← Chapters

စိတ်ပိုင်းဆိုင်ရာ ကုသရေးနတ်ဘုရား

Vol. 65 Ch. 906

စိတ်ပိုင်းဆိုင်ရာ ကုသရေးနတ်ဘုရား

Vol. 65 Ch. 906

သူသည် ပြဿနာ၏ အရင်းအမြစ်အား သိလိုက်ရပြီ ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ထိုပြဿနာအား ဖြေရှင်းရမည့်နည်းကို မသိသေးပေ။

ယီးတဲ့မှ........ ဘယ်လိုခံစားချက်ကြီးလဲ....... ကောင်းကင်ကို ပြန်မဆော်နိုင်လို့ စိတ်ညစ်တာပေါ့လေ..........

မိုးကြိုးကပ်ဘေး ခံယူရမှာကို သူကဘာလုပ်ချင်သေးတာလဲ...........

အန်လင်း အတော်ပင် စိတ်ဓာတ်ကျသွားရသည်။ သူသည် ရွှယ်ကျန်ထျန်းအား ကူညီပေးမည်ဟု ဆိုခဲ့ပါသော်လည်း ယခုပြဿနာအား မည်သို့လုပ်ပေးရမည်ကို မသိပေ။

ခက်ခဲတာပဲ..........

ရွှယ်ကျန်ထျန်းမှာ အန်လင်းအားကြည့်ကာ သက်ပြင်းချလိုက်သည်။

"တွေ့လား............ သခင် မကူညီနိုင်ပါဘူးလို့ ပြောသားပဲ။ ကောင်းကင်က လုပ်ချင်ရာ လုပ်တာကို တားနိုင်မယ့်သူမှ မရှိတာ။ ကောင်းကင်က မိုးကြိုးပစ်ချရင်လည်း ခံရုံအပြင် တခြားနည်းလမ်း မရှိဘူးလေ။"

အန်လင်း စကားဆိုလိုက်သည်။

"အဲ့တော့ မိုးကြိုးကပ်ဘေး ခံယူရမှာထက်စာရင် အဆင့်မတက်ပဲ နေတော့မလို့လား။"

ရွှယ်ကျန်ထျန်း ကောင်းကင်အား မော့ကြည့်လိုက်သည်။

"အဲ့လိုလည်း မဟုတ်ပါဘူး။ ဒါပေမယ့် ဒီကိစ္စကို မတွေးမိအောင်နေဖို့ တော်တော်ခက်တယ်။"

အန်လင်း စိတ်ပင်ပန်းလာသည်။

ဘယ်လိုတိရစ္ဆာန်လဲကွာ..........

ရွှယ်ကျန်ထျန်းကို မိုးကြိုးကပ်ဘေး ခံယူအောင် ဘယ်လိုလုပ်ရမလဲ......... တကယ့်သောက်ဂွပဲ........

မကြာမီပင် အန်လင်း၏ မျက်ဝန်းများ တောက်ပလာကာ ရွှယ်ကျန်ထျန်းအား ခေါင်းပုတ်ပေးလိုက်သည်။

"ထျန်းလေး....... မင်းကို စကားစုတစ်ခု ပြောပြချင်တယ်။"

"ဘာစကားစုလဲ။"

ရွှယ်ကျန်ထျန်း စိတ်ဝင်စားသွားသည်။

"အင်း.........."

အန်လင်းမှာ ရွှယ်ကျန်ထျန်း၏ မျက်ဝန်းများအား ကြည့်ရှုလိုက်သည်။

"တိတ်တဆိတ် သည်းခံလိုက်တာက နောင်တစ်ချိန် လက်စားချေရင် စိတ်ကျေနပ်စရာ အကောင်းဆုံးပဲတဲ့။"

ဝုန်း..........

ထိုစကားသည် ရွှယ်ကျန်ထျန်း၏ စိတ်ထဲတွင် မိုးကြိုးပစ်ချခံရသလို ခံစားသွားရစေသည်။

သူသည် စကားစုများ၏ ဘုရင်ဖြစ်သောကြောင့် ထိုစကားစုကိုလည်း ရင်းနှီးနေသည်။

အန်လင်းသည် ပိုမိုကောင်းမွန်သော အနာဂတ်အတွက် ပစ္စုပ္ပန်တွင် သည်းခံခိုင်းနေခြင်းပင်။

"တွေးကြည့်လေ........ အခုတော့ မင်းဘာမှ မလုပ်နိုင်သေးပေမယ့် စွမ်းအားကြီးသူတစ်ယောက် ဖြစ်လာရင် လက်စားချေနိုင်မှာပဲ။"

အန်လင်း ရှင်းပြလိုက်သည်။

"အခုတော့ ကောင်းကင်ကို သည်းခံလိုက်ပေါ့။ တစ်နေ့နေ့ကြရင် ကောင်းကင်ကို ဖျက်စီးဖို့ အခွင့်အရေး ရလာမှာပါ။"

အန်လင်း၏ စကားကြောင့် ရွှယ်ကျန်ထျန်း တုန်ယင်သွားရသည်။

အန်လင်းသည် သူ၏စကား အထမြောက်စေရန် ဆက်ပြောလိုက်သည်။

"လက်စားချေဖို့ဆိုရင် ဆယ်နှစ်စောင့်ရလည်း မကြာပါဘူးဆိုတဲ့ စကားရှိတယ်မလား။ မင်းက ကောင်းကင်ကို ဖျက်စီးချင်တယ်ဆိုရင် မင်းရဲ့တိုးတက်ရေးကို ကောင်းကင်ကြောင့် နှောင့်နှေးမနေသင့်ဘူး။"

အန်လင်း၏ စကားများတွင် တိုက်ပွဲစိတ်ဆန္ဒများ ပြည့်လျှံနေသည်။

ရွှယ်ကျန်ထျန်းမှာ စိတ်ပါလာပါသော်လည်း အနည်းငယ် တုံ့ဆိုင်းနေသေးသည်။

"ဒါပေမယ့် ချက်ချင်းလက်စားချေပြီး စိတ်ကျေနပ်မှု ရချင်တာ။"

အန်လင်း : "..........."

"ဒါကို မြိုသိပ်မထားနိုင်ဘူး။ မိုးကြိုးပစ်ချခံရပြီး ဘာမှပြန်မလုပ်နိုင်တဲ့ ငတုံးမဖြစ်ချင်ဘူး။"

ရွှယ်ကျန်ထျန်း အသက်ပြင်းပြင်း ရှူလိုက်သည်။

"နည်းနည်းလောက် ပြန်လုပ်ရရင်တောင် အဆင်ပြေပါတယ်။ အနည်းဆုံးတော့ သဘာဝတရားကို ဆန့်ကျင်နိုင်တဲ့အကြောင်း သက်သေပြနိုင်သွားတာပေါ့။"

အန်လင်းသည် ရွှယ်ကျန်ထျန်း၏ မျက်ဝန်းထဲတွင် တောက်ပနေသော တိုက်ပွဲစိတ်ဆန္ဒများကို မြင်နေရသည်။

ရွှယ်ကျန်ထျန်းသည် ထိုကိစ္စနှင့်ပက်သတ်၍ အလေးအနက် ဖြစ်နေကြောင်း သူသိနေသည်။

ကောင်းကင်ကို တစ်ခုခု ပြန်လုပ်ဖို့..........

အန်လင်း အတွေးတစ်ခု ပေါ်လာကာ ပြုံးမိလိုက်သည်။

"ထျန်းလေး........ မင်းက ကောင်းကင်ကို တစ်ခုခု လုပ်ချင်တာမလား။ ငါကူညီပေးလို့ရတယ်။"

ရွှယ်ကျန်ထျန်း မယုံကြည်နိုင်စွာ မော့ကြည့်လာသည်။

"သခင့်မှာ နည်းလမ်းရှိတာလား။"

"မိုးကြိုးကပ်ဘေးမှာ လျှို့ဝှက်ချက်တွေ ရှိတယ်ဆိုတာသိလား။"

အန်လင်း မေးမြန်းလိုက်သည်။

"သခင်........ သိချင်လာအောင် စိတ်မဆွပါနဲ့တော့။"

ရွှယ်ကျန်ထျန်း၏ မျက်လုံးဝိုင်းကြီးများမှာ ပြူးကျယ်နေပြီး စိတ်လှုပ်ရှားစွာဖြင့် အတောင်တဖျတ်ဖျတ် ခတ်နေသည်။

အန်လင်း ခပ်ဖွဖွ ပြုံးလိုက်သည်။

"ဧကရာဇ်ရိတန်းရဲ့သား လေဒင်ကို မိုးကြိုးကပ်ဘေး ခံယူနေတုန်း ငါသတ်ပစ်လိုက်တာ သိတယ်မလား။ အဲ့တုန်းက မိုးကြိုးကပ်ဘေးကို ငါတားထားလို့ ပိုပိုပြီး ကြမ်းလာတာ။ ဘာလို့ အဲ့လိုဖြစ်တာလဲ သိလား။"

ရွှယ်ကျန်ထျန်း အနည်းငယ်တွေးကာ တုံ့ပြန်လာသည်။

"ကောင်းကင်က ဒေါသထွက်သွားတာပဲ။"

အန်လင်း လက်ဖြောက်တီးကာ ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်တယ်။ မိုးကြိုးကပ်ဘေးက အနှောင့်အယှက် ကြုံရလို့ ဒေါသထွက်ပြီး ပိုကြမ်းလာတာလေ။ သူလုပ်ချင်တာကို မလုပ်ရလို့။"

ရွှယ်ကျန်ထျန်း ပို၍ပင် စိတ်လှုပ်ရှားလာကာ လက်ခုပ်တဖြောင်းဖြောင်း တီးလိုက်သည်။

"အဲ့ဒါဆို အဲ့နည်းနဲ့ ကောင်းကင်စိတ်တိုအောင် လုပ်လို့ရတာပေါ့။ ဟားဟား........ အတွေးနဲ့တင် ပျော်ဖို့ကောင်းနေပြီ။ ကောင်းကင်ကို ဒေါသထွက်အောင် လုပ်ရမှာ စိတ်ကျေနပ်စရာပဲ။"

"ဟုတ်တယ်။ အဲ့ဒါပဲ။"

အန်လင်း ပြုံးကာပြောလိုက်သည်။

"ပြီးတော့ မိုးကြိုးကပ်ဘေးကို အနှောင့်အယှက်ပေးရင် မိုးကြိုးတွေက ပိုကြမ်းလာတယ်။ ပြောချင်တာက ကောင်းကင်က အစွမ်းပိုသုံးရတယ်။ ကောင်းကင်မှာလည်း စွမ်းအင်အနန္တ မရှိနိုင်ဘူးလေ။ အဲ့တော့ ငါတို့က ကောင်းကင်ကို ခြေကုန်လက်ပမ်းကျအောင် လုပ်လိုက်တာပဲမလား။"

ဝုန်း........

ရွှယ်ကျန်ထျန်း မိုးကြိုးပစ်ခံရသလို ခံစားလိုက်ရပြန်သည်။

ရွှယ်ကျန်ထျန်း၏ မျက်ဝန်းများ တလက်လက် တောက်ပလာသည်။

"သခင်က တော်လိုက်တာ။ ကျွန်တော်ရဲ့ အမှောင်ဖုံးနေတဲ့ အမြင်တွေကို ဖယ်ပေးလိုက်သလိုပဲ။"

အန်လင်းပေါ် နေရောင်ခြည်များ ဖြာကျနေသောကြောင့် အရောင်အဝါများ ထွက်ပေါ်နေသော နတ်ဘုရားတစ်ပါးဟု ထင်မှတ်ရသည်။ သူသည် ရွှယ်ကျန်ထျန်းအား လက်တစ်ဖက် ဆန့်ထုတ်ကာ ယုံကြည်ချက်ရှိစွာ ပြောလိုက်သည်။

"ထျန်းလေး....... မိုးကြိုးကပ်ဘေး ခံယူချင်လား။ ငါတို့အတူတူ ကောင်းကင်ကို ရန်စကြတာပေါ့။"

ရွှယ်ကျန်ထျန်း ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"လာလေ........ ကောင်းကင်ကို ပညာပေးကြတာပေါ့။"

တစ်စုံတစ်ခု ကျိုးပျက်သွားသလို အက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။

ဝုန်း........

ရွှယ်ကျန်ထျန်း၏ အရှိန်အဝါမှာ တဟုန်ထိုး မြင့်တက်သွားလေသည်။

"သခင့်စကား နားထောင်ရတာက ဆယ်နှစ်လောက် ကျင့်ကြံတာထက်တောင် အကျိုးပိုရှိစေတယ်။ အခုချက်ချင်းပဲ အဆင့်တက်လိုက်တော့မယ်။"

"ထျန်းလေး....... အေးအေးဆေးဆေး မိုးကြိုးကပ်ဘေးကို ခံယူနော်။ မင်းဘေးမှာနေပြီး ကောင်းကင်ဒေါသထွက်အောင် လုပ်ပေးမယ်။"

အန်လင်းမှာ ရွှယ်ကျန်ထျန်းအားကြည့်ကာ ပျော်ရွှင်စွာ ပြုံးမိလိုက်သည်။

တီနာ၊ တပိုင်နှင့် ရှောင်ဟုန်တို့မှာ ပါးစပ်အဟောင်းသား ဖြစ်နေမိကြသည်။

တပိုင် စကားဆိုလိုက်သည်။

"သူတို့နှစ်ယောက်လုံးက ရူးနေတာပဲ။ မိုးကြိုးကပ်ဘေး အစွမ်းကိုတောင် ပိုကြမ်းအောင် လုပ်မလို့ပေါ့လေ...... ဝုတ်။"

တီနာ မယုံကြည်နိုင် ဖြစ်နေသည်။

"စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အဆင့်ကနေ ဟင်းလင်းပြင်သို့အပြန် အဆင့်ကိုတက်တဲ့ မိုးကြိုးကပ်ဘေးက အန္တရာယ်များတယ် မဟုတ်ဘူးလား။ ရွှေရောင်ဟာလာပြင်လျှပ်စီးကြောင့် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ ကိုးဆယ်ရာခိုင်နှုန်းလောက်က အဆင့်တက်ရင်း သေကုန်တာလို့ ကြားမိတယ်။ အဲ့ဒါကို ထပ်ကြမ်းဦးမလို့လား။"

"သူတို့က အရူးတွေလေ။"

ရှောင်ဟုန် ရေရွတ်လိုက်သည်။

"ဝေးဝေးနေကြရအောင်။ အရူးတွေနဲ့နေတာ အန္တရာယ်ရှိတယ်။"

အစ်မကြီးဟုန်ကတော့ အစ်မကြီးဟုန်ပါပဲ.........

၎င်းတို့မှာ ဘာမှပြောစရာ မလိုပဲ တစ်ကီလိုမီတာကျော်သို့ တမုဟုတ်ချင်း ပျံဝဲသွားလိုက်ကြသည်။

ကီလိုမီတာ ငါးဆယ်အတွင်း သက်ရှိစွမ်းအင်များ ထကြွလာကာ ကောင်းကင်တွင်လည်း အနက်ရောင် တိမ်တိုက်များနှင့်အတူ ကြောက်မက်ဖွယ် မိုးကြိုးလျှပ်စီးများ စုဝေးလာသည်။

ထိုဖြစ်စဉ်သည် စုစည်းညီညွတ်ကျင့်ကြံခြင်း ကျောင်းတော်တစ်ခုလုံးအား ထိတ်လန့်သွားစေသည်။

ဒုကျောင်းအုပ် ယွီဟွားမှာ ချက်ချင်း ရောက်ရှိလာပြီး အဆင့်တက်ရန် ပြင်နေသော ရွှယ်ကျန်ထျန်းနှင့် စောင့်ရှောက်သူအဖြစ် နေရာယူထားသော အန်လင်းအား တွေ့လိုက်ရသည်။

သူမျက်နှာပျက်သွားရသည်။

"ဒင်း......... အမြဲတမ်း ဒင်းပဲ။"

"ဒင်းအဆင့်တက်တာဆို ထားပါတော့။ ဒါပေမယ့် ရှောင်ချိုး၊ ရှောင်ဟုန်၊ ကြေးခွံဖြူဝံပုလွေနတ်ဘုရား...... အခုကြ ရွှယ်ကျန်ထျန်း အားလုံး ဒီမှာပဲ အဆင့်တက်နေကြတယ်။ ဆရာတွေရော၊ ကျောင်းသားတွေပါ ဘာမှအာရုံမစိုက်နိုင်တော့ဘူး။ ဒင်းက ကျောင်းကို ဘာထင်နေတာလဲ။"

All Chapters