ပိုင်ရှင်းကဲ၏ စိန်ခေါ်မှု
Vol. 67 Ch. 941
ဗာမီလီယမ်ငှက်များမှာ အန်လင်းစကားကြောင့် ဒေါသထွက်သွားရသည်။
ဘိုးဘေးများ၏ အသိအမှတ် ပြုခြင်းကြောင့် အန်လင်းအား လေးစားအားကျကာ ဒူးထောက်ခဲ့မိပါသော်လည်း ၎င်းသည် တည်တည်ငြိမ်ငြိမ် ရှိလွန်းလှသည်။
ထလို့ရပါပြီတဲ့လား........ ယီးကိုထပါလား.........
ငါတို့က ဒူးထောက်ချင်တယ်များ ထင်နေလား........
ဗာမီလီယမ်ငှက်များမှာ စိတ်တိုနေပါသော်လည်း ဘာပြောရမည်လဲပင် မသိတော့ပေ။
၎င်းတို့သည် ရှက်ရွံ့လွန်းလှသောကြောင့် အန်လင်းကိုလည်း မချီးကျူးလိုကြပေ။
အန်လင်းမှာ ထိုသည်ကို စိတ်ထဲမထားပဲ ဟေးထျန်ကဲအားကြည့်ကာ ပြုံးပြလိုက်သည်။
"ကျေးဇူးတင်ပါတယ်။ မင်းသာမခေါ်လာရင် ဒါမျိုးအမွေတွေ ရမှာမဟုတ်ဘူး။"
ဟေးထျန်ကဲမှာ အမူအရာ ပြောင်းလဲသွားသည်။
"သခင်လေး လင်းအန်......... ခင်ဗျားက ဘယ်သူလဲ။ ဘာလို့ အဲ့လောက်တောင် ထူးခြားနေတာလဲ။"
အန်လင်း စကားဆိုလိုက်သည်။
"ငါက နေသစ်ပင်ရဲ့ စစ်နတ်ဘုရားမ ဗာမီလီယမ် ငှက်မင်းသမီးကိုတောင် တိုက်ခိုက်လာတာလေ။ မထူးခြားပဲ နေမလား။"
ဟေးထျန်ကဲ : "............."
သူသည် မကျေမနပ်သာ မြိုသိပ်လိုက်ရသည်။
အန်လင်းသာ မပြောပြချင်ပါက သူ့အနေဖြင့် ဘာမှသိနိုင်မည် မဟုတ်ပေ။
"အခု ဘယ်သွားကြမှာလဲ။ မင်းကိုပဲ အားကိုးရဦးမယ်။"
"ဒီလိုနေရာမျိုးဆိုရင်တော့ ပိုကောင်းမယ်။ နေသစ်ပင်နဲ့ ဆက်နွယ်မှု တစ်ခုခု ရှိသလို ခံစားနေရတယ်။"
အန်လင်းမှာ တင်းတိမ်သေးပုံ မရပေ။
ဟေးထျန်ကဲ ဒေါသထွက်သွားရသည်။
"ဒီနေရာက ခုနစ်ထပ်မြောက်ရဲ့ အဓိကနေရာပဲ။ ခင်ဗျားတို့လို ချန်ပီယံတွေအတွက် အခွင့်အလမ်း ဖွင့်ပေးထားတာလေ။ ခုနစ်ထပ်မြောက်မှာ ရှိတဲ့သူ အကုန်ပေါင်းလိုက်ရင်တောင် ခင်ဗျားလောက် အမွေရဖူးတဲ့သူ မရှိသေးဘူး။"
"အော်........."
အန်လင်း ခေါင်းညိတ်ပြလိုက်သည်။
ဘာမှလည်း မထူးခြားပါဘူး......
ငါက ဆရာကြီးမို့လို့ဖြစ်မယ်...........
"ရှစ်ထပ်မြောက်မှာရော ကောင်းတာတွေရှိလား။"
အန်လင်း မေးမြန်းလိုက်သည်။
"ရှစ်ထပ်မြောက်လား။"
ဟေးထျန်ကဲ ရှင်းပြလိုက်သည်။
"အဲ့နေရာကို ဗာမီလီယမ်ငှက်တွေတောင် သွားလို့မရဘူး။ ဒဏ္ဍာရီလာသားရဲတွေပဲ ဝင်ခွင့်ရှိတာ။ အဲ့ဒါကြောင့် ဘယ်ကသွားရမလဲတောင် ဘယ်သူမှ မသိကြဘူး။"
"အဲ့လောက်တောင် ဆန်းကြယ်တာလား။ အဲ့ဒါဆို နေသစ်ပင်ရဲ့ စောင့်ရှောက်သူရှိတဲ့ ကိုးထပ်မြောက်ကရော......."
အန်လင်း သိချင်လာမိသည်။
"ဟုတ်တယ်။ နေသစ်ပင်ရဲ့ ကိုးထပ်မြောက်မှာ စောင့်ရှောက်သူရှိတယ်။ သူမက မြင့်မြတ်လွန်းလို့ ဒဏ္ဍာရီလာသားရဲတွေပဲ တွေ့ခွင့်ရတာ။ ဒါတောင်မှ သူမဆီကနေ ခွင့်ပြုချက် အရင်ယူရတယ်။"
"သူမသာ ငြင်းပယ်ရင် ဒဏ္ဍာရီလာသားရဲတွေတောင် တွေ့ခွင့်မရှိဘူး။"
ဟေးထျန်ကဲ ရှင်းပြလိုက်သည်။
နေသစ်ပင်၏ စောင့်ရှောက်သူအား မတွေ့ဖူးလိုသူ မရှိပေ။
အန်လင်း : "............"
သူသည် မစ်ရှင်အောင်မြင်ရန် မဖြစ်နိုင်တော့သလို ခံစားလိုက်ရသည်။
စနစ်က ငါ့ကိုဂေါက်သွားအောင် တမင်အကွက်ချနေတာလား...........
အန်လင်းမှာ ထိုအတွေးနှင့်ပင် စိတ်ဆင်းရဲသွားသည်။ ခုနစ်ထပ်မြောက်သို့ ရောက်လာပါသော်လည်း နေသစ်ပင်၏ အပေါ်ဆုံးသို့တက်ရန် မဖြစ်နိုင်လောက်တော့ပေ။
ဟေးထျန်ကဲသည် ခုနစ်ထပ်မြောက်တခွင် အန်လင်းအား လိုက်လံပြသခဲ့သည်။
အန်လင်းမှာ ပျော်ရွှင်နေပုံ မရသောကြောင့် ဟေးထျန်ကဲ မကျေမနပ် ဖြစ်နေမိသည်။
မည်သို့ပင်ဆိုစေကာမူ သူသည် အပြင်ဘက်တွင် အပြုံးမပျက် ဆက်ရှိနေလေသည်။
ဗာမီလီယမ်ငှက်များမှာ အန်လင်းအား စိတ်ဝင်တစား ရှိကြသည်။
ဖြစ်ပျက်ခဲ့သည်များအား မသိရသေးပါသော်လည်း ၎င်းတို့မြင်တွေ့ခဲ့ရသော အမွေအနှစ် အလင်းတန်းမှာ ထိုလူသားထံ ရောက်ရှိသွားခြင်း ဖြစ်နိုင်ခြေများသည်။
ထို့ကြောင့်ပင် ၎င်းတို့မှာ စပ်စုချင်စိတ်များ ဖြစ်နေကြရသည်။
ဟင်းလင်းပြင်သို့အပြန်အဆင့် အင်မော်တယ်သားရဲများသည်ပင် တည်တည်ငြိမ်ငြိမ် မနေနိုင်ကြပေ။
အန်လင်းသည် တိရစ္ဆာန်ရုံထဲမှ ပန်ဒါတစ်ကောင်လို ခံစားလိုက်ရသည်။
သို့သော် ဘာမှမပြောဖြစ်ပေ။
၎င်းတို့သည် သူ့အား စော်ကားနေကြခြင်း မဟုတ်ပေ။
"မင်းက လင်းအန်လား။"
စကားသံတစ်ခု ထွက်ပေါ်လာသည်။
အန်လင်း လှည့်ကြည့်လိုက်သောအခါ ဟင်းလင်းပြင်သို့အပြန် အဆင့်ရှိသော အဖြူရောင် ဗာမီလီယမ်ငှက်တစ်ကောင်အား တွေ့လိုက်ရသည်။
"ဟုတ်တယ်။ ငါက လင်းအန်ပဲ။"
အန်လင်း ခေါင်းညိတ်ပြလိုက်သည်။
"ငါက ပိုင်ရှင်းကဲပဲ။ ဗာမီလီယမ် ငှက်မင်းသမီးကို ငါသဘောကျပေမယ့် မင်းကသတ်ပစ်လိုက်တယ်။ အဲ့ဒါကြောင့် ငါလည်းမင်းကို သတ်ချင်တယ်။"
ပိုင်ရှင်းကဲမှာ တဲ့တိုးစိန်ခေါ်လာသည်။
အန်လင်း အံ့အားသင့်သွားရသည်။
အခုတလော ဖိုက်တာတွေ များနေပါလား.........
"စီနီယာ ပိုင်ရှင်းကဲ...... စိတ်လျှော့ပါဦး။"
ဟေးထျန်ကဲမှာ အလျင်အမြန် ဝင်တားလိုက်သည်။
အန်လင်း ရင်ထဲထိသွားလေသည်။
မည်သို့ပင်ဆိုစေကာမူ ဟေးထျန်ကဲသည် ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူရှေ့တွင် သု့ဘက်မှ ရပ်တည်ပေးနေသည်။
"လင်းအန်ရဲ့ တိုက်ပွဲစွမ်းရည်က ဟင်းလင်းပြင်သို့အပြန် အလယ်အလတ် အဆင့်တောင်မှ ကျော်နေသေးတယ်။ စီနီယာက ဟင်းလင်းပြင်သို့အပြန် အလယ်အလတ် အဆင့်ပဲရှိတာ။ သူနဲ့ချရင် သေလိမ့်မယ်။"
ဟေးထျန်ကဲ စကားဆိုလိုက်သည်။
အန်လင်း : "............."
ပိုင်ရှင်းကဲ : "............."
အန်လင်းမှာ ဟေးထျန်ကဲအား အထင်ကြီးသွားမိသည်။
အော်.......... ဒင်းစိတ်ပူတာဒါလား.........
ပိုင်ရှင်းကဲ ခပ်ဖွဖွ ပြုံးလိုက်သည်။
"လင်းအန်နဲ့ တာအိုနှလုံးသားချင်း တိုက်ချင်တာ။"
ဟေးထျန်ကဲ အမူအရာ ပြောင်းလဲသွားသည်။
"စီနီယာပြောတာ နှလုံးသား စစ်ဆေးခြင်းကန်လား။"
"ဟုတ်တယ်။ ဘယ်သူ့ရဲ့ တာအိုနှလုံးသားက ပိုတည်ငြိမ်လဲပြိုင်မယ်။"
ပိုင်ရှင်းကဲမှာ ယုံကြည်ချက်ရှိပုံရသည်။
"ငြင်းတယ်။"
အန်လင်း ငြင်းပယ်လိုက်သည်။
ပိုင်ရှင်းကဲနှင့် ဟေးထျန်ကဲမှာ အံ့သြသွားရသည်။
"ဘာလို့ငြင်းတာလဲ။"
ပိုင်ရှင်းကဲ မကျေမနပ် ဖြစ်သွားရသည်။
"ဘာလို့လက်ခံရမှာလဲ။"
အန်လင်း ပြန်မေးလိုက်သည်။
ပိုင်ရှင်းကဲ အန်လင်းအား စူးစိုက်ကြည့်ရှုလာသည်။
"ဂုဏ်သရေကို သက်သေပြ......"
"ခွီး.........."
အန်လင်း အော်ဟစ်ရယ်မောလိုက်သည်။
"ငါ့ကိုယ်ငါ သောက်ကြမ်းကြီးမှန်း သိပြီးသားလေ။ တခြားသူတွေလည်း သိနေတာကို ဘာလို့မင်းကို သက်သေပြရမှာလဲ။"
အန်လင်း စကားဆိုလိုက်သည်။
မင်းလိုအမှိုက်ကောင်နဲ့ တိုက်စရာလားဟူသော အမူအရာမျိုးလည်း ရှိနေလေသည်။
"မင်း....... မင်း......"
ပိုင်ရှင်းကဲ အသားများပင် တုန်လာသည်။
အန်လင်းသည် သူ၏စိန်ခေါ်မှုအား ငြင်းပယ်လိမ့်မည်ဟု မတွေးထားခဲ့ဖူးပေ။
"လင်းအန်....... နှလုံးသား စစ်ဆေးခြင်းကန်က တာအိုနှလုံးသားနဲ့ပဲ ဆိုင်တာပါ။ မင်းမသေပါဘူး။ အဲ့ဒါကြောင့် စိတ်ပူမနေနဲ့။ ငါရှုံးရင် နေသစ်ပင်က အင်မော်တယ်သစ်သီး သုံးလုံးပေးမယ်ကွာ။ မင်းရှုံးရင် ဒီကထွက်သွားရုံပဲ။"
ပိုင်ရှင်းကဲမှာ လက်မလျှော့လိုပေ။
ယီးတဲ့မှ........ နေသစ်ပင်ကနေ ထွက်သွားရမယ်ပေါ့လေ.......... မဖြစ်နိုင်ဘူး.......
"လက်မခံနိုင်ဘူး။"
ဟေးထျန်ကဲမှာ အန်လင်းဘက်တွင် ရှိနေသည်။
"နှလုံးသား စစ်ဆေးခြင်းကန်က နေသစ်ပင်မှာ အမြင့်မြတ်ဆုံး နေရာတစ်ခုပဲ။ အပြင်လူတွေ ပေးမဝင်သင့်ဘူးနော် စီနီယာ ပိုင်ရှင်းကဲ......."
"ဒါပေမယ့် ဘိုးဘေးတွေက အပြင်လူ မဝင်ရဘူးလို့ မသတ်မှတ်ထားဘူးလေ။"
ပိုင်ရှင်းကဲမှာ ခေါင်းမာနေသည်။
အန်လင်းမှာ စိတိဝင်စားမှု မြင့်တက်သွားရသည်။
"မင်းရဲ့ဇွဲကိုတော့ လေးစားသွားပြီ။ စိန်ခေါ်တာ လက်ခံတယ်။"
ဟေးထျန်ကဲ : "..........."
ပိုင်ရှင်းကဲလည်း ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
တကယ်ကြီး ရင်ထဲထိသွားတာလား........
ဒီလူသားက ထူးဆန်းလိုက်တာ........