← Chapters

နေသစ်ပင်၏စောင့်ရှောက်သူနှင့်ပက်သတ်သောသဲလွန်စ

Vol. 66 Ch. 920

နေသစ်ပင်၏စောင့်ရှောက်သူနှင့်ပက်သတ်သောသဲလွန်စ

Vol. 66 Ch. 920

ဟုန်းဖန်မြို့တော်သည် တောင်ပိုင်းကောင်းကင်တောင်ပံနိုင်ငံတော်၏ မြောက်ဘက်ပိုင်းတွင်ရှိသော မြို့ကြီးတစ်ခုဖြစ်ကာ ဗာမီလီယမ်ငှက်ဂိုဏ်းထက်ပင် ဧရိယာ ပိုမိုကြီးမားသည်။

အန်လင်းသည် ကောင်းကင်ထက်တွင် ပျံသန်းကာ အရောင်စုံသော ငှက်ပေါင်းများစွာကို ကြည့်ရှုနေသည်။

အချိူ့သည် အစုအဖွဲ့နှင့်ဖြစ်ကာ အချို့မှာ တကိုယ်တော်ဖြစ်ပြီး လှပသော အတောင်များအား ဖြန့်ကားထားကြသည်။

ငှက်များ၏ အော်သံများမှာလည်း ငြိမ့်ငြောင်းသော ဂီတသံစဥ် တစ်ခုကဲ့သို့ နားဝင်ပီယံ ရှိစေသည်။

"ဒီငှက်တွေက တော်တော်တက်ကြွတာပဲ။"

အပြာရောင် စာကလေးငှက်တစ်ကောင်မှာ မော်ကြွားနေဟန်ဖြင့် အန်လင်းအား ဖြတ်ပျံသွားသည်။

ဤနေရာတွင် သက်ရှိများအားလုံး မောက်မာကြသည်မှာ ပုံမှန်ပင် ဖြစ်သည်။

အန်လင်းနှင့် ရွှယ်ကျန်ထျန်းမှာ ဟုန်းဖန်မြို့တော်၏ လမ်းများထဲ လျှောက်လှမ်းလာခဲ့သည်။

"ဟမ့်....... ဒီကောင်တွေက ကိုယ့်ကိုယ်ကို ဆရာ့ဆရာကြီး ထင်နေကြတာ။ တကယ်တော့ ဖွတ်ကျားတွေပါ။ စိတ်ဝိဥာဥ်ပျိုးထောင်ခြင်း အဆင့်ကတောင် လာအထင်သေးနေသေးတယ်။ မသတ်ပစ်လိုက်တာကံကောင်း......"

ရွှယ်ကျန်ထျန်း အံကြိတ်ကာ ပြောလိုက်သည်။ အန်လင်းသာ မတားထားပါက ၎င်းတို့အား သတ်ပစ်ပြီးလောက်ပြီပင်။

"ကောင်းပါပြီ။ မင်းတစ်ယောက်ပဲ အထင်သေးခံရတာမှ မဟုတ်တာ။"

အန်လင်း ပြုံးကာပြောလိုက်သည်။

"တောင်ပိုင်းကောင်းကင်တောင်ပံနိုင်ငံတော်ကို ရောက်လာတဲ့သူတွေကို ဒီကငှက်တွေ အထင်မကြီးကြဘူး။"

"သူတို့ကိုယ်သူတို့ ဘာထင်နေကြတာလဲ။ သူတို့မှာ အတောင်ပါသလို ကျုပ်မှာလည်းပါတယ်။ သူတို့အမွေးရှိသလို ကျုပ်မှာလည်း ရှိပါတယ်။"

ရွှယ်ကျန်ထျန်း မကျေမနပ် ဖြစ်နေသည်။

ထိုအချိန်တွင် ဇီးကွက်ကြီးတစ်ကောင်မှာ ရွှယ်ကျန်ထျန်းအားကြည့်ကာ မှတ်ချက်ပြုလိုက်သည်။

"ဟမ့်....... ပိစိလေးပါလား။"

အန်လင်း : "..........."

"ယီးလား။"

ရွှယ်ကျန်ထျန်း ဒေါသထွက်ကာ တိုက်ခိုက်တော့မည့် အချိန်မှာပင် အန်လင်းမှ ကောက်ချီလိုက်သည်။

"သခင်...... ဘာလို့တားနေတာလဲ။ အဲ့ကောင်က ပညာပေးမှ ရတော့မှာ။"

ရွှယ်ကျန်ထျန်း ရုန်းကန်အော်ဟစ်နေသည်။

"ကိုယ့်ကိုယ်ကို ထိန်းစမ်းပါ။ ငါတို့က ယဥ်ကျေးမှုရှိတဲ့ လူတွေလေ။ နားလည်လား။"

အန်လင်းမှာ ရွှယ်ကျန်ထျန်းအားချီကာ ဆက်လက်ထွက်ခွာလာသည်။

အဆောက်အဦးများအားလုံးမှာ သစ်သားများဖြင့် ဆောက်လုပ်ထားခြင်းဖြစ်ပြီး အချို့ဆိုလျှင် သစ်ကိုင်းများ ယှက်နွယ်ကာ သစ်လုံးအိမ်အဖြစ် တည်ဆောက်ထားကြသည်။

ထိုသစ်လုံးအိမ်များတွင် အမြစ်မရှိကြပေ။

၎င်းတို့အား ကြည့်ရသည်မှာ ကြီးမားလှသော ငှက်သိုက်များလိုပင်။

ထိုငှက်သိုက်များပေါ်တွင် ရောင်းချမည့် ပစ္စည်းများကိုလည်း တင်ထားတတ်ကြသည်။ အများစုမှာ ကောင်းကင်နှင့်မြေပြင်၏ အဆီအနှစ်အား စုဆောင်းထားသော ဆေးပင်နှင့် သစ်သီးကဲ့သို့ သဘာဝထုတ်ကုန်များ ဖြစ်သည်။

ထိုက်ချူကုန်းမြေ တခွင်လုံးတွင် တောင်ပိုင်းကောင်းကင်တောင်ပံနိုင်ငံတော်သည် အင်မော်တယ်သစ်သီး အထွက်အများဆုံးဟု ဆိုနိုင်သည်။

နိုင်ငံတဝှမ်း သစ်ပင်များစွာ ရှိနေသောကြောင့် ထိုကဲ့သို့ ထုတ်လုပ်ရောင်းချနိုင်ခြင်းပင်။

သစ်သီးများသည် အလွန်အရသာရှိပုံ ပေါ်ပါသော်လည်း အန်လင်းမှာ ထိုအတွက် ရောက်ရှိလာခြင်း မဟုတ်ပေ။

အန်လင်းတို့မှာ မြို့ထဲလျှောက်လာရင်း ထူးဆန်းသော အိမ်တစ်လုံးရှေ့ ရောက်လာသည်။ ထိုအိမ်သည် ပင်စည်တစ်ခုဖြစ်ကာ ချီကျောက်တုံးတစ်ခု ပစ်ထည့်မှသာ ပွင့်လာပေလိမ့်မည်။

အန်လင်း ချက်ချင်းပင် ချီကျောက်တုံးတစ်တုံး ပစ်ထည့်လိုက်သည်။

သူဋ္ဌေးကြီး အန်လင်းအတွက် ထိုပမာဏမှာ ဘာမှမဟုတ်ပေ။

"ကောင်းကင်ဘုံ ဗဟုသုတအိမ်တော်ကနေ ကြိုဆိုပါတယ်။"

အမှောင်ထုထဲတွင် ရှိနေသော ကျီးကန်းနက်မှ စကားဆိုလိုက်သည်။

ထိုကျီးကန်းသည် လူတစ်ဦးအရွယ်ရှိကာ သစ်သားခုံပေါ် ထိုင်နေလေသည်။ အိမ်တော်အပြင်အဆင်မှာ အနည်းငယ် မှေးမှိန်နေပြီး အဝါရောင်မီးဆောက်များ လောင်ကျွမ်းနေသည်။

"မင်းက တောင်ပိုင်းကောင်းကင်တောင်ပံနိုင်ငံတော်ရဲ့ မသိတာမရှိတဲ့ ကျီးကန်းလား။"

အန်လင်း မေးမြန်းလိုက်သည်။

ကျီးကန်းကြီး ရယ်မောလာသည်။

"ဟုတ်တယ်။ ငါက မသိတာ မရှိတဲ့ ကျီးကန်းပဲ။ ပိုက်ဆံသာ လုံလုံလောက်လောက်ပေးရင် အကုန်ဖြစ်စေရမယ်။"

"ကောင်းပြီ။"

အန်လင်း ခပ်ဖွဖွ ပြုံးလိုက်သည်။

"နေသစ်ပင်ရဲ့ စောင့်ရှောက်သူအကြောင်း သိချင်တယ်။"

ကျီးကန်းနက်မှာ ပါးစပ်အဟောင်းသားဖြစ်ကာ မျက်လုံးပြူးသွားရသည်။

"နေသစ်ပင်ရဲ့ စောင့်ရှောက်သူက တောင်ပိုင်းကောင်းကင်တောင်ပံနိုင်ငံတော်က အဆန်းကြယ်ဆုံးသူပဲ။ ဘာလို့ သူ့အကြောင်း သိချင်ရတာလဲ။"

"အဲ့လို ဆန်းကြယ်လို့ကို သိချင်တာလေ။"

အန်လင်း ပြုံးကာပြောလိုက်သည်။

ကျီးကန်းနက် တုံ့ပြန်လာသည်။

"နေသစ်ပင်ရဲ့ စောင့်ရှောက်သူအကြောင်း ငါတောင်သိပ်မသိဘူး။"

ရွှယ်ကျန်ထျန်း နှာခေါင်းရှုံ့လိုက်သည်။

"အဲ့ဒါနဲ့များ မသိတဲ့မရှိတဲ့ ကျီးကန်းလို့ ခေါ်နေသေးတယ်။"

ဝုန်း.......

ကြောက်မက်ဖွယ် စွမ်းအင်များ ဖြာထွက်လာသည်။

ကျီးကန်းနက်၏ အရှိန်အဝါများ ပေါက်ကွဲထွက်ပေါ်လာလေသည်။

ရွှယ်ကျန်ထျန်း ထိတ်လန့်ကာ အန်လင်း ရင်ခွင်ထဲ တိုးဝင်လိုက်သည်။

သာမန်ဆန်သော ထိုကျီးကန်းသည် ဟင်းလင်းပြင်သို့အပြန် အလယ်အလယ်အဆင့်၏ အထွဋ်အထိပ်သို့ ရောက်နေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

ကျီးကန်းနက်မှာ အန်လင်းအား စူးစိုက်ကြည့်ရှုလိုက်သည်။

"ထွက်သွားချင်ထွက်သွား........ ငါ့အရည်အချင်းကိုတော့ သံသယ လာမဖြစ်နဲ့။"

၎င်း၏ဆိုလိုရင်းမှာ ရှင်းလင်းလွန်းလှသည်။

"မင်းသိသမျှပြောပြလေ။"

အန်လင်းမှာ နေသစ်ပင်၏ စောင့်ရှောက်သူနှင့်ပက်သတ်၍ သတင်းအချက်အလက်များ လိုအပ်နေသည်။

"အင်း.......အများကြီးတော့ မသိဘူး။ ဒါပေမယ့် ငါရထားတဲ့ သတင်းအချက်အလက်က တန်ဖိုးရှိတယ်။ စိတ်ဝိဥာဥ်ကျောက်တုံး သုံးသိန်းလောက်တန်တယ်။"

ကျီးကန်းနက် စကားဆိုလိုက်သည်။

အန်လင်းမှာ မည်သည့်စကားမှ မဆိုပဲ စိတ်ဝိဥာဥ်ကျောက်တုံးများ ထုတ်ပေးလိုက်သည်။

"မင်းနဲ့ စီးပွားရေး လုပ်ရတာ ဝမ်းသာပါတယ်။"

ကျီးကန်းနက် ရယ်မောလိုက်သည်။ အမှောင်ထုထဲမှ ကျီးကန်းငယ်များမှာလည်း ပြုံးရွှင်နေလေသည်။

"နေသစ်ပင်ရဲ့ စောင့်ရှောက်သူနေရာကို ဗာမီလီယမ်ငှက် မျိုးနွယ်စုက အသန့်စင်ဆုံး သွေးဆက်ရှိတဲ့သူက ဆက်ခံရတာ။ သူက နေသစ်ပင်ရဲ့ ထိပ်ဆုံးမှာနေပြီး ဟင်းလင်းပြင်သို့အပြန် အထွဋ်အထိပ်အဆင့် ရှိတယ်။ သူ့ရဲ့ နယ်ပယ်ထုတ်လိုက်ရင် ကီလိုမီတာ တစ်ရာလောက်ကို ပြာချပစ်နိုင်တယ်တဲ့။ မိသားစုကတော့ မောင်လား၊ အစ်ကိုလား တစ်ယောက်ရှိတယ် ကြားမိတယ်။"

"အဲ့သူက လက်ရှိ ဗာမီလီယမ်ငှက် မျိုးနွယ်စုခေါင်းဆောင်လေ။ တောင်ပိုင်းကောင်းကင်တောင်ပံနိုင်ငံတော်ရဲ့ အသန်မာဆုံး ကျင့်ကြံသူ အမတနေနတ်ဘုရားပေါ့။"

"အမတနေနတ်ဘုရားက ဒီနိုင်ငံထဲမှာ ရှိမနေပေမယ့် နေသစ်ပင်ရဲ့ စောင့်ရှောက်သူကို တစ်ခုခု လုပ်ချင်ရင်တော့ နှစ်ခါပြန် စဥ်းစားသင့်တယ်။"

အန်လင်းမှာ အမူအရာ လေးနက်သွားသည်။ ထိုသတင်းအချက်အလက်များမှာ အရေးပါလှသည်။

သို့သော် သူ့ထံတွင် အတည်ပြုစရာတစ်ခု ရှိနေသည်။

"ငါသိတာတော့ ဒါအကုန်ပဲ။ နေသစ်ပင်ရဲ့ စောင့်ရှောက်သူက ပဟေဠိ ဆန်လွန်းလို့ ဒီသတင်းတွေကိုတောင် မနည်းယူထားရတာ။"

ကျီးကန်းနက် သက်ပြင်းချလိုက်သည်။

"ငါ့မှာ မေးစရာရှိတယ်။ နေသစ်ပင်ရဲ့ စောင့်ရှောက်သူက ယောက်ျားလား၊ မိန်းမလား။"

အန်လင်း လေးလေးနက်နက် မေးလိုက်သည်။

ကျီးကန်းနက် ကြောင်တောင်တောင် ဖြစ်သွားသည်။

"အဲ့ဒါ အရေးကြီးလို့လား။"

"အရမ်းအရေးကြီးတယ်။"

အန်လင်း ခေါင်းညိတ်ပြလိုက်သည်။

နေသစ်ပင်ရဲ့ စောင့်ရှောက်သူကို နမ်းရမှာလေ......

အထီးကြီးသာ ဆိုရင်တော့.........

အား.........

"နေသစ်ပင်ရဲ့ စောင့်ရှောက်သူက မိန်းကလေးပါ။"

ကျီးကန်းနက် အတည်ပြုလိုက်သည်။

အန်လင်း စိတ်သက်သာရာရကာ သက်ပြင်းချလိုက်သည်။

"ကျေးဇူးပါ။"

အန်လင်း အရိုအသေ ပေးလိုက်သည်။

ကျီးကန်းနက် နားမလည်နိုင် ဖြစ်သွားရသည်။

သူကဘာတွေပျော်နေတာလဲ........

ဘာပျော်စရာ ရှိလို့လဲ........

All Chapters