← Chapters

ပြစ်မှုနှင့်အပြစ်ဒဏ်

Vol. 66 Ch. 916

ပြစ်မှုနှင့်အပြစ်ဒဏ်

Vol. 66 Ch. 916

လက်နှင့်ခြေထောက်များ ကောင်းကင်ပေါ် လွင့်ပျံသွားရသည်။ သွေးများလည်း ပန်းထွက်လာလေသည်။

စောင့်ကြည့်နေသူများမှာလည်း ထိုမြင်ကွင်းကြောင့် မယုံကြည်နိုင် ဖြစ်ကုန်သည်။

"ရဲတင်းလှချည်လား။ ကျုပ်တပည့်ကို လွှတ်လိုက်စမ်း။"

ကုန်းစွန်းကျိ အော်ဟစ်ကာ အန်လင်းထံ ပြေးဝင်လာသည်။

အန်လင်းသည် အထွဋ်အထိပ် မြေကြာပန်းအတတ်အား အသက်သွင်းလိုက်သောကြောင့် နဖူးထက်တွင် ကြာပန်းအမှတ်အသားတစ်ခု ဖြစ်ပေါ်လာကာ ဘယ်ဘက်လက်သီးမှာလည်း ရွှေရောင်များ တောက်ပလာသည်။ လက်သီးတစ်ချက်ကြောင့် စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အထွဋ်အထိပ်အဆင့် ရောက်ရှိနေသော ကုန်းစွန်းကျိမှာ အဝေးသို့ လွင့်ထွက်ကာ သွေးအန်သွားရသည်။

"သွမ့်ယန်........ အဲ့တုန်းက မင်းလုပ်ခဲ့တာတွေကို အသံကျယ်ကျယ်နဲ့ ဝန်ခံမယ်ဆိုရင် အသက်ချမ်းသာပေးဖို့ စဥ်းစားပေးမယ်။"

အန်လင်း အောက်သို့ငုံ့ကြည့်ကာ ပြောလိုက်သည်။

သွမ့်ယန် ခါးသက်စွာ ပြုံးလိုက်သည်။

"မလုပ်ခဲ့တာတွေကို ဘာကိစ္စနဲ့ ဝန်ခံရမှာလဲ။"

"အိုး......"

အန်လင်း ခေါင်းညိတ်ကာ ဓားအားဝေ့ယမ်းလိုက်သည်။

သွမ့်ယန်၏ စူးစူးဝါးဝါး အော်ဟစ်သံနှင့်အတူ မွေးရာပါ အငယ်ကောင်မှာ လေပေါ်ပျံသန်းသွားလေသည်။

အမျိုးသားများမှာ ပေါင်ကြားများ အေးခနဲ ဖြစ်သွားရပြီး အမျိုးသမီး ကျင့်ကြံသူများမှာလည်း မျက်လုံးအား လက်ဖြင့်အုပ်ထားလိုက်ရသည်။

"ဒီဓားချက်က ကျွေ့လီခုံးအတွက်ပဲ။"

အန်လင်း အမူအရာ ကင်းမဲ့စွာ ပြောလိုက်သည်။

သွမ့်ယန်၏ အောက်ပိုင်းမှ သွေးများစီးကျလာပြီး မျက်နှာတစ်ခုလုံး ဖြူရော်ကာ ခန္ဓာကိုယ်မှာလည်း တုန်ယင်နေသည်။

အန်လင်းသည် ဓားအားလှုပ်ရှားလိုက်သည်နှင့် အဖြူရောင် အလင်းတစ်ခုမှာ ထက်ရှလှသော ဓားစိတ်ဆန္ဒအဖြစ် ပြောင်းလဲသွားပြီးနောက် သွမ့်ယန်၏ စွမ်းအင်ဝင်ပေါက်များ အားလုံးကို ဖျက်စီးပစ်လိုက်သည်။

"အား........"

သွမ့်ယန် နာကျင်စွာ အော်ဟစ်နေရလေပြီ။

ဝုန်း..........

ကောင်းကင်နှင့်မြေပြင်မှာ ရုတ်ချည်းဆိုသလို ပြင်းထန်စွာ တုန်ခါလာသည်။

ကြောက်မက်ဖွယ် ဝင်္ကပါတစ်ခု ထွက်ပေါ်လာလေသည်။

"အန်လင်း....... မင်းက စုကျိုးအင်မော်တယ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ။ အဲ့ဒါကိုတောင်မှ ကျုပ်တို့ ဂိုဏ်းချုပ်အသစ်ကို သက်သေမရှိပဲ တိုက်ခိုက်ရဲတယ်ပေါ့။ မင်းဆီကနေ ဖြေရှင်းချက် ကြားရမှဖြစ်မယ်။"

ကုန်းစွန်းကျိမှာ ဂိုဏ်းကိုကာကွယ်သော ဝင်္ကပါအား အသက်သွင်းလိုက်သည်။

"ကျုပ်ရဲ့ အသင်္ချေဓားသူရိန်ဝင်္ကပါက ဉာဏ်အလင်းပွင့်သော အရှင်ကျန်းယန်ကိုယ်တိုင် လုပ်ထား......."

ဝုန်း.........

အနီရောင် လက်သည်းတစ်ခုသည် ပုံပေါ်လာနေသော ဝင်္ကပါအား အစိပ်စိပ်အမြွှာမြွှာ ဖြစ်သွားစေသည်။

ကုန်းစွန်းကျိ : "............. "

အန်လင်းသည် သွမ့်ယန်၏ ရင်ဘတ်အားနင်းကာ အရိုးများ ကျိုးကြေသွားစေသည်။

"အခု မင်းဘယ်တော့မှ ထပ်ကျင့်ကြံလို့ မရအောင် တာအိုအခြေခံကို ဖျက်စီးပစ်မယ်။"

ဂိုဏ်းအကာအကွယ် ဝင်္ကပါမှာ ပျက်စီးသွားပြီ ဖြစ်သောကြောင့် ၎င်းတို့ထံတွင် ဘာမှမရှိတော့ပေ။

သွမ့်ယန် ကြောက်ရွံ့နေမိသည်။

အန်လင်း ခပ်ဖွဖွပြုံးကာ ပြောလိုက်သည်။

"မင်းအသက်ဆက်ရှင်ချင်ရင် အခွင့်အရေး ရှိသေးတယ်နော်။"

"ဘာ......... ဘာလုပ်ရမှာလဲ။"

သွမ့်ယန် အံကြိတ်ကာ မေးလာသည်။

"မင်းလုပ်ခဲ့တဲ့ အပြစ်ရယ်၊ အဲ့ဒါကို သိတဲ့သူတွေရယ်ကိုပြော။ ပြီးရင် ကျွေ့ရှန်ခုံးနဲ့ သူမ မိသားစု အုတ်ဂူမှာ အပြစ်တွေကို သွားတောင်းပန်ရမယ်။ အဲ့လိုလုပ်မယ်ဆိုရင် ဖြစ်ပျက်ခဲ့သမျှ ကျော်သွားပေးမယ်လို့ စုကျိုးအင်မော်တယ်ဂိုဏ်းချုပ်အနေနဲ့ ငါကျိန်တယ်။"

အန်လင်း စကားဆိုလိုက်သည်။

သွမ့်ယန် တုန်လှုပ်သွားသည်။

ကျွေ့ရှန်ခုံး သေပြီလား........ အဲ့ဒါဆို အန်လင်းက ဒါတွေဘယ်လိုသိတာလဲ.......

အန်လင်း၏ စုကျိုးအင်မော်တယ်ဂိုဏ်းသည် အင်ပါယာမိသားစု ကိုးခုနှင့်ပင် ယှဥ်နိုင်သော ဂိုဏ်းကြီးတစ်ခု ဖြစ်သောကြောင့် ကျွေ့ရှန်ခုံးနှင့် ရင်းနှီးစရာ မရှိပေ။ ဂိုဏ်းချုပ်နေရာနှင့်ပင် ကျိန်ဆိုထားသောကြောင့် အန်လင်းမှာ ပြောစကား တည်လောက်သည်။

မည်သို့ပင်ဆိုစေကာမူ အစစအရာရာ ဝန်ခံလိုက်ပါက သူ၏ဂုဏ်သိက္ခာ ရေစုန်မျောသွားပေလိမ့်မည်။

"အန်လင်း......... ခင်ဗျား တကယ်ပြောတာလား။"

ဂုဏ်သိက္ခာလည်း ယီးပဲ....... အသက်ရှင်နေဖို့က ပိုအရေးကြီးတယ်....... အခု မြန်မြန်မတုံ့ပြန်ခင် ငါတော့သေမှာသေချာတယ်........

"ဒါပေါ့။ ငါပြောတာ အမှန်ပဲ။ မင်းလည်း အမှန်ကိုပြောတာ ကောင်းလိမ့်မယ်။"

အန်လင်း ဗာမီလီယမ်ငှက်ကြေးမုံအား ထုတ်လိုက်သည်။

"ငါ့ရဲ့ကြေးမုံက ပြီးပြည့်စုံတဲ့ မုသားဖော်စက်ပဲ။ မင်းလိမ်တဲ့စကား တစ်ခွန်းပြောတာနဲ့ အသက်ပျောက်ပြီမှတ်လိုက်။"

သွမ့်ယန် မျက်နှာပျက်သွားပါသော်လည်း နောက်ဆုံးတွင် ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပြီလေ။ ထိုက်ချူခေတ်၊ ရှစ်ထောင့်ငါးရာ ခုနစ်ဆယ့်ရှစ်ခုနှစ်၊ ငါးလပိုင်း ဆယ့်တစ်ရက်နေ့မှာ ကျွေ့ယွီခုံးနဲ့ သူ့မိသားစု နှစ်ဆယ့်ရှစ်ယောက်ကို သတ်ခဲ့တယ်။ သူ့မိသားစုဝင်တွေက မိစ္ဆာဂိုဏ်းနဲ့ မပက်သတ်ပေမယ့် ကျူပင်ခုတ် ကျူငုတ်မကျန်ရအောင်၊ နောက်ပိုင်းကြုံရမယ့် ပြဿနာတွေဝေးအောင် ရှင်းပစ်လိုက်တာ။"

"ဆက်ပြော......"

အန်လင်း အမိန့်ပေးလိုက်သည်။

"ဟုတ်တယ်။ လိင်စိတ်ထကြွလာလို့ ကောင်မလေးတစ်ယောက်ကို မသတ်ခင် မုဒိမ်းကျင့်ခဲ့တယ်။ အဲ့လိုအမှားလုပ်မိလို့လည်း နောင်တရပါတယ်။"

သွမ့်ယန် ခေါင်းငိုက်စိုက်ချထားသည်။

ကိုယ်စားလှယ်များမှာ မယုံကြည်နိုင်ဟန်ဖြင့် သွမ့်ယန်အား ကြည့်ရှုလိုက်မိကြသည်။ တရားမျှတမှု ရှိသောဂိုဏ်းမှ ကျင့်ကြံသူတစ်ဦးသည် ထိုသို့လုပ်လိမ့်မည်ဟု ၎င်းတို့ထင်မှတ်မထားကြပေ။

ရွှမ်းချင်ဂိုဏ်းသားများသည်လည်း ပါးစပ်အဟောင်းသား ဖြစ်ကုန်သည်။

"အဲ့အကြောင်းကို ဘယ်သူတွေသိလဲ။"

အန်လင်း ဆက်မေးလိုက်သည်။

သွမ့်ယန်မှာ အကြီးအကဲ အချို့အား လက်ညှိုးထိုးပြလိုက်သည်။

"ကျွေ့ယွီခုံး မိသားစုကို သတ်ပစ်လိုက်တယ်ဆိုတာ သူတို့လည်းသိတယ်။"

ထို့နောက် အဖိုးအို တစ်ဦးအား ညွှန်ပြလိုက်သည်။

"သူကတော့ ကျွန်တော် လုပ်ခဲ့သမျှ အားလုံးသိတယ်။"

လူတိုင်း တိတ်ဆိတ်သွားကြသည်။

အန်လင်း ကျယ်လောင်စွာ ရယ်မောလာသည်။

သွမ့်ယန် ညွှန်ပြလိုက်သူမှာ ရွှမ်းချင်ဂိုဏ်း၏ ဂိုဏ်းချုပ်ဟောင်း ကုန်းစွန်းကျိပင်။

ရွှမ်းချင်ဂိုဏ်း၏ ဂိုဏ်းချုပ်များသည် ထိုသို့ဖြစ်နေကြမည်ဟု မည်သူကမှ မမျှော်လင့်ထားခဲ့ပေ။

"ဘယ်လောက်တောင် တော်တဲ့ဂိုဏ်းချုပ်လဲ။ခင်ဗျားက အနေအထိုင် ပိရိသားပဲ။ ကျော်သွားမိတော့မလို့။"

အန်လင်း အသက်ပြင်းပြင်း ရှူလိုက်သည်။

ကုန်းစွန်းကျိ မျက်လုံးပြူးသွားသည်။

"ကျုပ်တို့ ရွှမ်းချင်ဂိုဏ်းက နှစ်ထောင်နဲ့ချီအောင် လူတကာ လေးစားရတဲ့ တရားမျှတမှုဂိုဏ်းအဖြစ် ရပ်တည်လာတာကွ။ ဘာလို့ အခုလို ဖြစ်ရမှာလဲ။ သွမ့်ယန်....... မင်းအသက်ရှင်ဖို့အတွက် အလိမ်အညာတွေ ပြောနေတော့မှာလား။"

"တိတ်စမ်း........"

အန်လင်း အော်ဟစ်လိုက်သည်။

ထို့နောက် လက်အားဆန့်ထုတ်လိုက်သည်နှင့် လက်ဝါးပုံရိပ်ကြီး တစ်ခုမှာ ၎င်းအားမြေပြင်ပေါ် လဲကျသွားစေသည်။

ဗာမီလီယမ်ငှက်ကြေးမုံ၏ တိတ်ဆိတ်မှုမှာ အဖြေတစ်ခုပင် ဖြစ်သည်။

ဝုန်း....... ဝုန်း........ ဝုန်း.........

ရွှေရောင်ဟာလာပြင်လျှပ်စီးများမှာ သွမ့်ယန် လက်ညှိုးထိုးခဲ့သော အကြီးအကဲများအပေါ် ကျဆင်းလာသည်။

အော်ဟစ်သံများနှင့်အတူ အကြီးအကဲများ မီးသွေးဖြစ်သွားလေသည်။

၎င်းတို့သည် သာမန် စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများ ဖြစ်သောကြောင့် အန်လင်း၏ တိုက်ခိုက်မှုအား ခံနိုင်ရည် မရှိကြပေ။

"အန်လင်း......... ကျွန်တော် ဝန်ခံရင် လွှတ်ပေးမယ်ဆို......."

သွမ့်ယန် မျက်လုံးပြူးသွားသည်။

အန်လင်း သွမ့်ယန်အား အေးစက်ခက်ထန်စွာ ကြည့်ရှုလိုက်သည်။

"အဟက်....... ငါက ခွေးမသားတွေအပေါ်တော့ ကတိတည်လေ့ မရှိဘူးလေ။"

ထိုသို့ပြောလာလိမ့်မည်ဟု မထင်ထားသောကြောင့် သွမ့်ယန် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

ကုန်းစွန်းကျိသည် ဖြူရော်နေသော မျက်နှာဖြင့် အန်လင်းအား လက်ညှိုးထိုးလာသည်။

"အကြီးအကဲတွေက ဘာအမှားမှ မလုပ်ထားဘူး။ ဘာလို့ သူတို့ကို သတ်ပစ်ရတာလဲ။ အန်လင်း........ မင်းက မကောင်းဆိုးဝါးပဲ။"

အန်လင်း လက်ဖြောက်တစ်ချက်တီးကာ ကုန်းစွန်းကျိအား ရွှေရောင်ဟာလာပြင်လျှပ်စီး လက်ဆောင်ပေးလိုက်သည်။

ကုန်းစွန်းကျိမှာ ဘာမှမပြောနိုင်ပဲ မီးသွေးတုံးဘဝ ရောက်သွားလေသည်။

"ရွှမ်းချင်ဂိုဏ်းမှာ ခင်ဗျားလို အမှိုက်တွေ ရှိနေလို့ သွမ့်ယန်လိုလူတွေ ဖြစ်လာတာ။ မင်းရောဘယ်လိုထင်လဲ သွမ့်ယန်......."

အန်လင်း မေးမြန်းလိုက်သည်။

"ဘာလို့ အဲ့လောက်ထိ လုပ်နေရတာလဲ။ ကျွေ့ရှန်ခုံးနဲ့ ခင်ဗျားက ဘာတွေလဲ။"

သွမ့်ယန် စိတ်ဆင်းရဲစွာ မေးလာသည်။

အန်လင်း ခပ်ဖွဖွ ပြုံးလိုက်သည်။

"သူမက ငါ့သူငယ်ချင်းပဲ။"

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။"

သွမ့်ယန် မယုံကြည်နိုင် ဖြစ်သွားသည်။

ထိုအချိန်မှာပင် စွမ်းအင်တစ်ခု ခန္ဓာကိုယ်ထဲ ဝင်ရောက်လာကာ တာအိုအခြေခံအား တောက်လောင်လာစေသည်။

သွမ့်ယန် နာနာကျင်ကျင် အော်ဟစ်ရင်း နှစ်ထောင်ပေါင်းများစွာ ကျင့်ကြံခဲ့ရသော တာအိုအခြေခံမှာ တခဏအတွင်း ပျက်စီးသွားတော့သည်။

"သတ်ပစ်လိုက်ပါတော့။"

သွမ့်ယန် အော်ဟစ်လိုက်သည်။

"မင်းက သေချင်တာလား။ မင်းလိုကောင်မျိုးကို လွယ်လွယ်ပေးသေလိုက်ရင် ညှာတာလွန်းရာ ကျမှာပေါ့။"

အန်လင်း ၎င်း၏ခေါင်းပေါ် လက်တင်လိုက်သည်။

"ဘာ....... ဘာလုပ်မလို့လဲ။"

သွမ့်ယန် ထိတ်လန့်စွာ မေးလိုက်သည်။

အန်လင်း၏လက်မှ အနက်ရောင်အလင်းများ ဖြာထွက်လာသည်။

ထိုသည်မှာ သွမ့်ဟွမ်းဇီ၏ သိုလှောင်လက်စွပ်မှ ရရှိခဲ့သော ဝိဥာဥ်ဆွဲထုတ်ခြင်း ဖြစ်သည်။

သွမ့်ယန်၏ ဝိဥာဥ်မှာ ခန္ဓာကိုယ်ထဲမှ ဆွဲထုတ်ခံနေရသောကြောင့် အသက်စွမ်းအင်များ လျင်မြန်စွာ ကုန်လမ်းလာသည်။

အံ့ဖွယ်မီးတောက် လေးခုပေါ်ထွက်လာကာ ဝိဥာဥ်အား လောင်ကျွမ်းသွားစေသည်။

သွမ့်ယန်မှာ စိတ်ကူး၍ပင် မရလောက်သော နာကျင်မှုကို ခံစားလိုက်ရသည်။ ထိုနာကျင်မှုသည် သေဆုံးရသည်ထက်ပင် ဆိုးရွားသေးသည်။

"သတ်လိုက်ပါ။ တောင်းပန်ပါတယ်...... သတ်လိုက်ပါတော့။"

သွမ့်ယန် ငိုကြွေးကာ တောင်းပန်နေသည်။

အန်လင်းသည် ၎င်းအား လွှတ်ပေးရန် အစီအစဥ် မရှိပဲ အံ့ဖွယ်မီးတောက်များနှင့် ဆက်လက်လောင်ကျွမ်းနေစေသည်။

စောင့်ကြည့်နေသူ အချို့သည် အလွန်ကြောက်ရွံ့နေသလို အချို့မှာမူ အားပေးနေကြသည်။

ရွှမ်းချင်ဂိုဏ်း၏ ဂိုဏ်းချုပ်သစ် ဝိဥာဥ်မှာ အားလုံးရှေ့တွင်ပင် ပြာကျသွားရသည်။

ပတ်ဝန်းကျင် တစ်ခုလုံး ငြိမ်သက်သွားသည်။

အန်လင်း မျက်လုံးပိတ်ကာ သက်ပြင်းတစ်ချက် ချလိုက်သည်။

သူသည် တည်ငြိမ်စွာပင် လူတိုင်းကိုကြည့်ကာ ပြောလိုက်သည်။

"ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေက စုကျိုးအင်မော်တယ်ဂိုဏ်းရဲ့ ဆုံးဖြတ်ချက်ပဲ။ မကျေနပ်တဲ့သူရှိရင် စုကျိုးအင်မော်တယ်ဂိုဏ်းကို လာပြောလို့ရတယ်။"

သူသည် ခွေးဖြူကြီးအားစီးကာ ထိုနေရာမှ ထွက်လာခဲ့သည်။

သူ့အား မည်သူကမှ မတားရဲကြပေ။

အားလုံးသည် တိမ်တိုက်များကြား ပျောက်ကွယ်သွားသော အန်လင်းကို ကြည့်နေကြသည်။

၎င်းတို့၏ ရင်ထဲတွင် ဒဏ္ဍာရီဆန်သော ထိုသူရဲကောင်းအား တသက်မေ့နိုင်တော့မည် မဟုတ်ပေ။

All Chapters