← Chapters

လက်ရည်ပြသခြင်း

Vol. 66 Ch. 925

လက်ရည်ပြသခြင်း

Vol. 66 Ch. 925

အန်လင်းမှာ ကြောင်တောင်တောင်ဖြင့် ထိုအမျိုးသမီးအား ကြည့်ရှုနေမိသည်။

ဗာမီလီယမ်ငှက် မင်းသမီးဟုခေါ်သော အမျိုးသမီးသည် ပြိုင်ပွဲဝင်များ အားလုံးကို ထိတ်လန့်စေနိုင်သည်။

သို့သော် အန်လင်းမှာ အခြေအနေအား သေသေချာချာ နားမလည်ပေ။

အံ့ဖွယ်အာရုံအရ ထိုအမျိုးသမီး၏ ကျင့်ကြံရေးမှာ စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း နောက်ဆုံးအဆင့် ဖြစ်သည်။

အစောပိုင်းမှ ဝက်ဝံကြီးမှာလည်း စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း နောက်ဆုံးအဆင့်ပင်။

အန်လင်း တွေးတောနေစဥ်မှာပင် ခြေသံအချို့ ထွက်ပေါ်လာပြန်သည်။

ရှပ်....... ရှပ်....... ရှပ်........

ထိုအမျိုးသမီးသည် အန်လင်းအားကြည့်ကာ ညှို့ငင်အားပြင်းစွာ ပြုံးလိုက်သည်။

"အိုး.......... လူသားတစ်ယောက် ရောက်နေတာပဲ။"

အန်လင်း သူမအား မေးမြန်းလိုက်သည်။

"မင်းက လူမဟုတ်ဘူးလား။"

"ငါလား။"

အမျိုးသမီး ခပ်ဖွဖွ ရယ်မောလိုက်သည်။

"မှန်းကြည့်လေ........"

အန်လင်းမှာ ဂရုစိုက်ပုံ မရပေ။

"မကြာခင် သေရတော့မယ့်ဟာ မှန်းမနေတော့ဘူး။"

အမျိုးသမီးမှာ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

အန်လင်းမှာ သူမနှင့် မျက်လုံးချင်း ဆုံကြည့်လိုက်လေသည်။

အခြားသော ပြိုင်ပွဲဝင်များမှ လှောင်ပြောင်လာကြသည်။

"ရယ်ရသားပဲ။ သူ့ကိုယ်သူ နိုင်မယ်ထင်နေတာလား။"

"မသေခင် ဒီလိုဟာသမျိုး ကြားနိုင်တာ အဲ့လူသားကို ကျေးဇူးတင်ရမယ်။"

"ဟူး........ ဒီလူမသားက ဘာမှမသိဘူးပဲ။"

ဝေဖန်သံများ ဆူညံသွားသည်။

ဗာမီလီယမ်ငှက် မင်းသမီးမှာ တောက်ပစွာ ပြုံးလိုက်သည်။

"ဒီလိုယုံကြည်ချက်ရှိတဲ့ ပြိုင်ဘက်မျိုး မတွေ့ရတာကြာပြီ။ ပြိုင်ပွဲဝင်ရတာ တန်ပြီလေ။"

သူမသည် အန်လင်း၏ မေးဖျားအား လက်ညှိုးထိုးလာသည်။

"နင်နဲ့တိုက်ဖို့ မျှော်လင့်နေမယ်နော်။ ငါ့ကိုစိတ်မပျက်စေနဲ့။"

အန်လင်း မျက်ဆံလှန်ကာ ဘာမှပြန်မပြောတော့ပေ။

မညိသို့ပင်ဆိုစေကာမူ ဗာမီလီယမ်ငှက် မင်းသမီးမှာ လျစ်လျူရှုခံရခြင်းကို ဒေါသထွက်သွားသည်။

"လူသားကောင်လေး......... နင့်နေရာနင်သိသင့်တယ်။"

သူမ၏ အရှိန်အဝါအား အန်လင်းမှ ဂရုမစိုက်ပေ။

အန်လင်းမှာ အံ့ဖွယ်ခွန်အားနည်းစနစ်အား အသက်သွင်းလိုက်သောကြောင့် မျက်ဝန်းများ ရွှေရောင်ဖြစ်သွားသည်။

သူမ၏ အရှိန်အဝါအား ပြန်လည်တုံ့ပြန်သင့်သည် မဟုတ်လော။

ရွှေရောင်စွမ်းအင်လှိုင်းများမှာ အန်လင်းထံမှ တဟုန်ထိုး ထွက်ပေါ်လာသည်။

ဝုန်း...... ဝုန်း....... ဝုန်း.........

ပြိုင်ပွဲဝင်များ အားလုံးမှာ ဒူးထောက်ရက်သား ဖြစ်ကုန်ကြသည်။ ၎င်းတို့မှာ မယုံကြည်နိုင်လည်း ဖြစ်နေကြလေသည်။

ဒီအရှိန်အဝါက လူသားတစ်ယောက်ဆီကတဲ့လား........ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ............

သို့သော် ဗာမီလီယမ်ငှက် မင်းသမီးမှာ ပါးချိုင့်လေးများခွက်အောင် ရယ်မောနေသောကြောင့် အန်လင်း အံ့သြမိသွားသည်။

သူမသည် အနည်းငယ်ပင် ကြောက်ရွံ့မနေပေ။

"နင်က စိတ်ဝင်စားစရာ ကောင်းသားပဲ။"

အန်လင်း၏ အမူအရာမှာ လေးနက်သွားသည်။

"မင်းလည်း စိတ်ဝင်သားစရာပဲ။ ကြည့်ရတာ မင်းကို အထင်သေးမိပြီထင်တယ်။"

ထိုအမျိုးသမီးသည် မည်သို့မျှ သာမန်မဟုတ်ပေ။

၎င်းတို့နှစ်ဦး အကြည့်ချင်း ဆုံနေစဥ်မှာပင် ခန်းမတံခါးမှာ ရုတ်တရက် ပွင့်ဟလာသည်။

"ပြိုင်ပွဲဝင် နံပါတ်တစ်နဲ့ နံပါတ် သုံးဆယ့်သုံး....... စင်ပေါ်တက်လာပေးပါ။"

ကျယ်လောင်လှသော ကြေညာချက်အား ကြားလိုက်ရသည်။

အန်လင်း တိတ်တဆိတ်ပင် သူ၏နံပါတ်အား စစ်ဆေးလိုက်သည်။

သုံးဆယ့်သုံး.........

သူသတ်ကွင်းထဲ ရောက်သွားသောအခါ ကျားခေါင်းနှင့် လင်းနို့တောင်ပံများပါသော ပြိုင်ဘက်အား တွေ့လိုက်ရသည်။

"ပြိုင်ပွဲဝင် နံပါတ်တစ်က တောင်ပိုင်းကောင်းကင်တောင်ပံနိုင်ငံတော်ရဲ့ မိစ္ဆာနက်ဂူက လင်ဒါမိစ္ဆာလင်းနို့ဖြစ်ပြီးတော့ ပြိုင်ပွဲဝင် နံပါတ် သုံးဆယ့်သုံးက ကိုးပြည်ထောင်က လူသားဖြစ်ပါတယ်။"

ကွင်းတစ်ခုလုံးမှာ ပရိသတ်များ၏ အော်ဟစ်သံများဖြင့် ပဲ့တင်ထပ်သွားသည်။

ထိုကဲ့သို့ အော်ဟစ်သံများ ကြားရသည်မှာ ကြက်သီးထချင်စရာပင်။

"လူသားတစ်ယောက်က သတ်ကွင်းထဲ ဝင်ရဲတယ်ပေါ့။"

"ဟမ့်....... ဒီနေရာက တောင်ပိုင်းကောင်းကင်တောင်ပံနိုင်ငံတော်ရဲ့ ဗဟိုဒေသလေ။ ဒါတောင်မှ ဒင်းကလာရဲသေးတာလား။"

"နောက်ဆုံးတစ်ခေါက်တုန်းက လာပြိုင်တဲ့ လူသားကို နဂါးသိမ်းငှက်တစ်ကောင် စားပစ်လိုက်တာမလား။"

"နေပါဦး....... ဒီလူသားက လင်းအန်ဆိုတော့ စုကျိုးအင်မော်တယ်ဂိုဏ်းက အန်လင်းများလား။"

"ဟားဟား....... အန်လင်းက မင်းလေးစားရတဲ့သူ ဆိုပေမယ့် လူသားတိုင်းက သူမဖြစ်နိုင်ဘူးလေ။"

"အန်လင်းက ကောင်းကင်ဘုံခုံရုံးမှာ ရှိနေမှာလေ။ ဒီသတ်ကွင်းကို ဘာလာလုပ်မှာလဲ။ ပြီးတော့ သူက အဲ့လောက်အကြွားသန်တာ....... နာမည်အရင်း မသုံးပဲ မနေဘူး။"

"အခု နာမည်က တိုက်ဆိုင်တာ သက်သက်ပဲ။"

ပွဲကြည့်ပရိသတ်များမှာ အမျိုးမျိုး ခန့်မှန်းနေကြသည်။

"မင်းဘယ်လောက်ကြမ်းကြမ်း ငါ့လက်ထဲမှာ သေရမှာပဲ။"

လင်ဒါမိစ္ဆာလင်းနို့မှာ အန်လင်းထံ ပြေးဝင်လာသည်။

ဝုန်း.......

ထက်ရှလှသော အနက်ရောင်ဓားများ ထွက်ပေါ်လာကာ နယ်ပယ်တစ်ခု ဖြစ်သွားသည်။

"ဒါနယ်ပယ်ပဲ။ ဘုရားရေ....... အဲ့လင်းနို့က စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အဆင့်ကို ခြေလှမ်းတဝက် ရောက်နေပြီလား။"

ပရိသတ်များ အံ့အားသင့်ကုန်သည်။

စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အဆင့်သို့ ခြေလှမ်းတဝက် ရောက်ရှိနေသူအား သတ်ကွင်းအတွင်း မြင်တွေ့ရသည်မှာ စိတ်လှုပ်ရှားစရာပင်။

ပွဲကြည့်ပရိသတ်များ၏ အားပေးသံမှာ ပို၍ပင် ကျယ်လောင်လာသေးသည်။

"သေလိုက်တော့။"

လင်းနို့မှာ လက်သည်းရှည်များဖြင့် တိုက်ခိုက်လိုက်သည်။

အန်လင်းမှာလည်း လက်သီးတစ်ချက်ဖြင့် တုံ့ပြန်လိုက်သည်။

ထိုသည်မှာ ရိုးရှင်းသော လက်သီးချက်တစ်ခုသာ။

မည်သို့ပင်ဆိုစေကာမူ လေထုသည်ပင် အက်ကွဲသွားရလေသည်။

လင်းနို့မှာ အလွန်ထိတ်လန့်သွားပြီး ဘာမှမတတ်နိုင်ခင်မှာပင် သူ၏နယ်ပယ် ပျက်စီးကာ ခန္ဓာကိုယ်မှာ ပေါက်ကွဲသွားရသည်။

ဝုန်း.........

နားကွဲမတက် ကျယ်လောင်သောအသံ ထွက်ပေါ်လာလေသည်။

မြေပြင်မှာလည်း ပြင်းထန်စွာ တုန်ခါသွားရသည်။

ထိုသို့ဖြင့် လင်းနို့မှာ ပြာကျသွားရတော့သည်။

ပွဲကြည့်ပရိသတ်များ၏ အော်သစ်သံများပင် ရပ်တန့်သွားသည်။ တိုက်ပွဲမှာ မစခင်မှာပင် ဆုံးနှင့်လေပြီ။

"လင်းနို့ကြီးက သေပြီလား။"

"ကြောက်ဖို့ကောင်းလိုက်တဲ့ လက်သီးချက်......."

ထိုအချိန်တွင် ကြေညာသံအား ကြားလိုက်သည်။

"အောင်နိုင်သူကတော့ လင်းအန်ပဲ ဖြစ်ပါတယ်။"

ပွဲကြည့်ပရိသတ်များ အသိစိတ်ဝင်ကာ အားပေးသံများ ဆူညံသွားသည်။

လင်းအန်သည် ချန်ပီယံနေရာအတွက် အင်အားကြီး ပြိုင်ပွဲဝင်ဖြစ်ကြောင်း နားလည်လိုက်ကြပြီပင်။

ကောင်းကင်မီးတောက် ဗာမီလီယမ်ငှက် ဒိုင်လူကြီးမှာ အန်လင်းအားကြည့်ကာ ပြောလိုက်သည်။

"ပြိုင်ပွဲဝင် လင်းအန်က ခန္ဓာကိုယ်အား သက်သက်ကိုသုံးပြီး တိုက်ခိုက်သွားတာပဲ။ တိုက်ခိုက်ပုံကလည်း အရမ်းတိကျမြန်ဆန်တယ်။ တကယ်ကို ထူးချွန်တဲ့ လက်သီးအင်မော်တယ်ပါပဲ။"

ပွဲကြည့်ပရိသတ်များမှာ ပို၍ပင် တက်ကြွလာကြသည်။

"လက်သီးအင်မော်တယ် လင်းအန်ကွ......."

အန်လင်း နှုတ်ခမ်းမဲ့သွားသည်။

တစ်ချက်လေး ထိုးလိုက်တာကို လက်သီးအင်မော်တယ်တဲ့လား......

မည်သို့ပင်ဆိုစေကာမူ ပရိသတ်များ၏ အားပေးမှုကြောင့် ခပ်ဖွဖွ ပြုံးမိသွားသည်။

"အခုကတော့ ပြိုင်ပွဲဝင် နံပါတ်နှစ်နဲ့ နံပါတ်သုံးဆယ့်လေးပါ။"

ချက်ချင်းဆိုသလို မိန်းမငယ်လေးမှာ သတ်ကွင်းထဲ ရောက်ရှိလာသည်။

ဟေးခနဲ အော်ဟစ်သံများ ဆူညံသွားလေသည်။

အော်ဟစ်သံများကြောင့် သတ်ကွင်းတစ်ခုလုံးပင် တုန်ခါသွားရသည်။

"နေသစ်ပင် စစ်နတ်ဘုရား......."

"ဗာမီလီယမ်ငှက် မင်းသမီး........”

All Chapters