ဗာမီလီယမ်ငှက်မင်းသမီး၏တိုက်ပွဲ
Vol. 66 Ch. 928
အန်လင်းမှာ စင်မြင့်ထက်မှ ဆင်းလာခဲ့လိုက်သည်။
ယခုအချိန်သည် ဗာမီလီယမ် ငှက်မင်းသမီးနှင့် ခေါင်းနှစ်လုံး ကျီးကန်းပြာတို့၏ တိုက်ပွဲအခါပင်။
အန်လင်းသည် ပွဲကြည့်ပရိသတ်များနှင့်အတူ ဗာမီလီယမ် ငှက်မင်းသမီး၏ တိုက်ပွဲအား ကြည့်ရှုနေလိုက်သည်။
ဗာမီလီယမ် ငှက်မင်းသမီးသည် စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း စဦးအဆင့်ထိ သူမကိုယ်သူမ နှိမ့်ချထားသည်။ ကျီးကန်းပြာသည် ခေါင်းနှစ်လုံး မျက်လုံးလေးလုံး ပါပါသော်လည်း သူမ၏ လျင်မြန်လှသော လှုပ်ရှားမှုများကို မမြင်နိုင်ပေ။
ကျီးကန်းပြာသည် အပြာရောင် အလင်းများဖြင့် တိုက်ခိုက်ပါသော်လည်း ဗာမီလီယမ် ငှက်မင်းသမီးမှာ အားလုံးကို ရှောင်ရှားလိုက်နိုင်သည်။
ဗာမီလီယမ် ငှက်မင်းသမီးမှာ ဖြည်းညင်းစွာ နီးကပ်လာသောကြောင့် ကျီးကန်းပြာမှာ ရွေးချယ်စရာ မရှိပဲ အကြီးအကျယ် တိုက်ခိုက်ရတော့သည်။ အပြာရောင် အရည်တစ်မျိုးသည် လေထုထဲ ထွက်ပေါ်လာကာ မီတာပေါင်း ရာနှင့်ချီ ဖုံးလွှမ်းသွားလေသည်။
ဗွမ်း...........
အပြာရောင် အရည်များသည် ကျီးကန်းပြာအား လွှမ်းမိုးသွားခဲ့သည်။
ထိုအရည်သည် တိုက်စားနိုင်စွမ်းရှိပြီး စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း ကျင့်ကြံသူ တစ်ဦးကိုပင် အရိုးကျသွားစေနိုင်သည်။
ဗာမီလီယမ် ငှက်မင်းသမီးမှာ ခြေလှမ်းများ ရပ်တန့်သွားသည်။
"ဟဲ့........ တိုက်မှာဖြင့်တိုက်လေ။ ဘာလို့ လိပ်လိုပုန်းဖို့ လုပ်နေတာလဲ။"
ကျီးကန်းပြာသည် ထိတ်လန့်တကြားဖြင့် ဗာမီလီယမ် ငှက်မင်းသမီးအား ထိုအရည်များဖြင့် တိုက်ခိုက်လိုက်သည်။
ဗာမီလီယမ် ငှက်မင်းသမီးမှာ တည်တည်ငြိမ်ငြိမ်ပင် ရှောင်ရှားလိုက်လေသည်။
"ဟွန့်........."
သူမ နှာခေါင်းရှုံ့လိုက်သည်။
ကျီးကန်းပြာသည် လှုပ်ပင်မလှုပ်ရဲပဲ ထိုအတိုင်းသာ ငြိမ်နေမိသည်။
သတ်ကွင်းတစ်ခုလုံးမှာ ငြိမ်ကျသွားသည်။
ပြိုင်ပွဲဝင် နှစ်ဦးလုံးသည် လှုပ်ရှားခြင်း မရှိပဲ တစ်ဦးနှင့်တစ်ဦး ကြည့်နေကြလေသည်။
အားလုံးမှာ တင်းမာသော အခြေအနေအား ခံစားမိကြသည်။
ထို့နောက်.........
"နင်ဆက်လုပ်လေ........ ငါတော့ နားဦးမယ်။"
ဗာမီလီယမ် ငှက်မင်းသမီးမှာ သမ်းဝေလိုက်ပြီးနောက် ပုခက်တစ်ခုဆင်ကာ တက်လှဲနေလိုက်သည်။
ပွဲကြည့်ပရိသတ်များမှာ ကြောင်အမ်းအမ်း ဖြစ်ကုန်သည်။
ပွဲကြီးပွဲကောင်း ဖြစ်ရမှာကို အခုက ဘာတွေလဲ.........
၎င်းတို့သည် သူရဲဘောကြောင်လွန်းလှသော ကျီးကန်းပြာအား ဆဲဆိုကြတော့သည်။
ဗာမီလီယမ် ငှက်မင်းသမီးသည် ချစ်စဖွယ် မိန်းမငယ်လေး ဖြစ်သောကြောင့် မည်သူကမှ အပြစ်မမြင်ရက်ကြပေ။
ကျီးကန်းပြာမှာ စိတ်ဓာတ်ကျနေသည်။
ယီးပဲ............ သတ်ကွင်းထဲ ရောက်နေတာ မင်းတို့မှ မဟုတ်တာ..........
ငါသာ ဒင်းနဲ့တိုက်ရင် သေမှာပေါ့........
ငါကတော့ ကမူးရှူးထိုး မတိုက်ချင်ဘူး.......... အနိုင်ရမှဖြစ်မယ်...........
ကျီးကန်းပြာသည် သူရဲဘောကြောင်ခြင်း မဟုတ်ပဲ ဗာမီလီယမ် ငှက်မင်းသမီး၏ အားနည်းချက်အား ဦးစွာရှာဖွေလိုခြင်းသာ။
တိုက်ရိုက်တိုက်ခိုက်ခြင်းသည် အဆင်မပြေနိုင်ပဲ သူမအား အနိုင်ရအောင် လမ်းဖွင့်ပေးနေသလိုသာ ဖြစ်နေပေလိမ့်မည်။
သူသာ ဗာမီလီယမ် ငှက်မင်းသမီးအား သတ်နိုင်ခဲ့ပါက နေသစ်ပင်၏ စစ်နတ်ဘုရား တစ်ပါးသဖွယ် ဂုဏ်သိက္ခာ မြင့်တက်သွားမည်ပင်။ ယုံကြည်ချက်များလည်း တိုးမြင့်လာကာ ဟင်းလင်းပြင်သို့အပြန် အဆင့်ထိရောက်အောင် ကျင့်ကြံလာနိုင်လောက်သည်။
ထို့နောက် ကောင်းကင်ဘုံခုံရုံးသို့သွား၍ အန်လင်းအားရှာကာ ထိုသူ၏ သားရဲတစ်ကောင် ဖြစ်ကောင်းဖြစ်လာနိုင်ပေသည်။
ယခုအခြေအနေသည် သူ၏ရည်မှန်းချက်အား ခြေတစ်လှမ်း တိုးသွားစေနိုင်သည်။
"မမောသေးဘူးလား........ ကျီးကန်းစုတ်။"
ဗာမီလီယမ် ငှက်မင်းသမီး မေးမြန်းလိုက်သည်။
သူမသည် ပုခက်ထဲတွင်လှဲကာ တောက်ပစွာ ပြုံးနေလေသည်။
ပျင်းရိစွာ အပျင်းကြောဆွဲလိုက်ပြီးနောက် လှပသော ခြေတံရှည်များကိုပါ ပုခက်ပေါ် တင်လိုက်သည်။
ကျီးကန်းပြာမှာ ထိုသည်ကို အသေးစိတ် ကြည့်ရှုနေလေသည်။
တကယ့် အခွင့်ကောင်းပဲ....... သူမက ပုခက်ပေါ် ရောက်နေတော့ သေချာရှောင်နိုင်မှာ မဟုတ်ဘူး........ အခု တိုက်ခိုက်သင့်တယ်........
ကျီးကန်းပြာမှာ စိတ်လှုပ်ရှားသွားစဥ်မှာပင် လည်ပင်းနောက်မှ အေးစက်စက် အထိအတွေ့ကို ခံစားလိုက်မိသည်။
"ဟမ်....... ဘာဖြစ်တာလဲဟ...."
သူသည် အနောက်သို့လှည့်ရန် ကြိုးစားလိုက်သည်။
ခရက်..........
ကျီးကန်းပြာ၏ ခေါင်းနှစ်လုံးမှာ မြေပြင်ပေါ် ပြုတ်ကျသွားလေသည်။
ခေါင်းနှစ်လုံးလုံးမှာ ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။
၎င်းသည် စိတ်ကူးယဥ်အိပ်မက်ထဲမှ ရက်ရက်စက်စက် လှုပ်နှိုးခံလိုက်ရသည်ပင်။
ပွဲကြည့်ပရိသတ်များလည်း မျက်ဝန်းများ ပြူးကျယ်ကုန်ကြသည်။
၎င်းတို့သည် ဓားမော့သဖွယ် အပြာရောင် အငွေ့များအား မြင်နေခဲ့ရသည်။
ကျီးကန်းပြာသည် ဗာမီလီယမ် ငှက်မင်းသမီးအား အပြည့်အဝ အာရုံရောက်သွားသည်နှင့် ထိုအငွေ့များလည်း လှုပ်ရှားသွားခဲ့သည်။
"ဘာဖြစ်သွားတာလဲ။ "
"ပုခက်ပဲ။ ဗာမီလီယမ် ငှက်မင်းသမီးရဲ့ ပုခက်ကနေ အပြာရောင်အငွေ့တွေ ထွက်လာပြီး ကျီးကန်းပြာရဲ့ နယ်ပယ်ကို ဖျက်စီးပစ်လိုက်တာ။"
"တော်တော်ကို တိကျသပ်ရပ်လွန်းတဲ့ လှုပ်ရှားမှုပဲ။"
"ဗာမီလီယမ် ငှက်မင်းသမီးက ပျင်းချင်ယောင်ဆောင်ပြီး အာရုံစိုက်မှုကို ရအောင်ယူလိုက်တာပဲ။ ကျီးကန်းပြာက ပိုင်ပြီထင်တော့မှ တစ်ချက်တည်း ရိုက်ချပစ်လိုက်တာ။"
"ထင်ထားတဲ့အတိုင်းပဲ။ ဗာမီလီယမ် ငှက်မင်းသမီးက စစ်နတ်ဘုရားမ ဖြစ်လာတော့မှာ သေချာတယ်။"
ပွဲကြည့်ပရိသတ်များမှာ ရင်ထဲအသည်းထဲမှ လှိုက်လှိုက်လှဲလှဲ အော်ဟစ်အားပေးလိုက်ကြသည်။
ခေါင်းပြတ်သွားသော ကျီးကန်းပြာမှာလည်း မြေပြင်ပေါ် ပြုတ်ကျသွားသည်။
ဗာမီလီယမ် ငှက်မင်းသမီးသည် တောက်ပစွာပြုံးကာ စင်မြင့်ပေါ် ခုန်ဆွခုန်ဆွဖြင့် ပရိသတ်အား နှုတ်ဆက်လိုက်သည်။
"ဘယ်လိုလဲ....... သဘောကျရဲ့လား။"
"ဒီတိုက်ပွဲကို ကြိုက်ကြရဲ့လား။"
"ငါ့ရဲ့ တိုက်ခိုက်ပုံတွေက ချစ်စရာကောင်းတယ်နော်။"
နေဝင်ဆည်းဆာအောက်တွင် သူမ၏အပြုံးမှာ အလွန်ပင် ချစ်စဖွယ် ကောင်းနေသည်။
"ဗာမီလီယမ် ငှက်မင်းသမီးလေးကို မချစ်ကြဘူးလား။"
"ငါ့ကိုသဘောကျရင် လက်ခုပ်တီးပေးကြပါ။ ငါက နားအရမ်းကောင်းတာနော်။"
"ဟေး....... အနောက်ဘက်ကလူတွေ လက်ခုပ်တီးကြဦးလေ။"
...............
အန်လင်းမှာ ထိုသည်ကိုကြည့်ကာ မျက်ခုံးနှိပ်နေမိသည်။
တော်တော်ချစ်စရာကောင်းတာပဲ.........
အန်လင်းသည် ကြောက်မက်ဖွယ် သားရဲတစ်ကောင်အား တွေဝေမနေပဲ သတ်ပစ်နိုင်သည်။
သို့သော် ချစ်စဖွယ် မိန်းမငယ်လေးအား ထိုသို့မလုပ်ရက်ပေ။
လှပသော အရာများသည် ဖျက်စီးပစ်ရန် မသင့်တော်သောကြောင့် ဖြစ်ပေလိမ့်မည်။
လောကကြီးတွင် အလှတရားသည် အရေးပါလွန်းသည် မဟုတ်လော။
အလှတရားအား ဖျက်စီးလိုသူမှာ လူကောင်းမဖြစ်နိုင်ပေ။
သာမန်လူသားတစ်ဦးပင် ဖြစ်ပါစေ လှပသော အရာများကို ကာကွယ်လိုကြမည်ပင်။
အန်လင်းမှာ စိတ်အားတည်ငြိမ်စေလိုက်သည်။
မည်သို့ပင်ဆိုစေကာမူ တစ်ဦးသာ အသက်ရှင်ရမည် ဖြစ်သောကြောင့် သူ့အနေဖြင့် ရက်စက်ရတော့မည် ဖြစ်သည်။
သူသည် ချန်ပီယံ ဖြစ်လာရမည်ပင်။