အမွေအနှစ်
Vol. 67 Ch. 939
ထိုလူသားသည် အမွေအနှစ်များ အပိုင်သိမ်းရုံမက နှုတ်သီးကောင်းလျှာပါးလွန်းလှသည်။
ဗာမီလီယမ်ငှက်များမှာ ကိုယ့်ဘဝကိုယ် သံသယ ဝင်မိလာသည်။
၎င်းတို့မှာ အန်လင်းကိုပင် မလှောင်ရဲတော့ပေ။
အန်လင်းသည် စတုတ္ထမြောက် ရုပ်ထုထံ ဆက်သွားလိုက်သည်။
မသေနိုင်သော စာကလေးသည် ဒဏ္ဍာရီလာသားရဲများအနက် အစောဆုံးဖြစ်ကာ ခရမ်းကြယ်စင် ပျက်သုဥ်းမှုတွင် သေဆုံးသွားသည်ဟု သိရသည်။
အန်လင်းမှာ သွေးအဆီအနှစ် တစ်စက်အား ရုပ်ထုပေါ် ချလိုက်သည်။
ရရမရရ စမ်းကြည့်ကြတာပေါ့............
သူသည် ဤအမွေအနှစ်များအား ထိုမျှစိတ်ထဲမထားပေ။
ရုပ်ထုသည် သွေးစက်အား လျင်မြန်စွာ စုပ်ယူသွားသည်။
ဗာမီလီယမ်ငှက်များ အံ့အားသင့်သွားရသည်။
အချို့မှာ အံတကြိတ်ကြိတ်ပင် ဖြစ်နေလေပြီ။
၎င်းတို့၏စိတ်ထဲတွင် မနာလိုမှုများ ပြည့်လျှံလာသည်။
ထိုအချိန်တွင် စကားသံတစ်ခုအား ကြားလိုက်ရသည်။
"အထီးကျန်တာနဲ့ သီးသန့်ဆန်တာ ဘယ်လိုကွာခြားလဲ။"
အန်လင်းမှာ ထိုအဖြေအား သိရှိနေသောကြောင့် ဝမ်းသာသွားသည်။
ထိုသည်မှာ စိတ်ခံစားချက်နှင့် သက်ဆိုင်ပေသည်။
အန်လင်း စကားဆိုလိုက်သည်။
"အထီးကျန်ရတာက ဘယ်သူကမှ ကိုယ့်ကို အရေးမစိုက်ကြလို့ပဲ။ သီးသန့်ဆန်တာကတော့ ကိုယ်တိုင်ကိုက ပတ်ဝန်းကျင်နဲ့ မပက်သတ်ချင်တာလေ။"
"မလုံလောက်သေးဘူး။"
အန်လင်း အံ့သြသွားရသည်။
ဒီစာကလေးက မသေခင်တုန်းက ဘုကလန့်ကောင်လားဟ...........
သူထပ်မံဖြေကြားလိုက်သည်။
"အထီးကျန်တာက သူများတွေနဲ့ ဝေးရမှာကို ကြောက်ရွံ့လို့ပဲ။ ဒါပေမယ့် သီးသန့်ဆန်ဖို့ဆိုရင် အဲ့လိုနေနိုင်တဲ့ စိတ်ဓာတ်ခွန်အားတစ်ခု လိုလိမ့်မယ်။"
ပတ်ဝန်းကျင်မှာ တိတ်ဆိတ်သွားသည်။
"မှန်ကန်တယ်။"
"လောကကြီးရဲ့ ထိပ်ဆုံးမှာနေရင် အထီးကျန်တယ်တဲ့။ ငါတကိုယ်တည်း ကမ္ဘာအနှံ့ ခြေဆန့်ခဲ့ဖူးတယ်။ အထီးမကျန်ပါဘူး။ ဘာလို့လဲဆိုတော့ ငါက သီးသန့်ဆန်တယ်လေ။"
ရုပ်ထုထံမှ စကားသံ ထွက်ပေါ်လာသည်။
အန်လင်း စိတ်ထဲမှ ရေရွတ်လိုက်သည်။
ငါကတော့ ဆရာ့ဆရာကြီး ဖြစ်နေရင်တောင် ရှောင်လန်လေးကို အနားခေါ်ထားမှာ.......... ငါ့သူငယ်ချင်းနဲ့ သားရဲတွေကိုရောပဲ........
ဒင်းက တဘဝလုံး FAဖြစ်ခဲ့တာပဲ ဖြစ်ရမယ်..........
အန်လင်းမှာ စိတ်မကောင်းဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
ထို့နောက် အမွေအနှစ် အလင်းတန်းမှာ အန်လင်းပေါ် ဖြာကျလာတော့သည်။
"သူက အဓိက အမွေအနှစ် သုံးခုတောင် ရနေပြီလား။ ဒါမျိုး တစ်ခါမှ မဖြစ်ဖူးဘူး။"
"ကံကောင်းလွန်းရင်လည်း တစ်ခုပေါ့ကွာ။ သုံးခုကတော့........"
ဗာမီလီယမ်ငှက်များမှာ ခါးသက်စရာ အမှန်တရားအား ရင်ဆိုင်နေရသည်။
"သူက မခေဘူးထင်တယ်။"
"သူ့သွေးဆက်က ဗာမီလီယမ်ငှက်တွေကိုတောင် ယှဥ်နိုင်တာပဲ ဖြစ်ရမယ်။ ဘိုးဘေးတွေရဲ့ မေးခွန်းကိုလည်း သေသေချာချာ ဖြေနိုင်သေးတယ်။ ဘာပဲဖြစ်ဖြစ် ငါတို့ထက်ကို ပိုသာနေပါပြီလေ။"
ဟင်းလင်းပြင်သို့အပြန်အဆင့် ဗာမီလီယမ်ငှက်မှာ အန်လင်းအားကြည့်ကာ သက်ပြင်းချလိုက်မိသည်။
ဟေးထျန်ကဲမှာလည်း မျက်လုံးအပြူးသား ဖြစ်နေသည်။
အန်လင်းသည် အမွေအနှစ်များအား ကန်စွန်းရွက် နှုတ်သလို လွယ်လင့်တကူ ယူဆောင်ပြနေသည်။
(သွေးကိုယ်ပွားကျင့်စဥ် : သွေးအဆီအနှစ် တစ်စက်ထဲသို့ အသိစိတ်သွင်းကာ ကိုယ်ပွားများစွာ ဖန်တီးနိုင်ပြီး မူလခန္ဓာမှ ထိန်းချုပ်နိုင်စွမ်း ရှိသည်။ သိစိတ်အာရုံ အားကောင်းလေ ကိုယ်ပွားများများ ထုတ်နိုင်လေ ဖြစ်သည်။)
အန်လင်း၏ စိတ်ထဲသို့ သတင်းအချက်အလက်များစွာ စီးဝင်လာသည်။
သူသည် ထိုအမွေအနှစ်အား တည်တည်ငြိမ်ငြိမ်ပင် လက်ခံလိုက်သည်။
သွေးကိုယ်ပွားကျင့်စဥ်အား သူ၏ရေကိုယ်ပွား ကျင့်စဥ်ဖြင့်ပေါင်းကာ ပိုမိုအဆင့်မြင့်သော ကိုယ်ပွားတစ်ခု ဖန်တီးနိုင်လောက်သည်။
မကြာမီပင် အမွေအနှစ် လက်ခံခြင်း ပြီးဆုံးသွားသည်။
အန်လင်းမှာ မသေနိုင်သော စာကလေးရုပ်ထုအား ကျေးဇူးတင်စွာ အရိုအသေ ပေးလိုက်သည်။
"သန္ဓေပြောင်းသွေးဇာမဏီဆီ သွားရအောင်လေ။"
ဟေးထျန်ကဲ ခေါင်းညိတ်ကာ အန်လင်းနောက်မှ လိုက်ပါသွားသည်။
အန်လင်း၏ အကြည့်တစ်ချက်နှင့်ပင် ဗာမီလီယမ်ငှက်များလည်း ငြိမ်သက်နေကြလေပြီ။
ဒီကောင် ဆရာကြီးဟ..........
အန်လင်းသည် သန္ဓေပြောင်းသွေးဇာမဏီအားကြည့်ကာ အမူအရာ လေးနက်သွားသည်။
ထို့နောက် သွေးအဆီအနှစ် တစ်စက်အား ရုပ်ထုပေါ် ချလိုက်သည်။
သန္ဓေပြောင်းသွေးဇာမဏီမှာ သွေးစက်များ စုပ်ယူလိုက်ပြီးနောက် အရှိန်အဝါများ ဖြာထွက်လာတော့သည်။
ဗာမီလီယမ်ငှက်များ ပါးစပ်အဟောင်းသား ဖြစ်သွားကြရသည်။
"ဘယ်လိုတုံ့ပြန်မှုကြီးလဲ။"
"ဒါက သန္ဓေပြောင်းသွေးဇာမဏီရဲ့ လက်ကျန်စွမ်းအင်ပဲ။ တစ်ခါမှ ဒီလိုမဖြစ်ဖူးဘူး။"
"လင်းအန်က အဲ့လိုတောင် လုပ်နိုင်တာလား။"
ဗာမီလီယမ်ငှက်များ ထိတ်လန့်ကုန်သည်။
အန်လင်း၏စိတ်ထဲတွင် ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။
ထိုအချိန်တွင် စကားသံတစ်ခုအား ကြားလိုက်ရသည်။
"မင်းဘယ်သူလဲ။ ဘာလို့ ငါ့စွမ်းအင်တွေ ရှိနေရတာလဲ။"
ဒင်းက သူ့အစွမ်းသူသိတယ်ပေါ့..........
အန်လင်းသည် သန္ဓေပြောင်းသွေးဇာမဏီ အရှိန်အဝါများအား ထုတ်ဖော်လိုက်သည်။
သက်ရှိစွမ်းအင် ပင်လယ်ထဲတွင်ရှိသော အဖြူရောင် ဗာမီလီယမ်ငှက်မှာလည်း မြင့်မြတ်သော အရှိန်အဝါများ ထွက်ပေါ်စေလိုက်သည်။
ဝုန်း...........
ဗာမီလီယမ်ငှက်များမှာ ပြင်းထန်လှသော ဖိအားကို ခံစားလိုက်ကြရသည်။
"ဘာတွေဖြစ်နေတာလဲ။ ကြောက်ဖို့ကောင်းလိုက်တာ။"
"သွေးဆက်ဖိနှိပ်တာ..... အဲ့လူသားဆီကနေ သွေးဆက်ဖိနှိပ်တာကို ခံစားနေရတယ်။"
"လင်းအန်က တကယ်ပဲ ဘယ်သူလဲ။"
ဗာမီလီယမ်ငှက်များမှာ မယုံကြည်နိုင်ဖြစ်ကာ ကြောက်ရွံ့ကုန်သည်။
အန်လင်းမှာ တည်ငြိမ်စွာ စကားဆိုလိုက်သည်။
"ငါဘယ်သူလဲက အရေးမကြီးဘူး။ မင်းက လက်ကျန်စွမ်းအင် သက်သက်ပဲ။ ငါ့ကို အရိုအသေ မပေးပဲ နေရဲတာလား။"
ဗာမီလီယမ်ငှက်များ ဒေါသထွက်ကုန်သည်။
"ရိုင်းစိုင်းလိုက်တာ။ ဘိုးဘေးကြီးကို အဲ့လိုပြောစရာလား။"
"ဒင်းကို သတ်ပစ်သင့်တယ်။"
"စိတ်မပူပါနဲ့။ ရုပ်ထုရဲ့ လက်ကျန်စွမ်းအင်က သူ့ကိုအပြတ်ရှင်းပစ်လိမ့်မယ်။"
ဗာမီလီယမ်ငှက်များမှာ အန်လင်းအား စူးစိုက်ကြည့်ရှုနေကြသည်။
"တောင်းပန်ပါတယ်။"
ရုပ်ထုမှာ တောင်းပန်လာလေသည်။
ထို့နောက် ရွှေရောင်အလင်းများမှာ အန်လင်းအား လွှမ်းခြုံသွားတော့သည်။
ဝုန်း........
အမွေအနှစ် အလင်းတန်းမှာ နေသစ်ပင်၏ ခုနစ်ထပ်မြောက် တစ်ခုလုံးကို ထွန်းလင်းသွားစေသည်။
ဗာမီလီယမ်ငှက်များမှာ စိတ်ဓာတ်များ ရိုက်ချိုးခံလိုက်ရသလို ခံစားလိုက်မိကြသည်။
အချို့မှာ ခြေထောက်များပင် မခိုင်တော့ပဲ မြေပြင်ပေါ် လဲကျကုန်သည်။
"သောက်ကျိုးနည်း......... ဒါက အမွေအနှစ်ရော ဟုတ်ရဲ့လား။"