← Chapters

ဒဏ္ဍာရီလာသားရဲခွမ်းဖန်၏လက်ဆောင်

Vol. 67 Ch. 938

ဒဏ္ဍာရီလာသားရဲခွမ်းဖန်၏လက်ဆောင်

Vol. 67 Ch. 938

အန်လင်း၏ စိတ်ထဲသို့ များပြားလှသော သတင်းအချက်အလက်များ ဝင်ရောက်လာသည်။

(မီးနတ်ဘုရားကျင့်စဥ် : လှုပ်ရှားမှုအား စွမ်းအင်အဖြစ်ပြောင်းကာ မီးတောက်စွမ်းအင်အား တစ်ရာရာခိုင်နှုန်း မြှင့်တင်ပေးလျက် အစစ်အမှန် မီးနတ်ဘုရား ဖြစ်လာစေသည်။)

အစစ်အမှန် စိတ်ဆန္ဒ၊ ကျင့်စဥ်နှင့် တာအိုတရားများမှာ အန်လင်းထံ တပြိုင်နက် ရောက်ရှိလာသည်။

အလင်းရောင်များ ပျောက်ကွယ်သွားပြီးနောက် အန်လင်း မျက်လုံးဖွင့်ကာ ခပ်ဖွဖွ ပြုံးလိုက်သည်။

ထို့နောက် အမတနေနတ်ဘုရားအား အရိုအသေ ပေးလိုက်လေသည်။

ထင်မှတ်မထားပါသော်လည်း ရရှိလာသော ကျင့်စဥ်မှာ ကောင်းမွန်လွန်းလှသည်။

ဟေးထျန်ကဲ မနေနိုင်စွာ မေးလာသည်။

"ဘာအမွေအနှစ် ရလိုက်တာလဲ။"

"မီးနတ်ဘုရားကျင့်စဥ်လေ။"

အမတနေနတ်ဘုရားသည် အသက်ရှင်လျက် ရှိနေသေးသောကြောင့် ဖုံးကွယ်နေစရာ မလိုအပ်ပေ။

"မီးနတ်ဘုရားကျင့်စဥ်လား။"

ဟေးထျန်ကဲ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

အခြားသော ဗာမီလီယမ်ငှက်များ မနာလို ဖြစ်သွားရလေသည်။

"အဲ့ဒါက အမတနေနတ်ဘုရားရဲ့ အဓိကကျင့်စဥ်ပဲ။"

"လူသားတစ်ယောက်က ရသွားတာတဲ့လား။"

"မယုံနိုင်ဘူး။"

"အဖြေကောင်းရုံလေးနဲ့ အဲ့လိုအမွေအနှစ်ကြီး ရသွားတာလား။"

ဗာမီလီယမ်ငှက်များ ငိုကြွေးနေကြလေပြီ။

အန်လင်းမှာ ထိုသည်ကိုကြည့်ကာ စိတ်ကျေနပ်နေသည်။

"ဒီကျင့်စဥ်ကို သေသေချာချာ အသုံးချရမယ်။ မင်းတို့ခေါင်းဆောင်ကို ငါ့အစား ကျေးဇူးတင်ပေးပါဦး။ ဒီလက်ဆောင်က တန်ဖိုးကြီးတယ်။"

အန်လင်း ပြုံးကာပြောလာသည်။

ဗာမီလီယမ်ငှက်များမှာ အံတကြိတ်ကြိတ် ဖြစ်နေကြသည်။

"အခု ဒဏ္ဍာရီလာသားရဲ ခွမ်းဖန်ဆီ သွားကြမလား။"

အန်လင်း မေးမြန်းလိုက်သည်။

"ကောင်းပြီလေ။"

ဟေးထျန်ကဲမှာ အန်လင်းအား ခွမ်းဖန်ရုပ်ထုထံ ခေါ်ဆောင်သွားလိုက်သည်။

ဗာမီလီယမ်ငှက်များမှာ မကျေမနပ် ဖြစ်နေကြဆဲပင်။

"အခုက ကံကောင်းသွားရုံလေးပါ။"

"ဒီတစ်ခေါက်တော့ ကျရှုံးမှာ သေချာတယ်။"

"အမွေအနှစ်က လွယ်လွယ်ရစရာလား။ အခုထပ်ရရင် ငါနေသစ်ပင်ကနေ ခုန်ချလိုက်တော့မယ်။"

၎င်းတို့သည် ရုပ်ထုများအား ကိုးကွယ်နေပါသော်လည်း မည်သည်ကိုမှ မရရှိခဲ့ပေ။ အန်လင်းသည် ရောက်လျှင်ရောက်ချင်း အမတနေနတ်ဘုရား၏ အဓိက အမွေအနှစ်အား ရရှိသွားသောကြောင့် ၎င်းတို့အားလုံး လက်မခံနိုင် ဖြစ်ကြရသည်။

အန်လင်းသည် ဒေါသထွက်နေသော ဗာမီလီယမ်ငှက်များအားကြည့်ကာ ပျော်ရွှင်နေမိသည်။

ရန်သူများ သွေးပျက်နေသည်ကို ကြည့်ရခြင်းမှာ အရသာ ရှိလွန်းလှသည်။

ထို့နောက် သွေးအဆီအနှစ် တစ်စက်အား ရုပ်ထုပေါ် ချလိုက်သည်။

ခွမ်းဖန်ရုပ်ထုမှာ အသက်ဝင်နေသည့်အလား လျင်မြန်စွာ စုပ်ယူလိုက်လေသည်။

သြဇာအာဏာရှိသော စကားသံတစ်ခု ပေါ်ထွက်လာသည်။

"ဆုံးရှုံးသွားတဲ့ဟာတစ်ခုကို ပြန်ရှာဖို့ လိုအပ်လား။"

ခွမ်းဖန်၏ စကားမှာ မလှမ်းမကမ်းမှ ပြောနေသလိုပင်။

အန်လင်း လေးလေးနက်နက် တွေးတောလိုက်သည်။

ဒါက ကျယ်ပြန့်တာပဲ.........

မည်သို့ပင်ဆိုစေကာမူ ထိုကိစ္စနှင့်ပက်သတ်၍ လူတိုင်း၏ အတွေးမှာ မတူညီနိုင်ပေ။ ထိုသူ၏ စိတ်သဘောထားနှင့် ခံယူချက်အပေါ် မူတည်ကာ ကွဲပြားနေပေလိမ့်မည်။

မဟုတ်သေးဘူး.........

အန်လင်း အတွေးပေါက်သွားသည်။ ခွမ်းဖန်၏ အမြင်မှသာ ကြည့်သင့်ပေသည်။ ခွမ်းဖန်သည် လွတ်လပ်သော စိတ်ထားရှိကာ တစ်နေရာမှ တစ်နေရာသို့ အမြဲလိုလို ခြေဆန့်နေတတ်သူ ဖြစ်သည်။

အန်လင်း ပြုံးကာပြောလိုက်သည်။

"ဆုံးရှုံးသွားတယ်ဆိုတာ မသက်ဆိုင်တော့လို့ပါ။ အဲ့ဒါကြောင့် ပြန်ရှာဖို့ မပြောနဲ့........ စိတ်ထဲတောင် ထားနေစရာ မလိုပါဘူး။"

ခွမ်းဖန်၏ စကားသံ ထွက်ပေါ်လာသည်။

"မှန်ကန်တယ်။"

ဝုန်း.........

တောက်ပသော အလင်းများ အန်လင်းပေါ် ဖြာကျလာသည်။

"ငါအိပ်မက်မက်နေတာလား။"

ဟေးထျန်ကဲ မျက်လုံးပြူးသွားသည်။

"အဓိက အမွေအနှစ်ပဲ။"

ဗာမီလီယမ်ငှက်တစ်ကောင် အော်ဟစ်လိုက်သည်။

"လင်းအန်က အသိအမှတ်ပြုတာ ခံရပြန်ပြီလား။"

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ငါလက်မခံနိုင်ဘူး။ သူက လူသားတစ်ယောက်ပဲကို........"

အခြားသော ဗာမီလီယမ် ငှက်တစ်ကောင်မှာ လက်ခံရန် ငြင်းပယ်လိုက်သည်။

ထိုအချိန်တွင် အန်လင်းစိတ်ထဲသို့ သတင်းအချက်အလက်များ စီးဝင်လာသည်။

(ခွမ်းဖန်ခရီးစဥ် : ခွမ်းဖန်သည် လေနှင်ရာ ပျံသန်းကာ မျက်စိတမှိတ်အတွင်း အဝေးသို့ သွားလာနိုင်သည်။ ခွမ်းဖန်ခရီးစဥ်သည် လေစွမ်းအင်အားသုံးကာ အရှိန်မြှင့်တင်ခြင်း ဖြစ်သည်။)

အစစ်အမှန် စိတ်ဆန္ဒ၊ တာအိုတရားနှင့် ကျင့်စဥ်များမှာ အန်လင်းစိတ်ထဲ ရောက်ရှိလာကြသည်။

ဆယ့်ငါးမိနစ်ခန့် ကြာပြီးနောက် အန်လင်း မျက်လုံးဖွင့်လိုက်သောအခါ သူ၏အရှိန်အဝါမှာ ပိုမိုအားကောင်းလာလေသည်။

"အချက်အလက်တွေ များလိုက်တာ။ ခေါင်းတောင်နာချင်တယ်။"

"စီနီယာ ခွမ်းဖန်က ဘာလို့အများကြီး လာပေးရတာလဲ။"

အန်လင်း ငြီးငြူလိုက်သည်။

ဗာမီလီယမ်ငှက်များ ဒေါသထွက်ကုန်လေသည်။

"သည်းမခံနိုင်တော့ဘူး။ ဒင်းကိုသတ်မှရမယ်။"

ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူ တစ်ဦးမှ အော်ဟစ်လိုက်သည်။

"စိတ်လျှော့ပါဦး။ ဒီမှာ တိုက်ခိုက်လို့ မရဘူးလေ။"

အခြားငှက်တစ်ကောင်မှ နှစ်သိမ့်ပေးလာသည်။

"ငါက ဟင်းလင်းပြင်သို့အပြန်အဆင့် အင်မော်တယ်သားရဲ တစ်ကောင်ပဲ။ ဒီရုပ်ထုတွေကို ရာစုနှစ်နဲ့ချီပြီး ကိုးကွယ်လာတာ။ ဒါတောင်ဘာမှမရသေးဘူး။"

အခြားသော ဗာမီလီယမ် ငှက်တစ်ကောင်မှ စကားဆိုလာသည်။

"ဘာလို့ လူသားတစ်ယောက်က အမွေအနှစ်တွေကို ဆက်တိုက်ရနေတာလဲ။ သောက်ခွက်ကိုက အချိုးမပြေပဲနဲ့။"

အခြားငှက်တစ်ကောင်မှ ဝေဖန်ပြောဆိုလိုက်သည်။

အန်လင်းမှာ သည်းမခံနိုင်တော့ပေ။

သူသည် ဗာမီလီယမ်ငှက်တစ်ကောင်အားကြည့်ကာ မေးလိုက်သည်။

"ငါအမွေအနှစ် ထပ်ရရင် နေသစ်ပင်ကနေ ခုန်ချမယ်ဆိုတာ ဘယ်သူလဲ။"

"ဝါး....... ငါမဟုတ်ဘူး။ ဘာလို့ ငါ့ကိုလာကြည့်နေတာလဲ။"

ထိုဗာမီလီယမ်ငှက်မှာ အဝေးသို့ ထွက်ပြေးသွားလေသည်။

နေသစ်ပင်မှသာ ခုန်ချလိုက်ပါက ပျံသန်းခြင်းအား ကန့်သတ်ထားသောကြောင့် သတ်သေသည်နှင့်ပင် ခြားမည်မဟုတ်ပေ။

အခြားငှက်များပါ တိတ်ဆိတ်သွားတော့သည်။

အန်လင်း ရယ်မောလိုက်သည်။

"ကိုးရောင်ခြယ် အံ့ဖွယ်ဗာမီလီယမ်ရုပ်ထုဆီ သွားရအောင်။"

သူသည် ဒဏ္ဍာရီလာသားရဲ ရုပ်ထုများနှင့် ပက်သတ်၍ ယုံကြည်ချက် ရှိလာလေပြီ။

ဟေးထျန်ကဲမှာ အန်လင်းအား မကောင်းဆိုးဝါးသဖွယ် ကြည့်ရှုလာသည်။

အန်လင်းသည် ကိုးရောင်ခြယ် အံ့ဖွယ်ဗာမီလီယမ်ရုပ်ထုထံသွားကာ သွေးအဆီအနှစ် ချလိုက်သည်။

သွေးအဆီအနှစ်မှာ ပန်းပွင့်လွှာသဖွယ် ရုပ်ထုပေါ် တင်နေသည်။

ပတ်ဝန်းကျင်မှာ ငြိမ်သက်နေလေသည်။

ဗာမီလီယမ်ငှက်များလည်း အံ့အားသင့်သွားသည်။

အန်လင်းမှာ သွေးအဆီအနှစ် တစ်စက်အား ထပ်ချလိုက်ပါသော်လည်း ပြောင်းလဲမှု မရှိပေ။

ဗာမီလီယမ်ငှက်များမှာ အော်ဟစ်ရယ်မောလိုက်ကြသည်။

"ဟားဟား........ ဒီလိုဖြစ်မယ်မှန်း သိသားပဲ။"

"ကိုးရောင်ခြယ် အံ့ဖွယ်ဗာမီလီယမ်ငှက် သက်တော်ရာကျော် ရှည်ပါစေ။"

"ဘယ်လိုလဲ။ လင်းအန်တော့ စိတ်ထိခိုက်နေလောက်ပြီ။"

အန်လင်း စကားဆိုလာသည်။

"ဟုတ်ပါတယ်။ ဒဏ္ဍာရီလာသားရဲ နှစ်ကောင်ဆီကနေပဲ အဓိက အမွေအနှစ် ရလိုက်တာဆိုတော့ မင်းတို့ကို စိတ်ပျက်စေမိပြီ။ ငါက ဒီမှာရပ်နေဖို့တောင် မထိုက်တန်ပါဘူး။"

ရယ်သံများ ရပ်တန့်သွားလေသည်။

"ဖူး........"

ဗာမီလီယမ်ငှက်တစ်ကောင်မှာ သွေးအန်သွားရသည်။

အဓိက အမွေအနှစ် နှစ်ခုတောင် ရထားတဲ့သူက အဲ့လိုပြောတော့ ငါတို့ကို ပါးဖြတ်ရိုက်သွားတာမှ ကောင်းဦးမယ်...........

ဗာမီလီယမ်ငှက်များမှာ ဒေါသထွက်လွန်းသောကြောင့် ဘာမှပင် မပြောနိုင်တော့ပေ။

ထိုလူသားသည် သာမန်မဟုတ်ကြောင်း ၎င်းတို့သိရှိလိုက်ကြပြီ ဖြစ်သည်။

All Chapters