← Chapters

သတ်ကွင်းမှ အဆန်းကျယ်ဆုံးသူ

Vol. 66 Ch. 924

သတ်ကွင်းမှ အဆန်းကျယ်ဆုံးသူ

Vol. 66 Ch. 924

နေသစ်ပင်၏ သတ်ကွင်းတွင် ရွှေရောင်ကျောက်သားထောက်တိုင်ကြီး နှစ်ခု ရှိသည်။

အတွင်းပိုင်း ပြင်ဆင်ထားပုံမှာ ကြီးကျယ်ခမ်းနားလွန်းလှပြီး နေသစ်ပင်မှ စစ်နတ်ဘုရား ဆယ်ပါး ရုပ်ထုကိုလည်း ထားရှိထားသည်။

ခန်းမအတွင်း ငှက်ပေါင်းများစွာ သွားလာနေကြပြီး အချို့သည် တိုက်ပွဲအား စာရင်းပေးရန်ဖြစ်ကာ အချို့မှာမူ ကြည့်ရှုရန်အတွက် လာရောက်ခဲ့ကြခြင်းပင်။

ပွဲကြည့်ပရိသတ်များသည် ကြည့်ရှုခံစားရန်သက်သက် ရောက်လာကြခြင်း မဟုတ်ပေ။

ထိုတိုက်ပွဲများအားကြည့်ကာ ဉာဏ်အလင်းရသွားသူများ ရှိပေသည်။

အချို့ဆိုလျှင် တိုက်ပွဲကြည့်ရင်း ရုတ်တရက် ဉာဏ်အလင်းပွင့်ကာ အဆင့်တက်သွားကြသည်။ ထိုသည်မှာ ထူးဆန်းသော အရာပင် မဟုတ်တော့ပေ။

သတ်ကွင်းအတွင်း ဝင်ရောက်ယှဥ်ပြိုင်သူများအား အားလုံးမှ လေးစားကြသည်။ ထို့ကြောင့်ပင် ချန်ပီယံသည် နေသစ်ပင်၏ ခုနစ်ထပ်မြောက်သို့ ဝင်ခွင့်ရခြင်းပင်။

အဝါရောင်နွား၏ ရွှေအဆင့် လမ်းပြတံဆိပ်မှာ အတော်ပင် အသုံးဝင်ပြီး ၎င်းတို့အနေဖြင့် တန်းစီစရာ မလိုခဲ့ပေ။

အဖြူရောင် ငှက်ရွှေဝါမှ အန်လင်းအားကြည့်ကာ ပြုံးလိုက်သည်။

"ဒီနေ့အတွက် ပြိုင်ပွဲဝင် အရေအတွက် ပြည့်သွားပါပြီ။ မနက်ဖြန်အတွက်ပဲ စာရင်းသွင်းနိုင်ပါတော့မယ်။"

အန်လင်း ခေါင်းညိတ်ပြလိုက်သည်။

"အဲ့ဒါဆိုလည်း မနက်ဖြန်အတွက်ပဲ စာရင်းသွင်းပေးပါ။"

"ဒီငှက်ရွှေဝါက အရမ်းယဥ်ကျေးတာပဲ။ အပြင်က ဟာတွေနဲ့ကွာပ။"

ရွှယ်ကျန်ထျန်း စကားဆိုလိုက်သည်။

အဖြူရောင် ငှက်ရွှေဝါမှာ နားပါးလွန်းလှသည်။

"အလုပ်သဘောအရ မောက်မာလို့ မဖြစ်လို့ပါ။"

အန်လင်း : "................ "

ရွှယ်ကျန်ထျန်း :  "............"

ရိုးသားချက်ပဲ........

စာရင်းသွင်းပြီးနောက် အန်လင်းတို့မှာ ပွဲကြည့်စင်ထဲ ဝင်လာလိုက်ကြသည်။

၎င်းတို့မှာ ကျယ်လောင်လှသော အော်ဟစ်သံများကြောင့် ထိတ်လန့်သွားမိကြသည်။

"မဟူရာ သိမ်းငှက်ဧကရာဇ်....... မဟူရာ သိမ်းငှက်ဧကရာဇ်........ မဟူရာ သိမ်းငှက်ဧကရာဇ်..........."

အန်လင်းသည်ပင် စိတ်လှုပ်ရှားလာသည်။

ပွဲကြည့်ပရိသတ်များမှာ တစ်သိန်းခန့် ရှိပေသည်။

သတ်ကွင်းသည် ငါးကီလိုမီတာမျှရှပြီး ပွဲကြည့်ပရိသတ်များ မထိခိုက်စေရန် ကာကွယ်ရေး အစီအရင်ကို ပြုလုပ်ထားသည်။

မဟူရာ သိမ်းငှက်ကြီးမှာ ထက်ရှလှသော အတောင်များဖြင့် တောင်ပံလေးခုပါသော ကျားငှက်အား ထက်ပိုင်းပြတ်သွားစေသည်။

အော်ဟစ်အားပေးသံများ ဟေးခနဲ ထွက်ပေါ်လာလေသည်။ မဟူရာ သိမ်းငှက်ဧကရာဇ်သည် ပွဲကြည့်ပရိသတ်များကြား ကျော်ကြားပုံရသည်။

"မဟူရာ သိမ်းငှက်ဧကရာဇ်က စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း နောက်ဆုံးအဆင့်လေ။ တိုက်ပွဲနှစ်ပွဲလည်း နိုင်ပြီးသွားပြီ။ နောက်နေ့ထပ်မလာပါစေနဲ့ပဲ ဆုတောင်းရမယ်။ မဟုတ်ရင် အစ်ကိုလေးအန်လင်းအတွက် လွယ်မှာမဟုတ်ဘူး။"

အဝါရောင်နွား သက်ပြင်းချလိုက်သည်။

အန်လင်းသည် သာမန် စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူဟုသာ ထင်နေသောကြောင့် အဝါရောင်နွား စိတ်ပူနေသည်မှာ မထူးဆန်းပေ။

တိုက်ပွဲများမှာ ပြင်းထန်နေဆဲပင်။

မဟူရာ သိမ်းငှက်ဧကရာဇ်သည် စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အလယ်အလတ်အဆင့် မြင်းပျံကြီးနှင့် ဆက်လက်တိုက်ခိုက်ရသည်။ တိုက်ပွဲမှာ အတော်ပင် တင်းမာပြီး ပရိသတ်များ၏ အော်ဟစ်သံမှာ ပဲ့တင်ထပ်နေသည်။

အဆုံးတွင်မူ မဟူရာ သိမ်းငှက်ဧကရာဇ်မှာ မြင်းပျံကြီးအား အနိုင်ရကာ သုံးပွဲဆက်တိုက် အောင်မြင်သူ ဖြစ်လာသည်။

မဟူရာ သိမ်းငှက်ဧကရာဇ်သည် နေသစ်ပင်၏ ခုနစ်ထပ်မြောက် အဆင့်သို့တက်ရန် အခွင့်အရေး ရလာပြီ ဖြစ်သောကြောင့် စိတ်လှုပ်ရှားစွာပင် ငိုကြွေးမိသည်

အန်လင်း မေးမြန်းလိုက်သည်။

"နေသစ်ပင်ရဲ့ ခုနစ်ထပ်မြောက်ကိုတက်ဖို့ သုံးပွဲဆက် နိုင်ရမှာလား။"

အဝါရောင်နွား ခေါင်းခါပြလာသည်။

"အတိအကျတော့ မဟုတ်ဘူး။ တချို့နေ့တွေဆို ဆယ်ပွဲလောက် နိုင်မှရတာ။"

အန်လင်း : "............."

"ဒိုင်တွေသာ အသိအမှတ်ပြုရင် တစ်ပွဲတည်းနဲ့ပဲ ခုနစ်ထပ်မြောက် တက်လို့ရတယ်။"

အန်လင်း အံ့အားသင့်သွားသည်။

မနက်ဖြန်ကြရင် ဘယ်သူက ဆရာကြီးလဲ ပြရသေးတာပေါ့.........

ဒိုင်များထဲတွင် အတောင်လေးခုနှင့် မီးတောက်များ ခြံရံထားသော ဗာမီလီယမ်ငှက်မှာ ကြောက်မက်ဖွယ် အကောင်းဆုံး ဖြစ်သည်။

မည်သို့ပင်ဆိုသေကာမူ ၎င်း၏ဘေးတွင် ရပ်နေသူများမှာ ပူလောင်ကြပုံ မရပေ။

"အဲ့ဒါက ဗာမီလီယမ်ငှက် မျိုးနွယ်စုရဲ့ အဓိကဒိုင် ကောင်းကင်မီးတောက် ဗာမီလီယမ်ငှက်လေ။ ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့်ပေါ့။"

အဝါရောင်နွား ရှင်းပြလိုက်သည်။

အန်လင်း ခေါင်းညိတ်ပြလိုက်သည်။

ဒိုင်တွေက သောက်ကြမ်းတွေပဲ..........

..............

နောက်တစ်နေ့၌....

စာရင်းပေးထားသူ နှစ်ရာကျော်အနက်မှ ခြောက်ဆယ့်လေးဦးမှာ ပြိုင်ပွဲဝင်အဖြစ် ရွေးချယ်ခံလိုက်ရသည်။

အန်လင်းသည်လည်း ထိုထဲတွင် ပါဝင်ပေသည်။ အသေသတ်ရမည့် တိုက်ပွဲဖြစ်သောကြောင့် ခြောက်ဆယ့်လေးဦးအနက် ခြောက်ဆယ့်သုံးဦး သေဆုံးရပေလိမ့်မည်။

ငန်းမလေးမှာ အန်လင်းအား စောင့်ဆိုင်းခန်းသို့ ခေါ်ဆောင်သွားသည်။

ထိုအခန်းထဲတွင် သားရဲအချို့ ရှိနေကြပြီဖြစ်ပြီး ၎င်းတို့မှာ အန်လင်းအား အထင်သေးစွာ ကြည့်ရှုလာကြသည်။

အဆင့်အနိမ့်ဆုံး ကျင့်ကြံသူသည်ပင် စိတ်ဝိဥာဥ်ပျိုးထောင်ခြင်းအဆင့် ရှိသည်။

"ဟားဟား........ လူသားတစ်ယောက်က ဝင်ပြိုင်လိမ့်မယ်လို့ မထင်ထားဘူး။"

"လူသား လတ်လတ်ဆတ်ဆတ် မစားရတာ တော်တော်ကြာပြီပဲ။"

"မင်းဘယ်လိုသေချင်လဲ တွေးပြီးပြီလား။"

"အရှုံးပေးမယ်ဆိုရင် လွယ်လွယ်သေခွင့်ပေးမယ်။"

"အဟက်......... ကြောက်ချီးပါနေလောက်ပြီ။"

................

ငှက်များမှ လှောင်ပြောင်နေပါသော်လည်း အန်လင်းမှာ တုံ့ပြန်ချင်စိတ် မရှိပေ။

၎င်းတို့သည် အမှိုက်များသာ ဖြစ်သောကြောင့် သူ့အနေဖြင့် မည်သို့မှ မခံစားရပေ။

၎င်းတို့ထဲတွင် အသန်မာဆုံးမှာ စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အလယ်အလတ်အဆင့်သာ ဖြစ်သည်။

ရှပ်..... ရှပ်...... ရှပ်.......

ခြေသံအချို့ ထွက်ပေါ်လာသည်။

"မင်္ဂလာပါ။"

နားဝင်ပီယံ ရှိလွန်းလှသော စကားသံချိုချိုအား ကြားလိုက်ရလေသည်။

အန်လင်း လှည့်ကြည့်လိုက်သောအခါ ပုံရိပ်ငယ်တစ်ခုကို တွေ့လိုက်ရသည်။

"လူလား။"

သူမျက်မှောင်ကျုံ့လိုက်မိသည်။

ကိုးရောင်ခြည် ဝတ်စုံအား ဆင်မြန်းထားသော ထိုမိန်းမငယ်လေးမှာ တောက်ပသော မျက်ဝန်းအစုံဖြင့် လှရက်နိုင်လွန်းသည်။

ဒေါက်ဖိနပ် စီးထားပါသော်လည်း ပုပုသေးသေးလေး ဖြစ်နေသော သူမသည် အမူအရာမှာ မောက်မာလွန်းလှသည်။

မည်သို့ပင်ဆိုစေကာမူ ပြိုင်ပွဲဝင်များသည် သူမအားကြည့်ကာ ထိတ်လန့်နေကြလေသည်။

"အမေရေ ကယ်ပါဦး။ ဗာမီလီယမ်ငှက် မင်းသမီးက ဘာလာလုပ်တာလဲ။ ငါတော့သေပါပြီ။"

ငှက်ကြီးတစ်ကောင် ငိုကြွေးလိုက်သည်။

"အား....... ငါမပြိုင်ချင်တော့ဘူး။"

"ဘာလို့ ဒီလောက်တောင် ကံဆိုးရတာလဲ။"

"ဝါး....... ဝါး........"

အခြားငှက်များသည်လည်း တုန်ယင်နေကြသည်။

စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အလယ်အလတ်အဆင့်ရှိသော သားရဲသည်ပင် မျက်နှာတစ်ခုလုံး ဖြူရော်သွားသည်။

ထိုအချိန်တွင် အဝေးမှ အော်ဟစ်သံတစ်ခု ပေါ်ထွက်လာသည်။

"ဟားဟား...... အမှိုက်ကောင်တွေ ဖေဖေကြီးက မင်းတို့ကို ပညာပေးရသေးတာပေါ့။ ခုနစ်ခါဆက်တိုက် နိုင်ထားတဲ့သူကွ။"

ထိုဝက်ဝံသည် တစ်စုံတစ်ခုကို သတိထားမိကာ ရယ်သံများ ရပ်တန့်သွားသည်။

"မေမေရေ......... သူမက ဘာလို့ရှိနေရတာလဲ။ ဆက်မတိုက်ချင်တော့ဘူး။ ကယ်ကြပါ။"

ဝှစ်........

အနီရောင် အလင်းတန်းတစ်ခုမှာ ဝက်ဝံကြီး၏ ခန္ဓာကိုယ်အား ရစ်ပတ်လိုက်သည်။

ဝုန်း........

ထိုအမျိုးသမီးမှာ ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်လေသည်။

"နင်တို့အားလုံး ဘယ်မှသွားဖို့ မစဉ်းစားနဲ့။"

All Chapters