← Chapters

အာနိသင်မျိုးစုံရှိသောဆေးလုံးပေါင်းများစွာ

Vol. 59 Ch. 829

အာနိသင်မျိုးစုံရှိသောဆေးလုံးပေါင်းများစွာ

Vol. 59 Ch. 829

အခန်း (၈၂၉) အာနိသင်မျိုးစုံရှိသောဆေးလုံးပေါင်းများစွာ

မျက်လုံးများမှေးမှိတ်လျှက် တင်ပျဉ်ခွေထိုင်နေသည့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ရုတ်တရက် မျက်လုံးများဖွင့်ကြည့်လိုက်ပြီး အနက်ရောင်ဆေးလုံးကို ရှူသွင်းလိုက်သည်။

အနက်ရောင်ဆေးလုံးက လေထုအလယ်တွင် ရှိနေဆဲဖြစ်ပြီး မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ အသက်ရှူခြင်းဖြင့် ထိတွေ့သည့်အခါ မီးပွားများထွက်ပေါ်လာသည်။

ထို့နောက်မှာတော့ ဆေးလုံးက အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ ပါးစပ်အတွင်းသို့ ဝင်ရောက်သွားသည်။

သိုင်းသူတော်စင် စတုတ္ထအဆင့် အထွတ်ထိပ်သို့ရောက်ရှိနေပြီဖြစ်သော မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက မျက်လုံးများ ပြန်လည်မှေးမှိတ်လိုက်ပြီး အသက်ရှူသံကိုထိန်းညှိကာ ဆက်လက်ကျင့်ကြံနေတော့သည်။

တစ်ခဏအတွင်း သူ၏အသားအရေက ကျောက်စိမ်းသားပမာ ဖြူစင်တောက်ပလာပြီး သလင်းသားပမာကြည်လင်သွားလေရာ အသွေးအသား ၊ အရိုးများနှင့် ကိုယ်တွင်းအင်္ဂါများကိုပင် တွေ့မြင်လာရသည်။

ထို့နောက် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ ခန္ဓာကိုယ်အတွင်းမှ သွေးနီရောင်အလင်းတန်းတစ်ခု တောက်ပစွာထွက်ပေါ်လာပြီး ခန္ဓာကိုယ်တစ်ခုလုံးအား လွှမ်းခြုံသွားသည်။

အလင်းတန်းက ပူလောင်သည့်တိုင် ငြိမ်သက်တိတ်ဆိတ်လျှက် ရှိ၏။

ထိုသွေးနီရောင်အလင်းတန်းအတွင်း၌ ကြယ်ရောင်အလင်းတန်းများတောက်ပလာပြီး ကြယ်စုံသည့်ကောင်းကင်ပမာ လင်းလက်လာသည်။

တစ်ဆက်တည်းပင် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ ဦးခေါင်းထက်မှ အလင်းတန်းတစ်ခုထွက်ပေါ်လာပြီး ထိုအလင်းတန်းက အပိုင်း (၃)ပိုင်း ကွဲထွက်သွားသည်။

အလယ်မှအလင်းတန်းတစ်ပိုင်းက ခွန်ဖိန်သတ္တဝါအဖြစ် ပြောင်းလဲသွားပြီး ဘယ်ဘက်မှအလင်းတန်းက နဂါးအစစ်အမှန်အဖြစ် ပြောင်းလဲသွားသည်။

ညဘက်မှအလင်းတန်းကတော့ အခြားအလင်းတန်း (၂)ခုနှင့်ယှဉ်လျှင် အတော်လေးသေးငယ်သည့်တိုင် တောင်းတျဲသတ္တဝါ၏ အသွင်သဏ္ဌန်ထွက်ပေါ်လာသည်။

ဒါကိုမြင်တော့ ရန်ကျောက်ကဲတစ်ချက်ပြုံးရင်း အကြည့်လွှဲလိုက်သည်။

သူက ဆေးလုံးများကို အမျိုးအစားခွဲခြားရင်း အကြမ်းဖျင်းရေတွက်ပြီးနောက် ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုကို ဖွင့်လှစ်ပြီး အဂ္ဂိရတ်ပညာဖြင့် ဆေးလုံးမဖော်စပ်နိုင်သေးသော်လည်း ယခုရရှိထားသော ဆေးလုံးများက သူ့အတွက် မျာစွာအကျိုးအမြတ် ကြီးမားနေပြီ ဖြစ်သည်။

အဂ္ဂိရတ်ခန်းမကိုသာ ရရှိမည်ဆိုလျှင်တော့ ထိုခန်းမထဲတွင် တည်ရှိသည့်ဆေးလုံးများက ယခု သူ ရရှိထားသောဆေးလုံးများထက် များစွာသာလွန်မည် ဖြစ်သည်။ သို့သော် ရန်ကျောက်ကဲ၏ လက်ရှိကျင့်ကြံခြင်းအဆင့်ဖြင့်ဆိုလျှင် သူ ရရှိထားသော အကျိုးအမြတ်များကို ချေဖျက်ရန်ပင် အတော်လေး အချိန်ယူရဦးမည်ဖြစ်၏။

အဂ္ဂိရတ်ခန်းမ၏ တည်ရှိမှုအခြေအနေက  သံသယဖြစ်ဖွယ်ရှိပြီး ထိုခန်းမကိုရှာဖွေမည်ဆိုပါ အစစအရာရာ သတိထားစီစဉ်ရမည် ဖြစ်သည်။

သူက မဟာကပ်ဘေးကြီးအတွင် ကံကောင်းထောက်မစွာ အသက်ရှင်သန်နိုင်ခဲ့ပြီး နှစ်ပေါင်းများစွာ ဖြတ်ကျော်ခဲ့သော်လည်း အဂ္ဂိရတ်ခန်းမ ဘာဖြစ်သွားသည်ကို သေသေချာချာ သိရှိခဲ့ခြင်း မရှိပေ။

သူတစ်ပါးလက်ထဲကျရောက်သွားဖို့ အခွင့်အရေးအတော်များပြားသည်။

ကံကောင်းသည်မှာ ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုက သူ့လက်ထဲတွင် ရှိနေပြီဖြစ်ရာ ထိုမီးပြင်းဖိုကို သဲလွန်စတစ်ခုအဖြစ် အသုံးပြုပြီး အဂ္ဂိရတ်ခန်းမကို ရှာဖွေရန် ပိုမိုလွယ်ကူပေမည်။

သို့သော် တစ်ဖက်လူက ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုကို အသုံးပြုပြီး ထောက်ချောက်ဆင်ရန်အတွက် ထုံးတမ်းအစီအရင်ပြုလုပ်ထားသည်ဆိုလျှင် ၊ ထိုသူများက အဂ္ဂိရတ်ခန်းမကို ထိန်းချုပ်ထားသူများဖြစ်မည်ဆိုလျှင် ၊ မီးပြင်းဖိုတည်ရှိရာနေရာသို့ အလွယ်တကူပင် ခြေရာခံနိုင်မည် ဖြစ်သည်။

သို့ပေသိ ရန်ကျောက်ကဲကတော့ အဖြစ်အပျက်များကို နားလည်ရခက်နေသေးသည်။

အကယ်၍ ထိုလူသည် အဂ္ဂိရတ်ခန်းမကို အမှန်တကယ် ဆုပ်ကိုင်ထားပြီးပါက ဘုံခုနစ်ဆင့်သီးခြားနယ်မြေတွင် သူတို့ကိုထောင်ချောက်ဆင်စရာအကြောင်းမရှိပေ။ ခန်းမထဲတွင်သိမ်းဆည်းထားသော ဆေးလုံးများနှင့် ဆေးဝါးများသည်ပင် သူ့ကို ပိုပြီးတန်ခိုးစွမ်းအားမြင့်မားလာစေရန် အထောက်အကူပေးနေနိုင်သည် မဟုတ်ပါလား။

အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်ခြောက်ယောက်ကို ဖယ်ရှားပစ်နိုင်ခြင်းကပင် နောက်ကွယ်မှလူက မည်မျှ အစွမ်းထက်ကြောင်း ဖော်ပြနေသည်။

သို့ရာတွင် တစ်ဖက်လူက ထိုမျှစွမ်းအားကြီးမားသည်ဆိုလျှင် အဘယ့်ကြောင့် ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုကိုအသုံးပြုပြီး ထောက်ချောက်ဆင်ကာ အစီအရင်ပြုလုပ်ထားပါသနည်း။

ရွှမ်ရှောက်ကျိကျင်း မီးပြင်းဖိုကို ထိကိုင်လိုက်မိသည်နှင့် လူတိုင်း ရုန်းမထွက်နိုင်ဘဲ တွင်းနက်ကြီး၏ စုပ်ယူမှုကို ခံစားလိုက်ရသည်။ မီးပြင်းဖိုက ထောင်ချောက်တစ်ခုဖြစ်သလို ငါးစာလည်း ဖြစ်၏။

ထိုအကြောင်းများကို စဉ်းစားရင်းဖြင့်ပင် ရန်ကျောက်ကဲက လက်တစ်ဖက်ဝှေ့ယမ်းလိုက်ရာ ဖန်းယွင်ရှန်းနှင့် အခြားသူများရှေ့သို့ အလင်းတန်းများ ကျရောက်လာသည်။

တစ်ချိန်တည်းပင် အသင်္ချေနဂါးနန်းတော်အတွင်းမှ အလင်းတန်း (၂)ခုထွက်ပေါ်လာပြီး လေထဲတွင်ပျံသန်းသွားကာ ပန်ပန်၏ပါးစပ်အတွင်း ဝင်ရောက်သွားသည်။

ရန်ကျောက်ကဲက...

“မင်းရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ဆိုရင်... ဒီဆေးလုံးတွေစားလိုက်ရင် အတော်လေးအကျိုးရှိလိမ့်မယ် ၊ ဒီဆေးတွေကိုစားပြီး သေသေချာချာ သန့်စင်ကျင့်ကြံပါ”

ဖန်းယွင်ရှန်း ၊ အားဟူနှင့် ရှောင်အိုက်တို့အားလုံး သူတို့ရှေ့တွင်ရှိနေသည့် ဆေးလုံးများကို စူးစိုက်ကြည့်လိုက်ကြသည်။

ရန်ကျောက်ကဲက...

“ယွင်ရှန်းက ဆေးလုံး (၃)လုံးယူပါ ၊ ဝိညာဉ်သန့်စင်ဆေးလုံးက မင်းရဲ့ စိတ်အာရုံခံစားမှုကိုသန့်စင်ပေးနိုင်တယ် ၊ အထူးသဖြင့် သိုင်းကျင့်ကြံသူတွေ အပြည့်အဝ စွမ်းအားထုတ်ဖော်နိုင်ခြင်းမရှိသေးတဲ့ ရတနာပစ္စည်းတွေကို ကိုင်ဆောင်တဲ့နေရာမှာ ကူညီပေးနိုင်တယ် ၊ မင်းက ထူးကဲယင်သရဖူနဲ့ နေရိပ်နတ်ဓားကို ထိန်းချုပ်တဲ့သူဆိုတော့ ဒီဆေးလုံးက အရမ်းသင့်တော်တယ်”

“ဒုတိယဆေးလုံးကတော့ နှစ်တစ်ထောင်ယင်ယန်ဆေးလုံးပဲ ၊ ဒီဆေးက ယင်နဲ့ယန်ပေါင်းစပ်ပါဝင်တဲ့အတွက် အချိန်ကြာလာတာနဲ့အမျှ ယင်စွမ်းအားနဲ့ယန်စွမ်းအား မြင့်တက်လာနိုင်တယ် ၊ အကျိုးသက်ရောက်မှုကထင်ရှားပြီး မင်းရဲ့ လက်ရှိကျင့်ကြံခြင်းနဲ့လည်း ကိုက်ညီတယ် ၊ ယင်ယန်ကောင်းကင်ကျမ်းစာကိုကျင့်ကြံဖို့အတွက် ဒီဆေးလုံးက အသင့်တော်ဆုံးပဲ”

အထက်ဘုံကမ္ဘာတွင် ရန်ကျောက်ကဲက ကိစ္စရပ်အတော်များများကိုနားလည်လာခဲ့ပြီး ယခင် အသိဉာဏ်များဖြင့်ပေါင်းစပ်ကာ အချို့အရာများကို ဖြည်းဖြည်းချင်း သိရှိနားလည်လာခဲ့သည်။

ယခုဆိုလျှင် ယင်ယန်ကောင်းကင်ကျမ်းစာသည် ယွမ်ကျန်းဖုန်းရရှိခဲ့သော ဘဝဖန်ဆင်းခြင်းကောင်းကင်ကျမ်းစာကဲ့သို့ပင် ဝါဒတောင်၏ အသစ်သော အခြေခံအုတ်မြစ်သိုင်းပညာ ဖြစ်လာသည်။

ရန်တိက ကျူတောပင်လယ်ဒေသတွင် အခြေစိုက်ပြီး ထိုပညာရပ်များကို အကိုးအကားပြုလုပ်နိုင်ရန်အတွက် လေ့လာနေသည်။

လောလောဆယ်မှာတော့ ယင်ယန်ကောင်းကင်ကျမ်းစာက ဖန်းယွင်ရှန်းကျင့်ကြံရန်အတွက် အသင့်တော်ဆုံး ဖြစ်၏။ ယင်ယန်ကောင်းကင်ကျမ်းစာကို လေ့လာပြီးသည့်နောက် သူမက သာမန်လူများထက် များစွာသော အောင်မြင်မှုများ ရရှိခဲ့သည်။

“တတိယဆေးလုံးကတော့ ချန်ယွမ်ဆေးမဟာပဲ ၊ ချီစွမ်းအားအနှစ်သာရကို မြင့်မားတဲ့နှုန်းနဲ့ စုဆောင်းနိုင်ဖို့ ကူညီပေးပြီး စွမ်းအားကြီးမားလာစေလိမ့်မယ်”

ဤဆေးလုံးက ထိုသို့သောအကျိုးကျေးဇူးတစ်ခုတည်းသာရှိပြီး ထိုတစ်ခုတည်းသောအကျိုးကျေးဇူးတွင်လည်း အလွန်တရာ စွမ်းအားမြင့်မားသည်။

အသင်္ချေနဂါးနန်းတော်ထဲတွင် နဂါးအစစ်ရုပ်အလောင်းများစွာနှင့် ယိုးမင်ဂူဗိမာန်မှရရှိခဲ့သော ရတနာပစ္စည်းများလည်း ရှိနေသည်။ ထို့ကြောင့် ရန်ကျောက်ကဲတို့အုပ်စုအတွက် ချီစွမ်းအားအနှစ်သာရပေါင်းစပ်ကျင့်ကြံရန် ရင်းမြစ်ပစ္စည်းများ နည်းပါးခြင်း မရှိခဲ့ပေ။

ယခု ချန်ယွမ်ဆေးမဟာသည် ချီစွမ်းအားအနှစ်သာရစုပ်ယူကျင့်ကြံခြင်းနှင့်သန့်စင်ခြင်းကို အရှိန်မြှင့်တင်ပေးနိုင်လေရာ အလွန်တရာ အသုံးဝင်သည်။

ပြောရမည်ဆိုလျှင် အနာဂတ်တွင် ရန်ကျောက်ကဲတို့အုပ်စုအနေဖြင့် ကျင့်ကြံမှုတွင် နားလည်နိုင်စွမ်းတစ်ခုာ လိုအပ်တော့မည်ဖြစ်ပြီး ချီစွမ်းအားစုဆောင်းရန်နှင့် ရင်းမြစ်ပစ္စည်းများစုဆောင်းရန် အချိန်ကုန်မခံရတော့သလို ကြိုးပမ်းအားထုတ်ရန်လည်း မလိုအပ်တော့ပေ။

ထိုသို့ဆိုလျှင် ကျင့်ကြံရာတွင် အတော်လေး အချိန်ကုန်သက်သာသွားမည်ဖြစ်ပြီး တာအိုတရားကိုခွဲခြမ်းစိတ်ဖြာနားလည်ရန်သာ ဝီရိယရှိရှိ အာရုံစိုက်ရမည် ဖြစ်သည်။

ရန်ကျောက်ကဲတို့အုပ်စုက နဂိုကပင် အလွန်ထက်မြက်သူများ ဖြစ်ကြသည်။ ထို့ကြောင့် ဤသို့သော ဖြတ်လမ်းလိုက်ခြင်းက အခြေခံအုတ်မြစ်မတည်မငြိမ်ဖြစ်စေမည့် ပြဿနာမျိုးကို ကြုံတွေ့ရမည်မဟုတ်ပေ။

သို့သော် သက်သာသည့်လမ်းကိုလျှောက်လှမ်းရသဖြင့် ရေရှည်တွင် ပျင်းရိမသွားစေရန် ဂရုစိုက်ရမည်။ သို့ရာတွင် ထိုပြဿနာက အနာဂတ်ကိစ္စသာဖြစ်ပြီး လောလောဆယ် စိုးရိမ်စရာ မရှိပေ။

ဖြတ်လမ်းလိုက်ခြင်း၏ဆိုးကျိုးကို သိရှိထားသဖြင့် ရန်ကျောက်ကဲတို့တစ်အုပ်စုလုံး သတိဖြင့်နေထိုင်ကာ ပျင်းရိလာမည့်အခြေအနေကိုထိန်းသိမ်းရင် သဘာဝအတိုင်းတွေးတောထားကြပေသည်။

အားဟူနှင့် ရှောင်အိုက်တို့က သူတို့ရှေ့မှ ဆေးလုံးများကို စိတ်ဝင်တစား အကဲခတ်နေကြသည်။

ဆေးလုံး (၃)လုံးစီ သူတို့ရှေ့တွင်ရှိနေပြီး ချန်ယွမ်ဆေးမဟာကတော့ အားလုံးအတွက် ဘုံပါရှိလေသည်။

ထိုဆေးလုံးကို ဖန်းယွင်ရှန်း ၊ အားဟူ ၊ ရှောင်အိုက်တို့အားလုံး တစ်လုံးစီရရှိကြသည်။ အဘယ်ကြောင့်ဆိုသော် ဤဆေးလုံးမှအကျိုးကျေးဇူးက လူတိုင်းအတွက်အလိုအပ်ဆုံးဖြစ်သောကြောင့်ပင်။

ရန်ကျောက်ကဲက...

“အားဟူရဲ့ ကျန်တဲ့ဆေးလုံး (၂)လုံးမှာ တစ်ခုက နဂါးကျားရွှေဆေးပဲ ၊ ဒီဆေးက မင်းခန္ဓာကိုယ်က ချီစွမ်းအားနှင့် သွေးစွမ်းအားတွေကို မြင့်တက်လာစေလိမ့်မယ် ၊ ပြီးတော့ ဒီဆေးလုံးမှာပါဝင်တဲ့ နဂါးကျားဆိုတာက တောင်ပေါ်က သာမန်ကျားနဲ့ ရေထဲက သာမန်အကြေးခွံနဂါးကိုပြောတာမဟုတ်ဘူး ၊ နဂါးအစစ်ရဲ့အရွတ်နဲ့ နတ်မျိုးနွယ်ကျားရဲ့အရိုးတွေကိုပေါင်းစပ်ပြုလုပ်ထားတဲ့ဆေးလုံးပဲ”

သူက ဆက်ပြောသည်။

“ငါတို့မှာ နဂါးအစစ်ရုပ်အလောင်းတွေရှိပေမယ့် ဒီ နဂါးကျားဆေးလုံးကတော့ တကယ့်ကိုရှားပါးပြီး ကျင့်ကြံခြင်းအဆင့်ကို မြင့်မားစေနိုင်တယ်”

အားဟူ၏ တတိယဆေးလုံးက လေမိုးကြိုးဆေးလုံး ဖြစ်သည်။

ထိုဆေးလုံးစားသုံးပြီးလျှင်တော့ လေ ၊ မိုးကြိုး ၊ ရေ ၊ မီး အရာအားလုံးကို ခန္ဓာကိုယ်တွင်းသို့ မျိုချနိုင်စွမ်းရှိပြီး ရုပ်ခန္ဓာကို ကြံ့ခိုင်စေကာ ကျင့်ကြံခြင်းစွမ်းအားသည်လည်း အရှိန်အဟုန်ဖြင့် မြင့်တက်လာနိုင်သည်။

ရန်ကျောက်ကဲက ရှောင်အိုက်ကိုလှမ်းကြည့်ရင်း...

“ရှောင်အိုက်... မင်းရဲ့ဆေးလုံးတွေကတော့ ဝိညာဉ်ချိတ်ဆက်ရွှေဆေးနဲ့ ယန်ဟွမ်နတ်ဆေးပဲ”

“မင်းက အစီအရင်ပညာကျွမ်းကျင်တယ်ဆိုတော့ ဝိညာဉ်စွမ်းအားကောင်းလေ အစီအရင်ပညာကို ပိုပြီးထုတ်‌ဖော်နိုင်လေပဲ ၊ ပြီးတော့ အစီအရင်ပညာနဲ့ပတ်သက်တဲ့ခန့်မှန်းချက်တွေလည်း ပိုပြီးမြန်ဆန်လွယ်ကူလာလိမ့်မယ် ၊ ဒါကြောင့် ဝိညာဉ်ချိတ်ဆက်ရွှေဆေးနဲ့ သင့်တော်တယ်”

ဖန်းယွင်ရှန်း၏ ဝိညာဉ်သန့်စင်ဆေးလုံးရော ရှောင်အိုက်၏ဝိညာဉ်ချိတ်ဆက်ရွှေဆေးလုံးရောက ဝိညာဉ်စွမ်းအားမြင့်မားစေသော ဆေးလုံးများဖြစ်ကြသည်။ ဖန်းယွင်ရှန်း၏ဆေးလုံးက ဝိညာဉ်စွမ်းအားထက်မြက်လာစေရန် ရည်ရွယ်ပြီး ရှောင်အိုက်၏ဆေးလုံးကတော့ ပိုမိုခံနိုင်ရည်ရှိစေရန် ရည်ရွယ်သည်။

ရှောင်အိုက်က ပျော်ရွှင်စွာပင် ခေါင်းညိတ်ရင်း...

“သခင်လေးက တကယ်အမြင်ရှိတဲ့သူပဲ...”

ရန်ကျောက်ကဲက...

“နောက်ဆေးတစ်မျိုးကတော့ မီးဝိညာဉ်ဆေးအမျိုးအစားဖြစ်တဲ့ ယန်ဟွမ်နတ်ဆေးပဲ ၊ မင်းက ဘဝဖန်ဆင်းခြင်းကောင်းကင်ကျမ်းစာ ကျင့်ကြံခဲ့တဲ့သူဆိုတော့ မင်းရဲ့ ဝိညာဉ်စွမ်းအားကို သစ်သားဓာတ်အဖြစ် ပြောင်းလဲနိုင်တယ် ၊ သစ်သားက မီးဓာတ်ကိုပံ့ပိုးပေးမှာဖြစ်လို့ မင်းရဲ့ကျင့်ကြံခြင်းအဆင့် အရှိန်အဟုန်နဲ့မြင့်တက်လာအောင် ယန်ဟွမ်နတ်ဆေးက ကူညီပေးနိုင်တယ်”

“ဒီဆေးရဲ့မီးစွမ်းအားက ပြင်းထန်တဲ့အတွက် မင်းကျင့်ကြံထားတဲ့ ဘဝဖန်ဆင်းခြင်းကောင်းကင်ကျမ်းစာနဲ့ပေါင်းစပ်လိုက်ရင် မအောင်မြင်နိုင်စရာမရှိတော့ဘူး”

ချန်ယွမ်ဆေးမဟာမှလွဲပြီး သူတို့ (၃)ယောက်လုံး သက်ရောက်မှုမတူညီသည့်ဆေးလုံးများကို ရရှိခဲ့ကြပြီး သူတို့၏ မတူခြားနားသော အခြေအနေများနှင့်လည်း သင့်တော်မှု ရှိကြသည်။

“လောလောဆယ်တော့ ဒီလောက်ပဲ ၊ ဒီထက်ပိုပြီးဆေးတွေများကုန်ရင် ဆေးအာနိသင်ကို စုပ်ယူနိုင်စွမ်းရှိမှာမဟုတ်တော့ဘူး”

ရန်ကျောက်ကဲက ဆေးလုံးများကို ကျပန်းရွေးချယ်ပေးခြင်းမဟုတ်ဘဲ သူတို့အားလုံးအတွက် သေသေချာချာစဉ်းစားဆုံးဖြတ်ကာ မှန်ကန်သောဆေးလံးများကို ရွေးချယ်ပေးခဲ့ခြင်း ဖြစ်သည်။

အားဟူက သက်ပြင်းတစ်ချက်ချရင်း...

“သခင်လေး... ဒီလောက်ဆေးတွေအများကြီးထဲမှာ သခင်လေးက ဆေးလုံးတစ်လုံးချင်းရဲ့ အသေးစိတ်အချက်အလက်တွေကို ဘယ်လိုလုပ်သိနေတာလဲ ၊ ပြီးတော့ ဒီဆေးတွေကအရမ်းရှားလွန်းတယ် ၊ အကျိုးသက်ရောက်မှုကလည်း မယုံနိုင်လောက်အောက်ပဲ”

ရှောင်အိုက်ကလည်း ပျော်ရှင်စွာဖြင့်...

“သခင်လေး သခင်လေး... ကျွန်မတို့အတွက် ဆေးလုံးတွေအများကြီးပေးတာ သခင်လေးအတွက်ရော ကျန်သေးရဲ့လား”

ရန်ကျောက်ကဲက ပြုံးရင်း...

“အမယ်... စားဖိုမှူးက ထမင်းငတ်ခံမတဲ့လား”

All Chapters