← Chapters

ကျင့်ကြံခြင်းခေတ်သစ်

Vol. 65 Ch. 908

ကျင့်ကြံခြင်းခေတ်သစ်

Vol. 65 Ch. 908

ရွှယ်ကျန်ထျန်းသည် လက်ဦးမှု ရယူကာ ကောင်းကင်ထက်ရှိ ရွှေရောင်ဟာလာပြင်လျှပ်စီးအား တိုက်ခိုက်ခဲ့သည်။

ရွှေရောင်ဟာလာပြင်လျှပ်စီးသည် ဒေါသထွက်သွားပုံရပြီး ကောင်းကင်ထက်မှ အရှိန်အဟုန်ပြင်းစွာ ကျဆင်းလာပြီးနောက် ရွှယ်ကျန်ထျန်း၏ အဖြူရောင် စွမ်းအင်များအား ထောပတ်တုံးတစ်ခုအား ဓားပူပူဖြင့် လှီးဖြတ်လိုက်သလို ပိုင်းဖြတ်ပစ်လိုက်သည်။ ကျဆင်းလာရာ လမ်းတလျှောက်တွင်လည်း လေထုများကိုပင် စုတ်ပြတ်သတ်သွားစေသည်။

ရွှယ်ကျန်ထျန်းသည် အနည်းငယ်ပင် ကြောက်ရွံ့ခြင်း မရှိပဲ မိုးကြိုးများကိုကြည့်ကာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။

ထိုအချိန်တွင် အန်လင်းသည် ကျင့်ကြံရေး ဇာတ်လမ်းထဲမှ အဓိက ဇာတ်ဆောင်တစ်ဦး ကောင်းကင်ဘုံအား ဆန့်ကျင်နေသည်ကို မြင်နေရသလို ခံစားလိုက်မိသည်။ ရွှယ်ကျန်ထျန်းသည် အလွန်တရာ မောက်မာသောပုံဖြင့် ကောင်းကင်အား မေးငေါ့ရယ်မောနေခြင်းပင်။

ထိုအချက်အား မြင်နိုင်ရန်အတွက် ၎င်းသည် အလွန်ချစ်စဖွယ်ကောင်းသော အမွှေးပွ ဘောလုံးလေးတစ်လုံး ဖြစ်သည်ကို မေ့လျော့ထားရန် လိုအပ်သည်။

ကြောက်မက်ဖွယ် မိုးကြိုးလျှပ်စီးများကိုကြည့်ကာ ကျောင်းသားကျောင်းသူများနှင့် ဆရာဆရာမများ ထိတ်လန့်ကုန်သည်။ ထိုရွှေရောင်ဟာလာပြင်လျှပ်စီးမှာ ဟင်းလင်းပြင်သို့အပြန် အဆင့်ထက်ပင် ကျော်လွန်နေလေပြီ။

ရွှယ်ကျန်ထျန်း ကိုယ်တိုင်သည်လည်း ထိုမိုးကြိုးဒဏ်အား ခံနိုင်ရည်ရှိရန် မသေချာပေ။ မည်သို့ပင်ဆိုစေကာမူ သူသည် ကောင်းကင်အား ဒေါသထွက်အောင် လုပ်နိုင်ခဲ့ပြီဖြစ်ကာ မိုးကြိုးကပ်ဘေးအား တိတ်တဆိတ် ငြိမ်ခံနေသူ မဟုတ်တော့ပေ။ ထို့ကြောင့် သေရမည်ဆိုလျှင်ပင် အတောက်ပဆုံးပြုံးကာ သေနိုင်ပြီ ဖြစ်သည်။

ထိုအချိန်တွင် အန်လင်းမှာ လက်ညှိုးတစ်ချောင်း ဆန့်ထုတ်လိုက်သည်။

လျှပ်စီးခြယ်လှယ်နည်းစနစ်............

သူသည် ကိုယ်ပိုင်မိုးကြိုးကပ်ဘေးအား အလွယ်တကူ ထိန်းချုပ်နိုင်သည်။

သို့သော် အခြားသူများ၏ မိုးကြိုးကပ်ဘေးအား ထိန်းချုပ်ရသည်မှာ အတော်ခက်ခဲပေသည်။

လျှိုချင်းဟွမ် မိုးကြိုးကပ်ဘေး ခံယူစဥ်က မိုးကြိုးသွားရာ လမ်းကြောင်းကိုသာ ပြောင်းပေးခဲ့ရခြင်းဖြစ်သည်။

သူသည် ရွှယ်ကျန်ထျန်းအတွက် မိုးကြိုးကပ်ဘေးအား နှေးကွေးစေရန် ကြိုးစားကြည့်လိုသည်။ ထိုသို့လုပ်ခြင်းအားဖြင့် မိုးကြိုးစွမ်းအင်သည် အလုံးအရင်းဖြင့် ရွှယ်ကျန်ထျန်း၏ ခန္ဓာကိုယ်ထဲ ဝင်ရောက်နိုင်မည် မဟုတ်တော့ပဲ အသက်သေဆုံးမည့် အရေးကိုလည်း ကာကွယ်ပေးနိုင်လိမ့်မည်။

အန်လင်းသည် လျှိုချင်းဟွမ်၏ မိုးကြိုးကပ်ဘေး ပြီးဆုံးပြီးနောက် များစွာသန်မာနေပြီဖြစ်ကာ ယခုတစ်ကြိမ်တွင် လျှပ်စီးခြယ်လှယ်နည်းစနစ်အား ပို၍ကျွမ်းကျင်စွာ ပြုလုပ်နိုင်လောက်ပေသည်။

နှေးပစ်ရမယ်........

နှေးပစ်ရမယ်..........

အန်လင်းသည် တတ်နိုင်သမျှ မိုးကြိုးကပ်ဘေးအား နှေးကွေးစေရန် ကြိုးစားလိုက်သည်။

ဝုန်း..........

သူ၏သက်ရှိစွမ်းအင် ပင်လယ်မှာ ရုတ်တရက် ခက်ထန်လာပြီးနောက် အဝတ်အစားပြည့်နှင့် အန်ကီရင်မှာလည်း မိုးကြိုးနတ်ဘုရား တစ်ပါးသဖွယ် ကောင်းကင်အား လက်ညှိုးထိုးလိုက်သည်။

ဝှစ်........

မမြင်ရသော စွမ်းအင်စီးကြောင်းတစ်ခုမှာ ကောင်းကင်နှင့်မြေပြင်အား လွှမ်းခြုံသွားလေသည်။

ရွှေရောင်ဟာလာပြင်လျှပ်စီးမှာလည်း ရုတ်ချည်းဆိုသလို နှေးကွေးသွားသည်။

ထိုမြင်ကွင်းသည် စောင့်ကြည့်နေသူများအား ပါးစပ်အဟောင်းသား ဖြစ်သွားစေသည်။

၎င်းတို့သည် မိုးကြိုးကပ်ဘေး၏ အသေးစိတ်ကျသော လင်းလက်မှုများကိုပါ မြင်တွေ့နေရသလိုပင်။

မြေကမ္ဘာအင်မော်တယ် ယွဲ့ရင် တိုးညင်းစွာ ရေရွတ်လိုက်သည်။

"ငါပဲ အမြင်မှားနေတာလား။ မိုးကြိုးကပ်ဘေးက ဘာလို့နှေးသွားရတာလဲ။"

ကျောင်းသူတစ်ဦးလည်း တအံ့တသြ စကားဆိုလာသည်။

"ဆရာမ အမြင်မမှားပါဘူး။ မဟုတ်ရင် မိုးကြိုးကပ်ဘေးက မြူနှင်းဝိဥာဥ်သားရဲလေးဆီ ရောက်နေလောက်ပြီပေါ့။"

ရွှယ်ကျန်ထျန်းမှာ ကျေးဇူးတင်စွာဖြင့် အန်လင်းအား လှမ်းကြည့်လိုက်သည်။

ထင်ထားတဲ့အတိုင်း သခင့်မှာ နည်းလမ်းရှိနေတာပဲ.......

မိုးကြိုးကပ်ဘေး ခံယူရန် ဆုံးဖြတ်လိုက်ခြင်းသည် ဘဝတလျှောက် အကောင်းဆုံး ဆုံးဖြတ်ချက် ဖြစ်သည်။

ရွှယ်ကျန်ထျန်းသည် မိုးကြိုးလျှပ်စီးများအား ရဲရဲဝံ့ဝံ့ ရင်ဆိုင်နေဆဲပင်။

အကန့်အသတ်မဲ့သော ရွှေရောင်မိုးကြိုးလျှပ်စီးများမှာ ကြောက်မက်ဖွယ် ပေါက်ကွဲလျက် ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ဖျက်စီးပစ်နေသည်။

ရွှယ်ကျန်ထျန်း၏ အဖြူရောင် အမွှေးများမှာလည်း ရွှေရောင်ဟာလာပြင်လျှပ်စီးကြောင့် မည်းတူးနေလေပြီ။

စောင့်ကြည့်နေသူများမှာလည်း စိတ်ပျက်ကုန်ရသည်။

ချစ်စရာကောင်းတာလေးတွေ ကုန်ပါပြီ..........

"အား.........."

ရွှယ်ကျန်ထျန်းမှာ အတောင်များဖြန့်ကာ အော်ဟစ်လိုက်ပြီးနောက် တာအိုစိတ်ဆန္ဒများ ထွက်ပေါ်လာကာ ရွှေရောင်ဟာလာပြင်လျှပ်စီးနှင့် ထိပ်တိုက်တွေ့ဆုံသွားသည်။

အန်လင်း အံကြိတ်ကာ ရွှေရောင်ဟာလာပြင်လျှပ်စီးအား တတ်နိုင်သမျှ နှေးပစ်နေသည်။

အင်မော်တယ် မင်ယွမ်သည် ထိုမြင်ကွင်းအား သေသေချာချာ ကြည့်ရှုနေမိသည်။

သူ၏မျက်ဝန်းများမှာ တလက်လက် တောက်ပလာတော့သည်။

"ဒီလိုဖြစ်နေတာကိုး.......... မိုးကြိုးကပ်ဘေးကိုတောင် အကျိုးသက်ရောက်မှု ဖြစ်စေနိုင်တယ်ပေါ့လေ။ ခေတ်သစ်တစ်ခေတ်ကို အစပျိုးပေးနိုင်မယ့် အစွမ်းမျိုးပဲ။"

အဆုံးတွင်မူ ရွှေရောင်ဟာလာပြင်လျှပ်စီးမှာ ကုန်ခမ်းသွားလေသည်။

ရွှယ်ကျန်ထျန်း အသက်ရှင်နိုင်ခဲ့သည်။

သူသည် လျော့ပါးသွားသော တိမ်တိုက်များကိုကြည့်ကာ ပတ်ဝန်းကျင်အား ဂရုမစိုက်ပဲ ရယ်မောလိုက်ပြီးနောက် အန်လင်း၏ ရင်ခွင်ထဲ ပြုတ်ကျလာသည်။

"သခင်......... ကောင်းကင်ကို တိုက်ခိုက်ရတာ စိတ်ကျေနပ်စရာကောင်းတယ်။"

ရွှယ်ကျန်ထျန်း မျက်ရည်အဝဲသား ဖြစ်နေသည်။

၎င်းသည် ပင်ပန်းလွန်းလှသောကြောင့် မျက်ဝန်းများ ပိတ်ထားလိုက်သည်။

အန်လင်း မျက်နှာပျက်သွားသည်။ ရွှယ်ကျန်ထျန်း အဘယ့်ကြောင့် ထိုမျှစိတ်ကျေနပ်နေကြောင်း သူမသိပေ။ သူသည် အဆင့်မြင့် စိတ်ဝိဥာဥ်ဆေးလုံး တစ်လုံးအား ၎င်း၏ပါးစပ်ထဲ ထည့်ပေးကာ တောင်ပေါ်မှ ဆင်းလာလိုက်သည်။

တပိုင်၊ ရှောင်ဟုန်နှင့် ရှောင်ဇယ်တို့မှာ ချက်ချင်းပင် အနားသို့ ရောက်လာကြသည်။

စုရှောင်လန်၊ စုချန်းရန်နှင့် ဆရာ၊ ဆရာမအချို့လည်း ဂုဏ်ပြုပေးရန် ရောက်လာကြလေသည်။

ဒုကျောင်းအုပ် ယွီဟွားသည် လျော်ကြေးတောင်းရန် စီစဥ်ထားပါသော်လည်း သနားစရာ မြူနှင်းဝိဥာဥ်သားရဲအားကြည့်ကာ ပြောမထွက်တော့ပေ။ ထို့အပြင် အားလုံး အောင်ပွဲခံနေသောကြောင့် လျော်ကြေးတောင်းရန်လည်း မသင့်တော်သေးပေ။

မည်သို့ပင်ဆိုစေကာမူ အဝေးမှ တောင်ကလေးအားကြည့်ကာ ရင်နာမိသည်။

............

ကျောင်းသားအဆောင်၌.......

အန်လင်းသည် ရွှယ်ကျန်ထျန်းအား အခေါင်းထဲ ထည့်ပေးလိုက်သည်။

ထိုသည်မှာ မြှုပ်နှံရန် မဟုတ်ပဲ အနားယူရန်သာ ဖြစ်သည်။

ယင်းအင်မော်တယ်ရတနာ၏ ပြန်လည်ကောင်းမွန်နိုင်စွမ်းမှာ ထိပ်တန်းအဆင့် ရှိသည်။ အနီရောင်အလင်းများသည် ငါးကီလိုမီတာထိ ဖြာထွက်ကာ ပတ်ဝန်းကျင်ရှိ ဝိဥာဥ်စွမ်းအင်များမှာ ရွှယ်ကျန်ထျန်းအား ကုသပေးနေသည်။

ရွှယ်ကျန်ထျန်း၏ မည်းတူးနေသော အမွှေးများ ကွာကျကာ အမွှေးဖြူဖြူများ ပြန်လည်အစားထိုးလာသည်။ ထိုမှသာ အားလုံး သက်ပြင်းချနိုင်တော့သည်။

"ရွှယ်ကျန်ထျန်းသာ မီးသွေးခဲကြီး ဖြစ်သွားရင် သူ့ကိုဘယ်တော့မှ ထပ်မချီတော့ဘူး။"

စုရှောင်လန် ဝန်ခံလိုက်သည်။

"မဲမဲကြီးသာဆိုရင် ကျွန်တော်လည်း သူနဲ့မဆော့ချင်ဘူး။"

တပိုင် ထောက်ခံလိုက်သည်။

လောကကြီးတွင် ရုပ်ရည်ရူပကာသည် အရေးကြီးပြီး ထိုသည်မှာ ရက်စက်သော အမှန်တရား ဖြစ်သည်။ ရွှယ်ကျန်ထျန်းသာ မီးသွေးတုံး ဖြစ်နေပါက ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူ ဖြစ်နေလျှင်ပင် အတိတ်ကာလကလောက် ကျော်ကြားတော့မည် မဟုတ်ပေ။

အန်လင်းမှာ ဘေးတွင်ရှိနေသော အမျိုးသားအား ကြည့်ရှုလိုက်သည်။

"ဆရာမင်ယွမ်........ ဘာဖြစ်လို့ ဒီမှာရှိနေသေးတာလဲဗျ။"

အခြားဆရာများ ထွက်ခွာသွားပါသော်လည်း ဆရာမင်ယွမ်သည် သူ၏အဆောင်ထိ တက်တက်ကြွကြွ လိုက်ပါလာသည်။

"ငါ့မှာ အကြံတစ်ခု ရှိတယ်။"

အင်မော်တယ် မင်ယွမ် စကားဆိုလိုက်သည်။

အန်လင်းမှာ ဆရာဖြစ်သူ၏ အကြည့်ကြောင့် စိတ်အလိုမကျ ဖြစ်နေမိသည်။

"စိတ်နည်းနည်းလောက် လျှော့ပါဦး။ အဲ့လောက်ကြီး ကြည့်စရာ မလိုပါဘူး။"

အင်မော်တယ် မင်ယွမ် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

"မင်း နားလည်မှု လွဲနေပြီ။ ရွှယ်ကျန်ထျန်း မိုးကြိုးကပ်ဘေး ခံယူတာကို ငါကြည့်ပြီးပြီ။ မင်းအဲ့အစွမ်းကို မဖြုန်းပစ်သင့်ဘူး။ အဲ့အစွမ်းနဲ့ဆို လူသားမျိုးနွယ် တစ်ခုလုံးကို အဆင့်တစ်ခုရောက်အောင် လုပ်နိုင်လိမ့်မယ်။ ကိုးပြည်ထောင်ကလည်း ကျင့်ကြံရေးခေတ်သစ်တစ်ခုကို ရောက်လာလိမ့်မယ်။"

အန်လင်း မျက်တောင်ခတ်လိုက်သည်။

"ကျွန်တော် နားထောင်နေတယ်။"

"စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ ကိုးဆယ်ရာခိုင်နှုန်းကျော်က ရွှေရောင်ဟာလာပြင်လျှပ်စီးဒဏ်ကို မခံနိုင်လို့ မိုးကြိုးကပ်ဘေး ခံယူနေတုန်း အသက်ဆုံးရှုံးကြရတာ သိတယ်မလား။ ဒါပေမယ့် မင်းက ရွှေရောင်ဟာလာပြင်လျှပ်စီးကို နှေးပေးနိုင်တယ်လေ။"

"အဲ့ဒါက သေရေးရှင်ရေးကို အများကြီး ပြောင်းလဲသွားစေနိုင်တယ်။ မင်းအစွမ်းကို အသုံးချပြီး ကျင့်ကြံရေးခေတ်သစ်တစ်ခုကို ဖော်ဆောင်သင့်တယ်။"

အင်မော်တယ် မင်ယွမ် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

အန်လင်းမှာလည်း ထိုစကားကြောင့် စိတ်လှုပ်ရှားသွားသည်။

သူသည် အခြားသူများအား ကူညီရသည်ကို နှစ်သက်လှသူ မဟုတ်ပေ။

သို့သော် ထိုအချက်ဖြင့် အကြီးအကျယ် ငွေရှာနိုင်လောက်ပေသည်။

All Chapters