အန်လင်းအား ဒူးထောက်ခြင်း
Vol. 67 Ch. 940
အန်လင်းမှာ စိတ်ကျေနပ်နေမိသည်။
သူသည် သွေးစက်ကုန်းမြေတွင် သန္ဓေပြောင်းသွေးဇာမဏီထံမှ အမွေအနှစ်ကို ရခဲ့သည်။
ထိုထဲတွင် သန္ဓေပြောင်းသွေးဇာမဏီ၏ ဇာမဏီစွမ်းအင်အပြင် တာအိုစွမ်းအင်များပါ ပါဝင်နေသောကြောင့် ရုပ်ထုထက် ပိုမိုအဆင့်မြင့်ကာ ၎င်းအားဖိနှိပ်နိုင်ခြင်း ဖြစ်သည်။
သန္ဓေပြောင်းသွေးဇာမဏီ၏ အမွေအနှစ်များမှာ အန်လင်းထံ အလုံးအရင်းဖြင့် စီးဝင်နေသည်။
အမွေအနှစ် အလင်းတန်းမှာ တောက်ပလွန်းလှသည်။
ဗာမီလီယမ်ငှက်များ ပါးစပ်အဟောင်းသား ဖြစ်ကုန်သည်။
"အံ့သြစရာကြီးပါလား။"
"ဒီလောက်လင်းတာမျိုး တစ်ခါမှ မမြင်ဖူးသေးဘူး။"
"ရှိသမျှ အမွေတွေ အကုန်ပေးတော့မလို့လား။"
အလင်းတန်းမှာ အချိန်အတော်ကြာမှ ပျောက်ကွယ်သွားသည်။
အန်လင်းမှာ ခေါင်းခါယမ်းလိုက်သည်။
"များလွန်းတယ်။"
ဗာမီလီယမ်ငှက်များ သွေးအန်တော့မလို ဖြစ်သွားရသည်။
ဒင်းကငါတို့ကို စော်ကားနေတာပဲ............
အန်လင်းသည် အမွေအနှစ်များစွာ ရရှိလိုက်ပါသော်လည်း အသုံးဝင်သော မန္တာန်၊ ကျင့်စဥ်များမှာ များများစားစား မရှိလှပေ။
တစ်ခုတည်းသော ကောင်းကျိုးမှာ သူ၏ သန္ဓေပြောင်းသွေးဇာမဏီ မီးတောက်သည် သန့်စင်မှု အဆင့်တက်ကာ ထိပ်တန်းအဆင့် အံ့ဖွယ်မီးတောက် ဖြစ်လာပြီပင်။
"လင်းအန်က ဘယ်သူလဲ။ စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် တစ်ယောက်က အဲ့လောက်ကြမ်းလား။"
ဗာမီလီယမ်ငှက်တစ်ကောင် ရေရွတ်လိုက်သည်။
"ဗာမီလီယမ် ငှက်မင်းသမီးကိုတောင် ယှဥ်ချလာတာဆိုတော့ ပါရမီရှင်လို့ ပြောလို့ရတယ်။"
"ဒါပေမယ့် အမွေအနှစ်က စွမ်းအင်နဲ့မှ မဆိုင်တာ။ သူက ဒဏ္ဍာရီလာသားရဲနဲ့ လူသားကနေ မွေးလာတာများလား။"
"အဲ့လိုဆိုရင် ငါတို့မသိပဲ နေမလား။"
ဗာမီလီယမ်ငှက်များမှာ အန်လင်းအား အထင်မသေးရဲတော့ပေ။
အန်လင်းသည် မည်သူပင် ဖြစ်နေပါစေ ဘိုးဘေးများ၏ အမွေအနှစ်အား ရယူနိုင်ခဲ့သူ ဖြစ်သည်။
"လင်းအန်က ဘိုးဘေးလေးယောက်ဆီကနေ အဓိက အမွေအနှစ်တွေ ရထားတာနော်။ ဒါမျိုးတစ်ခါမှ မဖြစ်ဖူးဘူးမလား။"
"ဟုတ်တယ်။ ဟင်းလင်းပြင်သို့အပြန်အဆင့် အင်မော်တယ်သားရဲတောင် အဲ့လိုမရနိုင်ဘူး။"
"လူသားတစ်ယောက်ကို ဘိုးဘေးလေးယောက်က အမွေပေးတယ်တဲ့လား။ ဒါသာ အပြင်ကို ပေါက်ကြားသွားရင် ငါတို့ ဗာမီလီယမ် ငှက်မျိုးနွယ်စုတွေ အရှက်ကွဲပါပြီ။"
"ဒါကို သေချာပေါက် လျှို့ဝှက်ထားရမယ်။"
"မယုံနိုင်ဘူး။ အန်လင်းက ဗာမီလီယမ်ငှက်ကနေ ဆင်းသက်လာတာများလား။"
"တော်သေးတာပေါ့။ ဘိုးဘေးလေးယောက်ပဲ အသိအမှတ်ပြုလို့။ ငါးယောက်လုံးသာဆိုရင် ငါဒူးပဲပြေးထောက်လိုက်တော့မယ်။"
"ဟားဟား........ စိတ်မပူပါနဲ့။ အဲ့ဒါမျိုးကတော့ စိတ်ကူးထဲမှာတောင် မဖြစ်နိုင်ဘူး။"
ဗာမီလီယမ်ငှက်များမှာ အချင်းချင်း နှစ်သိမ့်နေကြသည်။
ထိုအချိန်တွင် အသံတစ်ခု ထွက်ပေါ်လာသည်။
ထို့နောက် ရွှေရောင်အလင်းတစ်ခုမှာ အန်လင်းပေါ် ဖြာကျလာတော့သည်။
ဗာမီလီယမ်ငှက်များမှာ တိတ်ဆိတ်သွားရသည်။
ထိုသည်မှာ ကိုးရောင်ခြယ် အံ့ဖွယ်ဗာမီလီယမ်ငှက်ထံမှ ဖြစ်သည်။
ရွှေရောင်အလင်းတန်းမှာ တောက်ပလွန်းလှသည်။
အန်လင်းလည်း ကြောင်တောင်တောင် ဖြစ်သွားရသည်။
ဘာလဲဟ.......
ဗာမီလီယမ်ငှက်များလည်း နားမလည်နိုင်ကြပေ။
ကြည်လင်သော စကားသံတစ်ခု ထွက်ပေါ်လာသည်။
"တောင်းပန်ပါတယ်။ ဘာအမွေအနှစ် ပေးရမလဲ မသိလို့ပါ။ အခုတော့ ဒါကိုပေးဖို့ ဆုံးဖြတ်လိုက်ပြီ။"
"ဝါး........"
အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြရသည်။
အမွေပေးဖို့တောင် အရင်တွေးရသေးတယ်ပေါ့..........
အန်လင်းမှာ တစ်ခုခု လိုနေသလို ခံစားလိုက်ရသည်။
"ဒါပေမယ့် ဘာမှမမေးရသေးဘူး။"
"အော်......."
ကိုးရောင်ခြယ် အံ့ဖွယ်ဗာမီလီယမ်ငှက်မှ မေးမြန်းလာသည်။
"ငါလှတယ်လို့ထင်လား။"
အန်လင်း စကားဆိုလိုက်သည်။
"မြင်ဖူးသမျှထဲမှာ အလှဆုံးပဲ။ ဒီလိုအလှကို ကြည့်ခွင့်ရတာနဲ့တင် ဂုဏ်ယူမိရတယ်။"
"မှန်တယ်။"
ကိုးရောင်ခြယ် အံ့ဖွယ့ဗာမီလီယမ်ငှက်မှာ ပျော်ရွှင်စွာ ပြောလိုက်သည်။
"အခုအမွေကို ယူလိုက်တော့။"
အန်လင်း : ".........."
ဗာမီလီယမ်ငှက်များ : ".........."
သောက်ကျိုးနည်း....... ဘယ်လိုမေးခွန်းကြီးလဲ........
ဝုန်း........
အမွေအနှစ်များမှာ အန်လင်းထံ ရောက်ရှိလာသည်။
များပြားလှသော အမွေများအား လက်ခံလိုက်ရသောကြောင့် အန်လင်းသည်ပင် ငြီးငြူလိုက်မိသည်။
ကိုးရောင်ခြယ် အံ့ဖွယ့ဗာမီလီယမ်ငှက်မှာ အန်လင်းအား အတင်းအကြပ် အမွေပေးနေသလိုပင်။
ဗာမီလီယမ်ငှက်များအားလုံး မျက်လုံးပြူးနေရသည်။
ယီးတဲ့မှ..........
ဝုန်း...... ဝုန်း...... ဝုန်း.......
ဗာမီလီယမ်ငှက်များမှာ အန်လင်းအား ဒူးထောက်လိုက်ကြသည်။
နေသစ်ပင်တွင် ဘိုးဘေးငါးဦးလုံးထံမှ အမွေရသူ မရှိခဲ့ဖူးပေ။
အန်လင်းမှာ နတ်ဘုရားတစ်ပါးသဖွယ် ခမ်းနားထည်ဝါနေသည်။
ကိုးရောင်ခြယ် အံ့ဖွယ်ဗာမီလီယမ်ငှက်သည် အဘယ့်ကြောင့် ထိုမျှကြင်နာနေသည်ကို မသိရပါသော်လည်း အန်လင်းမှာ ထိုသည်ကို ငြင်းပယ်စရာ မရှိပေ။
သူ၏စိတ်ထဲသို့ သတင်းအချက်အလက်များစွာ စီးဝင်လာသည်။
(ဒြပ်ထုငါးခု ပေါင်းစည်းခြင်း : ဒြပ်ထုငါးခု ပေါင်းစည်းကာ စွမ်းအင်အသစ်တစ်ခု ရရှိနိုင်ပေလိမ့်မည်။)
အန်လင်း၏ မျက်ဝန်းများ တောက်ပသွားသည်။
ထိုသည်မှာ သူ့အတွက် အသုံးဝင်ပေသည်။
အန်လင်း ကျေးဇူးတင်စွာ အရိုအသေ ပေးလိုက်သည်။
"လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်။"
ထို့နောက် ပတ်ဝန်းကျင်အား ကြည့်ရှုလိုက်သောအခါ ဒူးထောက်နေသော ဗာမီလီယမ်ငှက်များအား တွေ့လိုက်ရသည်။
အန်လင်းသည် ထိုအရာမျိုးနှင့် မစိမ်းသက်သောကြောင့် တည်ငြိမ်နေလေသည်။
"ဒူးထောက်စရာ မလိုပါဘူး။ ထလို့ရပါပြီ။"
ဗာမီလီယမ်ငှက်များ : ".........."