအလက် ၁၀၀ တို့မှာလည်း တာဝန်ဆုကြေးအဖြစ် ပါဝင်၏။
ထိုမျှ ရက်ရောသော ဆုကြေးသည် မရေမတွက်နိုင်သော ကျင့်ကြံသူတို့အား တပ်မက်စေသည်။
သုံးရက်ကြာပြီးနောက်တွင် ကျင့်ကြံသူ သုံးသောင်းထက်မနည်း ထန်ချီထံသို့ စုဝေးရောက်ရှိလာကြ၏။
…
ဓားစံအိမ်တွင် ဟန်မူယဲ့ ဆေးလုံးများ ဖော်စပ်နေသည်။ လက်ရှိတွင် သူ၏ရှေ့၌ ကျောက်စိမ်းပုလင်းငယ် ဆယ်လုံးရှိပြီး တစ်ပုလင်းလျှင် အင်မော်တယ်အဆင့် အမြုတေဆေးလုံး သုံးလုံး ရှိနေသည်။
ပိုင်စုကျန်းက အမြုတေဆေးလုံးဖော်စပ်ရန် ဆေးအမယ် ဆယ်ဖုံစာ ပို့ပေးခဲ့၏။
အမြုတေဆေးလုံးသည် အဌမတန်းစားအဆင့်တွင် ရှိကာ စိတ်စွမ်းအားကို အချိန်တိုအတွင်း တိုးပွားစေပြီး အမြုတေဖွဲ့စည်းရာ၌ အောင်မြင်မှုနှုန်း မြင့်မားစေသော ဆေးလုံးလည်း ဖြစ်သည်။
သာမန်အဆင့် အမြုတေဆေးလုံးသည် တန်ဖိုးအားဖြင့် ဝိညာဉ်ကျောက်တုံး ငါးသိန်း ရှိသည်။
အရည်အသွေးတစ်ဆင့်စီ၌ တန်ဖိုးနှစ်ဆ တက်သွားသည်။
အင်မော်တယ်အဆင့်တွင် ဆေးလုံး၏တန်ဖိုးမှာ ခန့်မှန်း၍ပင် မရပါ။
အတိတ်၌ အင်မော်တယ်အဆင့် အမြုတေဆေးလုံးသည် အနောက်ဘက်နယ်စပ်ကုန်းမြေ၌ ပေါ်ထွက်လာဖူးခြင်း မရှိပါ။
ပိုင်စုကျန်းနှင့် သဘောတူညီချက်အရ ဟန်မူယဲ့က သူမအား ဆေးလုံး ရှစ်လုံး ပေးရပေမည်။
သို့သော်လည်း ဟန်မူယဲ့က ပိုင်စုကျန်းအား ဆေးပုလင်းငယ်သုံးလုံး၊ ဆေးလုံးကိုးလုံကို ပေးရန် ဆုံးဖြတ်ထားသည်။
အောက်ထပ်ကို ဆင်းလာရင်း သူက ကျောက်စိမ်းပုလင်းသုံးလုံးအား ယန်မင်ရွှမ်အား ပေးလိုက်သည်။
“ယန်မင်ရွှမ်… ဒီဆေးလုံးတွေကို ဆိုင်ရှင်ပိုင်ကို ပေးလိုက်ပါ။ သူမကို အစ်ကိုဟွမ်ဆီ သတင်းစကားတချို့လည်း ပြောခိုင်းလိုက်ပါ”
ဟန်မူယဲ့က အေးဆေးတည်ငြိမ်စွာ ပြောသည်။
“အံ့ဖွယ်ကိုးပါးတောင်ကုန်းမှာ ဟန်မူယဲ့ရှိတယ်။ ဘာမှ စိတ်ပူစရာမရှိဘူးလို့ အစ်ကိုဟွမ်ကို သတင်းပါးပေးပါ”
ယန်မင်ရွှမ်က ခေါင်းညိတ်ကာ ဆေးလုံးများကို ယူလျက် ထွက်သွားသည်။
ဟန်မူယဲ့က ကျန်းမင်အား ဆေးပုလင်းတစ်လုံး ပေးသည်။
“ကျန်းမင်… ဒီဆေးလုံးကို ဆေးခန်းဆောင်ကို ပေးလိုက်ပါ”
ဟန်မူယဲ့သည် အာခီမီပညာရပ်ဖြင့် အံ့ဖွယ်ကိုးပါးတောင်ကုန်း၌ အလွန်ကျော်ကြားသော်လည်း သူက အင်မော်တယ်အဆင့်ဆေးလုံးကို အမှန်တကယ် ဖော်စပ်သည်အား မည်သူမှ မမြင်ဖူးပေ။
သည်တစ်ကြိမ် သူသည် အင်မော်တယ်အဆင့်ဆေးလုံးသုံးလုံးအား အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသို့ ပို့ပေးခြင်းက သူ၏အာခီမီခွန်အားကို ထုတ်ပြခြင်းလည်း ဖြစ်သည်။
အနောက်ဘက်နယ်စပ်ကုန်းမြေ၌ အင်မော်တယ်အဆင့်ဆေးလုံးကို ဖော်စပ်နိုင်သူ မည်သည့်နှစ်ယောက် ရှိသနည်း။
ဓားစံအိမ်တွင် ဟန်မူယဲ့သည် အင်မော်တယ်ဆေးလုံးများကို ဖော်စပ်နိုင်သည်။ သူ့အား မည်သူက အထင်သေးရဲသနည်း ဟန်မူယဲ့ သိလိုသည်။
ကျန်းမင် ဆေးလုံးကို ယူကာ ဆေးခန်းဆောင်သို့ ထွက်သွား၏။
ဟန်မူယဲ့ အဝတ်စတစ်ခုအား ယူကာဓားများကို သန့်ရှင်းရေးသွားလုပ်သည်။
ဓားဆယ်လက်ခန့်ကို သန့်ရှင်းရေးလုပ်ပြီးနောက် တံခါးဝထံမှ အော်သံတချို့ကို ကြားရသည်။
“ဓားစံအိမ်ရှေ့မှာ မဆူညံကြနဲ့…”
လုကောက ပြောသည်။
“မင်း ဓားလက်ခံတာမဟုတ်ရင် ဓားစံအိမ်ကို မဝင်ရဘူး”
“စီနီယာအစ်ကို… ကျုပ်တို့က ဓားလက်ခံဖို့ ရောက်လာတာပါ”
တစ်ယောက်က ပြောသည်။
“ဟုတ်တယ်… ကျုပ်တို့က ဓားလာလက်ခံတာ”
“ကျုပ်တို့ ဓားစံအိမ်မှာ ယာယီထားတဲ့ ဓားကို လာယူလာ”
“မှန်တယ်… ကျုပ်တို့ဆရာရဲ့ဓားကို သုံးရေကန်စံအိမ်သို့ ပြန်ယူသွားရမယ်”
တံခါးဝတွင် ဆူညံသံများထွက်ပေါ်လာပြန်သည်။
သုံးရေကန်စံအိမ်။
ဟန်မူယဲ့ ဓားကို စင်ထက်၌ ပြန်ထားကာ အပြင်သို့ ထွက်လာသည်။
ဓားစံအိမ်အပြင်ဘက်တွင် အဖြူရောင်ဝတ် တပည့်များ စုဝေးနေကြသည်။
“စီနီယာအစ်ကိုဟန်…”
ဟန်မူယဲ့ ထွက်လာသည်ကို မြင်လျှင် အတွင်းစည်းတပည့်တစ်ဦးက လက်နှစ်ဖက်ဆုပ်ကာ ပြောသည်။
“စီနီယာအစ်ကိုဟန်… ကျုပ်တို့က ဆရာရဲ့ဓားကို ပြန်လာယူတာပါ”
စုချန်းယွမ်၊ သုံးရေကန်စံအိမ်၏ပင်မတပည့်တစ်ဦး။
ဟန်မူယဲ့က ခေါင်းညိတ်ကာ အသာအယာ ပြောသည်။
“ငါ မင်းတို့ကို မှတ်မိတယ်”
“နဂိုသဘောတူညီချက်ဟာ တာဝန်ပြီးမြောက်အောင်မြင်တဲ့အခါ ဓားကို သင့်တော်တဲ့သူဆီသို့ လက်ဆင့်ကမ်းပေးဖို့ ဖြစ်တယ်”
စုချန်းယွမ်က လက်နှစ်ဖက်ဆုပ်ကာ ပြောသည်။
“စီနီယာအစ်ကိုဟန်ပြောတာ မှန်ပါတယ်”
“ဒါပေမဲ့ ဆရာရဲ့ နောက်ဆုံးတပည့် ယန်ရှောက်ဟာ ဂိုဏ်းကို သစ္စာဖောက်သွားတဲ့အတွက် ဓားကို လက်ခံဖို့ မဖြစ်နိုင်တော့ပါဘူး။ ဒါကြောင့် ကျုပ်တို့အားလုံးက ဆရာရဲ့ဓားကို လက်ခံယူပြီး ယန်ရှောက်နောက်ကို လိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်”
ယန်ရှောက် ဂိုဏ်းကို သစ္စာဖောက်သွားသည်လား။
ဟန်မူယဲ့က မည်သည့်စကားမှ မဆိုပေ။
“စီနီယာအစ်ကိုဟန်… ယန်ရှောက်ဟာ ဂိုဏ်းကို သစ္စာဖောက်သွားပြီးဖြစ်တယ်။ သူဟာ ကျင်းရှန်းဓားဂိုဏ်းလက်အောက်က မိသားစုတစ်ခုကို နောက်ဆုံးအချိန်မှာ ကယ်တင်ပြီး ထွက်ပြေးသွားခဲ့တယ်။ သူဟာ အရှေ့ဘက်ကို ထွက်ပြေးသွားတယ်လို့ နောက်ဆုံးသတင်းရထားတယ်”
အနက်ရောင်ဝတ်လူသန်ကြီးတစ်ဦးက တင်းမာသော မျက်နှာထားဖြင့် ပြောသည်။
“ဂိုဏ်းကို သစ္စာဖောက်သွားတဲ့သူတစ်ယောက်ဟာ ဆရာရဲ့ဓားကို လက်ခံဖို့ မဖြစ်နိုင်တော့ဘူး”
ဟန်မူယဲ့ ခေါင်းညိတ်သည်။
ဟန်မူယဲ့ ခေါင်းညိတ်လျှင် စုချန်းယွမ်တို့ ဝမ်းသာသွားကြသည်။ ထိုစဉ် ဟန်မူယဲ့ ဆက်ပြောသည်။
“ဒါဆိုသူ ပြန်လာတာ ငါတို့ စောင့်ကြမယ်”
ထို့နောက် သူ ဓားစံအိမ်ထဲကို ဝင်သွားတော့သည်။
စောင့်ရမည်လား… ဘယ်သူ့ကိုလဲ…
အားလုံး အံ့အားသင့်သွားကြသည်။
“စီနီယာအစ်ကိုစု… ဒါ… ဒါက ဘာကို ဆိုလိုတာလဲ”
တပည့်တစ်ယောက်က တီးတိုးမေးသည်။
စုချန်းယွမ်က တစ်စုံတစ်ခုကို သဘောပေါက်သွားဟန်ဖြင့် ပြောသည်။
“စီနီယာအစ်ကိုဟန်ဆိုလိုတာက ငါတို့ ယန်ရှောက်ကို သွားဖမ်းရမယ်…”
သွားဖမ်းရမည်လား။
ဘယ်လိုလဲ…
“စီနီယာအစ်ကို ပြောတာ ဟုတ်တယ်… ယန်ရှောက်က ဘယ်လိုပြောပြော ဆရာရဲ့ တပည့်ပဲ။ သူက ဂိုဏ်းကို သစ္စာဖောက်သွားမှတော့ သူ့ကို ပြန်ဖမ်းခေါ်လာပြီး အပြစ်ပေးရမယ်။ ဒါမှ ငါတို့က ဆရာရဲ့ဓားကို လက်ခံဖို့ ထိုက်တန်တယ်”
နောက်တစ်ယောက်ကလည်း ဝင်ပြောသည်။
တခြားလူများကလည်း ခေါင်းညိတ်ကြ၏။
စုချန်းယွမ်က မျက်နှာသိပ်မကောင်းသော်လည်း တခြားလူများနှင့်အတူ ထွက်သွားသည်။ သူက ဘာတတ်နိုင်မည်နည်း။ ဓားစံအိမ်ကား ထိုသို့ ဖြစ်သည်။ သူက ဓားစံအိမ်မှ ဓားကို လက်ခံလိုပါက သူတို့ စည်းမျဉ်းကို လိုက်နာရမည်။
ဟန်မူယဲ့သည် ဓားစံအိမ်ထဲတွင် ခေါင်းယမ်းကာ ဓားများကို ဆက်လက်၍ သန့်ရှင်းရေးလုပ်သည်။ သုံးရေကန်စံအိမ်မှ တပည့်များ နားလည်မှု လွဲသွားခြင်းက ပြဿနာမဟုတ်ပေ။
အရာရာတိုင်းသည် ကံစီမံရာအတိုင်း ဖြစ်သည်။
ကျင့်ကြံခြင်းလောက၌ ဖြစ်ပျက်လာမည်ကို မည်သူမှ အတိအကျ မပြောနိုင်ပါ။
တခြားကိစ္စများကို စိတ်ပူမည့်အစား သူ၏ကိုယ်ပိုင်ကျင့်ကြံခြင်းအား တိုးတက်အောင် ကြိုးစားအားထုတ်ရပေမည်။
သည်ရက်ပိုင်းအတွင်း ဟန်မူယဲ့သည် ဓားများကို သန့်ရှင်းရေးလုပ်ကာ ဓားချီများအား အဆက်မပြတ် စုပ်ယူနေသည်။
တတိယထပ်တွင် ဟန်မူယဲ့သည် သူစုဆောင်းထားသော ဓားချီများအား သန့်စင်နေသည်။ ယခုတွင် သူ၏ဒန်ထျန်၌ ဓားချီများသည် ဓားဆန္ဒအဖြစ် စုစည်းရန် ဓားချီ သုံးသောင်းခန့်သာ လိုတော့သည်။
သူ၏ဒန်ထျန်တွင်ကား ချီစွမ်းအားများမှာ ပြည့်လုနီးပါးဖြစ်နေကာ မကြာခင် ချီစုစည်းခြင်းအဆင့်၏ နဝမအဆင့်ကို တက်လှမ်းနိုင်တော့မည် ဖြစ်သည်။
သူ၏ဒန်ထျန်ကား ရေကန်ငယ်တစ်ခုအလား ကျယ်ဝန်းနေပြီဖြစ်သည်။
သူ၏ဒန်ထျန်သည် အခြေခံအုတ်မြစ်အဆင့်ကျင့်ကြံသူတစ်ဦးထက်ပင် ကျယ်ဝန်းသေး၏။
သည်ရက်ပိုင်းအတွင်း သူက ဝိညာဉ်ကျောက်တုံးများဖြင့် အဆက်မပြတ် ကျင့်ကြံနေခဲ့သည်။
သူ၏ချီပင်လယ်တွင်ကား ဓားဆန္ဒ ၁၈ ခုခန့်သည် လှည့်ပတ်သွားလာနေကြ၏။
ထိုဓားဆန္ဒများထဲတွင် ဓားဆန္ဒနှစ်ခုသည် ဓားမာန်ဟုန်၏အငွေ့အသက်များ ရှိနေကြ၏။
သူ၏ချီပင်လယ်မှ ဓားဆန္ဒများဖြင့် ဟန်မူယဲ့သည် အမြုတေဖွဲ့စည်းခြင်းအဆင့်များကိုပင် ယှဉ်ပြိုင်တိုက်ခိုက်ရဲပေသည်။
သူ၏စိတ်နယ်ပယ်မှ ဝိညာဉ်လိပ်ပြာဓားချီဖြင့် ဆိုပါက သူသည် အမြုတေဖွဲ့စည်းခြင်း ပဥ္စမအဆင့်များကိုပင် ယှဉ်ပြိုင်တိုက်ခိုက်ရဲ၏။
ဝိညာဉ်လိပ်ပြာဓားသည် ပြီးပြည့်စုံခြင်း မရှိသေးသော်လည်း ၎င်းကား အလွန်စုစည်းသိပ်သည်းနေပြီ ဖြစ်သည်။
သူက ဓားဆေးလုံးကို ဝိညာဉ်လိပ်ပြာဓားချီဖြင့် သုံးပါက မည်သို့ ဖြစ်မည်နည်း။
ဟန်မူယဲ့က ခန့်မှန်း၍ပင် မရပေ။
သူ၏ဒန်ထျန်၊ ချီပင်လယ်နှင့် စိတ်နယ်ပယ်တို့ ပေါင်းစပ်ကာ ဓားအမြုတေဖွဲ့စည်းနိုင်ပါက မည်သို့ ဖြစ်လာမည်နည်း။
သူ၏ဓားဆေးလုံးကို ဓားအရိုးနှင့် ပေါင်းစပ်ကာ ဝိညာဉ်သူငယ်ဓားဝိညာဉ် ဖွဲ့စည်းပါက မည်သို့ ဖြစ်လာမည်နည်း။
ထို မဟာတာအိုလမ်းစဉ်အား သူ မျှော်လင့်ချက်ကြီးမားစွာ ထားရှိသည်။
ယန်မင်ရွှမ်နှင့် ကျန်းမင်တို့ ပြန်ရောက်လာပြီး သူတို့ လုပ်ဆောင်ခဲ့သည်များအား ပြန်ပြောကြသည်။
ပိုင်စုကျန်းက ဟွမ်လောင်လျှိုထံသို့ သတင်းပို့ပေးရန် ကတိပြုခဲ့ကာ ဝိညာဉ်ကျောက်တုံးအများအပြားကိုလည်း ထပ်ပေးလိုက်သေးသည်။
ဟန်မူယဲ့ကား နေ့စဉ်နေ့တိုင်း ဝိညာဉ်ကျောက်တုံးများ ကုန်ဆုံးနေခဲ့သည်။
ယခု အရည်အသွေးမြင့်ဝိညာဉ်ကျောက်တုံးများ ထပ်မံ ရရှိခဲ့ရာ သူ၏ကျင့်ကြံခြင်းအတွက် လတ်တလော၌ စိတ်ပူရန် မလိုသေးပေ။
ကျန်းမင်သည်လည်း ဆေးခန်းဆောင်မှ အရည်အသွေးမြင့်ဝိညာဉ်ကျောက်တုံး ၂၀ ပြန်ယူလာခဲ့သည်။
“စီနီယာအစ်ကိုဟန် ရှိပါသလား။ ကျောက်တုံးသုံးတုံးစံအိမ် အကြီးအကဲထို့ပါ့ချန်က စီနီယာအစ်ကိုဟန်ကို ဖိတ်ခေါ်လိုက်ပါတယ်”
ဓားစံအမ်အပြင်ဘက်မှ အသံတစ်သံကို ကြားရသည်။
ထို့ပါ့ချန်။
သူ တံခါးပိတ်ကျင့်ကြံရာက ထွက်လာပြီလား။
ဟန်မူယဲ့ ဓားစံအိမ်အပြင်ဘက်သို့ ထွက်လာလျှင် လူငယ်တစ်ယောက် ရပ်နေသည်ကို တွေ့ရသည်။
“စီနီယာအစ်ကိုဟန်… ဆရာဟာ တံခါးပိတ်ကျင့်ကြံရာက ထွက်လာပါပြီ။ ဆရာက စီနီယာအစ်ကိုဟန်ကို ခေါ်ခိုင်းလိုက်ပါတယ်”