← Chapters

ကံကြမ္မာ ကြာနီ ပေါ်လာခြင်း

Vol. 51 Ch. 708

ကံကြမ္မာ ကြာနီ ပေါ်လာခြင်း

Vol. 51 Ch. 708

“ ဘာလို့ မင်းကို ရင်းနှီးနေပါ့လိမ့် …” အနက်ရောင်ဝတ် အမျိုးသား တစ်ဦးက စုရိုအာအား မျက်မှောင်ကျုတ်ကြည့်ကာ ပြောလိုက်၏။

စုရိုအာက ကြောက်လန့်တကြား ဖြစ်သွားကာ နှလုံးခုန်ပင် မြန်ဆန်သွားလေ၏။ သူမ ရှေ့တွင် ရှိနေသော အမျိုးသား ပြာဖြစ်သွားလျှင်ပင် သူမက မှတ်မိနေဦးမည် ဖြစ်၏။ ထိုလူမှာ စူးခရာ အင်မော်တယ်မြို့ဟောင်းရှိ ဗလာကြေးမုံ အင်မော်တယ်တာအို ကုန်သည်အိမ်တော်မှ စီမံခန့်ခွဲရေးမှူး ဖူကျန်းဆောင် ဖြစ်ပေသည်။ ယခင် သူမ၏ စီနီယာအစ်ကိုပြန့်နှင့် သူမတို့မှာ ဤလူ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ အကယ်၍ ယီလန်သာ ဂိုဏ်းချုပ်မို၏ အကူအညီကို မရခဲ့လျှင် သူမအနေနှင့် အသက်ပျောက်နေသည်မှာ ကြာမြင့်နေလောက်လေပြီ။

သူမက တစ်ချိန်လုံး ဂရုစိုက်နေခဲ့လေရာ  ဖူကျန်းဆောင်မှ သူမအား မှတ်မိနေလိမ့်မည်ဟု တစ်ခါမှ မထင်ထားမိပေ။

တုံ့ဟွားလုံလည်း ဖူကျန်းဆောင်ကို မှတ်မိသွားလေ၏။ သူ့နောက်ကျောတွင် ချွေးအေးများ ထွက်လာပြီး စောစောလေးက စကားပြောမိသည့်အတွက် နောင်တရမိသွားသည်။ သူက ဖူကျန်းဆောင် ဤနေရာ ရောက်လာသည်မှာ  တိုက်ဆိုင်မှု တစ်ခု ဖြစ်မှန်း သိသော်လည်း  သူ့ကံတရားကို မကျိန်ဆဲဘဲ မနေနိုင်ချေ။

“ အခု မှတ်မိပြီ …. မင်းက တျန်းဂျီဂိုဏ်းရဲ့ ကျန်ရစ်သူမလား။ ငါ မင်းကို အရင်တုန်းက ဖမ်းခဲ့ဖူးပါတယ်။ ဒီနေ့ ပြန်တွေ့လိမ့်မယ်လို့ ထင်မထားမိဘူး  ဟားဟား  ” ဖူကျန်းဆောင်က အားရပါးရ ရယ်မောလိုက်၏။

ထိုစဉ် လူအုပ်ကြီးလည်း စတင်၍ လှုပ်လှုပ်ရှားရှား ဖြစ်လာကြသည်။ မဟာဧကရာဇ် ကျင်းယူ၏ မိန့်ခွန်း အဆုံးသတ်သွားပြီး ဖြစ်ရာ လေးလွှာမြောက်ကား တရားဝင် ဖွင့်လှစ်လိုက်လေပြီ။ ပထမဆုံး အခိုက်အတန့်လေး၌ စုရိုအာ  တုံ့ဟွားလုံအား ဆွဲခေါ်ကာ ကျိုးပျက်ကမ္ဘာ၏ လေးလွှာမြောက်အတွင်း ပြေးဝင်သွားတော့သည်။

စုရိုအာသည် ဤနှစ်တစ်လျှောက်လုံး ပုန်းကွယ်ပြီး နေလာသောကြောင့် ဖူကျန်းဆောင်နှင့် ယှဉ်လျှင် သူမက အခြေအနေမှန်ကို ရွေးချယ်တတ်ပေသည်။ လူအများကြီး လေးလွှာမြောက်သို့ ဝင်နေကြစဉ် ဖူကျန်းဆောင်၏ သတ္တိက အဆများစွာ တိုးနေလျှင်ပင် မှော်ရတနာကို ထုတ်ရဲမည် မဟုတ်ပေ။ စုရိအာနှင့် တုံ့ဟွားလုံတို့ ကျိုးပျက်ကမ္ဘာထဲ ဝင်သွားသောကြောင့် ဖူကျန်းဆောင်လည်း ဒေါသူပုန်ထကာ နောက်မှ လိုက်သွားတော့သည်။

“ စီနီယာအစ်မ ကျုပ်တို့ ဘာလုပ်ကြမလဲ ” သူတို့တွေ လေးလွှာမြောက်ထဲ ဝင်လာသည်နှင့် တုံ့ဟွားလုံက စိတ်ပူပင်စွာ မေးလိုက်သည်။

“ ငါ့နောက် လိုက်ခဲ့ …”  စုရိုအာ၏ ပုံရိပ်မှာ ဖြတ်ခနဲ ပျောက်သွားပြီး တည်နေရာတစ်ခု ရွေးချယ်ကာ သွားလိုက်၏။

လေးလွှာမြောက် အဝင်ဝတွင် မြူများနှင့် ဖုံးလွှမ်းနေသောကြောင့် စိတ်စွမ်းအားဖြင့်ပင် သေချာသည်းကွဲမည် မဟုတ်ပေ။ ဖူကျန်းဆောင်က အပြေးအလွှား ဝင်လာပြီးနောက် သူ့စိတ်စွမ်းအား၌ စုရိုအာတို့ကို အာရုံမခံစားမိတော့ကြောင်း သိလိုက်ရသည်။ ထိုသည်က သူ့အား ဒေါသတကြီးဖြင့်သာ ကျန်ရစ်စေခဲ့၏။ သူက ထိုလူနှစ်ယောက်အား လုံးဝ လွတ်ပေးမည် မဟုတ်ပေ။

“ စီနီယာအစ်မ … ကျုပ်တို့တွေ ဝိညာဉ်စွမ်းအား အနည်းဆုံးနေရာကို သွားနေတာလား။ အစ်ကိုကြီးလည်း တစ်ခါ ပြောဖူးတယ်။ တကယ်လို့ လျို့ဝှက်နယ်မြေတစ်ခု ပွင့်လာရင် အင်မော်တယ်စွမ်းအားတွေ ပေါများနေတဲ့ နေရာက ရတနာတွေ ရှိတဲ့ နေရာတဲ့  …”  အချိန်အတော်ကြာ သွားလာပြီးနောက် တုံ့ဟွားလုံက မပြောဘဲ မနေနိုင်တော့ချေ။

စုရိုအာ သွားလာနေသည့် နေရာမှာ ဝိညာဉ်စွမ်းအားများ နည်းပါးလာသည့် နေရာ ဖြစ်ကြောင်း ခံစားမိ၏။ ဘေးပတ်လည်ရှိ အင်မော်တယ်ဆေးပင်များမှာ အဆင့်နိမ့်များ ဖြစ်ပြီး သူပင် ခူးယူဖို့ရာ စိတ်မဝင်စားပေ။

စုရိုအာက လေးလေးနက်နက် ပြောလိုက်သည်

“ ဂျုနီယာမောင်လေး ဟွားလုံ …  ငါတို့က ဖူကျန်းဆောင် လိုက်ဖမ်းတာကို ခံနေရတာလေ။ သူက မဟာယီရှန်းအဆင့် ဆိုတော့ ငါတို့ နှစ်ယောက် ပေါင်းတိုက်ရင်တောင် သူ့အတွက် ပြိုင်ဖက် မဖြစ်သေးဘူး။ လေးလွှာမြောက်က ဖွင့်ခါစဆိုတော့ အားလုံးက ဝိညာဉ်စွမ်းအား များတဲ့နေရာကို သွားကြမှာလေ။

ငါတို့သာ တစ်နေရာတည်း သွားမိရင် အလွယ်တကူ သတိပြုမိသွားကြလိမ့်မယ်။ အဲဒါကြောင့်မလို့  ဝိညာဉ်စွမ်းအား နည်းတဲ့နေရာဆီ သွားနေတာ။ ဒါတောင် ဒီနေရာအတိုင်း လာတဲ့သူ တချို့တလေတော့ ရှိဦးမှာပဲ ”

“ စီနီယာအစ်မ ပြောတာ မှန်တယ်။ ကျုပ် လိုသွားတယ် ….” တုံ့ဟွားလုံက လေးစားစွာ ပြောလိုက်၏။

သူတို့နှစ်ယောက် ဆက်သွားနေရင်း ဘေးပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအားများမှာ နည်းသထက် နည်းပါးလာကြောင်း သိလိုက်ရ၏။ ရက်တချို့အကြာတွင် နှစ်ယောက်သား အဆင့်နိမ့် အင်မော်တယ်ဆေးပင်ပင် မတွေ့ရတော့ပေ။

စုရိုအာက အရှိန်လျော့လိုက်ပြီး

“ ဒီလောက်ဆိုရင် ဒီနေရာမှာ ဘယ်သူမှ ရောက်မလာလောက်ဘူး။ ငါတို့တွေ အချိန်တစ်ခုအထိ ပုန်းနေကြတာပေါ့။ အဲဒီနောက်ကျ  ငါတို့တွေ ဝိညာဉ်စွမ်းအားများတဲ့နေရာဆီ ဖြည်းဖြည်းချင်း သွားကြမယ်။ ငါတို့စွမ်းရည်က ကန့်သတ်ချက်နဲ့ဆိုတော့  တခြားသူတွေ ကျန်ခဲ့တာကို ကြိုးစားရှာကြတာပေါ့ …. ”

စုရိုအာက သက်ပြင်းချလိုက်၏။ ကျိုးပျက်ကမ္ဘာ လေးလွှာမြောက်သို့ ဝင်လာသည့်သူ အများအပြား ရှိသော်လည်း သူတို့က သူများ ကျန်ရှိခဲ့သည့် ရတနာကိုသာ ယူရန် ရည်ရွယ်ထားကြသည်။ ထိုအရာမှာ အတော်လေး ခက်ခဲလွန်းလှပေ၏။

တုံ့ဟွားလုံက လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်ရင်း  မုန်းတီးစွာ ပြောလိုက်သည်

“ ဘယ်လိုဖြစ်ဖြစ် အစ်ကိုကြီးအတွက် လက်စားချေပေးရမယ်။ အဲဒီ မဟာဓားလမ်းစဉ်ဂိုဏ်းနဲ့ လျှပ်စီးဂိုဏ်းတို့  အရှက်မရှိတဲ့ဟာတွေက အစ်ကိုကြီးကို တိုက်ခိုက်ဖို့ မဟာဧကရာဇ်တွေကိုတောင် လွှတ်ခဲ့ကြသေးတယ် … ”

ဤနေရာအထိ ပြောပြီးနောက် တုံ့ဟွားလုံက ခဏရပ်လိုက်သည်။ ချက်ချင်းဆိုသလို သူ့ရှေ့ကို ညွှန်ပြကာ  တအံ့တဩ ရေရွတ်လိုက်၏  “ စီနီယာအစ်မ အဲဒါက ဘာကြီးလဲ …. ”

မနီးမဝေး၌ ခန်းခြောက်နေသော ရေကန် ရှိနေသည်။ ရေကန်အလယ်၌ ပေါလောပေါ်နေသော ကြာပန်းနီ တစ်ပွင့် ရှိနေသည်။ ကြာပန်းတွင် ပွင့်ချပ် ၁၁ ခု ပါရှိပြီး တောက်ပနေသည်။

“ ကံကြမ္မာ ကြာနီ …” စုရိုအာ အသံမှာ တုန်ယင်‌ေလေ၏။ သူမက ကံကြမ္မာကြာနီ ဖြစ်ကြောင်း သေချာသိပေ၏။

“ မြန်မြန် သွားယူလိုက် …. တကယ်လို့ အဲဒီအရာသာ ပေါ်လာမှန်း သိကြရင် ငါတို့ နှစ်ယောက်လုံး အရိုး‌တောင် ကျန်မှာ မဟုတ်ဘူး  ” စုရိုအာ၏ အသံမှာ တုန်ယင်နေပြီး မြန်မြန် ပြောလိုက်၏။ သူမက  ဝိညာဉ်စွမ်းအား လုံးဝ မရှိသည့် နေရာတွင် ကံကြမ္မာကြာနီ ရှိနေလိမ့်မည်ဟု မထင်ထားပေ။

“ ကျုပ် သိပြီ။ ကံကြမ္မာ ကြာနီကြောင့် ဘေးနားက ဝိညာဉ်စွမ်းအားတွေ စုပ်ယူခံလိုက်ရတာပဲ  … အဲဒါကြောင့် ဒီနေရာမှာ ဝိညာဉ်စွမ်းအား ရှားပါးနေတာ ” တုံ့ဟွားလုံက စိတ်လှုပ်ရှားစွာ ပြောလိုက်၏။

………………

မိုဝူကျိက ကျောက်ခဲများ ရှိနေသည့် ကမ်းစပ်၌ ခြေချလိုက်သည်။ သူ့မျက်ဝန်း၌ စိတ်ပျက်မှုများ ကြီးစိုးနေလေ၏။ သူက စိတ်ဝိညာဉ် အမှတ်သား ထားရစ်ခဲ့သော်လည်း ကူးသန်းရေး အစီအရင်ကို အသက်သွင်းကြည့်ဖို့  မည်မျှပင် ကြိုးစားကြည့်စေကာမူ သူ့အနေနှင့် အပြင်ဘက်ရှိ ကူးသန်းရေး အစီအရင်များနှင့် မချိတ်ဆက်နိုင်ပေ။

အမြင်နှင့်တင် ဤနေရာမှ ထွက်သွားဖို့ ကူးသန်းရေး အစီအရင် အသုံးပြုခြင်းမှာ မဖြစ်နိုင်သည့် အိပ်မက်တစ်ခုမျှသာ ဖြစ်ပေ၏။

အကယ်၍ သူက ဓားအကျဉ်းထောင်မှ ထွက်သွားလိုလျှင် သူ့အနေနှင့် ဓားစွမ်းအင်မြစ်သို့ သွားရုံသာ ကျန်တော့သည်။

ရက်များစွာ ကြာပြီးနောက် မိုဝူကျိက ဓားစွမ်းအင်မြစ် အစွန်းနား ရောက်ရှိလာသည်။ ဘေးကင်းနွယ်တောင် ပျောက်ကွယ်သွားကတည်းမှ ဤနေရာ၌ ရေလာခပ်သူ တစ်ဦးပင် မကျန်ရှိတော့ပေ။

ထိုစဉ်  ဓားစွမ်းအင်မြစ် ဘေးပတ်လည်မှာ  တိတ်ဆိတ်မှုသာ ကြီးစိုးနေလေ၏။ ဓားစွမ်းအင်မြစ် အပေါ်ယံ၌ မြူအနည်းငယ် ပေါ်နေပြီး ကြည့်ရသည်မှာ ဆောင်းတွင်း နံနက်ခင်း ရေကန်နှင့် တူလှသည်။

စုစည်းနေသော ဓားစွမ်းအင်တို့က မိုဝူကျိအား ဖြတ်ကျော်သွားကြသည်။ တချို့မှာ မိုဝူကျိအပေါ် ကျရောက်လာသော်လည်း မိုဝူကျိ ခန္ဓာကိုယ်အပေါ် ဒဏ်ရာတစ်စက်လေးမှ မဖြစ်စေပေ။

မိုဝူကျိက မဟာလော့ရှန်း အလယ်အလတ်အဆင့်မျှသာ ဖြစ်သော်လည်း  သူ့ရုပ်ခန္ဓာမှာ နတ်ဘုရား ရုပ်ခန္ဓာ အလယ်အလတ်အဆင့်သို့ ရောက်ရှိနေလေပြီ။ ဤနေရာရှိ ဓားစွမ်းအင်မှာ အရမ်းအားပြင်းသော်ငြား  သူ့ခန္ဓာကိုယ်ကို ဘာမှ မလုပ်နိုင်ချေ။

မိုဝူကျိက ဓားစွမ်းအင် မြစ်ကမ်းပါးဘေး၌ ထိုင်ချလိုက်သည်။ သူက ရေမခပ်ဘဲ  တိတ်တဆိတ် ထိုင်ကာ သူ့ဘေးပတ်လည်မှ ဓားစွမ်းအင်များကို ခံစားကြည့်နေသည်။

သူ့စိတ်စွမ်းအားမှာ ဓားစွမ်းအင်မြစ်ကို မထိုးဖောက်နိုင်သေးသည့်အတွက် မြစ်အတွင်းမှ ဓားစွမ်းအင်များ ထွက်ပေါ်လာမှုအား အာရုံမခံနိုင်သေးပေ။ မိုဝူကျိက  မြစ်ကမ်းဘေး၌ ဓားစွမ်းအားများနှင့် ကျင့်သားရသည့်အထိ စောင့်ဆိုင်းနေ၏။ ထို့နောက် စိတ်ဝိညာဉ်မျက်လုံးကို အသက်သွင်းကာ ဓားစွမ်းအင်မြစ်အား ကြည့်လိုက်သည်။

သူ့စိတ်ဝိညာဉ်မျက်လုံးအောက်၌ သိပ်သည်းကာ ကြောက်မက်ဖွယ် ကောင်းလှသော ဓားစွမ်းအင်များကို မမြင်နိုင်ခြင်း မရှိတော့ပေ။ အဆုံးမဲ့လှသော ဓားစွမ်းအင်များက ဓားစွမ်းအင်မြစ်ရေ မျက်နှာပြင်၌ စုစည်းနေကာ  အရှိန်ပြင်းပြင်းဖြင့် ထွက်ပေါ်လာသော ဓားစွမ်းအင် အလင်းချက်များအဖြစ် ပြောင်းလဲသွားနေသည်။

အမွေးတိုင် တစ်ဝက်စာကြာချိန်လေးအတွင်း မိုဝူကျိ၏ စိတ်ဝိညာဉ်မျက်လုံးမှာ နာကျင်မှုကို ခံစားလာရသည်။ သူက မြန်မြန် မျက်လုံးကို ပိတ်ကာ  ဆေးလုံးတချို့ သောက်သုံးလိုက်ရ၏။

ဓားစွမ်းအင်က သူ့စိတ်ဝိညာဉ်မျက်လုံးကို တိုက်ရိုက် လာထိရိုက်နေခြင်း မဟုတ်သော်လည်း ဓားစွမ်းအင်များကို အချိန်အတော်ကြာ လေ့လာခဲ့ရသည့်အတွက် သူ့စိတ်ဝိညာဉ်မျက်လုံးအတွက် တောင့်ခံဖို့ရာ များလွန်းနေပေသည်။ အကယ်၍ သူသာ မြန်မြန် ထွက်မသွားနိုင်လျှင် မိုဝူကျိက အင်မော်တယ်ဘုရင်အဆင့်အထိ ရောက်သည့်အထိ စောင့်ဆိုင်းရမည် ဖြစ်၏။ ဓားအကျဉ်းထောင်အတွင်း အင်မော်တယ်ဘုရင်အဆင့် ရောက်ဖို့ရာ မည်မျှ ကြာမြင့်မည်ကို မည်သူ သိမည်နည်း။

နှစ်နာရီကြာပြီးနောက် မိုဝူကျိက စိတ်ဝိညာဉ်မျက်လုံးကို တဖန် အသက်သွင်းလိုက်ကာ ဓားစွမ်းအင်မြစ်အား တဖန် ပြန်ကြည့်လိုက်သည်။ သူက မြစ်ထဲ ဆင်းမသွားသေးပေ။ ဓားစွမ်းအင်မြစ်ထဲမှ ဓားစွမ်းအင်မှာ သူ့စိတ်ဝိညာဉ်မျက်လုံးကို ထိခိုက်စေနိုင်၏။ မိုဝူကျိက ထိုအရာကို သတိပြုမိ၍ ဓားစွမ်းအင်မြစ်ထဲ ဆင်းလိုက်လျှင် တောင့်ခံနိုင်လောက်မည် မဟုတ်ကြောင်း သံသယ ဝင်လာမိသည်။

ဤတစ်ကြိမ်၌ မိုဝူကျိက ဓားစွမ်းအင် မြစ် ရေမျက်နှာပြင်မှ ဓားစွမ်းအင် ဖွဲ့စည်းလာသည့် ဖြစ်စဉ်ကို မလေ့လာဘဲ မျက်နှာပြင်ကို ဖြတ်၍ မြစ်အနက်ပိုင်းထဲ ကြည့်လိုက်၏။

အသက်ဆယ်ရှိုက်စာအကြာတွင် မိုဝူကျိက မြစ်ကြမ်းပြင်၌ ဓားရှည်တစ်ချောင်း စိုက်ဝင်နေကြောင်း ထူးထူးခြားခြား တွေ့လိုက်ရသည်။ ဓားရှည်မှာ သာမာန်နှင့် တူသော်လည်း မိုဝူကျိက ထိုဓားရှည်မှ ထွက်ပေါ်လာသော ဓားစွမ်းအင်များကို ရှင်းရှင်းလင်းလင်း မြင်တွေ့နေရသည်။

မိုဝူကျိက အသက်ပြင်းပြင်း ရှုရှိုက်လိုက်သည်။ ဓားစွမ်းအင်မြစ်မှာ ဓားအကျဉ်းထောင်ရှိ ဓားစွမ်းအင် အရင်းအမြစ် ဖြစ်နေသည်။ ဓားရှည်တစ်ချောင်းက ဓားအကျဉ်းထောင်အား  ဓားစွမ်းအင်များဖြင့် ပြည့်နှက်သွားနိုင်စွမ်း ရှိနေသည်။ ထိုအရာမှာ လူတစ်ယောက်၏ ကမ္ဘာဦး စိတ်ဝိညာဉ်ကိုပင် တစစီ ဖြစ်သွားစေနိုင်သည်။

ဤဓားရှည် ပိုင်ရှင်ကား မည်မျှ ကြောက်ဖို့ ကောင်းလိုက်မည်နည်း။

သူ့စိတ်ဝိညာဉ်မျက်လုံးမှာ နာကျင်မှုကို တဖန် ပြန်လည် ခံစားလာရပြန်သည်။ မိုဝူကျိက ချက်ချင်းဆိုသလို စိတ်ဝိညာဉ်မျက်လုံးကို ပိတ်လိုက်တော့၏။

နောက်ထပ် နှစ်နာရီအကြာတွင် မိုဝူကျိက စိတ်ဝိညာဉ်မျက်လုံးကို တဖန် အသက်သွင်းလိုက်ပြန်သည်။ တစ်ချိန်တည်းဆိုသလို မြစ်ရေထဲ လက်တစ်ဖက် ဆန့်ထုတ်လိုက်သည်။

အေးစက်စက် ခံစားချက်တစ်ခု ပြန့်နှံ့လာပြီး မိုဝူကျိက ထိုအေးစက်မှုကို မခံစားနိုင်ခင်  အဆုံးမသတ်သော ဓားစွမ်းအင်များက သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်။

မိုဝူကျိ၏ စိတ်ဝိညာဉ်မျက်လုံးက ဓားစွမ်းအင်များ သူ့ခန္ဓာကိုယ်အား ဖျက်စီးပစ်နေသည်ကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။ တစ်ပြိုင်နက်ဆိုသလို ဓားစွမ်းအင်အများအပြားက သူ့အသိစိတ်ပင်လယ်အတွင်း စီးဝင်လာကြသည်။

“ ဖူး ” သွေးတစ်ပွက် အန်လိုက်ရသည်။ မိုဝူကျိ၏ တစ်ကိုယ်လုံးမှာ မြောက်များစွာသော ဓားချက်များဖြင့် အလှီးဖြတ်ခံထားရဟန် ပေါ်သည်။ ဤအချိန်၌ သူက သွေးသံရဲရဲ လူတစ်ယောက် ဖြစ်နေလေ၏။

ဓားစွမ်းအင်များက မိုဝူကျိ၏ အသိစိတ်ပင်လယ်ကို တစစီ ဖျက်စီးနေပြီး မိုဝူကျိ၏ အသားများကိုလည်း တိုက်စားပစ်နေသည်။ ထိုစဉ် မိုဝူကျိ၏ သွေးတစ်စက်ချင်းစီနှင့် အသား တစ်လက်မစီမှာ ဆာလောင်နေသော ဓားစွမ်းအင်များ၏ ဝါးမျိုခြင်းကို ခံနေရသည်။

သူ့ခန္ဓာကိုယ်မှာ မမှတ်မိနိုင်လောက်သည့် အခြေအနေအထိ ဖြစ်နေသော်လည်း မိုဝူကျိက စိတ်ဝိညာဉ်မျက်လုံးကို ဖွင့်၍ ဓားစွမ်းအင်မြစ်၏ ဓားစွမ်းအင်ကို လေ့လာနေသေးသည်။

အကယ်၍ မိုဝူကျိက ရေလာခပ်သည်ဆိုလျှင် သူ လိုချင်သည့် ရေပမာဏထက် ရပြီးနေလောက်လေပြီ။ ဖန်းဟုန်တို့ ရေလာခပ်သည့်အခါ ရေနှင့် ထိတွေ့လိုက်သည်နှင့် ချက်ချင်းဆိုသလို နောက်ဆုတ်လိုက်ကြခြင်း ဖြစ်ပေသည်။ တစ်ဖက်တွင် မိုဝူကျိက ဓားစွမ်းအင်မြစ်ထဲ ရောက်နေသည်မှာ အသက်ဆယ်ရှိုက်စာကျော်ကြာ ကုန်ဆုံးသွားပြီ ဖြစ်၏။

သူ့အား ဝန်းရံနေသော ဓားစွမ်းအင်များက ပိုပို၍ ပြင်းထန်လာသည်။ မိုဝူကျိက သူ့အရိုးများမှ အသံများ ထွက်နေသည်ကိုပင် ကြားနေရသည်။ မျက်နှာပေါ်ရှိ အရည်ပြားမှာလည်း မရှိတော့ပေ။

မိုဝူကျိက တည်ငြိမ်နေဆဲ ဖြစ်ကာ  သူ့အသိစိတ်ပင်လယ်နှင့် ခန္ဓာကိုယ်ပေါ် ဓားစွမ်းအင် တိုက်စားမှုအား ခွင့်ပြုထားလေ၏။ ထိုစဉ် သူ့ချီသွေးကြော ၁၀၈ ခုလုံးမှာ အဓိက ပတ်လမ်းကြောင်းဖြင့် လှည့်ပတ်နေရုံသာမက  ရုပ်ခန္ဓာကျင့်စဉ်နှင့်  ကျင့်ကြံခြင်း ကျင့်စဉ်တို့ကိုလည်း လှည့်ပတ်ထားသေးသည်။ ထိုမျှတင် မကသေးဘဲ သူက ကြယ်တာရာ ပင်လယ် လျို့ဝှက်ပညာရပ်ကိုပင် လှည့်ပတ်ထားသေး၏။

ဓားစွမ်းအင်မြစ်ထဲ အချိန်အတော်ကြာ ရောက်ရှိနေခြင်း ဖြစ်သည့်အတွက် ဓားစွမ်းအင်မြစ်အတွင်း အင်မော်တယ်ဝိညာဉ်စွမ်းအားမှာ မည်မျှ ပြင်းထန်ကြောင်း သိသွား၏။

အင်မော်တယ် ဝိညာဉ်စွမ်းအားများမှာ ပြင်းထန်လွန်းသောကြောင့် မိုဝူကျိက ကျင့်ကြံဖို့ရာ ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပေသည်။ သူ့အင်မော်တယ် မော်တယ်ကျင့်စဉ်၊ ရုပ်ခန္ဓာ ကျင့်စဉ်တို့ကို လှည့်ပတ်ပြီးနောက် အင်မော်တယ် ဝိညာဉ်စွမ်းအားများမှာ ပို၍ ထွက်ပေါ်လာပြီး သူ့ရုပ်ခန္ဓာ လေ့ကျင့်မှုအား အရှိန်မြင့်သွားစေသည်။

ကြယ်တာရာ ပင်လယ် လျို့ဝှက်ပညာရပ်မှာ သူ့အသိစိတ်ပင်လယ်အတွင်းရှိ ခရမ်းရေကန်ဆီ ရောက်ရှိလာသည့် ဓားစွမ်းအင်များမှ အန္တရာယ်ကို ကာဆီးပေးထား၏။ ယခုအချိန်  ကြယ်တာရာ ပင်လယ် လျို့ဝှက်ပညာရပ်ကို လှည့်ပတ်ခြင်းမှာ သာမာန် အခြေအနေအောက်နှင့် ယှဉ်လျှင် အဆရာကျော် တိုးပွားလာစေသည်။

ဖိအားများ ရှိနေသည့်အခါ ရွေ့လျားမှု ဖြစ်ပေါ်လာစေသည်။ သူ့ရုပ်ခန္ဓာ လေ့ကျင့်မှုအတွက် ဓားစွမ်းအင်မြစ်၏ အဆုံးမဲ့သော ဓားစွမ်းအားများမှာ ဖိအား ဖြစ်၏။ သူ့ကြယ်တာရာ ပင်လယ် လျို့ဝှက်ပညာရပ်အတွက်မူ   အသိစိတ်ပင်လယ်အတွင်း ဆက်တိုက် ဝင်ရောက်နေသော ဓားစွမ်းအင်များမှာ  ဖိအား ဖြစ်ပေသည်။

သူ့အသိစိတ်ပင်လယ်၏ ကြံခိုင်သန်စွမ်းမှု တိုးပွားလာသည်ကို ခံစားမိလိုက်ပြီး သူ့ခရမ်းရေကန်မှာလည်း သိသိသာသာ ပြောင်းလဲမှု ဖြစ်လာသည်။ မိုဝူကျိက ထိုက်ရှီရှောင်ကိုပင် ကျေးဇူးတင်မိသွားသည်။ ထိုက်ရှီရှောင်ကြောင့်သာ မဟုတ်လျှင် သူ့အနေနှင့် ကြယ်တာရာ ပင်လယ် လျို့ဝှက်ပညာရပ်ကို ရမည် မဟုတ်ပေ။

ထို့အပြင် မိုဝူကျိ၏ အသိစိတ်ပင်လယ်မှာ အဆုံးမဲ့ ဓားစွမ်းအင်များ ဆက်တိုက် ဝင်ရောက်ခြင်း ခံနေရသောကြောင့် ယခင်က နားမလည်ခဲ့သည့် ကြယ်တာရာ ပင်လယ် လျို့ဝှက်ပညာရပ်၏ သဘောတရားတချို့ကို နားလည် သဘောပေါက်လာသည်။

အစပိုင်းတွင် မိုဝူကျိ၏ ခန္ဓာကိုယ်မှာ ဓားစွမ်းအင် တိုက်စားမှုကြောင့် ဆက်တိုက်ဆိုသလို ပျက်စီးနေလေ၏။ နောက်ပိုင်း၌ မိုဝူကျိ၏ ရုပ်ခန္ဓာ လေ့ကျင့်မှုကား ဓားစွမ်းအင်များကို သုံးစွဲနေပြီး သူ့အသိစိတ်ပင်လယ်မှာလည်း ဓားစွမ်းအင် တရှိန်ထိုး ထွက်ပေါ်လာမှုကို ထိန်းညှိပေးထားနိုင်သောကြောင့်  မိုဝူကျိမှာ သူ ခံစားနေရသည့် နာကျင်မှုများကို မေ့လျော့သွားကာ ကျင့်ကြံခြင်း၌သာ စိတ်နှစ်မျှောသွားတော့သည်။

All Chapters