← Chapters

ဓားစွမ်းအင်မြစ်မှ ရေသယ်ခြင်း

Vol. 51 Ch. 697

ဓားစွမ်းအင်မြစ်မှ ရေသယ်ခြင်း

Vol. 51 Ch. 697

“ တကယ်ကြီး သစ်သားပုံးနဲ့ ခပ်ကြတာလား  ” မိုဝူကျိက ဝေကျီတောက်အား  ရယ်မောရင်း ပြောလိုက်သည်။

ဝေကျီတောက်က ပြန်ဖြေလိုက်လေ၏  “ ဓားစွမ်းအင် မြစ်ရေကို သစ်သားပုံးနဲ့ပဲ ခပ်လို့ ရတာလေ။ မှော်ရတနာ ပစ္စည်းတွေဆိုရင် ဓားစွမ်းအင်ကြောင့် ချက်ချင်း ပျက်စီးသွားလိမ့်မယ် …. ”

သူ့အယူအဆကား မှန်ကန်ပေ၏။ ဖန်းဟုန်နှင့် ရှန့်ဟဲကောင်းတို့က ဓားစွမ်းအင်မြစ်မှ ရေကို ခပ်ဖို့ရာ အချိန်အတော်ကြာ ကြိုးစားပြီးနောက် နောက်ဆုံးတွင် လှည့်ကွက်မှာ သစ်သားပုံးကို သုံးဖို့ရာ ဖြစ်ကြောင်း တွေ့ရှိလိုက်ကြသည်။

ဝေကျီတောက်က ပျက်စီးယိုယွင်းမှုကို  တိုးလာစေသော ဓားစွမ်းအင်များကြောင့်  ခြေလှမ်းမြန်မြန် လျှောက်လှမ်းလိုက်တော့သည်။

လက်ရှိ ဓားစွမ်းအင်မှာ မိုဝူကျိအတွက် ခြိမ်းခြောက်မှု မဖြစ်သော်လည်း  ပုံမှန်ထက် အဆများစွာ အားကောင်းနေပေသည်။ သူ့အသိစိတ်ပင်လယ်အပေါ် သက်ရောက်မှု မရှိသော်လည်း ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာ ဖြစ်စေသည်။

သူ့အသိစိတ်ပင်လယ်ကို မထိခိုက်မချင်း သူ့ဝိညာဉ်မှာ  အန္တရာယ် ကင်းကင်း ကျန်ရှိနေမည် ဖြစ်၏။ ဓားစွမ်းအင်ကြောင့် ဖြစ်ပေါ်လာသော  ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာတို့မှာ ရုပ်ခန္ဓာလေ့ကျင့်ထားသူ တစ်ယောက်အနေနှင့်  သက်ရောက်မှု မဖြစ်စေပေ။

မိုဝူကျိနှင့် ဝေကျီတောက်တို့က ရှန့်ဟဲကောင်းနှင့် ဖန်းဟုန်တို့နား ရောက်သွားသည့်အခါ ရှန့်ဟဲကောင်းနှင့် ဖန်းဟုန်တို့ဆီမှ သွေးများ စီးကျလာသည်။  ထို့နောက်  သူတို့နှစ်ယောက်လုံး မြစ်နားမှ အလျှင်အမြန် ထွက်လာကြသည်။

ဒဏ်ရာများမှာ အပေါ်ယံမျှ မဟုတ်ပေ။ အသားထဲအထိ စူးဝင်နေပြီး အရိုးများပင် ပေါ်နေစေ၏။ မိုဝူကျိက သူတို့၏ ကမ္ဘာဦး စိတ်ဝိညာဉ်နှင့် ဝိညာဉ်ကို မမြင်ရသော်လည်း ဒဏ်ရာအပြင်းအထန် ရသွားကြောင်း မှန်းဆမိလိုက်သည်။

ဖန်းဟုန်နှင့် ရှန့်ဟဲကောင်းတို့၏ ဒဏ်ရာများမှာ ဝေကျီတောက်အတွက် အံ့အားသင့်စရာ မဟုတ်ပေ။ သူက ဓားစွမ်းအင်မြစ်မှ ရေခပ်ယူနိုင်ရန် စတေးမှုအကြီးကြီးအကြောင်း နားလည်ပေ၏။ ဓားစွမ်းအင်မြစ်ရေ တစ်ပုံးသည် သူ့စိတ်ထဲ၌ စတေးဖို့ရာ ထိုက်တန်ပေသည်။

“ဂိုဏ်းချုပ်မိုက  ဒီလို ပတ်ဝန်းကျင်မျိုးမှာ သက်တောင့်သက်တာ နေနိုင်တာ တကယ်ကို အံ့ဩစရာပဲ  ”  ဖန်းဟုန်က မိုဝူကျိအား အေးစက်စွာ ပြောလိုက်သည်။ ဖန်းဟုန်က ရှန့်ဟဲကောင်းကို အာရုံမရှိပေ။ အကြောင်းမှာ ဤနေရာ၌ ဝေကျီတောက်က သူ့ကို ထိခိုက်အောင် လုပ်မည် မဟုတ်ကြောင်း သေချာသိနေ၍ ဖြစ်သည်။

မိုဝူကျိက ကျန်လူများကဲ့သို့  သွေးများ ရဲနေသော်လည်း သက်တောင့်သက်သာရှိဆုံး ဖြစ်ပေသည်။

ဖန်းဟုန်က သူတို့တွေအားလုံး  ဓားစွမ်းအင် မြစ်အဖျားနားဆီ ရောက်နေသော်လည်း  မိုဝူကျိ၏ ပင်ပန်းနွမ်းလျမှုကို မခံစားမိပေ။ ထို့ကြောင့် မိုဝူကျိမှာ အင်မော်တယ် ဧကရာဇ်များ ဖြစ်နေမလားဟု သံသယ ဝင်လာမိသည်။

ဓားစွမ်းအင် မြစ်ရေမှာ ရရှိဖို့ရာ အင်မတန် ခက်ခဲပေသည်။ ဓားစွမ်းအင် ခံစားရသော ပမာဏမှာ လူတိုင်းအတွက် မတူညီဘဲ ကျင့်ကြံဆင့် မြင့်လေလေ ပို၍ ခံစားရလေလေ ဖြစ်၏။ ဤသို့ဆိုလျှင် အင်မော်တယ် ဧကရာဇ်အဆင့်အောက်မှ ရွေးချယ်ထားသော ကျင့်ကြံသူတချို့သာ ရေကို ခပ်နိုင်ကြလိမ့်မည်။ ကျင့်ကြံဆင့် မြင့်သော မဟာလော့ရှန်းအဆင့်ပင် ရေနည်းနည်းသာ ခပ်နိုင်လိမ့်မည်။

ဓားစွမ်းအင်မြစ်အနီးဆီ သွားနိုင်သော မိုဝူကျိ၏ စွမ်းရည်မှာ ဝေကျီတောက်၏ မိုဝူကျိသည် ရုပ်ခန္ဓာ လေ့ကျင့်ထားသူ တစ်ယောက် ဖြစ်ကြောင်း  သံသယကို ပိုမို မြင့်တက်သွားစေသည်။ သို့သော်လည်း တစ်ခါတည်း ကောက်ချက်မချရဲပေ။ မိုဝူကျိက သူ မေးလိုက်သည့် အခါတိုင်း အမြဲတမ်း ခေါင်းစဉ်ပြောင်း ပြောလေ့ ရှိ၏။

မိုဝူကျိက ပြုံးကာ ပြန်ဖြေလိုက်၏  “ ကျုပ်က ဆင်းရဲတဲ့ မိသားစုမှာ ကြီးပျင်းလာတာဆိုတော့ ငယ်စဉ်ကတည်းက ခန္ဓာကိုယ် ပင်ပန်းမှုဒဏ်တွေ အတော်ခံခဲ့ရတယ်လေ။ အဲဒါနဲ့ လေ့ကျင့်ပြီးသား ဖြစ်သွားတာ ။ အင်မော်တယ်ဖန်းတော့ တစ်ခါတည်းနဲ့ ရေအများကြီး သယ်ရတာဆိုတော့ အတော် ခက်ခဲမှာပဲ ”

ဖန်းဟုန်နှင့် ရှန့်ဟဲကောင်းတို့က ရေပုံးပြည့်လုနီးပါး သယ်နိုင်ခဲ့သည်။

“ ဟားဟား ဂိုဏ်းချုပ်မိုက ကျုပ်တို့ ဒဏ်ရာတွေကို စိတ်ပူစရာ မလိုပါဘူး ” ဖန်းဟုန်က အေးစက်စွာ ပြန်ပြော၏။ သူက မိုဝူကျိ၏ သနားစရာကြောင့် အရူးလုပ်ခံမည့်သူ မဟုတ်ပေ။

မိုဝူကျိအနေဖြင့် ဝေကျီတောက်က တစ်ခုခု ဝင်ပြောလိမ့်မည်ဟု  တွေးထင်ခဲ့သော်လည်း ထိုသူမှာ စကားဝိုင်းတစ်လျှောက်လုံး တိတ်ဆိတ်နေလေ၏။ မိုဝူကျိက လက်ရှိအခြေအနေကို စိတ်မအေးတော့ပေ။ ဝေကျီတောက်က  ဖန်းဟုန်နှင့် ရှန့်ဟဲကောင်းတို့ဆီ ပူးပေါင်းရန် ကြံစည်နေပြီလားဟု သံသယ ဝင်လာမိသည်။

သူ့အတွက် ဘေးကင်းနွယ်တောင်တွင် နေထိုင်ဖို့ရာင် ပို၍ အန္တရာယ်များလာမည် ဖြစ်သော်လည်း ဝေကျီတောက်အား သဘာဝကျီဆေးလုံး ထုတ်မပေးနိုင်သေးပေ။

ထိုစဉ် ဝေကျီတောက်က ရယ်မောရင်း   “ ကျုပ်လည်း ရေတစ်ပုံးလောက် ကြိုးစားခပ်ကြည့်ရတာပေါ့ ”

ထိုသို့ပြောပြီး ဝေကျီတောက်က ဓားစွမ်းအင်မြစ်ဆီ ဦးတည်သွားတော့သည်။ ဓားစွမ်းအင်မြစ်ကို မြူများဖြင့် ဖုံးလွှမ်းထားပြီး ဆောင်းတွင်း မနက်ခင်း၌ ရေကန်ကို တွေ့မြင်ရသလို ခံစားရစေသည်။

မိုဝူကျိက စောင့်ဆိုင်းနေပြီး ဝေကျီတောက် တစ်ယောက် ဓားစွမ်းအင်မြစ်မှ ရေကို မည်သို့ သယ်ဆောင်ကြောင်း လေ့လာနေလိုက်သည်။

ဖန်းဟုန်နှင့် ရှန့်ဟဲကောင်းတို့လည်း စောင့်ကြည့်နေကြသည်။ သူက ဝေကျီတောက်အနေနှင့် ရေပမာဏ များများ ခပ်နိုင်မည့် နည်းလမ်း တွေ့ဖို့ရာ မမျှော်လင့်ပေ။ တိုက်စားမှုမှာ ဓားစွမ်းအင်မြစ်နှင့် ဝေးဝေး နေသရွေ့ သူတို့ တောင့်ခံနိုင်ကြပေသည်။

ဝေကျီတောက်၏ ခြေလှမ်းများမှာ မြစ်နှင့် နီးလာသည်နှင့် နှေးကွေးသွားသည်။ ဓားစွမ်းအင်လှိုင်းများက ခန္ဓာကိုယ်၌ ဒဏ်ရာများစွာ ချန်ရစ်ခဲ့ပြီး ခန္ဓာကိုယ်မှ သွေးများ စီးကျလာစေသည်။ တစ်လှမ်းချင်းကို သွေးခြေရာချန်ကာ နင်းလျှောက်နေရ၏။ သို့သော်လည်း မိုဝူကျိက ဝေကျီတောက်၏  ကမ္ဘာဦး စိတ်ဝိညာဉ်နှင့် ဝိညာဉ်အပေါ် ခံစားနေရသည့် ဒဏ်ရာများမှာ  ရုပ်ပိုင်း ဒဏ်ရာ ရသည်များထက် များစွာပိုကြောင်း သိ၏။

ဝေကျီတောက်၏ ခြေလှမ်းတိုင်းမှာ နှေးကွေးကာ လေးလံနေပြီး သူ့တစ်ကိုယ်လုံးမှာ မြစ်ဆီ ချည်းကပ်သွားရင်း တုန်ယင်နေလေ၏။

မိုဝူကျိက အခြေအနေကို သေချာမသိသော်လည်း  တစ်ဖက်တွင် ရှန့်ဟဲကောင်းနှင့် ဖန်းဟုန်တို့က ကောင်းကောင်း သိကြသည်။ ဝေကျီတောက်က သူတို့ထက် အားကောင်းသောကြောင့် သူတို့ထက် မြန်မြန် သွားနိုင်ခြင်း ဖြစ်ပေသည်။ သူတို့ ခန္ဓာကိုယ်များမှာ တိုက်စားမှုကို ခံနိုင်ရည် မရှိသည့်အတွက် ထိုနှုန်းနှင့် လှုပ်ရှားနေရခြင်း ဖြစ်၏။

နှစ်ယောက်လုံးက ဝေကျီတောက်ကို ကြည့်နေရင်း မြစ်မှ ဝေးရာဆီ ဖြည်းဖြည်းချင်း နောက်ဆုတ်နေကြသည်။ ဓားစွမ်းအင် တိုက်စားမှုမှာ မြစ်နှင့် ဝေးသည်နှင့် ပို၍ အားပျော့လာလေသည်။

မိုဝူကျိက ဝေကျီတောက်ကို စိတ်ခံစားချက်မရှိ ဆက်ကြည့်နေရင်း သူ့ရုပ်ခန္ဓာ ကျင့်စဉ်အား လှည့်ပတ်နေလိုက်သည်။ ဝေကျီတောက်ကို မိုဝူကျိ၏ စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှ စိတ်စွမ်းအားဖြင့် လွှမ်းခြုံပေးထား၏။ မိုဝူကျိက သူ့စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်း၌ ထိုးဖောက်ဝင်ရောက်နေသော ဓားစွမ်းအင်ပြင်းပြင်းကို ခံစားမိပေသည်။

ဝေကျီတောက်က မြစ်ဖျားဆီ ရောက်ဖို့ရာ အမွှေးတိုင် ဝက်စာခန့် သွားလိုက်ရသည်။ သူက ငုံ့ကာ ရေပုံးအသေးလေးကို ထုတ်ယူလိုက်၏။

ဝေကျီတောက်၏ ရေပုံးမှာ ရေမျက်နှာပြင်နှင့် ထိတွေ့လိုက်သည်နှင့် သူ့ပါးစပ်ထောင့်မှ သွေးများ စီးကျလာလေ၏။ သူက ရေခပ်ရန် ကြိုးစားနေသောကြောင့်  သူ့တစ်ကိုယ်လုံးမှာ သွေးများ ဖုံးလွှမ်းနေသည်။ ဝေကျီတောက်က ထပ်၍ တောင့်မခံနိုင်တော့ပေ။ သူက ပုံးကို ရေထဲမှ ဆယ်လိုက်တော့သည်။

မိုဝူကျိက ရေပုံးမှာ လေးပုံတစ်ပုံမျှသာ ရေရှိကြောင်း တွေ့လိုက်ရ၏။ ထိုအရာမှာ သတင်းဆိုး ဖြစ်ပေသည်။ ကြည့်ရသည်မှာ ဝေကျီတောက်အနေဖြင့် ဓားစွမ်းအင်မြစ်မှ ရေခပ်ဖို့   လျို့ဝှက်ချက်အား သိရှိရန်  ဖန်းဟုန်တို့ ရှန့်ဟဲကောင်းတို့နှင့် ပူးပေါင်းတော့မည် ဖြစ်၏။

ဝေကျီတောက်က အလျှင်အမြန် နောက်ဆုတ်လိုက်ပြီး ထပ်၍ မကြိုးစားတော့ပေ။ သူက မြစ်အဖျားထိ နောက်ဆုတ်ကာ ပြောလိုက်သည်  “ ဂိုဏ်းချုပ်မို .. ကျုပ် ဒဏ်ရာတွေကို ကုဖို့ အရင်ပြန်နှင့်တော့မယ်  ”

ဝေကျီတောက်က မိုဝူကျိ၏ တုံ့ပြန်မှုကိုပင် မစောင့်ဘဲ ထွက်သွားတော့သည်။ သူ့ဒဏ်ရာများမှာ ဖန်းဟုန်နှင့် ရှန့်ဟဲကောင်းတို့ထက် ပိုမို ပြင်းထန်၏။

မိုဝူကျိလည်း စိုးရိမ်မိနေသည်။ ဝေကျီတောက်က သူ့အား ရေအတူတူ သွားခပ်ရန် ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သော်လည်း  ဝေကျီတောက်က သူ့ဘာသာ ခပ်ကာ အရင်ပြန်နှင့်လိုက်၏။ မိုဝူကျိအနေနှင့် ဝေကျီတောက်၏ အပြုအမူများ၏ နောက်ကွယ်မှ အဓိပ္ပါယ်ကို နားလည်ပေသည်။ ဝေကျီတောက်က ဖန်းဟုန်နှင့် ရှန့်ဟဲကောင်းတို့အား  သူနှင့် မိုဝူကျိမှာ ထူးခြားသည့် ဆက်ဆံရေး မရှိကြောင်း ပြသလိုခြင်း ဖြစ်ပြီး ဖန်းဟုန်နှင့် ရှန့်ဟဲကောင်းတို့ ရေခပ်နေသည့် နေရာမှ ရေခပ်ရန် ပိုလွယ်ကူနေလားဟု စမ်းသပ်ချင်ခဲ့မိသည်။

ဝေကျီတောက်က ရှန့်ဟဲကောင်းနှင့် ဖန်းဟုန်တို့မှာ ဓားစွမ်းအင်မြစ်ရေ ခပ်ခြင်း ပညာရပ်ကို ကျွမ်းကျင်သွားပြီ ဖြစ်ကြောင်း သတိပြုမိလိုက်သည်။ ထိုသို့ အတည်ပြုလိုက်ပြီးနောက် သူက သူတို့နှင့် မဟာမိတ်ဖွဲ့ဖို့ရာ ဆုံးဖြတ်လိုက်ပြီး မိုဝူကျိအား  စွန့်ပစ်လိုက်တော့သည်။

သူက ဖန်းဟုန်၊ ရှန့်ဟဲကောင်းတို့နှင့် ပူးပေါင်းလိုက်ခြင်းက သူ့အတွက် ဓားစွမ်းအင်မြစ်ရေ များများ ရနိုင်ကြောင်း အာမခံပေးလိုက်သလို ဖြစ်မည်ဟု တွေးထင်မိခဲ့သည်။ တစ်ဖက်တွင် မိုဝူကျိနှင့် ပူးပေါင်းလိုက်ခြင်းက နောက်ထပ် သဘာဝကျီဆေးလုံး ရလာလိမ့်မည်ဟု အာမခံချက် မရှိပေ။ သူက အရူး မဟုတ်သရွေ့ ရွေးချယ်စရာကို မည်သို့ မသိဘဲ နေမည်နည်း။

ဓားအကျဉ်းထောင်ထဲတွင် အသက်ရှင်နေနိုင်သူများကြား အရူး ဟူ၍ မရှိပေ။ မိုဝူကျိနှင့်သူက အတူတူ ရောက်လာသော်လည်း သူက ရေအရင်ခပ်ကာ ပြန်သွားနှင့်လေသည်။ ဖန်းဟုန်နှင့် ရှန့်ဟဲကောင်းတို့အနေဖြင့် ဝေကျီတောက်၏ ရည်ရွယ်ချက်ကို မည်သို့ သတိမထားမိဘဲ  နေမည်နည်း။ သူတို့သာ ဝေကျီတောက်နှင့် ပူးပေါင်းနိုင်လျှင် မိုဝူကျိအား မောင်းထုတ်ဖို့ရာ ပြဿနာ မရှိတော့ပေ။

ဖန်းဟုန်နှင့် ရှန့်ဟဲကောင်းတို့က ဝေကျီတောက် ထွက်သွားသည်ကို မြင်သောအခါ မြန်မြန်ဆန်ဆန် ထွက်သွားကြလေ၏။

ထိုစဉ် မိုဝူကျိက ဝေကျီတောက်ကို သူနှင့် ပူးပေါင်းစေလိုလျှင် သူ့အနေနှင့် သဘာဝကျီ ဆေးလုံးကို ထုတ်ပေးရမည် ဖြစ်ကြောင်း နားလည်၏။ သူက ထိုအရာမှာ ဝေကျီတောက်အား သူ့နှင့် ယာယီ ပူပေါင်းမှုအဖြစ်သာ ထိန်းသိမ်းထားနိုင်ကြောင်း သိ၍ မလိုလားပေ။

မိုဝူကျိက ထိုသုံးယောက် ထွက်သွားသည်နှင့်  ကျောက်စိမ်းပုံးကို ထုတ်ကာ မြစ်ဆီ သွားလိုက်သည်။ သူက မြစ်ရေခပ်ဖို့ရာ မည်မျှ ခက်ခဲကြောင်း စမ်းသပ်ကြည့်ချင်မိသည်။

မြစ်ဆီ ချည်းကပ်သွားသည်နှင့် ဓားစွမ်းအင်များက ပိုမို သိပ်သည်းလာပြီး အသားကို တစစီ ထိုးဖောက်ဝင်ရောက်ကာ အရိုးပင် ပေါ်လာစေ၏။

မိုဝူကျိက  သူ့နတ်ဘုရား ရုပ်ခန္ဓာအဆင့်နှင့်ပင်  ဤနေရာရှိ ဓားစွမ်းအင်များကို မခုခံနိုင်ပေ။

လက်တွေ့၌ ဖန်းဟုန်၊ ဝေကျီတောက်နှင့် ရှန့်ဟဲကောင်းတို့က ရုပ်ခန္ဓာကျင့်စဉ် လေ့ကျင့်ခြင်း မရှိဘဲ ဓားအကျဉ်းထောင်ထဲတွင် နေရင်း သိသိသာသာ အားကောင်းလာလေသည်။ မိုဝူကျိ၏ နတ်ဘုရား ရုပ်ခန္ဓာကား  အားသာချက် ရှိနေသော်လည်း  ထင်ထင်ရှားရှားတော့ ကွာခြားခြင်း မရှိပေ။

သူ့အားသာချက်ကြီးမှာ ကမ္ဘာဦးစိတ်ဝိညာဉ် မပါရှိခြင်း ဖြစ်ပြီး  ဓားအဆောင်နှင့်လည်း ချုပ်ထိန်းထားခြင်း မခံရပေ။ ထိုအရာများက သူ့အား ဓားအကျဉ်းထောင်ထဲ လွတ်လွတ်လပ်လပ် သွားလာခွင့် ပြုထားခြင်း ဖြစ်၏။ ထို့အပြင် ဓားစွမ်းအင်များကို တောင့်ခံပေးထားနိုင်သော ခရမ်းရေကန် ရှိနေသည်။ ထိုအရာများက သူ့အား ဓားအကျဉ်းထောင်ထဲ၌ စိတ်တိုင်းကျ နေနိုင်အောင် ကူညီပေးနေသည်။

မိုဝူကျိက အမွေးတိုင်တစ်ဝက်စာ ကြာချိန်လောက်တွင် မြစ်အဖျားနားဆီ အရောက်သွားနိုင်လိုက်၏။ သူက အသိစိတ်ပင်လယ်မှ စိတ်စွမ်းအားနှင့် စိတ်ဝိညာဉ်သိုလှောင်ရေး လမ်းကြောင်းတို့မှ စိတ်စွမ်းအားတို့အား အသုံးပြုကာ  ရေပုံးကို ရွေ့ကြည့်သော်လည်း မရပေ။

သူက ငုံ့ကာ အားလုံးကဲ့သို့  ပုံးကို ရေထဲ နှစ်လိုက်သည်။

မိုဝူကျိက သူ့ရေပုံး ရေနှင့် ထိတွေ့သည်နှင့်   အဆုံးမရှိသည့် ဓားစွမ်းအင်လှိုင်းများက သူ့ခန္ဓာကိုယ်ကို ရစ်ပတ်လာသလို ခံစားလိုက်ရ၏။

ထိုစဉ် မိုဝူကျိက သူ့ရုပ်ခန္ဓာကျင့်စဉ်အား  အားကောင်းကောင်းနှင့် လှည့်ပတ်လိုက်ခြင်းကပင် ခန္ဓာကိုယ် နာကျင်မှုမှာ ပျောက်ကွယ်မသွားဘဲ ဓားစွမ်းအင်များကြောင့် တစစီ ဆိုးရွားလာနေကြောင်း ခံစားမိလိုက်၏။

All Chapters