← Chapters

ဗိုလ်လုပွဲ (ဒုတိယပိုင်း)

Vol. 67 Ch. 931

ဗိုလ်လုပွဲ (ဒုတိယပိုင်း)

Vol. 67 Ch. 931

"ဖူး........"

ဗာမီလီယမ် ငှက်မင်းသမီးမှာ သွေးအန်သွားရသည်။

ခရမ်းရောင် မြူခိုးများလည်း ပျောက်ကွယ်သွားလေသည်။

ဓားထိုးခံလိုက်ရသော ဗာမီလီယမ် ငှက်မင်းသမီးအားကြည့်ကာ ပွဲကြည့်ပရိသတ်များ မယုံကြည်နိုင် ဖြစ်ကုန်သည်။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဗာမီလီယမ် ငှက်မင်းသမီးက ရှုံးသွားတာလား။"

"အတု....... အတုပဲ ဖြစ်ရမယ်။ ဗာမီလီယမ် ငှက်မင်းသမီးက ဘယ်လိုမှ မရှုံးနိုင်ဘူး။"

"ပြီးတော့ လက်သီးနတ်ဘုရား လင်းအန်က ဘာလို့ ဓားစွမ်းရည် အရမ်းကောင်းနေတာလဲ။"

"သူ့ရဲ့ ဝှက်ဖဲတစ်ခု ဖြစ်မယ်။ ကြောက်စရာကောင်းလိုက်တာ။"

"ဝါး....... ဘာပဲဖြစ်ဖြစ် ဗာမီလီယမ် ငှက်မင်းသမီးကို ဒီလိုဖြစ်အောင်လုပ်တာ လက်မခံနိုင်ဘူး။"

"ဝေါင်း........ ငါကတော့ လင်းအန်ကို မိုက်တယ်ထင်တယ်။ ယောက်ျားစစ်စစ်ဆိုရင် လင်းအန်ကို အားကျအတုယူသင့်တယ်။"

အန်လင်း၏ တိုက်ပွဲစွမ်းရည်အား သဘောကျနေသူများလည်း ရှိပေသည်။

အန်လင်းသည် ဗာမီလီယမ် ငှက်မင်းသမီးအား အနိုင်ရလိုက်ပြီဖြစ်ကြောင်း ကိုယ့်ကိုယ်ကို သိလိုက်သည်။

ဗာမီလီယမ် ငှက်မင်းသမီး၏ အသက်စွမ်းအင်မှာ လျင်မြန်စွာ လျော့ပါးလာပြီပင်။

"နင်က အရမ်းရက်စက်တာပဲ။"

ဗာမီလီယမ် ငှက်မင်းသမီး၏ နှုတ်ခမ်းမှ သွေးများစီးကျလာသည်။

"ရွေးချယ်စရာ မရှိဘူးလေ။ ဒီသတ်ကွင်းမှာ တစ်ယောက်ပဲ အသက်ရှင်နိုင်မှာမို့ပါ။"

အန်လင်း သက်ပြင်းချကာ အဖျက်စွမ်းအင်များ ထုတ်လွှတ်လိုက်သည်။

ထိုအချိန်တွင် ရုတ်ချည်းဆိုသလို အန္တရာယ် အငွေ့အသက်အား ခံစားမိလာလေသည်။

အန်လင်း မျက်မှောင်ကျုံ့ကာ မျက်ဝန်းများ အဖြူရောင် ပြောင်းလဲသွားသည်။

ဗာမီလီယမ် ငှက်မင်းသမီးထံမှ အဖြူနှင့်အမည်း အငွေ့များသည် လှံငယ်နှစ်လက်အဖြစ် ပြောင်းလဲကာ အန်လင်း၏ မျက်ခုံးနှစ်ခုကြား ဦးတည်ပျံဝဲလာသည်။

ထိုအငွေ့များ၏ လှုပ်ရှားမှုမှာ လျင်မြန်လွန်းလှသည်။

နတ်ဘုရားစစ်ဆေးမှုနည်းစနစ်နှင့်ပင် ထိုတိုက်ခိုက်မှု လမ်းကြောင်းအား အမှီမလိုက်နိုင်ပေ။

"ရွှပ်........"

စူးရှရှအသံတစ်ခု ထွက်ပေါ်လာသည်။

လှံငယ်နှစ်ခုသည် အန်လင်း၏ နဖူးအား ထိုးစိုက်ကာ အဖြူနှင့်အမည်း စွမ်းအင်များ ဖြာထွက်လာသည်။

ပြင်းထန်လှသော တိုက်စားခြင်းအစွမ်းများမှာ မြေပြင်ကိုပါ ပေါက်ကွဲသွားစေသည်။

အန်လင်းမှာ နာကျင်လှသောကြောင့် နောက်သို့ဆုတ်လိုက်ရသည်။

ဆုတ်ခွာခြင်း မပြုပါက စစ်နတ်ဘုရား ခန္ဓာကိုယ်နှင့်ပင် ဒုက္ခရောက်သွားနိုင်သည်။

ထိုလှံငယ်များသည် သတ်ကွင်းအဆုံးထိ အန်လင်းနောက် လိုက်နေပြီးကာမှ စွမ်းအင်ကုန်ခမ်းကာ ဗာမီလီယမ် ငှက်မင်းသမီးထံ ပြန်လည်ရောက်ရှိသွားသည်။

ဗာမီလီယမ် ငှက်မင်းသမီး၏ နဖူးထက်တွင် အမှတ်အသားတစ်ခု ထွက်ပေါ်လာကာ အရှိန်အဝါများ တဟုန်ထိုး မြင့်တက်လာသောကြောင့် အန်လင်းသာမက ပွဲကြည့်ပရိသတ်များပါ အသက်ရှူကြပ်ကုန်သည်။

သူမ၏ ခန္ဓာကိုယ်မှ ဒဏ်ရာဒဏ်ချက်များသည်လည်း လျင်မြန်စွာ ကောင်းမွန်သွားကာ အသက်ရှူသံသည်ပင် ပုံမှန်ပြန်ဖြစ်လာသည်။

"ငါ့ကို တတိယအသွင်ထိရောက်အောင် ဖိအားပေးနိုင်တာ နင်ပဲရှိတယ်။ ငါမြင်ဖူးသမျှထဲမှာ နင်က အသန်မာဆုံး စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူပဲ။"

ဗာမီလီယမ် ငှက်မင်းသမီးမှာ ချိုမြသော အသံဖြင့် စကားဆိုလိုက်သည်။

သူမသည် ကောင်းကင်ပေါ် ပျံဝဲသွားသည်။ ရောင်စဥ်ကိုးသွယ် အခိုးအငွေ့များမှာ ကိုးရောင်ခြယ် တောင်ပံတစ်ခု ဖြစ်လာကာ သူမအား နတ်ဘုရားမ တစ်ပါးသဖွယ် တင့်တယ်နေစေသည်။

"အိုက်ရား........ မင်းက စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူအတုလား။"

အန်လင်း အသက်ပြင်းပြင်းရှူကာ မေးလိုက်သည်။

ဗာမီလီယမ် ငှက်မင်းသမီးမှာ ခပ်ဖွဖွ ပြုံးလိုက်သည်။

"မှန်းကြည့်လေ။"

ပွဲကြည့်ပရိသတ်များ ထိတ်လန့်သွားရသည်။

"တတိယအသွင်....... ဗာမီလီယမ် ငှက်မင်းသမီးမှာ တတိယအသွင် ရှိသေးတာလား။"

"ဒုတိယအသွင်နဲ့တောင် ဟင်းလင်းပြင်သို့အပြန် အထွဋ်အထိပ် အဆင့်တွေကို သတ်နိုင်တယ်လေ။ အခုက တတိယအသွင်ဆိုတော့..........."

"သတ်ကွင်းမှာ အကာအကွယ် ဝင်္ကပါတွေ ရှိပေမယ့် ဒီကနေ လှမ်းခံစားရတဲ့ သူမ အရှိန်အဝါက ငါ့ဂိုဏ်းက အကြီးအကဲထက်တောင် ပြင်းထန်နေသေးတယ်။"

"လက်သီးနတ်ဘုရား လင်းအန်နိုင်တော့မယ် ထင်ထားပေမယ့် အခုအတိုင်းဆိုရင်တော့ သွားပါပြီ။"

မည်သို့ပင်ဆိုစေကာမူ ရွှယ်ကျန်ထျန်းမှာ အန်လင်းအား အားပေးနေဆဲပင်။

အန်လင်းသည် ကောင်းကင်ကိုပင် ယီးနှင့်ထိုးမည့်သူ ဖြစ်သောကြောင့် ထိုမျှဖြင့် မကျရှုံးနိုင်ပေ။

ဗာမီလီယမ် ငှက်မင်းသမီးသည် ကောင်းကင်ထက်တွင် ပျံဝဲနေသည်။

"ဒေါက်ဖိနပ်တွေ......... အသက်ဝင်စမ်း......."

ဝုန်း............

ဗာမီလီယမ် ငှက်မင်းသမီး၏ ဒေါက်ဖိနပ်တွင် သွေးနီရောင် အတောင်များ ပေါက်လာသည်။

အန်လင်း အမူအရာ ပြောင်းလဲသွားရသည်။

"သူမဆီမှာ အဆင့်မြင့် အင်မော်တယ် ရတနာပါ ရှိနေတာလား။"

အဆင့်မြင့် အင်မော်တယ် ရတနာများမှာ ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။

အန်လင်းသည် အံ့ဖွယ်မီးတောက် ပုတီးစေ့သည် ရွှေမီးလျှံနဂါးအား ဆင့်ခေါ်နိုင်သည်။ စုရှောင်လန်၏ နဂါးစာကလေးဓားမှာလည်း ဇာမဏီနှင့် အစစ်အမှန် နဂါးတို့၏ စွမ်းအင်များ ပါဝင်နေသည်။ ထို့ကြောင့် ဗာမီလီယမ် ငှက်မင်းသမီး၏ ဒေါက်ဖိနပ်သည်လည်း တစ်စုံတစ်ခု ထူးခြားနေမည်ပင်။

"ဟိဟိ.......... နင့်ကို နောင်ရသွားအောင် လုပ်ပေးမယ်။"

ထိုစကားနှင့်အတူ ဗာမီလီယမ် ငှက်မင်းသမီးမှာ ပျောက်ကွယ်သွားတော့သည်။

အန်လင်းမှာ နတ်ဘုရားစစ်ဆေးမှုနည်းစနစ်အား အသက်သွင်းထားသောကြောင့် အရာအားလုံး တွေ့မြင်နိုင်ပေသည်။

သူသည် စွမ်းအင်လှိုင်းများ လှုပ်ရှားနေသော နေရာအား မိစ္ဆာရှင်းဓားဖြင့် ခပ်ကြမ်းကြမ်း လှမ်းခုတ်ချလိုက်သည်။

လှပသော အဝတ်စများ လေပေါ်မြောက်တက်ကာ ဗာမီလီယမ် ငှက်မင်းသမီးမှာ မကျေမနပ် ဖြစ်နေဟန်ဖြင့် အန်လင်းရှေ့ ပေါ်ထွက်လာသည်။

သူမသည် ဓားချက်အား ရှောင်နိုင်လိမ့်မည်ဟု အန်လင်း ထင်မထားခဲ့ပေ။ သူအံ့သြနေစဥ်မှာပင် မေးစေ့တည့်တည့် ဒေါက်ဖိနပ်စာ မိသွားသည်။

အဆင့်မြင့် အင်မော်တယ် ရတနာ ဖြစ်သည်နှင့်အတူ ဒေါက်ဖိနပ်၏ ဖိအားမှာ ကြမ်းတမ်းလွန်းလှပေသည်။

ဝုန်း........

အန်လင်းမှာ အဝေးသို့ လွင့်ထွက်သွားသည်။

ဗာမီလီယမ် ငှက်မင်းသမီးမှာ သူ၏ရှေ့သို့ ရောက်ရှိလာပြန်သည်။

"ကြာပန်းနီရောင်စဥ်.........."

သူမ၏ ဝတ်စုံမှာ ကြာပန်းသဖွယ် ပြန့်ကားသွားပြီးနောက် အနီရောင် အလင်းတစ်ခုမှာ အန်လင်း၏ မွေးရာပါ ညီငယ်လေးထံ ဦးတည်လာသည်။

ယီးတဲ့မှ...........

အန်လင်း ဒေါသထွက်သွားသည်။

သေရေးရှင်ရေး အခြေအနေ ဖြစ်နေသောကြောင့် အန်လင်းမှာ ကိုယ်နေဟန်ထားအား လျင်မြန်စွာ ပြောင်းလဲလိုက်သည်။

သူ့ထံတွင် အခြားရွေးချယ်စရာ မရှိပေ။

ဝုန်း...........

အန်လင်းသည် ဗိုက်အကန်ခံရကာ လွင့်ထွက်သွားပြီး ဗာမီလီယမ် ငှက်မင်းသမီးလည်း ပျောက်ကွယ်သွားသည်။

ထို့နောက် သူမသည် အန်လင်း၏ကျောအား ကန်လိုက်ပြန်သည်။

အနီရောင် အလင်းများနှင့်အတူ မြေပြင်မှာ တစ်ကီလိုမီတာခန့် ဟက်တက်ကွဲသွားသည်။

အန်လင်းမှာ နာကျင်မှုနှင့်အတူ လွင့်ထွက်သွားပြန်သည်။

ဗာမီလီယမ် ငှက်မင်းသမီးမှာ သူ၏ဗိုက်အား ကန်လာပြန်သည်။

ဝုန်း........

ဝုန်း...........

ဝုန်း............

ကောင်းကင်ထက်တွင် အနီရောင် ကြာပန်းများ တဝုန်းဝုန်း ပွင့်နေလေသည်။

တိုက်ခိုက်မှုများလည်း စက္ကန့်မခြား ဖြစ်ပေါ်နေသည်။

ကြောက်မက်ဖွယ် ပေါက်ကွဲမှုများကြောင့် သတ်ကွင်းတစ်ခုလုံး တုန်ခါနေရသည်။

ပွဲကြည့်ပရိသတ်များမှာလည်း မျက်တောင်ပင် မခတ်ကြပေ။

အန်လင်း၏ စစ်နတ်ဘုရား ခန္ဓာကိုယ်သည်လည်း ခံနိုင်ရည် ကုန်ဆုံးလုမတက် ဖြစ်နေလေပြီ။

"ကြာပန်းနီရဲ့ နောက်ဆုံးရိုက်ချက်........"

ဗာမီလီယမ် ငှက်မင်းသမီးမှာ အန်လင်းရှေ့သို့ ထပ်မံရောက်ရှိလာသည်။

သူမ၏ ဒေါက်ဖိနပ်မှ သွေးနီရောင် တောင်ပံများမှာ ပြန့်ကားလာလေသည်။

သူမသည် ဒူးကွေးကာ အန်လင်း ဝမ်းဗိုက်အား ချိန်ရွယ်လိုက်သည်။

ပြင်းထန်လှသော စွမ်းအင်ဖိအားများ ဖြာထွက်လာသည်။

ထိုသည်မှာ ယခင်တိုက်ခိုက်မှုများနှင့် ယှဥ်မရလောက်အောင် ကြမ်းတမ်းပေသည်။

ထိုစွမ်းအင်များမှာ အန်လင်း၏ ခန္ဓာကိုယ်ထဲ ဝင်ရောက်လာကြသည်။

ထိုအစွမ်းသည် ကောင်းကင်နှင့်မြေပြင်ကိုပင် ထိုးဖောက်နိုင်မည်ဟု ထင်မှတ်ရ၏။

"ဖူး........"

အန်လင်းမှာ ကူကယ်ရာမဲ့စွာ သွေးအန်လိုက်ရတော့သည်။

All Chapters