ပြစ်ချက်မဲ့တာအိုနှလုံးသား
Vol. 68 Ch. 943
၎င်းတို့နှစ်ဦးမှာ နောက်ထပ် မီတာရာအနည်းငယ် သွားခဲ့ကြသည်။
ပိုင်ရှင်းကဲသည် အသက်ရှူသံများမြန်ကာ ချွေးဒီးဒီးကျနေလေပြီ။
အန်လင်းမှာမူ အနည်းငယ်ပင် မောပန်းပုံ မရပေ။
ဒါ....... ဒါမဖြစ်နိုင်ဘူး..........
အန်လင်းမှာ ပိုင်ရှင်းကဲအားကြည့်ကာ ခပ်ဖွဖွ ပြုံးလိုက်သည်။
"အားရား........ ပင်ပန်းလိုက်တာနော်။ တာအိုနှလုံးသား စစ်ဆေးတာက အရမ်းကြောက်ဖို့ကောင်းတာပဲ။"
"ဖူး........."
ပိုင်ရှင်းကဲမှာ ရင်ဘတ်ဆင်နင်းခံရသလို ခံစားရကာ သွေးအန်သွားရသည်။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အခုထိ မင်းကအကောင်းအတိုင်းပဲ။"
ပိုင်ရှင်းကဲမှာ စိတ်ဆင်းရဲနေလေပြီ။
ဒီကောင်က မကောင်းဆိုးဝါးပဲ...........
သူသည် အချိန်မရွေး လဲကျတော့မလို ဖြစ်နေပါသော်လည်း အန်လင်းမှာ အေးအေးဆေးဆေး နိုင်လွန်းလှသည်။
ထိုသည်မှာ ဟန်ဆောင်နေခြင်းလည်း မဟုတ်ပေ။
"ဒါက........"
ပိုင်ရှင်းကဲ မျက်မှောင်ကျုံ့ကာ တွေးလိုက်သည်။
"မင်းရဲ့ တာအိုနှလုံးသားကို ပြစ်ချက်မဲ့အဆင့် ရောက်နေပြီလား။"
အန်လင်းမှာ စိတ်ထဲကြိတ်ပျော်နေပါသော်လည်း ဆရာကြီးဟန်ဖြင့်သာ ပိုင်ရှင်းကဲအား ကြည့်ရှုလိုက်သည်။
သူသည်လည်း အကြောင်းအရင်းကို သိချင်နေမိပြီး ၎င်းမှရှင်းပြလာသောကြောင့် အဆင်ပြေသွားလေပြီ။
"နှလုံးသား စစ်ဆေးခြင်းကန်က ယင်းစွမ်းအင်တွေပါလို့ တာအိုနှလုံးသားကို ထင်ဟပ်စေနိုင်တယ်။ ကန်ရေက မသန့်စင်ခြင်းတွေ အားလုံးကို တိုက်ခိုက်နိုင်တယ်။ အဲ့မသန့်စင်ခြင်းတွေက ရေထဲဆွဲချမယ့် ကျောက်ခဲတွေလိုပဲ။"
"ဒဏ္ဍာရီလာ ပြစ်ချက်မဲ့ တာအိုနှလုံးသားနဲ့မှ နှလုံးသား စစ်ဆေးခြင်းကန်မှာ အေးအေးဆေးဆေး လျှောက်လှမ်းနိုင်လိမ့်မယ်။ တခြားမရှိဘူး။ ဒါက ပြစ်ချက်မဲ့ တာအိုနှလုံးသားပဲ။ လင်းအန် မင်းငါ့ကို အရူးလုပ်တယ်ပေါ့။"
ပိုင်ရှင်းကဲ အသက်ပြင်းပြင်းရှူကာ အန်လင်းအား ကြည့်ရှုလာသည်။ အရှုံးအား လက်မခံလိုပါသော်လည်း ဆရာ့ဆရာကြီးကို လေးစားနေမိသည်။
"ပြစ်ချက်မဲ့ တာအိုနှလုံးသား ရှိတဲ့သူကို ရှုံးရမှတော့ နောင်တရစရာ မရှိတော့ပါဘူး။ ဗာမီလီယမ် ငှက်မင်းသမီးကလည်း မင်းကိုရှုံးဖို့ ကံပါလာတာ ဖြစ်မှာပါ။"
ပိုင်ရှင်းကဲ၏ မျက်ဝန်းများမှာ ပိုမိုတောက်ပလာသည်။
"လင်းအန်........ ဘာပဲဖြစ်ဖြစ် ငါက လွယ်လွယ်နဲ့ လက်မလျှော့တတ်ပါ........"
ဝုန်း.........
"ဗွမ်း......"
သူသည် စကားပင် မဆုံးလိုက်ပဲ ရေထဲပြုတ်ကျသွားရသည်။
"အား........"
ရေဆွဲအားနှင့်အတူ ပိုင်ရှင်းကဲလည်း မြူခိုးများကြား ပျောက်ကွယ်သွားလေသည်။
အန်လင်း : "............"
"ရှင်းပြပေးသွားတာ ကျေးဇူးပါဗျို့။"
အန်လင်း လှမ်းအော်လိုက်သည်။
ပြစ်ချက်မဲ့ တာအိုနှလုံးသား ရှင်းလင်းချက်မှာ တမူထူးခြားနေသည်။
သူသည် တာအိုတရားကိုပင် နားမလည်သောကြောင့် သူ၏ တာအိုနှလုံးသားကိုလည်း မသိရှိပေ။ သူ့အတွက်မူ တာအိုနှလုံးသားသည် စက္ကူလွတ်တစ်ရွက်သာ ဖြစ်သည်။
အရူးတွေရဲ့ တာအိုနှလုံးသားကရော ပြစ်ချက်မဲ့နေမှာလား.........
အန်လင်းမှာ အတွေးများနှင့်အတူ ဆက်လက်လျှောက်လှမ်းလာသည်။
ပြစ်ချက်မဲ့ တာအိုနှလုံးသား..............
ထိုအမည်မှာ အရှိန်အဝါ ရှိသောကြောင့် သူ့အနေဖြင့် ပျော်ပျော်ကြီး လက်ခံလိုက်သည်။
................
ကန်ရေပြင်စပ်၌........
ဟေးထျန်ကဲမှာ လှိုင်းပုတ်သံများ ကြားလိုက်ရသည်။
ရလဒ်ထွက်လာတော့မည် ထင်၏။
မကြာမီပင် ပိုင်ရှင်းကဲအား တွေ့လိုက်ရလေသည်။
ဝုန်း.........
ပိုင်ရှင်းကဲ၏ ခန္ဓာကိုယ်အား လှိုင်းများမှ ပြင်းပြင်းထန်ထန် ပုတ်ထုတ်လိုက်သည်။
"စီနီယာ ပိုင်ရှင်းကဲ......... ခင်ဗျား ရှုံးလာတာလား။"
ဟေးထျန်ကဲ မယုံကြည်နိုင် ဖြစ်သွားသည်။
ကျင့်ကြံရေးအဆင့်မြင့်လေ တာအိုနှလုံးသား ပိုမိုတည်ငြိမ်လေပင်။
ထို့ကြောင့် ပိုင်ရှင်းကဲအား တွေ့လိုက်ရသည်မှာ အံ့အားသင့်စရာ ဖြစ်နေသည်။
ပိုင်ရှင်းကဲမှာ ကုန်းပေါ်တက်ကာ ရေများခါထုတ်လိုက်သည်။
"ဟုတ်တယ်။ လင်းအန်မှာ ပြစ်ချက်မဲ့ တာအိုနှလုံးသားရှိနေမယ် မထင်ထားခဲ့ဘူး။"
"ပြစ်ချက်မဲ့ တာအိုနှလုံးသားလား။"
ဟေးထျန်ကဲ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
"ဒဏ္ဍာရီတွေအရ ပြစ်ချက်မဲ့ တာအိုနှလုံးသား ရှိတဲ့သူက ကောင်းကင်နဲ့မြေပြင်ရဲ့ မဟာတာအိုနဲ့ ဆက်နွယ်နေပြီးတော့ စကြာဝဠာကြီးရဲ့ အမှန်တရားကို မြင်နိုင်စွမ်း ရှိတယ်တဲ့။ သူတို့က လွယ်လွယ်ကူကူ အဆင့်တက်နိုင်ကြတဲ့အပြင် ထိပ်တန်းအဆင့် ပါရမီရှင်တွေ ဖြစ်လာကြတယ်လို့လည်း ပြောကြတယ်။ လင်း........ လင်းအန်က အဲ့လိုလူမျိုးလား။"
ဗာမီလီယမ် ငှက်မင်းသမီးအား ယှဥ်တိုက်နိုင်သည့်အပြင် ဘိုးဘေးငါးပါးထံမှ အမွေအနှစ် ရခဲ့ခြင်းသည်ပင် အံ့သြလွန်းစရာ ဖြစ်နေပြီ ဖြစ်သည်။
ယခုတွင်မူ လင်းအန်ထံ၌ ပြစ်ချက်မဲ့ တာအိုနှလုံးသား ရှိနေသည်ကိုပါ သိလိုက်ရပြန်သည်။
ဟေးထျန်ကဲမှာ မြူခိုးများအား လှမ်းကြည့်လိုက်သည်။
"လင်းအန်က နိုင်သွားပြီကို ဘာလို့ပြန်မလာသေးတာလဲ။"
"မကြာခင် ပြန်လာမှာပေါ့။ ငါတို့စကားပြောရင်း စောင့်ရအောင်။"
ပိုင်ရှင်းကဲ စကားဆိုလာသည်။
၎င်းတို့နှစ်ဦးလုံးမှာ ကန်နားတွင် ထိုင်စောင့်နေလိုက်ကြသည်။
ထိုသို့ဖြင့် ဆယ့်ငါးမိနစ်ခန့် ကုန်လွန်သွားလေသည်။
ပတ်ဝန်းကျင်မှာ တိတ်ဆိတ်နေဆဲပင်။
"အာ....... စီနီယာ ပိုင်ရှင်းကဲ ပြန်လာဖို့က အဲ့လောက်တောင် ကြာတာလား။"
ဟေးထျန်ကဲ မေးမြန်းလိုက်သည်။
ပိုင်ရှင်းကဲ : " .............."
"တစ်ခုခု ဖြစ်နေလို့များလား။"
ပိုင်ရှင်းကဲ ရေရွတ်လိုက်သည်။
"ဘယ်လိုမျိုးလဲ။ ရေနစ်တာမျိုးလား။"
ဟေးထျန်ကဲ မျက်နှာပျက်သွားသည်။
ပိုင်ရှင်းကဲ : "............."
"စီနီယာ ပိုင်ရှင်းကဲ....... သူရှေ့ဆက်လျှောက်နေတာများ.........."
ထိုစကားနှင့်အတူ ၎င်းတို့ ကြက်သီးထသွားရသည်။
"ကန့်သတ်ဧရိယာ ရှိတယ်ဆိုတာ လင်းအန်ကို ပြောပြခဲ့ရဲ့လား။"
ဟေးထျန်ကဲ တုန်လှုပ်သွားသည်။
"သူ........ သူငါ့ကို နိုင်သွားမယ်လို့ မထင်ထားခဲ့ဘူး။ သာမန်သက်ရှိတစ်ယောက်က တခြားတစ်ဖက်ကို ရောက်နိုင်မှာတဲ့လား။"
ပိုင်ရှင်းကဲ ပူပန်လာသည်။
"စိတ်မပူပါနဲ့။ လင်းအန် ပြန်ရောက်လာမှာပါ။"
သူဟေးထျန်ကဲအား နှစ်သိမ့်ပေးလိုက်သည်။
"ရုတ်တရက် ဉာဏ်အလင်းပွင့်သွားလို့ ကြာနေတာမျိုးလည်း ဖြစ်နိုင်တာပဲလေ။ လင်းအန် ပြန်လာမှာ သေချာပါတယ်။"
ဟေးထျန်ကဲလည်း ဖြည့်တွေးနေရသည်။
ပိုင်ရှင်းကဲ အကြံပြုလိုက်သည်။
"ငါတို့ ဆက်စောင့်ရတယ်။"
"ကောင်းသားပဲ။"
ဟေးထျန်ကဲလည်း သဘောတူလိုက်လေသည်။
၎င်းတို့နှစ်ဦးမှာ အန်လင်းအား စောင့်ဆိုင်းနေကြသည်။
ထိုအချိန်တွင် အန်လင်းမှာ နှလုံးသား စစ်ဆေးခြင်းကန်အတွင်း အေးအေးဆေးဆေး လမ်းလျှောက်နေသည်။
အချိန်တစ်ခုမျှ ကြာမြင့်ပြီးနောက်.........
မြူခိုးများကြားမှ သီချင်းညည်းသံကို ကြားလိုက်ရသည်။
သူသည် ထိုဘာသာစကားအား နားမလည်ပေ။
သံစဥ်သည် လှပလွန်းကာ အသံမှာလည်း နားဝင်ပီယံ ရှိလှသည်။ ထိုသံစဥ်သည် တိမ်တိုက်များ၊ မြစ်ချောင်းများ၏ ပုံရိပ်ကိုပင် ဖြစ်လာစေသည်။
သီချင်းစာသားမှာလည်း လှပသော ကမ္ဘာတစ်ခုအကြောင်း ဖြစ်ပုံရသည်။
အန်လင်းမှာ ကန်၏တစ်ဖက်တွင် ပုံရိပ်တစ်ခုအား တွေ့လိုက်ရတော့သည်။