← Chapters

ကျုပ်က ထွက်လမ်း သိတယ်

Vol. 51 Ch. 705

ကျုပ်က ထွက်လမ်း သိတယ်

Vol. 51 Ch. 705

“ ဂိုဏ်းချုပ်မို …. ပိုင်ယဲ့က ဘေးကင်းနွယ်တောင်ကို အင်အားစုဖွဲ့ဖို့ အရင်ဆုံးရောက်လာကြတဲ့ ကျုပ်လိုမျိုးပဲ။ ဘေးကင်းနွယ်တောင်မှာ တစ်ခုခု မှားယွင်းနေမှန်း ခံစားမိလို့  ထွက်သွားခဲ့တာ။ အခု ဘေးကင်းနွယ်တောင်ရဲ့ အန္တရာယ်က မရှိတော့ဘူးဆိုတာ အတည်ပြုပြီးတော့  ဒီနေရာက ဘေးအကင်းဆုံးဆိုတာ သိလို့ ပြန်ရောက်လာတာ ….” ဝေကျီတောက်က အားယူကာ မိုဝူကျိအား ရှင်းပြလိုက်သည်။

အကယ်၍ အသက်ရှင်ဖို့ရာ အခွင့်အရေး ရှိနေလျှင် မည်သူက သေချင်မည်နည်း။

ပိုင်ယဲ့က အမှန်တကယ် အားကောင်းပြီး သူ့အား ဓားအကျဉ်းထောင်ထဲတွင် ဆက်လက် ရှင်သန်စေနိုင်သည့် ရုပ်ခန္ဓာကျင့်စဉ်ပါ ရှိနေသေး၏။ သို့သော်လည်း ဝေကျီတောက် အမြင်၌ ပိုင်ယဲ့မှာ မိုဝူကျိ၏ ပြိုင်ဖက်ဖြစ်ဖို့ရာ မထိုက်တန်ပေ။

ယခင် ဖန်းဟုန်၊ ရှန့်ဟဲကောင်းနှင့် သူတို့က အင်မော်တယ် ဧကရာဇ် သုံးယောက်နှင့် တခြားသော အင်မော်တယ် အုပ်စိုးသူအဆင့် ကျင့်ကြံသူများကိုပင် ခေါ်ဆောင်လာကြသော်လည်း သူတို့က ဘေးကင်းနွယ်တောင်ရှိ မိုဝူကျိ၏ နေရာကို မထိရဲကြပေ။ ပိုင်ယဲ့က  အစီအရင်တာအိုအကြောင်း အနည်းငယ် သိသောကြောင့်  မိုဝူကျိ၏ ပိုင်နက်၌ ဤသို့ ရုတ်ရုတ်သည်းသည်း ဖြစ်စေရဲခြင်း ဖြစ်လိမ့်မည်ဟု သူက တွေးနေမိသည်။

ပိုင်ယဲ့ တိုက်ခိုက်လိုက်သည်နှင့် ဤကန္တာရမှ အသက်ရှင်လျက် ထွက်သွားဖို့ရာ မဖြစ်နိုင်ကြောင်း သေချာနေသည်။ အကယ်၍ မိုဝူကျိက ပိုင်ယဲ့ကိုသာ အပြီးမသတ်နိုင်လျှင် သူ့အနေနှင့် ဘေးကင်းနွယ်တောင်မှ အလွယ်တကူ ထွက်သွားနိုင်သည့် စွမ်းရည်မျိုး သေချာပေါက် ရှိမည် မဟုတ်ပေ။

“ ဘေးကင်းနွယ်တောင်မှာ တစ်ခုခု ဖြစ်သွားတာလား ” မိုဝူကျိက မေးခွန်း ထုတ်လိုက်၏။ ဝေကျီတောက်၏ ခန့်မှန်းချက်အတိုင်း မိုဝူကျိသည် ပိုင်ယဲ့အား  စိတ်ပူရမည့် ပြိုင်ဖက်တစ်ယောက်အဖြစ် မမြင်ပေ။ သူ့တွင် အင်မော်တယ် ဧကရာဇ် နှစ်ယောက် ရှိနေသည့် အချက်ကို ထည့်မပြောလျှင်ဘဲ ဓားအကျဉ်းထောင်ထဲ၌ တစ်ယောက်တည်း တစ်ကိုယ်တည်း ဖြစ်နေလျှင်ပင် သူ့အနေနှင့်  ပိုင်ယဲ့အား ကြောက်မည် မဟုတ်ပေ။

“ စောစောလေးက ဘေးကင်းနွယ်တောင်က ရုတ်တရက်ကြီး လူတိုင်းရဲ့ ဝိညာဉ်နဲ့ သွေးကို လိုက်စုပ်ယူနေတာ။ လွတ်မြောက်လာတဲ့ ကျင့်ကြံသူအချို့က လွဲရင် ဘေးကင်းနွယ်တောင်မှာ ရှိသမျှ အရာအားလုံးက ပျောက်ကွယ်သွားပြီ။

ဖန်းဟုန်နဲ့ ရှန့်ဟဲကောင်းတို့လည်း မလွတ်မြောက်နိုင်ခဲ့ဘူး။ ကျုပ်လည်း ခြေထောက်တစ်ဖက် ဆုံးရှုံးသွားပြီးတော့ လက်မတင်လေး လွတ်မြောက်လာတာ ….  ကျုပ် ခန့်မှန်းကြည့်ရတာတော့ အဲဒါက ဧရာမ နှလုံးသားကြီး ဖြစ်လိမ့်မယ် ထင်တယ် ….” ဝေကျီတောက်က ရှင်းပြလိုက်၏။

ဓားအကျဉ်းထောင်ထဲ အသက်ရှင်ဖို့ရာ ဝေကျီတောက်က ကျန်ရှိနေသော သွေးများကို  နောက်ခြေထောက် ထွက်လာစေရန် အသုံးပြုခဲ့ရပြီး ကံမကောင်းသည်က  သူ့အင်မော်တယ်စွမ်းအင်များ ပြန်လည် ကောင်းမွန်မလာခင် ပိုင်ယဲ့နှင့် တွေ့ခဲ့ခြင်း ဖြစ်၏။

ယခင် ချာလွေ့က ရှင်းပြချက် မဆုံးခဲ့သော်လည်း ယခုအခါ  စုကျီအန်းနှင့် အခြားလူများက ဘေးကင်းနွယ်တောင်မှ အခြေအနေများကို သဘောပေါက် နားလည်သွားကြသည်။ သူတို့လေးယောက်လုံးက အချင်းချင်း ကြည့်လိုက်ကြ၏။ သူတို့သာ ဆုံးဖြတ်ချက် ချဖို့ အနည်းငယ်မျှ နောက်ကျသွားလျှင် သူတို့အနေနှင့် အသက်ရှင်လျက် ထွက်လာနိုင်မည် မဟုတ်ပေ။

မိုဝူကျိက တိတ်ဆိတ်နေဆဲ ဖြစ်ပြီး ထွက်သွားဖို့ရာ ဆုံးဖြတ်ချက် ချခဲ့သည့်အတွက် ဝမ်းမြောက်နေမိသည်။ အကယ်၍ သူက ကံကိုသာ ယုံကြည်ပြီး ကောင်းကင်ချောက်ကမ်းပါးမြို့အတိုင်း ဆက်နေနေခဲ့ပါက သူလည်း ဘေးကင်းနွယ်တောင်နှင့်အတူ ပျောက်ကွယ်သွားလောက်လေပြီ။

ဝေကျီတောက်၏ အမြန်နှုန်းအရ ဘေးကင်နွယ်တောင်၏ ဝါးမျိုခြင်းကို ခံရလုမတတ် ဖြစ်ခဲ့၍ မိုဝူကျိ၏ အမြန်နှုန်းက ဝေကျီတောက်ထပ် ပိုမို မြန်ဆန်နေလျှင်ပင် သူ့အတွက် ထွက်သွားနိုင်ဖို့ရာ ခက်ခဲပေလိမ့်မည်။ အကြောင်းမှာ သူက ဟန်ချင်းရုကို ကယ်တင်၍ ဓားအကျဉ်းထောင်ထဲ ဝင်ခဲ့ခြင်း ဖြစ်၏။ ဤသို့ဆိုလျှင် သူ့အနေနှင့် အသက်ရှင်လျက် ထွက်လာနိုင်ခြေ မရှိပေ။

“ ဂိုဏ်းချုပ်မို ဒါက ခင်ဗျားရဲ့ ပိုင်နက်လား …” ပိုင်ယဲ့က ဝေကျီတောက်၏ သဘောထားကို ဂရုပြုမိပြီး သူက အရေးပါသည့်သူကို ချန်ထားမိခဲ့ကြောင်း သိလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ သူ့ရှေ့တွင် ရှိနေသော ဂိုဏ်းချုပ်မိုမှာ လုံးဝ မရိုးရှင်းပေ။

“ ဟုတ်တယ် ” မိုဝူကျိက ပိုင်ယဲ့ကို သဘောမကျပေ။ ပြောရမည်ဆိုလျှင် ပိုင်ယဲ့ထက်စာလျှင် သေသွားပြီ ဖြစ်သည့် ဖန်းဟုန်က ပို၍ အဆင်ပြေနေသေး၏။

“ ခင်ဗျားရဲ့ ပိုင်နက်ကို နှစ်ပိုင်း ပိုင်းလိုက်ပါ … ကျုပ်က နေရာအသေးလေးပဲ လိုချင်တာပါ ” ပိုင်ယဲ့က ပြောရင်း သူ့ခန္ဓာကိုယ်မှာ ဟန်ချင်းရုဆီ ရောက်ရှိသွားလေသည်။

သူက ပိုင်နက်၏ အပိုင်းအသေးလေးသာ လိုချင်ကြောင်း ပြောသော်လည်း ပိုင်ယဲ့က ဤနေရာတွင် နေရန် ရည်ရွယ်မထားပေ။ သူက ဟန်ချင်းရုကို ခေါ်ဆောင်သွားပြီး သူမ၏  ကျင့်ကြံခြင်း လျို့ဝှက်ချက်များကို အစ်အောက်ထုတ်မည် ဖြစ်ကာ  ဒုတိယအနေနှင့် သူက သူ့ကို စောင့်ကြိုနေမည့် သူ တစ်ယောက်ယောက် အလိုရှိပေသည်။ ပိုင်ယဲ့က နယ်မြေ ခွဲလိုသည့် အကြောင်းအရင်း ပြောလိုက်သည့် အကြောင်းအရင်းမှာ မိုဝူကျိအား စိတ်အနှောင့်အယှက်ပေးကာ ထိုစက္ကန့်ပိုင်းလေ၌ ဟန်ချင်းရုကို ခေါ်ထုတ်သွားရန် ဖြစ်၏။

မိုဝူကျိက မည်မျှပင် မရိုးရှင်းစေကာမူ  ဓားအကျဉ်းထောင်ထဲ၌  ပိုင်ယဲ့နှင့် ရင်ဆိုင်ရလျှင် ကူကယ်ရာမဲ့သွားပေလိမ့်မည်။

နှမြောစရာကောင်းသည်က  ဤကာကွယ်ရေး အစီအရင်ကို ခင်းကျင်းထားသူမှာ မိုဝူကျိ  ဖြစ်နေ၏။ သူ ဤကာကွယ်ရေး အစီအရင်ထဲ ဝင်လိုက်သည့် အခိုက်အတန့် သေမင်းထောင်ချောက် အစီအရင်အား အသက်သွင်းပြီးသွားလေပြီ။

အခြားလူများက သေမင်းထောင်ချောက် အစီအရင် အသက်သွင်းဖို့ရာ အစီအရင်အလံများ လိုအပ်မည် ဖြစ်သော်လည်း မိုဝူကျိအနေနှင့် ထိုသို့ လုပ်ဆောင်ဖို့ရာ စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းသာ လိုအပ်ပေသည်။

ပိုင်ယဲ့က ဟန်ချင်းရုဆီ သွားလိုက်သည့် အခိုက်အတန့်လေး၌ သူ့ဘေးပတ်ဝန်းကျင်မှာ ရုတ်ချည်း ပြောင်းလဲသွားပြီး ပုဆိန်လှံရှည် စွမ်းအားများသာ ပေါ်လာတော့သည်။

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ …..

ပိုင်ယဲ့က သေမင်းထောင်ချောက်ထဲ ပိတ်မိသွားသည်ကို ခံစားမိလိုက်ပြီး စိတ်ထဲ၌ မယုံကြည်နိုင်မှုများဖြင့် အေးစက်လာသည်။ သူက မိုဝူကျိအနေနှင့် မည်မျှ မြန်စေကာမူ သူက ထိုမိန်းကလေးကို ဆွဲခေါ်၍ ထွက်သွားမည်ကို တားဆီးနိုင်မည် မဟုတ်ကြောင်း သေချာနေခဲ့သည်။

သို့သော်လည်း အမှန်တရားမှာ သူ့မှန်းဆချက်နှင့် ကွဲလွဲနေပေ၏။ သူ လှုပ်ရှားလိုက်သည်နှင့် အစီအရင်ကြီးမှာ အသက်ဝင်လာတော့သည်။

ယခင် မိုဝူကျိက ပိုင်ယဲ့အား သူ့ပိုင်နက်ကို လုချင်သည့်အတွက် သင်ခန်းစာ တစ်ခုမျှ ပေးရုံ စိတ်ကူးထားသော်လည်း သူက ဟန်ချင်းရုကို ဆွဲခေါ်ကာ ထွက်သွားချင်သောကြောင့် သူ့စိတ်ထဲမှ သတ်ဖြတ်လိုစိတ်များက ထွက်ပေါ်လာသည်။

သေမင်းထောင်ချောက်၌ ပိုင်ယဲ့ကို ဖမ်းမိပြီးနောက် မိုဝူကျိ၏ ပုဆိန်လှံရှည်က ကန့်လန့်ဖြတ် ပိုင်းဖြတ်လိုက်သည်။

ပိုင်ယဲ့က လက်ကို ဆန့်ကာ  ရှစ်မြောင့်ထောင့် အပြားလေးကို ထုတ်ကာ ပစ်လိုက်သည်နှင့်  အလင်းရောင်စဉ် ရှစ်မျိုးက ထွက်ပေါ်လာကာ ပါးလွှာသော စက်ဝန်းသဏ္ဍာန် ဖြစ်ပေါ်လာသည်။ မိုဝူကျိ၏ ပုဆိန်လှံရှည်အလင်းက  ထိုပါးလွှာသော ရောင်စုံစက်ဝန်းနှင့် ထိတွေ့မိသည့်အခါ ထိုအရာလေးက ချက်ချင်းဆိုသလို တစ်နေရာသို့ လွှင့်ပျံသွားသည်။ အသက်တစ်ရှိုက်စာအတွင်း  အလင်းတန်းက တောက်ပလာပြီး ထိုတောက်ပလာသော အလင်းတန်းအောက်၌ မိုဝူကျိ၏ အစီအရင်အတွင်း အစီအရင်ဗဟိုချက် ပေါ်လာတော့သည်။

ပိုင်ယဲ့က နှာခေါင်းရှံ့လိုက်၏။ သူ့ရှစ်မြောင့်ထောင့် အဝိုင်းပြားလေးက  အစီအရင်ဗဟိုချက်အား ခြေမွပစ်လိုက်လေပြီ။

မိုဝူကျိက အံ့ဩတုန်လှုပ်မိသွားသည်။ သူက တစ်စုံတစ်ယောက်အနေဖြင့် သူ့အစီအရင်ဗဟိုချက်အား အလွယ်တကူ ရှာတွေ့နိုင်လိမ့်မည်ဟု မထင်ထားပေ။ သူ့သေမင်းထောင်ချောက် အစီအရင်၏ ဗဟိုချက်ကား  ပိုင်ယဲ့၏ ရှစ်မြောင့်ထောင့် အဝိုင်းပြား အလင်းများ ဖြာကျသွားသည့် နေရာ ဖြစ်ပြီး  ထိုအဝိုင်းပြားက သူ့ဗဟိုချက်အား အောင်အောင်မြင်မြင် ဖျက်စီးသွားနိုင်သွား၏။

သေမင်းထောင်ချောက် ပျက်စီးသွားသည်နှင့် မိုဝူကျိက ပိုင်ယဲ့အား ထိန်းထားနိုင်ဖို့ မဖြစ်နိုင်တော့ကြောင်း သေချာသိလိုက်သည်။

ပိုင်ယဲ့၏ အဝိုင်းပြားလေး ပျံထွက်လာသည်နှင့် တစ်ပြိုင်နက် မိုဝူကျိက နောက်ထပ် အစီအရင်အလံများစွာကို ပစ်လွှတ်လိုက်သည်။ သူက ပုဆိန်လှံရှည် ရိုက်ချက် ထုတ်ဖို့ရာပင် စိတ်ထဲ မထားဘဲ လက်သီးတစ်ချက်သာ ပစ်ခွင်းလိုက်၏။

“ ဘုန်း ” ပေါက်ကွဲသံနှင့်အတူ တုန်လှုပ်မှုကြီးပါ ဖြစ်ပေါ်လာပြီး သေမင်းထောင်ချောက် အပြင်ဘက်ရှိ လူများက ဤနေရာမှာ အထက်အောက်ပြောင်းပြန် ဖြစ်သွားတော့မည်လားဟု တွေးကုန်ကြသည်။ သေမင်းထောင်ချောက်အပြင်ဘက်ရှိ လူတိုင်းက ဝေဝေဝါးဝါး မြင်ကွင်းကို မြင်နေရပြီး မိုဝူကျိလား  ပိုင်ယဲ့လား မသည်းကွဲကြချေ။ သူတို့က ထိုဝေဝေဝါးဝါး မြင်ကွင်းများ၌ တစ်နေရာလုံးမှာ အင်မော်တယ်စွမ်းအားများနှင့် သတ်ဖြတ်ငွေ့များက ရောနှောကာ ဗြောင်းဆန်နေသည်ကိုသာ ခံစားမိကြ၏။

သူက သူ့ရှစ်မြောင့်ထောင့် အဝိုင်းပြားလေးက မိုဝူကျိ၏ အစီအရင်ကို ဖျက်စီးနိုင်လိုက်ပြီမှန်း သိသည့်အခါ ပိုင်ယဲ့က နှာခေါင်းရှံ့ကာ သရော်ဟန် ပြုံးလိုက်၏။ သူက မိုဝူကျိသည် အဆင့် ၆ အစီအရင်လေးဖြင့် သူ့ကို ထိန်းထားနိုင်လိမ့်မည်ဟု တွေးထင်နေကြောင်း မယုံနိုင်ပေ။

ပိုင်ယဲ့၏ အပြုံးမှာ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားတော့သည်။ သူ့အဝိုင်းပြားလေးက မိုဝူကျိ၏ အစီအရင်နှင့် ထိတွေ့မိသည့်အခါ အစီအရင်အား ဖြေလျော့လိုက်ခြင်း မဟုတ်ဘဲ  အင်မော်တယ်စွမ်းအားများက တန်ပြန် သက်ရောက်ကာ သူ့အား သွေးတစ်ပွက် အန်သွားစေသည်။

ထိုအရာအားလုံးမှာ အချိန်တိုလေးအတွင်း ဖြစ်ပျက်ခဲ့ပြီး တစ်ချိန်တည်းဆိုသလို မိုဝူကျိ၏ ပုဆိန်လှံရှည် လေဟုန်ဆန် မြစ်ရိုက်ချက်လည်း ကျရောက်လာသည်။

ပိုင်ယဲ့က  လေဟုန်ဆန်မြစ် ရိုက်ချက်ကိုသာ တားဆီးဖို့ ကျရှုံးသွားလျှင်  နောက်နှစ် ဤနေ့ရက်မှာ သူ့သေဆုံးခြင်း နှစ်ပတ်လည် ဖြစ်သွားနိုင်ကြောင်း သိ၍ နောက်ထပ် ဘာကိုမှ ထပ်မစဉ်းစားနိုင်တော့ပေ။ အကယ်၍ ပိုင်ယဲ့က အစီအရင် ဗဟိုချက်မှာ စောစောလေးက ထိရိုက်ခဲ့သည့် နေရာဘေးတွင် ရှိနေကြောင်း သံသယဝင်မိလျှင်ပင် သူ့အနေနှင့် ရှစ်မြောင့်ထောင့် အဝိုင်းပြားကို ပြန်ရုတ်သိမ်းပြီး  မိုဝူကျိ၏ လေဟုန်ဆန်မြစ် ရိုက်ချက်ကိုသာ ကာကွယ်ဖို့ ကြိုးစားလိုက်လေ၏။

“ ဘန်း ” ပုဆိန်လှံရှည်အလင်းက ရှစ်မြောင့်ထောင့် အဝိုင်းပြားနှင့် ထိတွေ့သွားသည့်အခါ မိုဝူကျိက သက်တံ့ကို ဖျက်စီးပစ်လိုက်သည့်အလား ရှစ်မြောင့်ထောင့်မှ အလင်းများမှာ ပျောက်ကွယ်သွားကြသည်။ သက်တံ့ ပျောက်ကွယ်သွားပြီးနောက် အစီအရင်အတွင်း ပုဆိန်လှံရှည်အလင်းမှာ နောက်တစ်ကြိမ် ပြန်လည် စုစည်းလာကာ  ပိုင်ယဲ့ဆီ အားအပြည့် ချည်းကပ်သွားတော့သည်။

ပိုင်ယဲ့၏ နှစ်များစွာ ရုပ်ခန္ဓာကျင့်ကြံလာမှုမှာ အောင်မြင်သော်လည်း အင်မော်တယ် ရုပ်ခန္ဓာ ပြီးပြည့်စုံခြင်း အဆင့်မျှသာ ရှိသေးပြီး နတ်ဘုရား ရုပ်ခန္ဓာအဆင့်သို့ တစ်လှမ်း ဝင်ရုံမျှသာ ဖြစ်၏။ သူက နတ်ဘုရား ရုပ်ခန္ဓာအဆင့်ကို မတက်လှမ်းနိုင်၍ မဟုတ်ဘဲ သူ့တွင် လုံလောက်သည့် ပြင်ဆင်မှုများ မရှိ၍ ဖြစ်သည်။ ဓားအကျဉ်းထောင်ထဲ အဖမ်းမခံရခင် နိဗာနမြစ်ဥ သို့မဟုတ် ထာဝရ တော်ဝင်ဝါးပင်တို့ကဲ့သို့ ရတနာမျိုးကို မပြင်ဆင်ထားခဲ့ပေ။

ထို့အပြင် သူက ဓားအကျဉ်းထောင်ထဲ ရောက်ရှိပြီးမှ ရုပ်ခန္ဓာကို လေ့ကျင့်ခဲ့ခြင်း ဖြစ်၏။ ထိုမတိုင်ခင် သူတွင် ရုပ်ခန္ဓာ ကျင့်စဉ် ရှိသော်လည်း သူက လေ့ကျင့်ဖို့ရာ စိတ်ထဲ မရှိပေ။

ပုဆိန်လှံရှည်အလင်းတန်းမှာ ပိုင်ယဲ့၏ ခန္ဓာကိုယ်ကို ထိုးဖောက်ဝင်ရောက်သွားပြီး သွေးမြူများ ဖြစ်ပေါ်လာစေသည်။ ပိုင်ယဲ့၏ အဝတ်အစားမှာ  ပုဆိန်လှံရှည် အလင်းတန်းတွင် ပါသွားပေ၏။ ပိုင်ယဲ့ဆီမှ ရုတ်တရက် ခုခံမှုကြောင့် မိုဝူကျိ၏ လေဟုန်ဆန်မြစ် ရိုက်ချက်မှာ ပိုင်ယဲ့ခန္ဓာကိုယ်ပေါ်၌ အပေါ်ယံမျှသာ ဖြစ်စေခဲ့သည်။

“ ရပ်လိုက်တော့  ” ပိုင်ယဲ့က  ထိုစကားကို အားယူပြောလိုက်စဉ် မိုဝူကျိ၏ စွမ်းအားစက်ကွင်း ချေဖျက် လက်သီးချက်မှာ လမ်းတစ်ဝက် ရောက်နေလေပြီ။

ပိုင်ယဲ့၏  စွမ်းအားစက်ကွင်းကို မိုဝူကျိ၏ အစီအရင်က ထိန်းချုပ်ထားသောကြောင့် ယခုအခါ လက်သီးချက်နှင့် ကြုံတွေ့ရသည့်အခါ ပိုင်ယဲ့၏ စွမ်းအားစက်ကွင်းမှာ ချက်ချင်းဆိုသလို ကွဲကြေသွားကာ ပျောက်ပျက်သွားတော့၏။

ဓားအကျဉ်းထောင်ထဲ၌ ပိုင်ယဲ့၏ အင်အားမှာ အပြင်ဘက်ရှိ အင်မော်တယ် ဘုရင်အဆင့်တစ်ယောက်နှင့် ညီမျှပေသည်။ ယခု သူက အင်မော်တယ်ဘုရင်အဆင့်ပင် မရောက်သေးသည့်  မိုဝူကျိ၏ ပိတ်လှောင်မှုကို ခံထားရသောကြောင့် ပိုင်ယဲ့အနေနှင့် မည်သို့ ခံစား၍ ကောင်းမည်နည်း။ ပိုင်ယဲ့၏ စွမ်းအားစက်ကွင်းမှာ ပျက်စီးသွားသည်နှင့်   မိုဝူကျိ၏ လက်သီးချက်က သူ့နှလုံးသားပေါ် တိုက်ရိုက် ရောက်ရှိလာသည်။

“ အား ..” ပိုင်ယဲ့က သွေးအန်လိုက်ရပြီး သူ့နှလုံးသားကို  သံမဏိတူ ထောင်ပေါင်းများစွာနှင့် ထုရိုက်သလို ခံစားလိုက်ရ၏။

သူက ရုပ်ခန္ဓာ လေ့ကျင့်ခဲ့သောကြောင့် ပိုင်ယဲ့အနေနှင့် နာကျင်မှုအမျိုးမျိုးကို ခံစားဖူး၏။ သို့သော်လည်း နှလုံးသား ကွဲကြေလုမတတ် နာကျင်မှုမှာ သူ့ဘဝ တစ်လျှောက်လုံး၌ မေ့နိုင်တော့မည် မဟုတ်ပေ။

လက်ရှိ သူက ဂိုဏ်းချုပ်မိုသာ မရပ်တန့်လျှင် သူ့အနေနှင့် ဤနေရာမှ အသက်ရှင်လျက် ထွက်သွားဖို့ရာ ခက်ခဲမည် ဖြစ်ကြောင်း သတိပြုမိလိုက်၏။

သူ့ရှစ်မြောင့်ထောင့် အဝိုင်းပြားမှာ အစီအရင်ဗဟိုချက်ကို  အာရုံခံနိုင်သော်လည်း တစ်ဖက်လူက  ဗဟိုချက်အား  အချိန်တိုလေးအတွင်း တခြားနေရာ ပြောင်းလဲပစ်နိုင်လိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။ အကယ်၍ သူက ဤအစီအရင်အား  အတင်းအကျပ် ဖျက်စီးပစ်ဖို့ ကြိုးစားလျှင် မိုဝူကျိက သူ့အား အကြိမ်ထောင်ပေါင်းများစွာ သတ်ပစ်လောက်ပေသည်။

“ ကျုပ် ရှုံးပြီ …” မိုဝူကျိ၏ လက်သီးချက်ကို ခံရပြီးနောက် ပိုင်ယဲ့က  ရှုံးသည့်အကြောင်း ဝန်ခံရုံအပြင် ရွေးချယ်စရာ မရှိတော့ကြောင်း သိလိုက်သည်။

ထိပ်တိုက်ရင်ဆိုင်မှု တစ်ခုတည်းဖြင့် ပိုင်ယဲ့က မိုဝူကျိမှာ အများဆုံး အင်မော်တယ် ဘုရင်အဆင့် ဖြစ်နေလောက်၍ လျော့တွက်မိခဲ့သည်။ အကယ်၍  မိုဝူကျိက သူ့ကဲ့သို့ အင်မော်တယ် ဧကရာဇ် တစ်ယောက် ဖြစ်နေလျှင် သူ့အနေနှင့် ဤသို့မျိုး အခြေအနေနှင့် ကြုံတွေ့ရမည် မဟုတ်ချေ။

သူက ရှုံးနိမ့်ကြောင်း ဝန်ခံဖို့ရာ အင်တင်တင် ဖြစ်နေမိသည်။ သူ ရှုံးနိမ့်သည့် အကြောင်းအရင်းမှာ သူအားနည်းနေ၍ မဟုတ်ဘဲ တစ်ဖက်လူက ဓားအကျဉ်းထောင်ထဲရှိ  ဓားစွမ်းအင်များနှင့်အတူ  ပုဆိန်လှံရှည်ကိုပါ အသုံးပြုခဲ့ပြီး အစီအရင်ပါ ရှိနေသောကြောင့် သူ့ဘက်မှ ကူကယ်ရာမဲ့သည့် အခြေအနေသို့ ကျရောက်သွားခြင်း ဖြစ်၏။

“ ကောင်းပြီ ” မိုဝူကျိက ရိုးရိုးရှင်းရှင်း ဖြေလိုက်သည်။

ပိုင်ယဲ့က သက်ပြင်းချလိုက်တော့သည်။ သူက ယနေ့တွင် ခံခဲ့ရသမျှအားလုံးကို နောင်တစ်ချိန်၌ ပြန်လည် အရယူမည် ဖြစ်ကြောင်း ကျိန်ဆိုလိုက်၏။ သူက ထိုသို့ လုပ်ဆောင်ရန်  ဓားအကျဉ်းထောင်မှ ထွက်သွားဖို့ရာ မလိုပေ။ အစီအရင်အပြင်ဘက် ရောက်သွားသရွေ့  သူ့အနေနှင့် မို မျိုးနွယ်စု လူငယ်အား အလွယ်တကူ သတ်နိုင်ရန် ယုံကြည်ချက် အပြည့် ရှိသည်။

ပိုင်ယဲ့က သက်ပြင်းချလိုက်သည်နှင့် ပုဆိန်လှံရှည် တစ်ချောင်းက သူ့ဆီ ပြေးဝင်လာလေသည်။ ကာကွယ်ရေး အစီအရင်အတွင်းမှ နေရာ၌ ရုတ်ချည်းဆိုသလို ရပ်တန့်သွားပြီး သူ့လှုပ်ရှားမှုများမှာလည်း နှေးကွေးသွားတော့သည်။ ပိုင်ယဲ့အနေနှင့် သူ့အနီးဝန်းကျင်တွင် သေခြင်းတရား အရိပ်အယောင်များ ကြီးစိုးလာသည်ကို ပထမဆုံးအကြိမ် ခံစားဖူးခြင်း ဖြစ်၏။

ထိုလျို့ဝှက်ပညာရပ်မှာ ယခင် လေဟုန်ဆန်မြစ် ရိုက်ချက်ထက် ပိုမို ကြောက်မက်ဖို့ ကောင်းလေ၏။ သူ့အနီးအနားမှ တည်နေရာတစ်ခုလုံး ရပ်တန်သွားသယောင် ဖြစ်ကာ သူ့အနေနှင့် မရှောင်ရှားနိုင်တော့ချေ။

ပိုင်ယဲ့က ရုတ်တရက် ထိတ်ထိတ်လန့်လန့် အော်ပြောလိုက်သည်  “ မို မျိုးနွယ်နဲ့ လူ …. မင်းဘယ်လိုလုပ် ကိုယ့်စကားကို ရုတ်သိမ်းရတာလဲ … ”

သူက မိုဝူကျိ၏ သတ်ဖြတ်လိုစိတ်ကို အာရုံခံမိလိုက်ပြီး သူ့အနေနှင့် ရှုံးနိမ့်ကြောင်း ဝန်ခံလျှင်ပင် အသတ်ခံရမည် ဖြစ်ကြောင်း သိလိုက်ရ၍ စိတ်ထဲ၌ ဒေါသူပုန် ထသွားသည်။

“ ကျုပ်ကတော့ ခင်ဗျား အများကြီး တွေးလွန်းနေတာလို့ပဲ ပြောချင်တယ်။ ကျုပ်က ကောင်းပြီလို့ပဲ ပြောလိုက်တာလေ … ဘယ်တုန်းက ခင်ဗျားကို လွတ်ပေးမယ်လို့ ပြောလိုက်လို့လဲ ….. ”

ထိုသို့ ကြားပြီးနောက် သွေးမြူများက ပြည့်နှက်သွားပြီး အစီအရင် အကူအညီဖြင့် မိုဝူကျိ၏ ပုဆိန်လှံရှည်မှာ ပိုင်ယဲ့အား နှစ်ပိုင်း ပိုင်းချပစ်နိုင်လိုက်သည်။

မိုဝူကျိ၏ စိတ်ထဲ သက်ပြင်းချလိုက်မိ၏။ ပိုင်ယဲ့က ဟန်ချင်းရုအပေါ် အာရုံရှိကတည်းက သူ့အနေနှင့် အသက်ချမ်းသာပေးဖို့ရာ တွေးမထားပေ။

“ငါက ထွက်လမ်း သိတယ် …” ပိုင်ယဲ့ ကိုယ်မှာ နှစ်ပိုင်း ဖြစ်သွားသော်လည်း ကမ္ဘာဦး စိတ်ဝိညာဉ်မှာ တစ်ပိုင်းတည်းသာ ဖြစ်နေ၏။

All Chapters