လှပသောနေသစ်ပင်
Vol. 66 Ch. 921
အန်လင်းသည် ရွှယ်ကျန်ထျန်းအားချီကာ ကောင်းကင်ဘုံ ဗဟုသုတ အိမ်တော်မှ ထွက်လာခဲ့သည်။
၎င်းတို့သည် တောင်ပိုင်းကောင်းကင်တောင်ပံနိုင်ငံတော်၏ ဗဟိုဒေသတွင်ရှိသော နေသစ်ပင်ထံ သွားကြမည်ပင်။
တောင်ပိုင်းကောင်းကင်တောင်ပံနိုင်ငံတော်ရှိ နေသစ်ပင်သည် ကိုးပြည်ထောင်၏ ကောင်းကင်ဘုံခုံရုံးနှင့် အဆင့်ချင်း တူညီသည်။ နေသစ်ပင်သည် တောင်ပိုင်းကောင်းကင်တောင်ပံနိုင်ငံတော်၏ အဆင့်အတန်း အမြင့်ဆုံး နေရာတစ်ခု ဖြစ်သည်။
နေသစ်ပင်သည် ကောင်းကင်ဘုံခုံရုံးထက် အနည်းငယ် အင်အားနည်းပြီး ဒဏ္ဍာရီလာသားရဲ သုံးကောင်ရှိသည်။ ၎င်းတို့ထဲမှ တစ်ဦးမှာ နေသစ်ပင် စောင့်ရှောက်သူ၏ အစ်ကိုဖြစ်သော အမတနေနတ်ဘုရားပင်။
အမတနေနတ်ဘုရားသည် ကိစ္စအချို့ကြောင့် တောင်ပိုင်းကောင်းကင်တောင်ပံနိုင်ငံတော်မှ ထွက်ခွာသွားသည့်အတွက် စိုးရိမ်နေစရာ မရှိပေ။ အမတနေနတ်ဘုရားသာ ရှိနေပါက အန်လင်း၏ အစီအစဥ်မှာ အကောင်အထည်ဖော်ရန် ခက်ခဲနိုင်သည်။
နေသစ်ပင်၏ စောင့်ရှောက်သူကသာ မကျေမနပ် ဖြစ်ခဲ့လျှင် သူ့အနေဖြင့် ကောင်းကင်ဘုံခုံရုံးသို့ပင် ပြန်သွားနိုင်တော့မည် မဟုတ်ပေ။
မည်သို့ပင်ဆိုစေကာမူ ကံကောင်းထောက်မစွာဖြင့် အမတနေနတ်ဘုရား ရှိမနေပေ။
ဒုတိယမြောက် ဒဏ္ဍာရီလာသားရဲမှာ ခွမ်းဖန် ဖြစ်သည်။ ခွမ်းဖန်သည် ခရီးသွားလာရသည်ကို နှစ်သက်သောကြောင့် တောင်ပိုင်းကောင်းကင်တောင်ပံနိုင်ငံတော်တွင် ရှိမနေလောက်ပေ။
တတိယမြောက် ဒဏ္ဍာရီလာသားရဲမှာမူ ကိုးရောင်ခြယ် အံ့ဖွယ်ဗာမီလီယမ်ငှက် ဖြစ်သည်။ ဒဏ္ဍာရီလာသားရဲ သုံးကောင်တွင် ၎င်းသည် နေသစ်ပင်၌ အနေထိုင်ဆုံးဟုလည်း ဆိုနိုင်သည်။ တောင်ပိုင်းကောင်းကင်တောင်ပံနိုင်ငံတော်၏ အခြားသားရဲများမှာ ၎င်းအား နေသစ်ပင်၏ ဒုတိယ စောင့်ရှောက်သူဟု ခေါ်ဆိုကြသည်။
ကိုးရောင်ခြယ် အံ့ဖွယ်ဗာမီလီယမ်ငှက်သည် သူ၏အစီအစဥ်အတွက် အခက်အခဲတစ်ခု ဖြဝ်လာလိမ့်မည်ဟု အန်လင်း ကောက်ချက်ချမိသည်။
ဘာမှမဖြစ်လောက်ပါဘူး.......... နေသစ်ပင်ရဲ့ စောင့်ရှောက်သူကို နမ်းရုံလေးပဲဟာ..........
အဲ့ဒဏ္ဍာရီလာသားရဲက စိတ်ထဲမထားလောက်ပါဘူး......... ဟုတ်တယ်မလား...........
သူသည် တွေးတောနေရင်း အုတ်ခဲနက်အား စီးနင်းလိုက်သည်။
နေသစ်ပင်၏ စောင့်ရှောက်သူအား ချည်းကပ်ရန်မှာ ပြဿနာတစ်ခု ဖြစ်သည်။ ငှက်တစ်ကောင်အား နမ်းရမည်မှာလည်း ပြဿနာပင်။ သူသည် စိတ်ပိုင်းဆိုင်ရာ အတားအဆီးကိုပါ ကျော်လွန်ရန် လိုအပ်သည်။
ထိုသည်မှာ ကြက်တစ်ကောင်အားနမ်းရန် ပြောခံရသလိုပင်။
ထို့အပြင် ဖိအားပေးကာ နမ်းသင့်သည်လော သို့မဟုတ် ဆက်ဆံရေးတစ်ခုအား အရင်တည်ဆောက်သင့်သည်လော မသေချာပေ။
ဆက်ဆံရေး တည်ဆောက်ရမည်ဆိုလျှင် တစ်လနှင့် လောက်ပါမည်လော။
ဖိအားပေးကာ နမ်းရမည်ဆိုလျှင်လည်း ဖြစ်လာနိုင်မည့် နောက်ဆက်တွဲများအား မည်သို့ရှောင်ရမည်နည်း။
သို့မဟုတ် အခြားနည်းလမ်းတစ်ခု သုံးရမည်လော။
အန်လင်း ကောင်းကင်အားကြည့်ကာ သက်ပြင်းချလိုက်သည်။
သူသည် ထိုတာဝန်အား အလွန်ခက်ခဲသည်ဟု ခံစားမိသည်။
တကယ်ခက်တာပဲ..........
"အများကြီး တွေးမနေပါနဲ့။ အားလုံး သူ့ဟာနဲ့သူ ဖြစ်သွားမှာပါ။ ရေလိုက်ငါးလိုက်ပဲ နေလိုက်....... အံ့သြစရာတွေ ကြုံရင်လည်း ကြုံလာရမှာပေါ့။"
ရွှယ်ကျန်ထျန်း နှစ်သိမ့်ပေးလိုက်သည်။
အန်လင်း ပြုံးကာခေါင်းညိတ်ပြလိုက်သည်။
"ထျန်းလေးတောင်မှ နွေးထွေးတတ်လာပြီပဲ။ တကယ်ကောင်းတယ်။"
ရွှယ်ကျန်ထျန်း ချစ်စဖွယ်ကောင်းစွာ ပြုံးပြလာသည်။
သူသည် အန်လင်း လုပ်ဆောင်မည့် အရာအား သိရှိထားသည်။
ထိုသည်မှာ နေသစ်ပင်၏ စောင့်ရှောက်သူအား အနမ်းပေးရန်ပင်။
ထို့ကြောင့် သူသည်လည်း မှတ်တမ်းတင်ကျောက်တုံးအား အသင့်ပြင်ထားလေသည်။
နောင်တစ်ချိန်တွင် သခင်အား ခြိမ်းခြောက်နိုင်မည့် ဝှက်ဖဲ ဖြစ်လာနိုင်သည်။
ထိုမှတ်တမ်းရှိနေပါက သခင်မှာ သူ့အားရိုက်နှက်ရဲတော့မည် မဟုတ်ပေ။
အန်လင်းမှ ဆူပူလာပါက ထိုကျောက်အား စုရှောင်လန်ထံ ပေးလိုက်ရုံသာ။
တောင်ပိုင်းကောင်းကင်တောင်ပံနိုင်ငံတော်၏ အားနည်းချက်မှာ နေရာပြောင်း အစီအရင် အကြီးစားများ မရှိခြင်းပင်။
ထိုသည်မှာ ငှက်များ၏ ဋ္ဌာနေဖြစ်နေသောကြောင့်လည်း ဖြစ်နိုင်သည်။
ငှက်များသည် ၎င်းတို့၏ အတောင်ပံအား ဂုဏ်ယူကြသောကြောင့် နေရာပြောင်း အစီအရင်များကို အသုံးမပြုကြပေ။
သို့သော် လာရောက်လည်ပတ်သူများအတွက် အဆင်မပြေလှပေ။ စိတ်ဝိဥာဥ်ပျိုးထောင်ခြင်း အဆင့်သို့ မရောက်သေးသူများဆိုလျှင် တောင်ပိုင်းကောင်းကင်တောင်ပံနိုင်ငံတော်သို့လာရန် တွေးပင်မတွေးရဲလောက်ပေ။
တောင်တန်းအထပ်ထပ်၊ သားရဲအမျိုးမျိုး ရှိနေသော နေရာတွင် နေသစ်ပင်ထံ လမ်းလျှောက်သွားရမည့် အရေးမှာ မတွေးရဲစရာပင်။
အန်လင်းအတွက်မူ အုတ်ခဲနက် စီးသွားရုံသာ ဖြစ်သောကြောင့် အခက်အခဲ မရှိပေ။
နှစ်ရက်မျှ ခရီးဆက်လာပြီးနောက် ၎င်းတို့မှာ အကန့်အသတ်မဲ့သော မြက်ခင်းပြင်တစ်ခုထံ ရောက်လာကြသည်။
မြက်ခင်းပြင်သည် မျက်စိတဆုံး ကျယ်ဝန်းကာ အသက်စွမ်းအင်များဖြင့် ပြည့်နှက်နေသည်။
မြက်ခင်းပြင် တစ်နေရာတွင် သစ်ပင်ကြီးတစ်ပင် ရှိနေလေသည်။
"နေသစ်ပင်ကို တွေ့ရပြီပေါ့။"
အန်လင်း ခပ်ဖွဖွ ပြုံးလိုက်သည်။
"တော်တော်ကြီးပြီး တော်တော်ရှည်တာပဲ။"
ရွှယ်ကျန်ထျန်း မျက်လုံးပြူးသွားရသည်။
နေသစ်ပင်သည် ကောင်းကင်နှင့်မြေပြင်ကို ဆက်သွယ်ပေးထားသော တံတားတစ်စင်းလို တိမ်စိုင်များကြား ထိုးဖောက်နေသည်။
သစ်ကိုင်းများ ကွဲထွက်ကာ ကျွန်းမျောများကဲ့သို့လည်း ဖြစ်နေလေသည်။ အောက်ဆုံးရှိ သစ်ကိုင်းကြီးမှာ အကြီးဆုံးဖြစ်ကာ ငါးဆယ်ကီလိုမီတာမျှရှိပြီး အပေါ်သို့ရောက်လေ သေးငယ်သွားလေပင်။
"နေသစ်ပင်မှာ အဆင့်ကိုးဆင့်ရှိတယ်။ ငါတို့လို သာမန်လူတွေက ခြောက်ဆင့်မြောက်ထိပဲ တက်လို့ရမှာ။ နောက်သုံးဆင့်ကို တက်နိုင်ဖို့ မလွယ်ဘူး။"
အန်လင်း စကားဆိုလိုက်သည်။
ရွှယ်ကျန်ထျန်း စိတ်လှုပ်ရှားနေသည်။
"သခင်....... ဒီနေသစ်ပင်ကြီး တစ်ခုလုံးကို မြင်ဖူးချင်လိုက်တာ။ အရမ်းလှတာပဲ။"
နေသစ်ပင်မှာ အမှန်တကယ် လှပလွန်းသည်။
သစ်ရွက်များ၏ အလှတရားမှာ အံ့အားသင့်စရာပင်။
အဆင့်တစ်ခုချင်းစီရှိ သစ်ရွက်အရောင်များမှာ ကွဲပြားနေသောကြောင့် သက်တံ့တစ်ခုအား ကြည့်နေရသလို လှရက်နိုင်လွန်းသည်။
အနိမ့်ဆုံး အဆင့်ရှိ သစ်ရွက်များမှာ အစိမ်းနုရောင်ဖြစ်ကာ သက်ရှိစွမ်းအင်အား မြင်ယောင်စေသည်။
ဒုတိယအဆင့်သည် လိမ္မော်ရောင်ဖြစ်ပြီး လှပသော ကျောက်စိမ်းဝါအား အမှတ်ရစေသည်။
တတိယအဆင့်သည် ရွှေရောင်ဖြစ်ကာ တော်ဝင်ဆန်လွန်းလှသည်။
စတုတ္ထအဆင့်တွင် မီးပင်လယ်နှင့်တူသော နီနီရဲရဲ သစ်ရွက်များ ရှိနေသည်။
ပဉ္စမအဆင့်ရှိ သစ်ရွက်များမှာ သမုဒ္ဒရာသဖွယ် ပြာလဲ့နေလေသည်။
ဆဋ္ဌမအဆင့်ရှိ သစ်ရွက်များမှာ ဉာဥ့်ကောင်းကင်ယံတွင် တွေ့ရတတ်သော ရောင်စဥ်များလို ခရမ်းရင့်ရောင် သမ်းနေ၏။
အပေါ်ဆုံးတွင်ရှိသော အဆင့်သုံးဆင့်ကိုမူ တိမ်တိုက်ဖြူများမှ ဖုံးလွှမ်းထားသည်။
နေသစ်ပင်၏ မြင်ကွင်းမှာ အိပ်မက်ဆန်လွန်းလှသည်။
အန်လင်းတို့မှာ နေသစ်ပင်နား ရောက်ရှိလာကြသည်။
နေသစ်ပင်သည် မျှော်လင့်ချက်နှင့် ဘဝအား ကိုယ်စားပြုသော မြင့်မြတ်သည့် အရာတစ်ခု ဖြစ်သည်။
"ဒီနေရာမှာ ပျံသန်းခွင့် မရှိဘူး။ ခြေလျင်ပဲ သွားကြတာပေါ့။"
အန်လင်းမှာ မြေပြင်ပေါ် ဖြည်းညင်းစွာ ဆင်းသက်လိုက်သည်။
နေသစ်ပင်အနီးတွင် ပျံသန်းခွင့် မရှိပေ။ လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင်ခန့်က အင်မော်တယ်သားရဲ နှစ်ကောင်သည် တိုက်ခိုက်နေရင်း နေသစ်ပင်အား ဝင်တိုက်မိဖူးသည်။ ထိုအချိန်တွင် နေသစ်ပင်ထံမှာအလင်းများ ထွက်ပေါ်လာကာ ၎င်းတို့အား ပြာချပစ်ခဲ့လေသည်။
ကန့်သတ်ထားသော ဧရိယာအတွင်း ပျံသန်းခဲ့ပါက အပြစ်ဒဏ်အား ခံစားရမည်ပင်။
အန်လင်းတို့မှာ မြေပြင်ပေါ် ရောက်သည်နှင့် ပြေးလွှားလိုက်ကြပြီး မကြာမီပင် ပင်စည်ကြီး တစ်ခုနား ရောက်ရှိလာသည်။
ထိုနေရာတွင် ငှက်ပေါင်းများစွာလည်း ရှိနေကြသည်။
အန်လင်းနှင့် ရွှယ်ကျန်ထျန်းတို့မှာလည်း နေသစ်ပင်၏ ပထမအဆင့်သို့သွားရန် ပြင်ဆင်လိုက်ကြသည်။