အန်လင်းနှင့်ဗာမီလီယမ်ငှက်မင်းသမီး
Vol. 67 Ch. 929
ညအချိန်သို့ရောက်ကာ မြေပြင်ရှိ သစ်ရွက်များထံမှ ခရမ်းရောင် ခပ်မှိန်မှိန် ထွန်းလင်းနေလေပြီ။
ကောင်းကင်ယံတွင် ကြယ်စင်များ တောက်ပနေပြီး လသော်တာမှာလည်း သတ်ကွင်းအား အလင်းပေးထားသည်။
ပွဲကြည့်ပရိသတ်များကြားတွင်လည်း အလင်းရောင်အချို့ ထွန်းညှိထားသည်။
သို့သော် အမှောင်ထုမှာ ပိုမိုလွှမ်းမိုးထားလေသည်။ သားရဲများအားလုံးသည် အမြင်အား ကောင်းကြသောကြောင့် လရောင်နှင့်ပင် သတ်ကွင်းအားကြည့်ရန် လုံလောက်နေပြီ ဖြစ်သည်။
ညဥ့်အချိန် ရောက်နေပါသော်လည်း သတ်ကွင်းမှာ ဆူညံနေဆဲပင်။
နားကွဲမတက် ကျယ်လောင်သော အော်ဟစ်သံများမှာ ပဲ့တင်ထပ်နေသည်။
စောင့်မျှော်နေခဲ့ရသော အချိန်သို့ ရောက်ရှိလာပေတော့မည်။
"ဗိုလ်လုပွဲ အချိန်ကို ရောက်ရှိလာပြီပဲ ဖြစ်ပါတယ်။"
ကြေညာသံ ထွက်ပေါ်လာသည်။
"အခုချိန်က ဆယ်စုနှစ် ဒါမှမဟုတ် ရာစုနှစ်အတွက်တောင် အရေးအပါဆုံး အချိန်တစ်ခု ဖြစ်လာတော့မှာပါ။ စစ်နတ်ဘုရားမတစ်ပါး မွေးဖွားလာတာကို ကျွန်တော်တို့ ကြည့်ရှုခံစားရတော့မှာပဲ ဖြစ်ပါတယ်။"
"ဗာမီလီယမ် ငှက်မင်းသမီးသာ နိုင်ခဲ့ရင် နေသစ်ပင်ရဲ့ စစ်နတ်ဘုရားအဖြစ် အသိအမှတ် ပြုခံရမှာပါ။ လက်သီးနတ်ဘုရား လင်းအန်က အနိုင်ယူသွားရင်တော့ သူမရဲ့ ကိုးဆယ့်ကိုးပွဲ ဆက်တိုက်နိုင်ထားတဲ့ စံချိန်က ပျက်သွားမှာပါ။"
အန်လင်း၏ လက်ရည်အား ထင်ထင်ရှားရှား မြင်တွေ့ထားရသောကြောင့် ထိုကဲ့သို့ ကြေညာခံရခြင်း ဖြစ်သည်။ ထိုသို့မဟုတ်ပါက ဗာမီလီယမ် ငှက်မင်းသမီး၏ ပြိုင်ဘက်ဖြစ်သူအား မိတ်ဆက်ပေးနေမည်ပင် မဟုတ်ပေ။
"ပြိုင်ပွဲဝင် နှစ်ယောက်ကို စင်မြင့်ပေါ် ဖိတ်ခေါ်လိုက်ကြရအောင်။"
ပွဲကြည့်ပရိသတ်များမှ ဟေးခနဲ အားပေးလိုက်ကြသည်။
အန်လင်း၏ တိုက်ခိုက်နိုင်စွမ်းသည် ပရိသတ်များအား ဆွဲဆောင်နိုင်ခဲ့ပါသော်လည်း သတ်ကွင်းတစ်ခုလုံးမှာ နေသစ်ပင်ရဲ့ စစ်နတ်ဘုရား ဗာမီလီယမ် ငှက်မင်းသမီးဟူသော အမည်နာမကိုသာ ကြွေးကြော်နေကြသည်။
ဗာမီလီယမ် ငှက်မင်းသမီးသည် ယခင်ရှိခဲ့ဖူးသော စစ်နတ်ဘုရားများထက်ပင် ပိုမိုကျော်ကြားသေးသည်။
မည်သို့ပင်ဆိုစေကာမူ အန်လင်းမှာ ထိုသည်ကို ဂရုမစိုက်ပေ။
ကျော်ကြားမှုသည် တိုက်ပွဲအတွင်း အသုံးမဝင်ပေ။ သူ့အနေဖြင့် ဗာမီလီယမ် ငှက်မင်းသမီးအား တရားမျှတစွာ အနိုင်ယူရန်သာလိုသည်။
"လင်းအန်......... နောက်ဆုံးတော့ နင်နဲ့တိုက်ရပြီပေါ့။"
ဗာမီလီယမ် ငှက်မင်းသမီးမှ အန်လင်းအားကြည့်ကာ ပြောလိုက်သည်။
ရောင်စဥ်ကိုးသွယ်သည် သူမအနား ဝေ့ဝဲနေသောကြောင့် လရောင်အောက်တွင် မြင့်မြတ်သော နတ်မိမယ်လေးအလား လှပလွန်းနေသည်။
အန်လင်း သက်ပြင်းချလိုက်မိသည်။
"မင်းက အရမ်းချစ်ဖို့ကောင်းနေတော့ သတ်တောင်မသတ်ရက်ဘူး။ ကျေးဇူးပြုပြီး မိစ္ဆာပုံစံ ပြောင်းပေးပါလား။ ငါလည်း သတ်ရလွယ်တာပေါ့။"
ဗာမီလီယမ် ငှက်မင်းသမီးမှာ မျက်လုံးပြူးသွားလေသည်။
"ပြိုင်ဘက်တစ်ယောက်က ဒီလိုတောင်းဆိုတာ ပထမဆုံးပဲ။"
"ဘယ်လိုလဲ....... အဲ့လိုလုပ်ဖို့ အဆင်ပြေရဲ့လား။"
အန်လင်း မေးမြန်းလိုက်သည်။
ဗာမီလီယမ် ငှက်မင်းသမီးမှာ လက်နှစ်ဖက်အား ကြက်ခြေခတ်သဏ္ဍာန် လုပ်ပြလိုက်သည်။
"မဖြစ်နိုင်ဘူး။"
အန်လင်းမှာ ရင်ခုန်သွားရသည်။
ချစ်စရာလေးကွာ.........
ဗာမီလီယမ် ငှက်မင်းသမီးမှ စကားဆိုလာသည်။
"ငါက အလှလေးတစ်ယောက်လေ။ နင့်တောင်းဆိုချက်က လွန်လွန်းတယ်။ လာစမ်းပါ။ နင့်ကို ဒီအလှလေးက ကိစ္စတုန်းပေးမယ်။"
သူမ၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် အရှိန်အဝါများ ဖြာထွက်လာသည်။
အန်လင်းမှာ အမူအရာ ပြောင်းလဲသွားလေသည်။
သူမသည် ကျင့်ကြံရေးအဆင့်အား စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အလယ်အလတ်အဆင့်ထိ လျှော့ချထားသည်။
အသေအကြေ တိုက်ခိုက်ရမည့် တိုက်ပွဲတစ်ပွဲတွင် ကိုယ့်ကိုယ်ကို ထိုသို့နှိမ့်ချပစ်သည်မှာ သူမသာ ရှိပေလိမ့်မည်။ ထိုသည်မှာ စိတ်ဝင်စားစရာပင်။
"စပြီနော်။"
ဗာမီလီယမ် ငှက်မင်းသမီးမှာ အန်လင်းထံ လျင်မြန်စွာ ပြေးဝင်လာသည်။
သို့သော် အန်လင်း၏ အမြင်တွင်မူ သူမ၏ လှုပ်ရှားမှုမှာ နှေးကွေးလွန်းလှသည်။
အန်လင်းသည် သူမအား နာကျင်မှု ကင်းမဲ့သော မရဏတရားအားပေးရန် ဆုံးဖြတ်လိုက်သည်။
သူ၏နဖူးထက်တွင် ကြာပန်းအမှတ်အသား ဖြစ်ပေါ်လာကာ လက်သီးမှာလည်း ရွှေရောင်တောက်ပလာပြီးနောက် ဗာမီလီယမ် ငှက်မင်းသမီးအား တိုက်ခိုက်လိုက်သည်။
"တစ်ရာရာခိုင်နှုန်း တောင်ခွင်းလက်သီး........."
ဗာမီလီယမ် ငှက်မင်းသမီးသည် ရှောင်ရှားရန် ပြင်လိုက်ပါသော်လည်း အန်လင်း၏ လက်သီးအား ရှောင်ရန်မဖြစ်နိုင်ကြောင်း သိလိုက်ရသည်။
ကြောက်ဖို့ကောင်းလိုက်တာ............
ဗာမီလီယမ် ငှက်မင်းသမီးမှာ ထိတ်လန့်သွားပြီးနောက် ရွှေရောင်အငွေ့များဖြင့် အကာအရံတစ်ခု ဖန်တီးလိုက်သည်။
ဝုန်း..........
တောင်ခွင်းလက်သီးနှင့် ရွှေရောင်အကာအရံတို့ ထိပ်တိုက်တွေ့ဆုံသွားလေသည်။
ရွှေရောင်အလင်းများ ဖြာထွက်ကာ ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်သွားရသည်။
ဗာမီလီယမ် ငှက်မင်းသမီးသည်လည်း အဝေးသို့ လွင့်ထွက်သွားသည်။ သူမသည် ဆံနွယ်များ ပွယောင်းကာ အသက်ရှူမြန်နေသည်။
ထို့နောက် အန်လင်းမှာ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားလေသည်။
ဗာမီလီယမ် ငှက်မင်းသမီးမှာ အမူအရာ ပြောင်းလဲသွားကာ ကောင်းကင်ထက် ပျံတက်သွားသည်။
အန်လင်းမှာ သူမနောက်တွင် ပေါ်လာပါသော်လည်း သူမအား မထိုးလိုက်နိုင်ပေ။
ထိုအချိန်တွင် ဗာမီလီယမ် ငှက်မင်းသမီးသည် ဒေါပ်ဖိနပ်နီနီဖြင့် အန်လင်း၏ မျက်နှာအား တက်နင်းရန် ပြင်လိုက်သည်။
ဘန်း..........
ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းဂယက်များ ဖြစ်ပေါ်လာလေသည်။
ဗာမီလီယမ် ငှက်မင်းသမီး မျက်မှောင်ကြုံ့လိုက်သည်။ သူမ၏ ကန်ချက်သည် စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အထွဋ်အထိပ်အဆင့် ကျင့်ကြံသူတစ်ဦးအား ခေါင်းဟက်တက်ကွဲသွားစေနိုင်ပါသော်လည်း ဖြိုဖျက်မရသော နံရံကြီးနှင့် တိုက်မိသွားသလို ခံစားလိုက်ရသည်။
"အရေထူလိုက်တာ....... အား..... အား......"
သူမ အော်ဟစ်ကာ နောက်ဆုတ်ရန် ပြင်လိုက်စဥ်မှာပင် ပြင်းပြင်းထန်ထန် ဖမ်းဆွဲခြင်းကို ခံလိုက်ရသည်။
အန်လင်းသည် ဗာမီလီယမ် ငှက်မင်းသမီးအား ခြေထောက်မှကိုင်ကာ မြေပြင်ပေါ် ရိုက်ချပစ်လိုက်သည်။
ဝုန်း..............
မြေပြင်တစ်ခုလုံး ကြမ်းတမ်းစွာ တုန်ခါသွားသည်။
ဗာမီလီယမ် ငှက်မင်းသမီးမှာ အဝတ်အစားများပင် စုတ်ပျက်ကုန်သည်။ သူမ ရုန်းကန်ရန် ပြင်လိုက်စဥ်မှာပင် လေပေါ်မြောက်တက်ကာ မြေပြင်နှင့် ထပ်မံရိုက်ချခံရပြန်သည်။
ဝုန်း..........
မြေပြင်တွင် အက်ကွဲရာများ ဖြစ်ပေါ်လာလေသည်။
ဗာမီလီယမ် ငှက်မင်းသမီး : "............"
အန်လင်းသည် ဗာမီလီယမ် ငှက်မင်းသမီး၏ ခြေထောက်အား တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ကာ မြေပြင်နှင့် အထပ်ထပ်အခါခါ ရိုက်ပစ်နေသည်။
ဝုန်း......
ဝုန်း.........
ဝုန်း...........
သက်ကွင်းတစ်ခုလုံးမှာ တုန်ခါနေလေသည်။
ပွဲကြည့်ပရိသတ်များမှာလည်း အထိတ်တလန့် ဖြစ်နေကြသည်။
"ယီးတဲ့မှ....... ငါ့ရဲ့ ဗာမီလီယမ် ငှက်မင်းသမီးလေးတော့ သွားပါပြီကွာ။"
"မကောင်းဆိုးဝါးကောင်........... သူမကို လွှတ်ပေးလိုက်စမ်း........"
"ဗာမီလီယမ် ငှက်မင်းသမီးက ဒီလောက်ချစ်စရာကောင်းတာကို အဲ့လိုလုပ်ရက်စရာလား။"
"အား....... လင်းအန်ကို ငါသတ်ပစ်မယ်။"
ပွဲကြည့်ပရိသတ်များမှာ ဒေါသထွက် ပေါက်ကွဲလာသည်။
ဗာမီလီယမ် ငှက်မင်းသမီးမှာလည်း ကြောင်အမ်းအမ်း ဖြစ်နေမိသည်။
ချစ်စရာကောင်းလှသော သူမအား ထိုသို့လုပ်ရက်သူ ရှိလိမ့်မည်ဟု တစ်ခါမှ တွေးထင်မထားခဲ့ပေ။
ခေတ္တမျှ ကြောင်တောင်တောင် ဖြစ်နေပြီးနောက် အန်လင်း၏လက်အား အပြာရောင် အငွေ့များဖြင့် တိုက်ခိုက်လိုက်သည်။
အန်လင်းသည် စူးရှလှသော နာကျင်မှုအား ခံစားလိုက်ရပါသော်လည်း ဗာမီလီယမ် ငှက်မင်းသမီးအား ဆက်လက်ကိုင်ပေါက်လိုက်သည်။
ဝုန်း...........
မြေပြင်မှာ တုန်ခါသွားပြန်သည်။
ဗာမီလီယမ် ငှက်မင်းသမီး မျက်ရည်ဝဲနေလေပြီ။
"နင်....... နင် သာမန်လိုပဲ တိုက်ခိုက်လို့ မရဘူးလား။"