← Chapters

ဘေးကင်းနွယ်တောင်၌ တစ်ခုခု ဖြစ်ပေါ်လာခြင်း

Vol. 50 Ch. 696

ဘေးကင်းနွယ်တောင်၌ တစ်ခုခု ဖြစ်ပေါ်လာခြင်း

Vol. 50 Ch. 696

“ ဂိုဏ်းချုပ်မို …” မိုဝူကျိ ထွက်လာသည်နှင့် ဝေကျီတောက်က ချက်ချင်း ထရပ်ကာ  လေးလေးစားစား နှုတ်ဆက်လိုက်လေ၏။

တစ်ချက်ကြည့်ရုံဖြင့် မိုဝူကျိက ဝေကျီတောက်သည် သဘာဝကျီ ဆေးလေးလုံးကို သောက်သုံးပြီးနောက် သူ့အင်အား တော်တော်များများ ပြန်ရထားပြီ ဖြစ်ကြောင်း သိလိုက်၏။ အနည်းဆုံးတော့  သူ့ခန္ဓာကိုယ်မှ အင်မော်တယ် ဧကရာဇ်တစ်‌ယောက်၏ အရှိန်အဝါ ထုတ်လွှင့်နိုင်လေပြီ။

“ ကျုပ်လည်း ကိုယ့်ဘာသာ ပိုက်နက်ထဲ အလုပ်ရှုပ်နေတာနဲ့ အစ်ကိုဝေကို လျစ်လျူရှုထားသလို ဖြစ်သွားတယ်။ ဗွေမယူပါနဲ့ဗျာ ….. ဒါနဲ့ ထိုင်ပါဦး ” မိုဝူကျိကလည်း လေးလေးစားစား ပြန်ဦးညွှတ်ကာ ဝေကျီတောက်အား ထိုင်ရန် လက်ဟန် ပြလိုက်၏။

အကယ်၍ ဝေကျီတောက်က သူ့ဆီမှ သဘာဝကျီဆေးလုံးများ ထပ်တောင်းဆိုလျှင် မည်သည့်တန်ဖိုးပင် ပေးစေကာမူ မိုဝူကျိက သေချာပေါက် ထုတ်ပေးတော့မည် မဟုတ်ပေ။

လက်တွေ့၌ ထိုသဘာဝ ကျီဆေးလုံးမှာ ဘေးကင်းနွယ်တောင်၏ မျှခြေကို ချိုးဖောက်ပြီးသား ဖြစ်ကာ သူ့အား တောင်၌ အားအကောင်းဆုံးသူ ဖြစ်လာစေသည်။ အကယ်၍ မိုဝူကျိက ဝေကျီတောက်အား ဆေးလုံး ထပ်ပေးမိလျှင် သူ့အနေနှင့် အန္တရာယ် ကျရောက်သွားနိုင်၏။

အင်မော်တယ်လောကတွင် နှစ်များစွာ သွားလာပြီးနောက် သူက ထိုသို့ ရိုးရှင်းသော အချက်ကို နားမလည်လျှင် ယနေ့အထိ အသက်ဆက်ရှင်နေနိုင်မည် မဟုတ်ချေ။

ဝေကျီတောက်လည်း ထိုအချက်ကို ကောင်းကောင်း သိပေသည်။ ထို့ကြောင့်သာ မိုဝူကျိက ဖန်းဟုန်နှင့် တိုက်ခိုက်ဖို့ရာ လုပ်စဉ် သူ့အနေနှင့် အားကုန် ထုတ်သုံးဖို့ရာ မရည်ရွယ်ထားခြင်း ဖြစ်၏။

သို့သော်လည်း  သူက သူ့အပြုအမူများကို နောင်တမရပေ။ နယ်မြေ ငါးကီလိုမီတာ လက်လျော့လိုက်ခြင်းမှာ သဘာဝကျီဆေး လေးလုံးအတွက် မျှတသော အလဲအလှယ် ဖြစ်ပေသည်။ သူက ဖန်းဟုန်အား အားကုန်ထုတ်တိုက်လျှင်ပင် ဂိုဏ်းချုပ်မိုက သူ့အား သဘာဝကျီဆေးလုံး ထပ်ပေးမည် မဟုတ်ချေ။

ဖန်းဟုန်ကဲ့သို့ သူလည်း မိုဝူကျိသည် ထိုမျှ အားမကောင်းကြောင်း ခံစားမိ၏။ ထို့ကြောင့် မိုဝူကျိအနေနှင့် တစ်ယောက်ယောက်က ဘေးကင်းနွယ်တောင် တစ်ခုလုံးကို ထိန်းချုပ်နိုင်သည့် အင်အားမျိုး ရှိလာခွင့် ပြုမည် မဟုတ်ပေ။

ဝေကျီတောက်က သိသိရက်နှင့် လာလိမ့်မည်ဟု မည်သူက သိမည်နည်း။

“ ကိစ္စမရှိပါဘူး။ အဲဒီသဘာဝကျီ ဆေးလေးလုံးက ကျုပ်အတွက် အတော်လေး အသုံးတည့်ခဲ့တယ်လေ။ အဲကြောင့် ဒီနေ့လာပြီးတော့ ကျေးဇူးစကား လာပြောတာပါ ” ဝေကျီတောက် ပြုံးရင်း ပြောလိုက်သည်။

မိုဝူကျိလည်း ပြုံးရင် ပြန်ဖြေပေးလိုက်၏  “ အစ်ကိုဝေ …ကျုပ်တို့ တစ်ယောက်နဲ့ တစ်ယောက် အားနာနေစရာ မလိုပါဘူး။ ဘေးကင်းနွယ်တောင်မှာ ကျုပ်တို့သာ ပူးပေါင်းလိုက်ရင် ဖန်းဟုန်က ဘာလုပ်နိုင်မှာလဲ။ တကယ်လို့  မပူးပေါင်းရင်တော့  ကျုပ်တို့ နှစ်ယောက်လုံး အခွင့်မသာဘူးပေါ့ဗျာ ”

“ အဟုတ်ပါပဲဗျာ ” ဝေကျီတောက်ကလည်း သဘောတူလေ၏  “ ကျုပ် မေးရမှာ မျက်နှာပူပေမဲ့လည်း ကံကောင်းမှုကို စမ်းကြည့်ချင်သေးတယ်။ ညီလေးမိုဆီ သဘာဝကျီဆေးလုံးများ ထပ်ရှိသေးလား။ တကယ်လို့ ရှိသေးတယ်ဆိုရင် ဘာတောင်းဆို တောင်းဆို ဖြည့်ဆည်းပေးပါ့မယ် ”

အကယ်၍ မိုဝူကျိက နောက်ထပ် မြေငါးကီလိုမီတာမှာ သဘာဝ ကျီဆေး လေးလုံးနှင့် လဲလှယ်နိုင်ကြောင်း ပြောလျှင် သူ့အနေနှင့် မြေ ဆယ်ကီလိုမီတာအား ချက်ချင်း လက်လျော့ပစ်လိုက်မည်။ အကယ်၍ မိုဝူကျိက သူ့အင်မော်တယ် အမဲလိုက်သူ ပိုင်နက်အား အပိုင်လိုချင်လျှင်ပင် သဘာဝကျီဆေးလုံးများသာ ရှိနေသရွေ့ ဆွေးနွေးညှိနှိုင်းနိုင်ပေသည်။

အားနာစွာဖြင့် မိုဝူကျိက တုံ့ပြန်လိုက်သည်  “ ကျုပ်ဆီမှာ သဘာဝကျီဆေးလုံးက များများစားစား မရှိဘူး။ ပြီးတော့ ကျုပ်လည်း ဘေးကင်းနွယ်တောင်ထဲမှာ  ဩဇာရဖို့ လိုနေသေးတယ်လေ။ အဲကြောင့် အခုတော့ မရသေးဘူး။ နောင်ကျ ကျုပ်ဆီမှာ များများ ရှိနေရင်  အစ်ကိုဝေဆီ အရင်ဆုံး လာရှာပါ့မယ် ”

သူ မျှော်မှန်းထားသည့် ရလဒ် ဖြစ်သော်လည်း မိုဝူကျိက သူ့ကိုယ်သူ ကာကွယ်ရန် တခြားနည်းလမ်း ရှိသေးကြောင်း သိ၍ ဝေကျီတောက်က အနည်းငယ် စိတ်ပျက်သွားမိသည်။ နောင်အခါ၌ မိုဝူကျိက သူ့အား သဘာဝကျီဆေးလုံး ပေးမည်ဟု သဘောတူလိုက်ခြင်းကပင် ကျေးဇူးတင်စရာ ကောင်းလှသည်။ သို့သော် မိုဝူကျိသာ အကျဉ်းအကျပ်ထဲ ရောက်မနေသရွေ့  ထိုသဘောတူညီချက်မှာ ဖြစ်လာမည်ပုံတော့ မပေါ်ပေ။

“ ဒီလိုဆိုမှတော့ ခင်ဗျားကို အတင်းဖိအား မပေးတော့ပါဘူး။ ဂိုဏ်းချုပ်မို ဓားစွမ်းအင်မြစ်ဆီ သွားချင်မလားတော့ မသိဘူး။ အခု လတ်တလော ဖန်းဟုန်နဲ့ ရှန့်ဟဲကောင်းက အင်အားချင်း  ပူးပေါင်းထားကြတယ်။ သူတို့ဆီမှာ မြစ်ရေ များများ ရနိုင်မဲ့ နည်းလမ်း ရှိတယ် ထင်တယ်။

တကယ်လို့ သူတို့သာ လုံလုံလောက်လောက် ရသွားပြီး အင်အားပြန်ပြည့်လာခဲ့ရင် ကျုပ်တို့အတွက် သတင်းကောင်း ဖြစ်မှာတော့ မဟုတ်ဘူး ”  အင်မော်တယ် ဧကရာဇ် နောက်ပိုင်းအဆင့် ကျင့်ကြံသူ တစ်ယောက်အနေနှင့် ဝေကျီတောက်မှာ အတော်လေး ပွင့်ပွင့်လင်းလင်း ရှိလှသည်။

မိုဝူကျိက ဓားစွမ်းအင်မြစ်ဆီ တစ်ခေါက် သွားကြည့်ဖို့ ဆုံးဖြတ်ထားသော်လည်း သူ့ကိုယ်ပိုင် နေရာ ထူထောင်နေရသည့်အတွက် အချိန်မရှိခဲ့ပေ။

ယခု ဝေကျီတောက်က သူ့အား ဖိတ်ခေါ်နေလေရာ သူက  တုံ့ဆိုင်းခြင်းမရှိ   “ ရတာပေါ့ …. အခု သွားကြည့်ရင် ဘယ်လိုလဲ ”

“ ကောင်းပြီလေ ” ဝေကျီတောက်ကလည်း ပျော်ပျော်ရွင်ရွင် ထရပ်လိုက်သည်။ သူက မိုဝူကျိ၏ တည့်တိုးဆန်မှုကို သဘောကျမိသည်။

…………..…

အကယ်၍ တစ်ယောက်ယောက်က ဓားအကျဉ်းထောင်ထဲ ကြောက်စရာ အကောင်းဆုံး နေရာကို ရွေးပါဆိုလျှင် ဓားစွမ်းအင်မြစ်သာ ဖြစ်လိမ့်မည်။ မြစ်ထဲမှ ဓားစွမ်းအင်များက ကြောက်ခမန်းလိလိ ဖြစ်ပြီး မတော်တဆ ထိတွေ့မှု တစ်ခုကပင် ပျောက်ကွယ်သွားနိုင်သည့်အထိ ဖြစ်လာစေနိုင်သည်။ မြစ်အနီးသို့ သွားဖို့ရာ အလွန်တရာ ခက်ခဲလှပြီး မည်သူမှ အထဲကို  မဝင်နိုင်ကြပေ။

သို့သော် ဓားအကျဉ်းထောင်ထဲမှ အကြိုက်နှစ်သက်ဆုံး နေရာ ရွေးချယ်ရလျှင်လည်း ဓားစွမ်းအင်သာ ဖြစ်နေသည်။ အကြောင်းအရင်း ထိုတည်ရှိမှုကြောင့် ဘေးကင်းနွယ်တောင်၌ ငြိမ်းချမ်းမှု ရှိနေခြင်း ဖြစ်၏။ တစ်ချိန်တည်းဆိုသလို မြစ်ရေမှာ ဓားစွမ်းအင်ကြောင့် ပျက်စီးထားသော ခန္ဓာကိုယ်ကို ပြန်လည် ကောင်းမွန်လာစေရုံသာမက  ကမ္ဘာဦး စိတ်ဝိညာဉ်ကိုလည်း ပြန်လည် ကုသပေးနိုင်စွမ်း ရှိ၏။

ထို့ကြောင့် လူတစ်ယောက်က ဓားစွမ်းအင်မြစ်ကို သဘောကျသည် ဖြစ်စေ၊ မကျသည် ဖြစ်စေ အများစုက ရေခပ်ဖို့ရာ ပုန်းလျိုးကွယ်လျိုး  သွားလာနေကြဆဲ ဖြစ်သည်။

နတ်ဆိုးလက်၏  ဖန်းဟုန်၊ အင်မော်တယ် အမဲလိုက်သူ၏ ဝေကျီတောက်နှင့် သမာဓိတောင်၏ ရှန့်ဟဲကောင်းတို့သာ ဓားစွမ်းအင်မြစ်သို့ ပွင့်လင်းမြင်သာ သွားလာနိုင်ကြသည်။

ထိုလူသုံးယောက်တွင် မြစ်ရေခပ်ရန်အတွက် အလှည့်ကျသွားမည့် လက်အောက်ခံများ လူများ ရှိပေသည်။ ထို့ကြောင့် ဖေးလင်က နတ်ဆိုးလက်ကို စွန့်ခွာလာခြင်း ဖြစ်၏။ အကယ်၍ သူသာ ထွက်မပြေးလျှင် မြစ်အနီးအနားသို့ ဆက်တိုက်သွားခြင်းဖြင့် သေဆုံးသွားရလိမ့်မည်။

ဘေးကင်းနွယ်တောင်က နွယ်ပင်များဖြင့် အပြည့်အဝ ဖုံးလွှမ်းထားလေသည်။ မည်သည့်နေရာသို့ သွားသွား နွယ်ပင်များ တစ်ပင်နှင့် တစ်ပင် ယှက်နေသည်ကို မြင်တွေ့နိုင်ပေ၏။

ထိုနွယ်ပင်များက ပုံမှန်မဟုတ်သည့် တည်ဆောက်မှုများ ရှိနေပြီး ထိုနွယ်ပင်များက မည်သည့်နေရာမှ ရောက်လာပြီး မည့်သည့်နေရာသို့ ဦးတည်သွားကြသည်ကို ဘယ်သူမှ မသိကြပေ။ သူတို့သိသည်က နွယ်ပင်များမှာ‌ သစ်ပင်များကဲ့သို့  မြေအောက်မှ ရှင်သန်ကြီးထွားလာခြင်း ဖြစ်၏။

“ ဘေးကင်းနွယ်တောင်ကနေ ထွက်သွားပြီးရင် ကီလိုမီတာ နည်းနည်းတော့ လှမ်းသေးတယ် ” ဝေကျီတောက်က ရှင်းပြလိုက်သည်။

ခဏအကြာတွင် နှစ်ယောက်လုံးက ဘေးကင်းနွယ်တောင်မှ ထွက်လာလိုက်ကြသည်။

သူတို့က အပြင်ဘက်သို့ ခြေချလိုက်သည်နှင့် ဓားစွမ်းအင် သိပ်သည်းမှုက အဆများစွာ တိုးများလာလေ၏။ ဝေကျီတောက်လည်း စကားဆက်မပြောတော့ပေ။ သူက ဤမျှ ဓားစွမ်းအင်ပမာဏကို ခုခံရန် အားကောင်းနေပြီ ဖြစ်သော်လည်း စကားပြောနေခြင်းဖြင့် အာရုံပြန့်လွှင့်နေခြင်းကား မကောင်းပေ။ တိတ်ဆိတ်နေလိုက်ခြင်းက စိတ်စွမ်းအားနှင့် အင်မော်တယ် သဘာဝစွမ်းအားများကို ထိန်းသိမ်းစောင့်ရှောက်ရာ ကျပေ၏။

ရုတ်တရက်ဆိုသလို မိုဝူကျိက ရပ်ကာ  ကျန်ရှိနေသည့် ဘေးကင်းနွယ်တောင်ကို မျက်မှောင်ကျုတ်ရင်း ကြည့်လိုက်သည်။

“ ဂိုဏ်းချုပ်မို ဘာဖြစ်လို့လဲ  ” မိုဝူကျိ၏ အပြုအမူကို မြင်ပြီး ဝေကျီတောက်က စကားမပြောဖို့ရာ ရည်ရွယ်ထားသော်လည်း ထုတ်မေးလိုက်မိသည်။

“ အစ်ကိုဝေ … ဒီနားမှာ  ခဏလောက် စောင့်ပေးပါဦး ” သူ့စကားအဆုံးတွင် မိုဝူကျိက ဘေးကင်းနွယ်တောင်ထဲ ပြန်ဝင်သွားသည်။ ထို့နောက် တဖန် ပြန်ထွက်လာပြန်သည်။

မိုဝူကျိ မျက်နှာပေါ်၌  စိတ်ရှုပ်ထွေးနေသည့် အမူအယာများကို မြင်သောအခါ ဝေကျီတောက်က  ရပ်တန့်လိုက်၏။

“ ဘာမှ မဟုတ်ပါဘူး။ ဓားစွမ်းအင်မြစ်ဆီ ဆက်သွားကြစို့ ” မိုဝူကျိက ပြုံးရင်း ပြောလိုက်သည်။

ယုံမှားသံသယ လွန်ကဲမှုကြောင့်လေလား မသိသော်လည်း တောင်မှ ထွက်လာလိုက်သည်နှင့် သူ့ပခုံးပေါ်မှ ဝန်ထုပ်ဝန်ပိုးကြီးမှာ လျော့ကျသွားသလို ခံစားလိုက်ရသည်။

ထိုခံစားချက်မှာ အနည်းငယ် ထူးဆန်းနေပေသည်။ ဘေးကင်းနွယ်တောင်မှာ အန္တရာယ်အကင်းဆုံး နေရာဟု ယူဆရမည် ဖြစ်ကာ အပြင်နေရာများကား အန္တရာယ်များလှသော ဓားစွမ်းအင်များ စုစည်းနေပေသည်။ တောင်က ထွက်လာသည်နှင် အဘယ်ကြောင့်များ စိတ်ပေါ့ပါးသွားရသနည်း။

ထိုထူးဆန်းသည့် ခံစားချက်ကြောင့် မိုဝူကျိက တောင်ဆီ တစ်ခေါက် ပြန်သွားလိုက်၏။ သို့သော် ဒုတိယအကြိမ်မြောက် ထွက်လာလိုက်သည့်အခါ ထိုခံစားချက်မှာ ပျောက်ကွယ်သွားလေပြီ။

“  ဂိုဏ်းချုပ်မို တစ်ခုခုများ တွေ့လို့လား ” ဝေကျီတောက် မိုဝူကျိ ပြောလိုက်သည့် စကားကို မယုံပေ။

မိုဝူကျိက ရယ်မောလိုက်ပြီး ပြန်ဖြေပေးလိုက်သည်  “ ကျုပ် သတိထားလွန်နေတာပါ။ မကြာသေးခင်လေးက ကျုပ်နောက်ကို လူတချို့ လိုက်ထားတာဆိုတော့  သတိထားနေတဲ့ အကျင့်က အလိုလို ဖြစ်နေတာ . …. ”

ထိုစဉ် မိုဝူကျိက ရပ်တန့်လိုက်ပြန်၏။

သူ့ပင်ကိုယ်အသိစိတ်က ထိုမျှ မှားတာ ဖြစ်နိုင်ပါ့မလား …

ယခင် သူ နတ်ဘုရား မျှော်စင်မှ ထွက်လာပြီးနောက် ကောင်းကင်ချောက်ကမ်းပါးမြို့သို့ ဝင်သည့်အခါ အန္တရာယ်ကို ခံစားမိလိုက်သည်။ သူက ဂရုမစိုက်မိခဲ့၍  တာ့ယီအင်မော်တယ်မြို့၌  ထိုလူအိုကြီးများ သတ်ဖြတ်မှုကို ခံရလုမတတ် ဖြစ်ခဲ့ရသည် မဟုတ်ပါလော။ အဆုံးသတ်ဥ တာ့ဟွမ်ကို ဆုံးရှုံးလိုက်ရပြီး ဟန်ချင်းရုမှာလည်း ဓားအကျဉ်းထောင်ထဲ အဖမ်းခံလိုက်ရကာ သေလုနီးပါး ဖြစ်သွားရသည်။

သူ ခံစားလိုက်ရသည့် ခံစားချက်အရ  ဘေးကင်းနွယ်တောင်မှာ  အန္တရာယ်များသော  နေရာ တစ်ခု ဖြစ်နေခြင်း ဖြစ်၏။

အသက်ပြင်းပြင်း ရှုလိုက်ပြီး မိုဝူကျိက ဒုတိယ မကျရှုံးစေရန် ကိုယ့်ဘာသာ သတိပေးနေရသည်။ မည်သို့ပင် ဆိုစေကာမူ  သူက ဓားစွမ်းအင်မြစ်မှ ပြန်ရောက်သည်နှင့်  ဘေးကင်းနွယ်တောင်မှ ထွက်သွားဖို့ရာ နည်းလမ်း ရှာရမည်။

ဤနေရာနှင့် ပတ်သတ်ပြီး တစ်ခုခု ထူးဆန်းနေလေ၏။ သူက ဒုတိယအကြိမ် မခံစားမိသည်မှာ ကျင့်သားရသွား၍ ဖြစ်နိုင်သည်။

ဝေကျီတောက်အနေနှင့် မိုဝူကျိစိတ်ထဲတွင် တစ်ခုခု ရှိနေကြောင်း မှန်းဆမိသည်မှာ ပုံမှန်သာ ဖြစ်၏။ မိုဝူကျိက ဘာမှ ထပ်မပြောသောကြောင့် သူကလည်း ဘာမှ ထပ်မမေးတော့ပေ။ အားလုံးတွင် လျို့ဝှက်ချက် ကိုယ်စီ ရှိတတ်ကြသည် မဟုတ်ပါလော။

ထင်ထားသည့်အတိုင်း သူတို့ လှမ်းလိုက်သည့် ခြေလှမ်းတိုင်းတွင် အားကောင်းသော ဓားစွမ်းအင်များ ကျရောက်လာနေသည်။

ဝေကျီတောက်က ဓားအကျဉ်းထောင်ထဲ အဖမ်းခံရထားသည်မှာ ကြာမြင့်လှပြီ ဖြစ်ပြီး  အင်မော်တယ် ဧကရာဇ် နောက်ပိုင်းအဆင့်လည်း ဖြစ်ပေသည်။ သူ့တွင် ဓားစွမ်းအင် ကာကွယ်ဖို့ရာ နည်းလမ်း ရှိ၏။ သူက ထိုသို့ လုပ်ဆောင်ရင်း  ဘေးမှ မိုဝူကျိအား အဆက်မပြတ် လေ့လာနေသည်။

ထိုစဉ် သူက မိုဝူကျိ၏ တကယ့်အင်အားမှာ ဘာလဲဟု မေးခွန်းပြန်ထုတ်မိနေသည်။ မိုဝူကျိတွင် ရှိနေသော ဝိညာဉ်စွမ်းအားများအရ မိုဝူကျိတွင် နိမ့်ကျသော ကျင့်ကြံဆင့် ရှိနေဟန် ပေါ်ပေသည်။ ဖြစ်နိုင်သည်က ကောင်းကင်အင်မော်တယ် တစ်ယောက်ထက်ပင် နိမ့်ကျနေဦးမည်။ သူ့အား သေမျိုးဟု ခေါ်ဆိုလျှင် အပိုပြောနေခြင်း မဟုတ်ပေ။ သို့သော် မိုဝူကျိ တိုက်ခိုက်လိုက်သည်နှင့်  သူ့ကျင့်ကြံဆင့်မှာ အတော်လေး မြင့်သွားပြီး အင်မော်တယ်ဘုရင်အဆင့်နီးပါး အထိ ရောက်ရှိလာ၏။

ထို့အပြင်  မိုဝူကျိ ထုတ်ဖော်လိုက်သော လျို့ဝှက်ပညာရပ်မှာ သာမာန် အင်မော်တယ် ဘုရင်အဆင့် ထုတ်ဖော်နိုင်သည်ထက် ကျော်လွန်နေပေသည်။ မိုဝူကျိ၏ မူမမှန်မှု  အကြောင်းများစွာ ရှိနေသောကြောင့်  ပို၍ ထူးဆန်းထွေလာ ဖြစ်လာကြောင်း ခံစားရသည်။

သူ့လိုမျိုး  အဆင့်မြင့် ကျင့်ကြံသူ တစ်ယောက်က ဘာကို အကြောက်ဆုံးလဲ ….  ထူးဆန်းအံ့ဖွယ် လူများနှင့် အရာများသာ ဖြစ်၏။

“ ဂိုဏ်းချုပ်မိုက ရုပ်ခန္ဓာ လေ့ကျင့်ထားတဲ့ ကျင့်ကြံသူများလား ” ကီလိုမီတာ အတော်သွားပြီးနောက် ဝေကျီတောက်က မိုဝူကျိသည် အဘယ်ကြောင့် ကွဲပြားခြားနားနေကြောင်း တွေးမိသွားသည်။

သိပ်သည်းလှသော ဓားစွမ်းအင်များ မိုဝူကျိ ခန္ဓာကိုယ်ပေါ် ရောက်ရှိလာသည့်အခါ မသိမသာ လျှောကျသွားသလို ဖြစ်နေသည်။ သူ့ခန္ဓာအတွင်း ဝင်ရောက်သွားသော ဓားစွမ်းအင်များက  အန္တရာယ်ဖြစ်ဟန် မပေါ်ပေ။

မိုဝူကျိက ရယ်မောလိုက်ပြီး ဝေကျီတောက်၏ မေးခွန်းကို မဖြေပေ။ ထို့အစား အနီးအနားမှ နေရာတစ်ခုကို ညွှန်ပြလိုက်ပြီး   “ အစ်ကိုဝေ …. ကြည့်ရတာ ဖန်းဟုန်နဲ့ ရှန့်ဟဲကောင်းတို့က ဓားစွမ်းအင်မြစ်ရေများများ ရဖို့ နည်းလမ်း တွေ့ထားတဲ့ပုံပဲ ….. ”

ထိုအခါမှ ဝေကျီတောက်လည်း  ဖန်းဟုန်နှင့် ရှန့်ဟဲကောင်းတို့ကို သတိပြုမိလိုက်သည်။ နှစ်ယောက်လုံးမှာ သစ်သားပုံးကိုယ်စီ သယ်ဆောင်ထားကြ၏။ ထိုရေပုံးများက အတော်အတန် ကြီးမားပြီး ဓားစွမ်းအင်မြစ်ရေ ပမာဏ တော်တော်များများက  သုံးပုံတစ်ပုံလောက်သာ  ဆန့်ပေသည်။

All Chapters