← Chapters

ကျိုးပျက်ကမ္ဘာ၏ လေးလွှာမြောက်ကို ဖွင့်လှစ်ခြင်း

Vol. 51 Ch. 707

ကျိုးပျက်ကမ္ဘာ၏ လေးလွှာမြောက်ကို ဖွင့်လှစ်ခြင်း

Vol. 51 Ch. 707

စုကျီအန်းက ဦးညွှတ်လိုက်ပြီး  “ ကျုပ်တို့ လေးယောက်လုံးက တျန်းဂျီဂိုဏ်းက ဖြစ်ပြီးတော့ ကျုပ်နာမည်က စုကျီအန်းပါ။  တျန်းဂျီဂိုဏ်းမှာတုန်းက အကြီးအကဲ တစ်ယောက်ပါ ”

ထို့နောက် စုကျီအန်းက ခပ်ကြမ်းကြမ်း သွင်ပြင်ရှိသည့် အမျိုးသားကို ညွှန်ပြလိုက်ပြီး “ သူကတော့ လုမင်ပါ။ သူက အလုပ်တာဝန် ခန်းမရဲ့ တာဝန်ခံ တစ်ယောက်ပါ။ လုမင်ရဲ့ နောက်က နှစ်ယောက်က တျန်းဂျီဂိုဏ်းသားတွေ ဖြစ်တဲ့ ဟိုင်ကျန်းကွေ့နဲ့ ဖန်ဝါပါ … ”

မိုဝူကျိက ဝမ်းမြောက်မိသွားသည်။ သူက တျန်းဂျီဂိုဏ်းကို ကိုယ်တိုင် တည်ထောင်မည့် အတွေးကို စွန့်ပစ်လိုက်သော်လည်း သူက ကျင့်ကြံခြင်းလောကမှ တျန်းဂျီဂိုဏ်းချုပ် ဖြစ်နေသေး၏။ သူက တျန်းဂျီဂိုဏ်းနှင့် ပတ်သတ်လာလျှင် စိတ်ခံစားချက်များ ပြင်းထန်ပေသည်။

စုကျီအန်းသည် အင်မော်တယ် အုပ်စိုးသူ နောက်ဆုံးအဆင့် ဖြစ်နသည့် အချက်ကို ထည့်မပြောလျှင်ပင် လုမင်ပင်  အင်မော်တယ်ဘုရင် အလယ်အလတ်အဆင့် ရောက်ရှိနေပြီ ဖြစ်၏။ ဟိုင်ကျန်းဟွေ့မှာ မိန်းကလေး ဖြစ်သော်လည်း သူမ ပါရမီကား အတော်လေး အံ့ဩဖို့ ကောင်းလှပြီး မဟာလော့ရှန်း နောက်ပိုင်းအဆင့် ရောက်ရှိနေလေပြီ။ ထို့အပြင် မဟာလော့ရှန်း နောက်ပိုင်းအဆင့်နှင့် အင်မော်တယ်ဘုရင်အဆင့်ကြားတွင် ခြားနားချက် မရှိပေ။ သူ့တွင် အင်မော်တယ်ဘုရင် ဆေးလုံး ရှိနေသည် မဟုတ်ပါလော။

အငယ်ဆုံးလေး ဖန်ဝါမှာ ရွမ်ရှန်း နောက်ပိုင်းအဆင့် ရောက်ရှိနေပြီး ဖန်ဝါက ပိန်ပါးပါးဖြင့် နာမကျန်းဖြစ်နေဟန် ပေါ်၏။ သူ့နောက်ကျောတွင် သစ်သားဓားတစ်လက် ရှိနေ၏။  မိုဝူကျိက ဤဖန်ဝါမှာ အလားအလာ အကောင်းဆုံး ဖြစ်ကြောင်း ခံစားမိလိုက်သည်။ ဤသို့သော ဓားအကျဉ်းထောင်မျိုး၌ပင် သူက ဓားအငွေ့အသက် အနည်းငယ် ထုတ်လွှင့်နိုင်နေသေး၏။ သူက အခြားလူများနှင့် ကွဲပြားနေကြောင်း သိသာလှသည်။ တစ်ခြားလူများက သူတို့အသက်ကို ကာကွယ်ရုံသာ တတ်နိုင်ကြသော်လည်း သူက ဤနေရာ၌ ဓားစွမ်းအင်မှ ဉာဏ်အလင်း ပွင့်လာအောင် လုပ်ဆောင်နိုင်ခဲ့သည်။

မိုဝူကျိက ချာလွေ့ကို ကြည့်လိုက်သည်။ ချာလွေ့မှာ ဧကရာဇ် တပိုင်းအဆင့် ဖြစ်ပြီး သူ့တွင် သူရဲကောင်းဆန်ဆန် သွင်ပြင် ပိုင်ဆိုင်ထား၏။ တူညီလှစွာ သူလည်း အလွန်ပိန်လှီနေပေသည်။ ဓားအကျဉ်းထောင်လို နေရာမျိုး၌ အသက်ရှင်နိုင်သည်က အံ့ဩဖို့ ကောင်းနေပြီ ဖြစ်၏။ ပိန်လှီခြင်းမှာ အားလုံး ရှိကြသည့် တူညီချက်ပင် ဖြစ်နေသည်။

“ ဂိုဏ်းချုပ်မို ကျုပ်နာမည်က ချာလွေ့ပါ။ ကျုပ်က မဟာဓားလမ်းစဉ်ဂိုဏ်းရဲ့ တပည့်တစ်ယောက်ကို သတ်မိလိုက်လို့။ မဟာဓားလမ်းစဉ်ဂိုဏ်းရဲ့ အင်မော်တယ် ဧကရာဇ်တစ်ယောက်က ကျုပ်ကို ဖမ်းပြီးတော့ ဓားအကျဉ်းထောင်ထဲ ထည့်လိုက်တာပါပဲ …” ဝမ်ချာလွေ့က  မိုဝူကျိ၏ အကြည့်ကို သတိပြုမိပြီး မြန်မြန် မိတ်ဆက်လိုက်သည်။

ချာလွေ့နှင့်အတူတူ အင်မော်တယ်ဘုရင် နောက်ဆုံးအဆင့်နှင့် အင်မော်တယ် အုပ်စိုးသူ အလယ်အလတ်အဆင့် ကျင့်ကြံသူတို့ ပါရှိပေသည်။ အင်မော်တယ် အုပ်စိုးသူမှာ  ယူစိုက်ကျွင်းဟု ခေါ်သည့် လူလတ်အရွယ် အမျိုးသမီး တစ်ဦး ဖြစ်၏။ သူမက စကားများများစားစား ပြောသည့်ပုံ မပေါ်ပေ။ နောက်ဆုံးအနေဖြင့် ထိုအင်မော်တယ်ဘုရင် ကျင့်ကြံသူ နာမည်မှာ တုံ့ရှား ဖြစ်၏။ သူ့ဒဏ်ရာများမှာ အပြင်းထန်ဆုံး ဖြစ်နေသည်။ သူ့နဖူးတစ်ဝက်လောက်မှာ မရှိတော့ပြီ ဖြစ်ရာ မျက်နှာတစ်ပြင်လုံး၌ သွေးများ စိုရွဲနေလေ၏။

“ အခုက စပြီးတော့ ကျုပ်တို့တွေ တစ်နေရာတည်းက လူတွေပဲလေ။ ဒီနေရာက ဖင်းဖန် … ဖင်းဖန်ရဲ့ ဆောင်ပုဒ်က အားလုံးက ညီတူညီမျှ ဖြစ်တယ်။ သေမျိုးနဲ့ အင်မော်တယ်က အတူတူပဲ ဖြစ်တယ်။ ဒါက ဟာသ ဖြစ်ရင် ဖြစ်နေနိုင်ပေမဲ့  ဒါက ကျုပ်တို့ ဦးတည် လုပ်ရမဲ့ ရည်ရွယ်ချက်ပေါ့ ”

မိုဝူကျိက စုကျီအန်းအား သူသည် ကျင့်ကြံခြင်းလောကမှ တျန်းဂျီဂိုဏ်းချုပ် ဖြစ်ကြောင်း မပြောချင်သည်မှာ သူ့အနေနှင့် စုကျီအန်းတို့ကို တခြားလူများနှင့် ကွဲပြားနေတာမျိုး မဖြစ်လိုပေ။ ယခု တျန်းဂျီဂိုဏ်း မရှိတော့ပြီ ဖြစ်ရာ အားလုံးက ဖင်းဖန်လူများသာ ဖြစ်၏။

မိုဝူကျိ၏ စကားများက ဧရာမ ကျောက်တုံးကြီးကဲ့သို့ ထွက်ပေါ်လာသည်။ ဓားအကျဉ်းထောင်ထဲ ဖြစ်နေပြီး ထွက်သွားနိုင်ခြေမှာ အလွန်နည်းပါးမှန်း သိနေသော်လည်း အားလုံးက မိုဝူကျိ၏ စကားကို နားမလည်နိုင်ကြပေ။ ဟန်ချင်းရု တစ်ယောက်တည်းသာ မိုဝူကျိ၏ ဆိုလိုရင်းကို အနည်းငယ် သဘောပေါက်လေ၏။

ပန်းမြိုင်တစ်ရာ အိမ်တော်မှာ ရှိစဉ် မိုဝူကျိက အင်မော်တယ်များကို သေမျိုးများနှင့်အထက်မှ လူအဖြစ် မကြည့်ခဲ့ပေ။

အင်မော်တယ်များအားလုံးကို ညီတူညီမျှ ဆက်ဆံမည် ဖြစ်၏။ ထိုစကားမှာ အနည်းငယ် ယုတ္တိမရှိဟန် ပေါ်နေသော်လည်း ကျယ်ကျယ်လောင်လောင် ပြော၍ ရသေးသည်။ သို့သော်လည်း အင်မော်တယ်တစ်ယောက်နှင့် သေမျိုး တစ်ယောက်အား ညီတူညီမျှ တန်းတူ ဖြစ်သည်ဟုသော အချက်မှာ အိပ်မက်တစ်ခုသာ ဖြစ်နေလိမ့်မည်။

မိုဝူကျိက တည်ငြိမ်စွာ ပြောလိုက်သည်  “ အားလုံးက ကျုပ်စကားတွေကို ထူးဆန်းနေမယ်လို့ ထင်မှန်း သိပါတယ်။ ဖင်းဖန်မှာ  အားလုံးက အတူတူ ညီတူညီမျှပဲ … တကယ်တော့ ကျုပ်က အဲဒါကို အရင်ဆုံး စပြောတာတော့ မဟုတ်ဘူး။ အင်မော်တယ်လောကရဲ့ ဗုဒ္ဓဂိုဏ်းတွေက ညီတူညီမျှ သဘောတရားအကြောင်း လက်ကိုင်ထားကြတယ်လေ။ သူတို့က ကျုပ်ထက်တောင် ပိုပြီးတော့ အဓိပ္ပါယ် မရှိသေးတယ်။ သူတို့က သက်ရှိတွေအားလုံး အတူတူပဲတဲ့ ….

ဂိုဏ်းအများကြီးကလည်း  သူတို့ရဲ့ဆောင်ပုဒ်တွေကို ဖော်ပြထားကြတယ်လေ။ ဒါပေမဲ့ ပြောထားတဲ့အတိုင်းတော့ အပြုအမူတွေ မရှိကြဘူး။ ဒါပေမဲ့လည်း  ကျုပ်တို့ ဖင်းဖန်က ခြားနားတယ်။ အားလုံးကို တန်းတူဆက်ဆံမယ်ဆိုပြီး ပြောထားမှတော့ သေမျိုးနဲ့ အင်မော်တယ်ကြားမှာ ပိုင်းခြားထားတာမျိုး ရှိမှာ မဟုတ်ဘူး ”

“ ဝူကျိ … အဲလိုက ဖြစ်ဖို့တော့ ခက်ခဲလိမ့်မယ် ” ဟန်ချင်းရုက ဘေးမှ စိတ်ပူစွာ ဝင်ပြောလိုက်လေ၏။

မိုဝူကျိက ခေါင်းညိတ်ကာ  “ စီနီယာအစ်မချင်းရု ပြောတာ မှန်တယ်။ သေမျိုးတွေကြားမှာပဲ ဖြစ်ဖြစ်၊ အင်မော်တယ်တွေ ကြားမှာပဲ ဖြစ်ဖြစ် အတိအကျ တူညီမှု ရဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ကျုပ်တို့ ဖင်းဖန်မှာလည်း ဥပမာအရ ပြောရရင် ဂိုဏ်းချုပ်၊ အကြီးအကဲတွေ ရှိတာ ဆိုတော့ အဆင့်အတန်းအားဖြင့် မတူညီကြတော့ဘူး။ နမူနာအနေနဲ့  ပြဏ်ဒဏ်ကျူးလွန်သူ တစ်ယောက်ဆိုရင် သူ့ကို တခြားသူနဲ့ အတူတူ ဆက်ဆံခံရမဲ့ အခွင့်အရေး မရှိတော့ဘူး … တကယ်လို့ ကျုပ်တို့တွေ အင်မော်တယ်နဲ့ သေမျိုးတွေကြား အင်အားချင်း၊ စိတ်အခြေအနေချင်း နှိုုင်းယှဉ်ကြည့်ရင် သူတို့က မတူညီတော့ဘူး”

မိုဝူကျိက ပြောလိုက်ရင်း လူအုပ်ကြီးကို ကြည့်လိုက်ကာ  “ ကျုပ် ပြောနေတဲ့ ညီမျှမှုက တာအိုနဲ့ သေမျိုး သဘောတရားကို တိုင်းတာကြည့်တဲ့ ညီမျှမှုကို ပြောချင်တာ။ ဒီနေ့က စပြီးတော့ ဖင်းဖန်ရဲ့ အင်မော်တယ်တွေက သေမျိုးတွေက အကြောင်းပြချက် မရှိဘဲ သတ်လို့ မရဘူး။ အင်မော်တယ်တွေက သေမျိုးတွေနဲ့ အရောင်းအဝယ် လုပ်တဲ့အခါ သူတို့က ညီတူညီမျှ လဲလှယ်ပေးရမယ် …. ”

ဤနေရာတွင် ရပ်နေနိုင်ခြင်းက သူတို့ထဲတွင် မည်သူက အန္တရာယ်နှင့် အမျိုးမျိုးသော အခြေအနေများကို မကြုံတွေ့ခဲ့သည့် သူ ပါမည်နည်း။ အားလုံးက မိုဝူကျိ၏ စကားနောက်မှ အဓိပ္ပါယ်ကို နားလည်ကြပေသည်။ မည်သူကမှ မိုဝူကျိ၏ အတွေးအမြင်ကို မထောက်ခံ့ကြသော်လည်း မည်သူကမှလည်း မကန့်ကွက်ကြပေ။

သူတို့က မိုဝူကျိသည် ဝိညာဉ်ကြော မရှိသည့် သေမျိုးတစ်ယောက် ဖြစ်နေမှန်း မသိကြပေ။ ထို့ကြောင့် သူတို့က  မိုဝူကျိသည် သေမျိုးများနှင့် အင်မော်တယ်များကို အတူတူ ဆက်ဆံမည် ဖြစ်ကြောင်း ပြောသောအခါ နားလည်ဖို့ရာ ခက်ခဲနေကြ၏။

“ ဒါက မဟာဓားလမ်းစဉ်ဂိုဏ်းရဲ့ ဓားအကျဉ်းထောင်လေ။ ကျုပ်က ဖင်းဖန်ကို တည်ထောင်ပြီးတာနဲ့  မဟာဓားလမ်းစဉ်ဂိုဏ်းကို အရင်ဆုံး ရှင်းပစ်မှာ။ အဲဒါကြောင့် ကျုပ်တို့တွေ အခုချက်ချင်း လုပ်ရမှာက ဓားအကျဉ်းထောင်ကနေ ထွက်သွားဖို့ပဲ …. ဒီနေရာက ကျုပ်တို့ ဖင်းဖန်ရဲ့ ပထမခြေလှမ်းပဲ ….” ထိုစဉ် မိုဝူကျိက ရုတ်တရက် ထခေါ်လိုက်သည်  “ ဝေကျီတောက် … ”

“ ဝေကျီတောက် ရှိပါတယ် …” ဝေကျီတောက်သည် မိုဝူကျိအနေနှင့် ဖင်းဖန်အား  အပြည့်အဝ ထိန်းချုပ်နိုင်ရန် လိုအပ်ကြောင်း သေချာသိနေသည်။ မဟုတ်လျှင် မိုဝူကျိ၏ သမာရိုးကျ မဟုတ်သော ရည်မှန်းချက်များမှာ အချိန်ခဏလေးဖြင့် သေဆုံးသွားလိမ့်မည်။

“ ခင်ဗျားက ကာကွယ်သူ ညာလက်ရုံးဆိုတော့  ကျုပ် မရှိတဲ့အချိန် တာဝန်ယူပေးပါ ” မိုဝူကျိက ကျောက်စိမ်း နှစ်ပုလင်း ထုတ်ပေးကာ “ ဒါတွေက အင်မော်တယ်ပေါများ ဆေးလုံးနဲ့ သဘာဝကျီဆေးလုံးတွေပဲ …. တတ်နိုင်သမျှ မြန်မြန် ပြန်ကောင်းလာအောင် လုပ်ပါ။ အချိန်မရွေး ဓားအကျဉ်းထောင်ကနေ ထွက်သွားနိုင်ဖို့ ပြင်ဆင်ထားလိုက် … ”

“ဟုတ်ကဲ့ ဂိုဏ်းချုပ် …” ဝေကျီတောက် အသံမှာ စိတ်လှုပ်ရှားလွန်းသွားသောကြောင့် အနည်းငယ် တုန်ယင်နေလေ၏။ သူ့အတွက် သဘာဝကျီ ဆေးလုံးမှာ မည်မျှ အသုံးဝင်ကြောင်း သိပေသည်။

မိုဝူကျိအနေဖြင့် ယခင်က သဘာဝကျီ ဆေးလုံးကို အဘယ်ကြောင့် မပေးခဲ့သည်ကို နားလည်လိုက်၏။ အကြောင်းမှာ သူက ဖင်းဖန်အပေါ် သစ္စာမဆိုရသေး၍ ဖြစ်ပေသည်။ အကယ်၍ သူသာ ဆိုလျှင်လည်း သဘာဝကျီဆေးလုံးကို ပေးမည် မဟုတ်ပေ။

“ ကျန့်မင်ချန်း … ခင်ဗျားက ဖင်းဖန်ရဲ့ အမွေအနှစ် ခန်းမသခင်တစ်ယောက် …. ကျုပ်တို့ အပြင်ရောက်သွားတဲ့အခါ ဖင်းဖန်မှာ တပည့် ရွေးချယ်ပေးဖို့ တာဝန်ယူပေးရမယ် ”

“ နျဲ့ချုံးအန်း …. ခင်ဗျားက အတွင်းပိုင်းရေးရာ ခန်းမသခင်၊ ကျုပ်တို့တွေ အပြင်ရောက်ရင် ဖင်းဖန်ကို တည်ဆောက်ဖို့ရာ တာဝန်ယူရမယ် ”

“ ချာလွေ့က ဖင်းဖန်ရဲ့ ပထမအကြီးအကဲ ဖြစ်လာပြီးတော့ စုကျီအန်းက ဒုတိယအကြီးအကဲ၊ ဖေးလင်က တတိယအကြီးအကဲ ဖြစ်ပြီးတော့ ယူစိုက်ကျွင်းက စတုတ္ထမြောက် အကြီးအကဲ ဖြစ်လာလိမ့်မယ်။ တာဝန်အတိအကျကို ကျုပ်တို့ အပြင်ရောက်မှ ထပ်သတ်မှတ်ပေးမယ် …. ”

“ တုံ့ရှား ၊ လုမင် …. ”

သူတို့က ဓားအကျဉ်းထောင်မှ မထွက်ရသေးသော်လည်း မိုဝူကျိက ဖင်းဖန်အတွက် တာဝန်ခွဲထားပြီးသား ဖြစ်သွားလေပြီ။ ဖင်းဖန်အတွက် မြောက်များစွာသော အဆင့်မြင့် ကျင့်ကြံသူများ ဝင်လိုခြင်းက ကံကောင်းလှပေသည်။ သူ တစ်ယောက်တည်းဖြင့် ဖင်းဖန်ကို မတည်ထောင်နိုင်ပေ။ သူက  စိတ်တူကိုယ်တူ အဖွဲ့ကို လိုအပ်နေခြင်း ဖြစ်၏။

သူက မဟာလော့ရှန်း အလယ်အလတ်အဆင့်မျှသာ ဖြစ်သောကြောင့် ရုပ်ခန္ဓာကိုယ်အဆင့်မှာ နတ်ဘုရား ရုပ်ခန္ဓာအဆင့် ၄ ဖြစ်နေသော်လည်း သူ တစ်ယောက်တည်း ဖင်းဖန်ကို တည်ထောင်ပါက နှစ်သန်းပေါင်းများစွာ လိုအပ်ပေလိမ့်မည်။

နှစ်သန်းပေါင်းများစွာ …..

သူက ထိုမျှအထိ မစောင့်နိုင်တော့ပေ။

အမွေးတိုင်တစ်ဝက်စာလောက်အတွင်း မိုဝူကျိက အားလုံး၏ တာဝန်ကို ခွဲဝေပေးလိုက်၏။ တစ်ချိန်တည်းဆိုသလို သူက အင်မော်တယ်ပေါများ ဆေးပုလင်း နှစ်ဆယ်နှင့် သဘာဝကျီ ဆေးဆယ်ပုလင်းအား အားလုံးအတွက် ထုတ်ပေးခဲ့သည်။

သူတို့ ဂိုဏ်းကို မတည်ထောင်ခင်ကတည်းက သူတို့က ကုသဆေးလုံးများ ရရှိထားပြီးသား ဖြစ်ကြသည်။ ဓားအကျဉ်းထောင် ဝင်ပြီးနောက် စိတ်ဓာတ်နှင့် မျှော်လင့်ချက် ပြန်လည် မြင့်တက်လာခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်၏။

ဝေကျီတောက်က တုန်လှုပ်နေမိသည်။ မိုဝူကျိက သဘာဝကျီ ဆေးလုံး တစ်ပုလင်း ၊ နှစ်ပုလင်း ထုတ်ပေးနိုင်ခြင်းက အကျိုးအကြောင်း သင့်သော်လည်း တစ်ခါတည်းဖြင့် ပြိုင်ဖက်ကင်းအဆင့် သဘာဝကျီ ဆေးဆယ်ပုလင်း ထုတ်ပေးနိုင်ခြင်းမှာ အတော်လေး စိတ်ကူးယဉ်ဆန်လွန်းနေပေ၏။ ထိုအတွက် တစ်ခုတည်းသော ဖြေရှင်းချက်မှာ သူ မိုဝူကျီ ကိုယ်တိုင်ကပင် ပြိုင်ဖက်ကင်း သဘာဝကျီ ဆေးလုံးများကို ဖော်စပ်နိုင်သော ဆေးလုံး ဧကရာဇ် ဖြစ်နေပေလိမ့်မည်။

ဝေကျီတောက်က ကောက်ချက်ချနိုင်လိုက်သောကြောင့် နျဲ့ချုံးအန်း၊ ကျန့်မင်ချန်းနှင့် အခြားလူများကလည်း မိုဝူကျိမှာ ဆေးလုံးဧကရာဇ် ဖြစ်ကြောင်း မှန်းဆမိလိုက်ကြသည်။

မိုဝူကျိက ဆေးလုံးဧကရာဇ် ဖြစ်နေကြောင်း ခန့်မှန်းပြီးနောက် အင်မော်တယ် ဧကရာဇ်တချို့မှာ စိတ်ပေါ့ပါးသွားကြသည်။ အင်မော်တယ်လောက၌ လူများစွာ အလိုရှိကြသူမှာ အင်မော်တယ် ဧကရာဇ် မဟုတ်ဘဲ ဆေးလုံးဧကရာဇ်နှင့် တာအိုဧကရာဇ်တို့ ဖြစ်ကြသည်။ ထိုနှစ်ခုအပြင် ထိပ်တန်း အစီအရင် ဆရာများလည်း ရှိသေး၏။

မိုဝူကျိက ရွိုက်ကောကို ခေါ်ထုတ်လိုက်သည်။ ရွိုက်ကောကို အားလုံးနှင့် မိတ်ဆက်ပေးပြီးနောက် ရွိုက်ကောအား သူ့အစီအရင်ထဲ ထည့်ကာ  ရွိုက်ကောအား သူ့ရုပ်ခန္ဓာကျင့်စဉ်ကို လေ့ကျင့်စေလိုက်သည်။ ဤပတ်ဝန်းကျင်မှာ ရွိုက်ကောအတွက် ရုပ်ခန္ဓာ လေ့ကျင့်ဖို့ရာ သင့်တော်ပေသည်။

သူက သဘာဝကျီဆေးလုံးများနှင့် အင်မော်တယ်ပေါများ ဆေးလုံးများစွာ ထုတ်လာသည့် အကြောင်းအရင်းမှာ အားလုံး၏ ပြန်ကောင်းနှုန်းကို မြန်ဆန်လာစေရန် ဖြစ်၏။ သူတို့ ထွက်သွားလိုက်သည်နှင့် တိုက်ပွဲကြီး ဆင်နွဲရနိုင်ခြေ ရှိသည်။ သူ့ဖင်းဖန်သားများကို ဖင်းဖန် မတည်ထောင်ရသေးဘဲ  မသေစေလိုပေ။

အားလုံး၏ အခြေအနေ တိုးတက်လာမှုကို စောင့်ကြည့်ပြီးနောက် မိုဝူကျိက ကန္တာရဆီ ထွက်လာလိုက်သည်။

ဤနေရာတွင် နေရန် ကျင့်ကြံရန် နည်းလမ်း မကျန်ရှိတော့ပေ။ ယခု သူက နတ်ဘုရား ရုပ်ခန္ဓာအဆင့် ၄ ရောက်နေပြီ ဖြစ်ရာ  ဓားစွမ်းအင် ဝဲကတော့အပြင် ဓားအကျဉ်းထောင်ထဲရှိ နေရာတချို့သာ သူ့အား ထိခိုက်စေနိုင်၏။

မိုဝူကျိက ထွက်လမ်းကို ရှာလိုပြီး သူ့ရုပ်ခန္ဓာကို ဆက်လက် လေ့ကျင့်ကာ စွမ်းရည်ကို ဆက်လက် တိုးပွားလာလို၏။

သူ သွားလိုသည့် နေရာနှစ်နေရာ ရှိပေသည်။ ပထမတစ်ခုမှာ  သူ ကူးပြောင်းခံလိုက်ရစဉ် ပထမဆုံး ရောက်ရှိလာသည့် နေရာ ဖြစ်၏။ သူက စိတ်ဝိညာဉ် အမှတ်သား ချန်ထားခဲ့သောကြောင့် ဓားအကျဉ်းထောင် အပြင်ဘက်၌ ချန်ရစ်ထားခဲ့သော အစီအရင်အပြားနှင့်  ဆက်သွယ်နိုင်မလား စစ်ဆေးကြည့်ချင်မိသည်။

အကယ်၍ သူက ထွက်လမ်းကို ရှာမတွေ့နိုင်လျှင် ဓားစွမ်းအင်မြစ်ဆီ သွားကြည့်မည် ဖြစ်၏။ တကယ်တမ်း သူလည်း ပိုင်ယဲ့နှင့် အတွေးတူ ရှိနေပေသည်။ ဓားစွမ်းအင်မြစ်မှာ ထွက်လမ်း ဖြစ်နိုင်ကြောင်း ခံစားမိနေ၏။

………..…

ကျိုးပျက်ကမ္ဘာ တတိယအလွှာ၏ အစွန်းအဖျား

ဤနေရာတွင် အင်မော်တယ် ထောင်ချီ ရှိနေကာ တိုးဝှေ့နေကြသည်။ သူတို့၏ ကျင့်ကြံဆင့်မှာ ကောင်းကင်အင်မော်တယ်အဆင့်မှ မဟာလော့ရှန်းအဆင့်ထိ ပါဝင်ပေ၏။

မူလက တတိယအလွှာ ဖွင့်ဖွင့်ချင်း  မဟာယီရှန်းအဆင့်နှင့်အောက်သာ ဝင်ခွင့် ပြုထားသော်လည်း ယခုအခါ အထက်ဘုံမှ အဆင့်မြင့် ကျင့်ကြံသူများက လေးလွှာမြောက်ကို ဖွင့်ဖို့ရာ အင်မော်တယ် ပစ္စည်းထက် ကျော်လွန်နေသော မှော်ရတနာကို အသုံးပြုကာ အတင်းကျပ် ဖွင့်ထားကြ၍ ထိုအဆင့်ကို အုပ်စိုးနေသည့် စည်းမျည်းတချို့မှာ ပျက်စီးသွားလေသည်။ ရလဒ်အနေနှင့် မဟာလော့ရှန်းအဆင့် ကျင့်ကြံသူများပင် ဝင်နိုင်နေပေ၏။

လူငယ်လေး တစ်ယောက်က ကျိုးပျက်ကမ္ဘာ လေးလွှာမြောက် အဝင်ဝသို့ ရောက်ရှိနေလေပြီ။ အဝင်ဝ အပြင်ဘက်၌ လူများစွာက တိုးဝှေ့နေကြသော်လည်း ထိုလူငယ်လေးကို မြင်သည့်အခါ မည်သူကမှ ရှေ့မတိုးရဲကြချေ။

ဤနေရာသို့ ရောက်လာသည့် သူတိုင်း ထိုလူငယ်လေးမှာ မဟာဧကရာဇ် ဖြစ်သည့်  အထက်ဘုံ၏ တမန်တော် ကျင်းယူ ဖြစ်ကြောင်း သိကြသည်။

ကျင်းယူက လူအုပ်ကြီးကို ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်၏  “ အခု ကျိုးပျက်ကမ္ဘာရဲ့ လေးလွှာမြောက်က အထက်ဘုံရဲ့ ရတနာကို သုံးပြီး ဖွင့်မှာဆိုတော့ ကျိုးပျက်ကမ္ဘာထဲ ဝင်တဲ့ သူတိုင်း ရလာတဲ့ ပစ္စည်း တစ်ဝက်ကို အထက်ဘုံဆီ အပ်နှံရမယ်။ ကျုပ်တို့အနေနဲ့လည်း ခင်ဗျားတို့ ရလာတဲ့ ပစ္စည်းတွေ မူတည်ပြီးတော့  အထက်ဘုံက လူရွေးချယ်ပွဲမှာ ပြန်ပြီး စဉ်းစားပေးမှာ ဖြစ်ပါတယ် ”

မည်သူကမှ သဘောမတူကြောင်း မဖော်ပြရဲကြပေ။ အားလုံးက သိပြီးသား ဖြစ်၏။

ကျင်းယူက ဆက်ပြောလိုက်သည်  “ ကျိုးပျက်ကမ္ဘာ တတိယအလွှာမှာ ကံကြမ္မာကြာနီလို့ ခေါ်တဲ့ ရတနာ ရှိတယ်ဆိုပြီး ကြားထားတယ်။ ဒါပေမဲ့ ပေါ်လာပြီးတော့ ချက်ချင်း ပြန်ပျောက်သွားတယ်တဲ့ ….  လေးလွှာမြောက်မှာ ပြန်ပေါ်လာမယ်ဆိုပြီး ခန့်မှန်းထားကြတယ်။ အဲဒါကြောင့် ကံကြမ္မာကြာနီ ရတဲ့ သူက အထက်ဘုံကို အပ်ရမယ်။ အဲဒီအနေနဲ့ ဆုလာဘ်များစွာ ရရှိပြီးတော့  ကျုပ်တို့ အထက်ဘုံမှာ အဓိက ဖြစ်လာလိမ့်မယ်”

“ စီနီယာအစ်မစု …. ”

လူအုပ်ကြီး၏ ထောင့်တစ်နေရာ၌ ပိန်ပါးပါး အမျိုးသားလေးက ပြောခါနီးတွင် ဘေးမှ မိန်းကလေးက ပြန်စိုက်ကြည့်လိုက်သည်။ ထို့နောက် စိတ်ဖြင့် ဆက်သွယ်ကာ  “ ဂျုနီယာမောင်လေး ဟွားလုံ …. တကယ်လို့ ပြောစရာ ရှိရင် အထဲရောက်မှ ပြောတော့ … ဒီနေရာမှာ မဟုတ်တာတွေ လျှောက်မပြောနဲ့ ….”

ထိုလူနှစ်ယောက်မှာ  မိုဝူကျိ၏ တျန်းဂျီဆေးဆိုင်မှ လွတ်မြောက်သွားကြသည့်  စုရိုအာနှင့် တုံ့ဟွားလုံတို့ ဖြစ်ကြသည်။ သူတို့က ယုံရင်အင်မာ်တယ်နယ်မြေ၌ ပုန်းကွယ်၍ နေသော်လည်း မိုဝူကျိက အင်မော်တယ် ဧကရာဇ်များစွာ အဝိုင်းခံရပြီးနောက် ပျောက်ကွယ်သွားသည့်အကြောင်း သိပြီးသည့်အခါ သူတို့လည်း အရဲစွန့်၍ ကျင့်ကြံဆင့် မြင့်လိုမြင့်ဌား မျှော်လင့်ချက်ဖြင့်  ကျိုးပျက်ကမ္ဘာသို့ ဝင်ရန် ရောက်လာကြခြင်း ဖြစ်၏။

All Chapters