အပိုင်း(၄၆၄)
Vol. 31 Ch. 464
ဂန္ဓမာ အဘိုးအိုက မျိုးဆက်ပေါင်းများစွာ သေခြင်းတားမြစ်နယ်မြေ၏ ဝင်ပေါက်၌ ထိုင်စောင့်ပြီး သေခြင်းတားမြစ်နယ်မြေအတွင်းဝင်ရောက်လာခဲ့သော ကျင့်ကြံသူများအားသတ်ဖြတ်ခဲ့သည်။ သူ၏ ချမ်းသာကြွယ်ဝမှုနှင့် ရတနာများက စိတ်ကူးကြည့်မရနိုင်အောင်ရှိလိမ့်မည်ဖြစ်၏။
ဤအချိန်တွင် ဂန္ဓမာအဘိုးအိုက နင်ချန်အား လေးနက်စွာကြည့်လိုက်ပြီး နင်ချန်အား သူ၏ စစ်မှန်သော ရန်သူအဖြစ် မှတ်ယူလိုက်သည်။ နင်ချန်အား တိုက်ခိုက်ရန်အတွက်သူမိသားစု၏ မျိုးဆက်ပေါင်းများစွာစုဆောင်းထားမှုများမှ စွမ်းအားအကြီးဆုံးရွှမ်းလက်နက်ဖြစ်သော စွမ်းအားကြီးပြီးဆန်းကြယ်သည့် နီညိုရောင်ဒယ်စောက်အားအသုံးပြုခဲ့သည်။
နီညိိုရောင်ဒယ်စောက်က အဆင့်ကို ဧကရာဇ် အဆင့်ရှိသည်ကို ရှစ်ဖုန့်အာရုံခံမိလိုက်သည်။
ထျန်းဟန်တိုက်ကြီးအတွင်းတွင် အဆင့်ကိုးရွှမ်းလက်နက်များအား ဧကရာဇ် လက်နက်တစ်ခုအဖြစ်သိကြသည်။ လက်ရှိထျန်းဟန်တိုက်ကြီးပေါ်တွင် အဆင့်အမြင့်ဆုံးသော ပန်းပဲ သမားမှာ အဆင့်ရှစ်တွင်သာရှိသည်ဖြစ်သည်။ သူတို့အနေဖြင့် အဆင့်ကိုးလက်နက်တစ်များအား မသွန်းလုပ်နိုင်ကြပေ။ ထျန်းဟန်တိုက်ကြီးပေါ်၌ ဧကရာဇ် အဆင့်လက်နက်ဆယ်ခုထက်ပိုမရှိဟု ကမ္ဘာကြီးကသိထားပြီး ဤဧကရာဇ်လက်နက်အားလုံးမှာလည်း နမည်ကျာ်ကြီးမြတ်သော ဧကရာဇ်များ၏လက်ထဲ၌သာ ရှိနေသည်ဖြစ်သည်။
ဂန္ဓမာအဘိုးအိုထံ၌ သေခြင်းတားမြစ်နယ်မြေမှလာသော
ဧကရာဇ် အဆင့်လက်နက်တစ်ခုရှိနေလိမ့်မည်ဟု မည်သူက တွေးထင်ပါမည်နည်း။
သေခြင်းတားမြစ်နယ်မြေက မည်ကဲ့သို့ နေရာမျိုးဖြစ်သနည်း။ ဂန္ဓမာ အဘိုးအိုသည်သာမက ထျန်းရှဲ့အဓိပဓိသည်ပင် ဧကရာဇ်လက်နက် အကျိုးအပဲ့တစ်ခုကို ရရှိခဲ့သည်ဖြစ်သည်။
ဂန္ဓမာအဘိုးအိုက နင်ချန်အပေါ်သို့ နီညိုရောင်ဒယ်စောက်အား အသုံးပြုလိုက်ချိန်တွင် သူကနင်ချန်အား အလောင်းတစ်ခုအပေါ်၌
တဏှာကျနေသည်ဟု ပြောခဲ့သည်။ ရုတ်ခြည်းဆိုသလို နင်ချန်မှာ ခံစားချက်ပြင်းသောလူတစ်
ယောက်ဖြစ်လာသည်။သူက အနည်းငယ်ကိုယ်ကိုကိုင်းလိုက်ပြီး သူ၏လက်မောင်းအတွင်းမှ မြဲ့ကျီအားကြည့်လိုက်သည်။
ခံစားချက်အရမ်းပြင်းသော ကြောင့် သူ၏ခန္ဓာကိုယ်ပင်တုန်ယင်နေသည်။ သူ၏မျက်နှာကရှုံ့မဲ့နေပြီးဒေါသကြောင့် ကြမ်းကြုတ်ခက်ထန်လာသည်။
“သူတောင်းစားအိုကြီး.. ကျုပ်ရဲ့အချစ်ကလေးမြဲ့ကျီကို
ခင်ဗျားနှလုံးကို ဆွဲထုတ်ခိုင်းမယ်.. ခင်ဗျားရှေ့မှာပဲ ခင်ဗျားနှလုံးခြေမွခံရတာကို ကြည့်ခိုင်းမယ်”
ခံစားချက်များဖြင့် နင်ချန်က ရုတ်တရက် ကြုံးဝါးလိုက်သည်။
ဤအချိန်တွင် သံချေးရောင် ဒယ်စောက်က တောက်ပသော အစိမ်းရောင်အလင်းတစ်ခုလင်းလက်နေပြီး နင်ချန်ရှေ့သို့ရောက်ရှိနေပြီဖြစ်သည်။
ဧကရာဇ်လက်နက်တစ်ခုနှင့် မဟာသူတော်စင်နယ်ပယ်ကျွမ်း
ကျင်သူတစ်ဦး၏ စွမ်းအားအပြည့်တိုက်ခိုက်မှုအား
ရင်ဆိုင်ရင်း နင်ချန်က အနက်ရောင်အခိုးအငွေ့တို့ဝန်းရံနေသော သူ၏လက်အား မြှောက်လိုက်ကာ
သံချေးရောင် ဒယ်စောက်ထံသို့ရိုက်နှက်လိုက်သည်။
“ဝုန်း”
နီညိုရောင်ဒယ်စောက်ထံမှ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာသည်။ ပန်းဝန်းကျင်ရှိ အမှောင်ကမ္ဘာမှာ အားကောင်းသော အသံလှိုင်းကြောင့် ပြင်းထန်စွာ စတင်တုန်ခါလာသည်။
သို့သော် နင်ချန်၏ရိုက်ချက်က
နီညိုရောင် ဒယ်စောက်ပေါ်ရှိ တောက်ပသောအစိမ်းရောင်အလင်းအား ပျောက်ကွယ်သွားစေသည်။
နီညိုရောင်ဒယ်စောက်ကလည်း တိုက်ခိုက်မှုရပ်တန့်သွားသည်။ နင်ချန်က တိုက်ခိုက်လိုက်ပြီး မက လေထဲတွင် ဖြည်းညှင်းစွာစတင်လည်ပတ်နေသည်။
“မဟုတ်ဖူး….ဘယ်လိုဖြစ်နိုင်မှာလဲ”
ဂန္ဓမာ အဘိုးအို၏ မျက်နှာထက်တွင် မယုံကြည်နိုင်မှုများဖြင့်ပြည့်နှက်နေသည်။ သို့သော် ဤတစ်ကြိမ်တွင် သူအသက်သွင်းခဲ့သော သူ၏ ဧကရာဇ်အဆင့်လက်နက်ဖြင့်
တိုက်ခိုက်မှုက နင်ချန်ကြောင့် ပျက်ဆီးသွားရသည်။
ဂန္ဓမာအဘိုးအို မှာကြယ်တစ်ပွင့်မဟာသူတော်စင်
နယ်ပယ်ဖြစ်ပြီး ဧကရာဇ် လက်နက်အား သူ၏အစွမ်းအကုန်ဖြင့် အသက်သွင်းခဲ့ခြင်းဖြစ်သည်။
ဧကရာဇ် လက်နက်၏ စွမ်းအားအပြည့်အဝအား သူအသက်မသွင်းနိုင်ခဲ့ဟုပြောနိုင်သော်လည်း သူ၏ ယခင်တိုက်ခိုက်မှုစွမ်းအားက ကြယ်သုံးပွင့်မဟာသူတော်စင်နယ်ပယ်
အောက်၌ရှိနေသော သူအားလုံးအားသတ်ပစ်နိုင်စွမ်းရှိ
သည်ကိုသူသိသည်ဖြစ်သည်။
သို့သော်ထိုကဲ့သို့စွမ်းအားဖြင့်ပင် ၎င်းက နင်ချန်၏ လက်ဖဝါးအောက်၌ ကျိုးပျက်သွားဆဲဖြစ်သည်။ ဤငထူးဆန်းကောင်က မည်ကဲ့သို့ စွမ်းအားမျိုးအဆင့်သို့ရောက်ရှိနေပါသနည်း။
သူ၏အစွမ်းအထက်ဆုံးတိုက်ခိုက်မှု ဖျက်ဆီးခံလိုက်ရပြီးနောက်၌
ဂန္ဓမာအဘိုးအိုက ဆုတ်ခွာထွက်ပြေးရန်တွေးလိုက်သည်။ နှစ်ပေါင်းများစွာ အမဲလိုက်ခဲ့ပြီးနောက် သူ့အနေဖြင့် စော်ကားရန်မတက်နိုင်သော
သားရဲတစ်ကောင်အားနောက်ဆုံး၌တွေ့ခဲ့ပြီဖြစ်သည်ကို သူသဘောပေါက်လိုက်သည်။
“ဝုန်း”
နောက်ထပ်မြည်ဟိန်းသံထွက်ပေါ်လာသည်။ နင်ချန်၏လက်မောင်းအတွင်းမှ
အမျိုးသမီးမှာ မျက်လုံးတို့ ထပ်မံပွင့်လာသည်။သူမ၏အနီရောင်ပုံရိပ်က လှုပ်ရှားသွားပြီး နင်ချန်၏ လက်မောင်းအတွင်းမှ ရွှတ်ခနဲထွက်သွားသည်။
နင်ချန်၏ရှေ့၌လွင့်မျောနေသော ကြီးမားသည့်နီညိုရောင်ဒယ်စောက်ကြီးမှာ အမျိုးသမီး၏ ခန္ဓာကိုယ်ကြောင့် အဝေးသို့ အတင်းအကျပ်လွင့်ထွက်သွားသည်။
ထို့နောက်သူမက မြေပြင်ပေါ်တွင်ရှိနေသာဂန္ဓမာအဘိုးအိုထံသို့ ထိုးဆင်းလိုက်သည်။
“အဘိုးကြီး ကျုပ်ရဲ့အချစ်ကလေးမြဲ့ကျီကို
ဘယ်လိုတောင်စော်ကားရဲတာလဲ..
ကျုပ်ရဲအချစ်ကလေးမြဲ့ကျီကို ဘယ်လိုတောင်စော်ကားရဲရတာလဲကွ…
ခင်ဗျားသေရမယ်.. ခင်ဗျားသေရမယ်..အား..အား..
အား..အား..အား.”
ဤအချိန်တွင်နင်ချန်မှာ အနည်းငယ်ရူးသွပ်ပြီး စိတ်လွတ်နေပုံရသည်။ ထိုးဆင်းနေသောမြဲ့ကျီအားကြည့်ရင်း မြေပြင်ပေါ်ရှိ ဂန္ဓမာ အဘိုးအိုအားကြည့်၍ ထပ်ကာထပ်ကာအော်ဟစ်နေသည်။
သူအော်ဟစ်နေရင်းအမှောင်ကမ္ဘာမှာ စတင် လှုပ်ခါလာသည်။ ယင်းမှာ တည်ငြိမ်သာရေကန်မျက်နှာပြင်က လှိုင်းထလာသကဲ့သို့ဖြစ်သည်။
နင်ချန်၏ စွမ်းအားနှင့် သူ့ထံသို့ပျံသန်းလာနေသော အေးစက်သည့်မျက်နှာနှင့်အမျိုး
သမီးအားကြည့်ပြီးနောက် ဂန္ဓမာ
အဘိုးအိုမှာ လျှင်မြန်စွာထွက်ပြေးလိုက်သည်။
အမှောင်ထုအတွင်း ရောနှောဝင်ရောက်လိုက်ပြီး အမှောင်ကမ္ဘာအစီအရင်အတွင်း
မှဆုတ်ခွာလိုက်သည်။
အမှောင်ကမ္ဘာ အစီအရင်မှာ ဂန္ဓမာ
အဘိုးအို၏ ဘိုးဘေးစီရင်ခဲ့ခြင်းဖြစ်သည်။
အမှောင်ကမ္ဘာအစီအရင်က သူ၏ နောက်မှလက်ကဲ့သို့ဖြစ်သည်ကို ပင်ကိုယ်အားဖြင့် ဂန္ဓမာအဘိုးအိုသိသည်ဖြစ်သည်။
သို့သော် ထို့နောက်မကြာခင်တွင် ဂန္ဓမာ အဘိုးအို ထံသို့ထိုးဆင်းလာသော
အမျိုးသမီးက ဂန္ဓမာ အဘိုးအို ရပ်ခဲ့သောနေရာ၌ဆင်းသက်လိုက်
သည်ကိုရှစ်ဖုန့်မျက်မြင်တွေ့လိုက်ရသည်။ ထို့နော်ကသူမက ဂန္ဓမာ အဘိုးအိုကဲ့သို အမှောင်ထုအတွင်း ရောနှောဝင်ရောက်သွားသည်။
“အား”
ရုတ်တရက် အမှောင်ထုအတွင်းတွင် အိုမင်းသော စူးစူးဝါးဝါးအော်သံတစ်ခုထွက်ပေါ်လာသည်။ ၎င်းမှာ ဂန္ဓမာ အဘိုးအို၏ နာကျင်စွာဖြင့်အော်သံဖြစ်သည်။
ထို့နောက် အနီရောင်ပုံရိပ်တစ်ခုက အမှောင်ထုထဲ၌ပေါ်လာသည်။၎င်းမှာ အမှောင်ထုအတွင်းပျောက်ကွယ်သွားသော အနီရောင်အမျိုးသမီးပင်ဖြစ်သည်။
အနီရောင်နှင့်အမျိုးသမီး၏ လှပသော မျက်နှာက အေးစက်နေသည်။ သူမ၏မျက်နှာထက်တွင် ဘာအမူအယာမှရှိမနေပေ။ ဤအခိုက်အတန့်တွင်အနီရောင်အမျိုးသမီး၏ လှပသေးသွယ်သော ညာလက်က တောက်ပနီရဲသော အရာတစ်ခုကို ကိုင်ထားသည်။၎င်းမှာ ခုန်နေဆဲဖြစ်ကာ နီရဲသောသွေးတို့စီးကျနေဆဲဖြစ်သည်။
၎င်းမှာ အသက်ရှိနေသော နှလုံးတစ်ခုဖြစ်သည်။
ထို့နောက်အမျိုးသမီး၏ အခြားတစ်ဖက်ခြမ်းက အမှောင်ထုအတွင်းဖြည်းဖြည်း
ချင်းပေါ်လာသည်။ ဖြည်းဖြည်းချင်း သူမ၏ဘယ်လက်၌ ကောက်ရိုးများကဲ့သို့ ဖြစ်နေသည့် ဆံပင်အမျှင်အစုတစ်ခုအား
ကိုင်ဆောင်ထားသည်ကို ရှင်းလင်းစွာမြင်လာရသည်ဖြစ်သည်။ ထို့နောက် အမှောင်ထုအတွင်းမှ လွန်စွာ နာကျင်သော အမူအယာနှင့် ခေါင်းအိုတစ်ခု ဆွဲထုတ်ခံလိုက်ရ သည်။
၎င်းမှာ ဂန္ဓမာ အဘိုးအို၏ ကုန်းပြီး တွန့်လိမ်နေသောကိုယ်ပင်ဖြစ်သည်။
ဤအချိန်တွင် ဂန္ဓမာအဘိုးအိုမှာ ခွေးသေတစ်ကောင်ကဲ့သို့ အမျိုးသမီး၏ မြေပြင်မှ တရွတ်တိုက်ဆွဲခေါ်လာမှုကိုခံလာရသည်။
သူ၏ရင်ဘက်ပေါ်တွင် သွေးစွန်းနေသော လက်သီးဆုပ်အရွယ် အပေါက်တစ်ခုရှိနေသည်။ အထဲတွင်ဘာမှ ရှိမနေပေ။
သူ၏နှလုံးမှာ အနီရောင်နှင့်အမျိုးသမီး၏ ဆွဲထုတ်မှုကိုခံလိုက်ရပြီးဖြစ်သည်။
ဤအချိန်တွင် သူမကညာလက်၌ ခုန်နေသောနှလုံးကိုကိုင်ထားသည်။
“ဟီးဟီး..ဟီးဟီးဟီး..ငါ့ရဲ့အချစ်ကလေး မြဲ့ကျီပြန်လာပြီ.. မြဲ့ကျီပြန်လာပြီ… မင်းရဲ့ကြိုးစားအားထုတ်မှုအတွက်ကျေးဇူးပါ ကိုယ့်ရဲ့မြဲ့ကျီလေး..”
အမှောင်ထုအတွင်းမှ အနီရောင်နှင့်အမျိုးသမီးလျှောက်
လှမ်းထွက်လာသည်ကို နင်ချန်မြင်တွေ့လိုက်ရသည်။ သူ၏ခက်ထန်နေသော မျက်နှာမှာ စိတ်လှုပ်ရှားမှုတို့ကြောင့်ပျောက်
ကွယ်သွားသည်။သူကထပ်မံရယ်
မောလိုက်သည်။
ထို့နောက်နင်ချန်ကိုယ်ကမြေပြင်ထက်သို့ လွင့်မျောသွားသည်။ သူက သူ၏အချစ်ကလေး မြဲ့ကျီရှေ့၌ လွင့်မျောနေသည်။မြဲ့ကျီအား ကြင်နာစွာကြည့်ရင်း သူ၏ညာ လက်အားဆန့်ထုတ်၍ မြဲ့ကျီ၏ ဖြူဖျော့နေသော မျက်နှာအားညင်သာစွာ ပွတ်သပ်လိုက်ကာ မြဲ့ကျီ၏မျက်နှာထက်မှသွေးတို့အား
သုတ်ပေးလိုက်သည်။
“ညစ်ပတ်ကုန်ပြီ..ငါ့ရဲ့မြဲ့ကျီလေးကို ဒီညစ်ပတ်တဲ့သွေးတွေစွန်းထင်းကုန်ပြီ.. “
သူ့လက်ပေါ်မှသွေးတို့အားကြည့်ရင်းမူလက ခံစားချက်တို့တည်ငြိိမ်နေသော နင်ချန်မှာ ထပ်မံလှုပ်ရှားလာပြန်သည်။သူကအနည်းငယ်တုန်ယင်နေပြီးသူ၏ခေါင်အားငုံ့၍ မြေပြင်ပေါ်တွင် နာကျင်မှုကြောင့်ညည်းညူနေသော ဂန္ဓမာ အဘိုးအိုအားကြည့်လိုက်သည်။
နောက်တစ်ကြိမ်ထပ်မံ၍ နင်ချန်၏ မျက်နှာထက်၌ ခက်ထန်သာပုံစံတစ်ခု ဖြစ်ပေါ်လာသည်။ သူက ဂန္ဓမာ အဘိုးအိုအား အော်ဟစ်လိုက်သည်။
“ခင်ဗျားကြောင့်ပဲ..ခင်ဗျားရဲ့ ညစ်ပတ်တဲ့သွေးတွေ
ကျုပ်ရဲ့အချစ်ကလေး မြဲ့ကျီကို စွန်းထင်းကုန်ပြီ..သက်ကြားအိုကြီး..တိရစ္ဆာန်အိုကြီး.. သေစမ်း..သေစမ်း..သေစမ်းကွာ..ခင်ဗျား ဒီကမ္ဘာမှထပ်ပြီး မနေရဘူး ညစ်ပတ်တဲ့ သက်ကြားအိုကြီး..ခင်ဗျားက ကျုပ်ရဲ့ မြဲ့ကျီကို ညစ်ပေစေတယ်”
နင်ချန်မှာ ထပ်မံ ကြမ်းကြုတ်လာပြီး အနက်ရောက်အခိုး အငွေ့များ နှင့်မျက်နှာထက်၌ ကြမ်းကြုတ်ခက်ထန်မှုတို့ဖြင့်ပြည့်နေသည်။
ဆက်ရန်………
ဘာသာပြန်သူ-ARISE