← Chapters

ထင်မှတ်မထားသောတွေ့ဆုံမှု

Vol. 68 Ch. 944

ထင်မှတ်မထားသောတွေ့ဆုံမှု

Vol. 68 Ch. 944

သီချင်းသံမှာ သာယာငြိမ့်ညောင်းနေသည်။

မြူခိုးများထဲတွင် မိန်းမငယ်တစ်ဦး ရှိနေသည်ကို အန်လင်း မြင်နေရသည်။

၎င်းတို့နှစ်ဦး အကြည့်ချင်း ဆုံသွားသောအခါ ငြိမ်သက်သွားကြသည်။

ပတ်ဝန်းကျင်တွင် ရေကျသံသဲ့သဲ့သာ ထွက်ပေါ်နေလေသည်။

မိန်းမငယ်လေးမှာ မျက်ဝန်းများ တောက်ပနေပြီး နှုတ်ခမ်းသားလေးမှာ နီရဲနေ၏။

နက်မှောင်သော ဆံကေသာမှာ ရေများကြောင့် တောက်ပြောင်နေပြီး သေးသွယ်သော ခန္ဓာကိုယ်မှာ မက်မောစရာ ကောင်းလွန်းလှသည်။ သူမ၏ ခန္ဓာကိုယ်အား မြူခိုးများ ဖုံးလွှမ်းထားပါသော်လည်း အန်လင်းမှာ သူမ၏ ရင်သားနေရာတွင် နှင်းဆီနီရောင် ပွင့်ချပ်နှစ်ခုအား မြင်လိုက်မိသလိုပင်။

ဤနေရာတွင် မိန်းမလှလေးတစ်ဦး ရှိနေလိမ့်မည်ဟု အန်လင်း မထင်ထားခဲ့ပေ။

မည်သို့ပင်ဆိုစေကာမူ မြင်ကွင်းမှာ မသင့်တော်သလို ဖြစ်နေလေသည်။

"လင်းအန်........"

"ဗာမီလီယမ် ငှက်မင်းသမီးလား။"

၎င်းတို့နှစ်ဦးမှာ ပြိုင်တူအော်ဟစ်လိုက်ကြသည်။

"မင်းဘယ်လိုပြန်ရှင်လာတာလဲ။"

အန်လင်း ပါးစပ်အဟောင်းသား ဖြစ်နေမိသည်။

မိန်းမငယ်လေး ရှက်သွေးဖြာကာ လက်ဝေ့ယမ်းလိုက်သည်။

အန်လင်းအား ပုဝါစတစ်ခုမှ ဖုံးကွယ်သွားပြီး ခေတ္တကြာသောအခါ အဝတ်အပြည့်နှင့် ဗာမီလီယမ် ငှက်မင်းသမီးအား တွေ့လိုက်ရသည်။

သူမသည် အနီရောင် ဒေါက်ဖိနပ်နှင့် အရောင်စုံသော ဝတ်စုံအား ဆင်မြန်းထားဆဲပင်။

ဒေါက်....... ဒေါက်........

သူမ အန်လင်းထံ လျှောက်လှမ်းလာသည်။

အန်လင်းမှာ ခန္ဓာကိုယ် တစ်ခုလုံး တောင့်တင်းနေမိသည်။ မိန်းကလေးတစ်ဦး ရေချိုးနေသည်ကို ကြည့်မိလိုက်သောကြောင့် ပြဿနာ ဖြစ်လာနိုင်ပေသည်။

ဗာမီလီယမ် ငှက်မင်းသမီးသည် အန်လင်း၏ နှာခေါင်းအား တို့ကာမေးလိုက်သည်။

"လင်းအန်........ နင်ဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ။"

သူမမှာ အလွန်အမင်း သိချင်နေပုံပင်။

"အာ......."

အန်လင်း ကြောင်တောင်တောင် ဖြစ်သွားသည်။

"နှလုံးသား စစ်ဆေးခြင်းကန်ကနေ လာခဲ့တာလေ။"

"နင်က အဲ့ကန်ကို ဖြတ်လာတာလား။"

ဗာမီလီယမ် ငှက်မင်းသမီး အံ့အားသင့်သွားသည်။

"ငါ့မှာ ပြစ်ချက်မဲ့ တာအိုနှလုံးသား ရှိတယ်လေ။ နှလုံးသား စစ်ဆေးခြင်းကန်ကို လျှောက်ရတာ မြေကြီးပေါ် လျှောက်ရသလိုပါပဲ။"

အန်လင်း ပြုံးကာပြောလိုက်သည်။

"နင်က အရမ်းတော်တာပဲ။"

ဗာမီလီယမ် ငှက်မင်းသမီး စကားဆိုလာသည်။

သူမသည် အမှန်တကယ် အံ့အားသင့်နေခြင်းဖြစ်ကြောင်း သိသာလှသည်။

တာအိုနှလုံးသားဖြင့် ကြွားလုံးထုတ်နိုင်သည်မှာ ပထမဆုံးအကြိမ် ဖြစ်သောကြောင့် အန်လင်း စိတ်ကျေနပ်နေမိသည်။

"ငါမေးတာကို မဖြေရသေးဘူးနော်။ မင်းရော ဘယ်လိုပြန်ရှင်လာတာလဲ။"

အန်လင်းမှာ သူမ၏ပါးအား ညှစ်လိုက်သည်။

အထိအတွေ့မှာ စစ်မှန်နူးညံ့နေလေသည်။

ဗာမီလီယမ် ငှက်မင်းသမီးမှာ သူ၏လက်အား ရိုက်ချလိုက်သည်။

"ငါမသေပါဘူးဟယ်။ ဘာလို့ ပြန်ရှင်လာရဦးမှာလဲ။"

သူမ နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

"ငါ့ဟာငါ လစ်ထွက်လာတာပါ။ နင်ကငါ့ကို သတ်နိုင်မယ် ထင်နေတာလား။ အိပ်မက်မက်မနေနဲ့။"

အန်လင်းမှာ ဒေါသမထွက်သည့်အပြင် ဝမ်းသာသွားရသည်။

"စောစောပြောတာ မဟုတ်ဘူး။ ငါစိတ်မကောင်းဖြစ်နေရတာ။"

ဗာမီလီယမ် ငှက်မင်းသမီးမှာ မျက်ဝန်းများ တောက်ပသွားသည်။

"နင်အဲ့လိုဖြစ်နေမယ်လို့ မထင်ထားဘူး။"

"စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အဆင့်ထဲမှာ ငါနဲ့ယှဥ်ချနိုင်တာ နင်ပဲရှိတယ်။ အဲ့ဒါကို သေသွားတော့ ဝမ်းနည်းတာပေါ့။ နင်က သေချင်ယောင်ဆောင်ခဲ့တာပဲ။ တော်သေးတာပေါ့။"

အန်လင်း သက်ပြင်းချလိုက်သည်။

"ငါကနင့်ကို တကယ်တိုက်ခိုက်ခဲ့တာပါနော်။ နေသစ်ပင်ရဲ့ စစ်နတ်ဘုရားမအဖြစ် ဂုဏ်သိက္ခာရှိရှိ တိုက်ပွဲကို အဆုံးသတ်ခဲ့တာ။ နင်နားလည်ရဲ့လား။"

ဗာမီလီယမ် ငှက်မင်းသမီး စကားဆိုလာသည်။

"အင်း...... သိပါတယ်။"

အန်လင်း ခေါင်းညိတ်ပြလိုက်သည်။

သေချင်ယောင်ဆောင်ပြီးတော့များ..........

အန်လင်း၏ အမူအရာကြောင့် ဗာမီလီယမ် ငှက်မင်းသမီး မကျေမနပ် ဖြစ်သွားသည်။

မည်သို့ပင်ဆိုစေကာမူ သူမမှာ စကားလုံးများအား မြိုသိပ်ထားလိုက်သည်။

"ဘာပဲဖြစ်ဖြစ် သတ်ကွင်းမှာ နင်လုပ်ပေးခဲ့တာတွေကို ကျေးဇူးတင်ပါတယ်။"

"ကိစ္စမရှိပါဘူး။"

အန်လင်း လက်ခါပြလိုက်သည်။

"ဒါနဲ့ မင်းက ဒီကိုဘယ်လိုရောက်နေတာလဲ။"

ဗာမီလီယမ် ငှက်မင်းသမီး ပြုံးကာပြောလိုက်သည်။

"နင့်ကို လျှို့ဝှက်ချက်တစ်ခု ပြောပြမယ်။ ငါက သြဇာအာဏာ ကြီးမားတဲ့ ဗာမီလီယမ်ငှက်ဆီကနေ ဆင်းသက်လာတာလေ။ ဒါက ငါ့အသိုက်ပေါ့။ နင်ကလွဲရင် ငါအောက်ကိုဆင်းဆော့ခဲ့တာ ဘယ်သူမှ မသိကြဘူး။"

အန်လင်း မျက်ဆံလှန်လိုက်သည်။

"အဲ့လောက်တောင် ပျင်းနေတာလားဟ.........."

ဗာမီလီယမ် ငှက်မင်းသမီး ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်တယ်။ ဒီမှာ အရမ်းပျင်းဖို့ကောင်းတယ်။"

"ဗာမီလီယမ် ငှက်မင်းသမီး သေသွားတာ နှမြောစရာပဲ။ နောက်တစ်ခါဆို နောက်ထပ်ပုံစံတစ်ခု လုပ်ရတော့မယ်။"

အန်လင်း ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

"မင်းက တိုက်ချင်နေတုန်းပဲလား။"

"နေသစ်ပင်မှာကြီးပဲ နေနေရတာ ပျင်းစရာကြီးလေ။ တစ်ခုခုတော့ လုပ်ရမှာပေါ့။"

ဗာမီလီယမ် ငှက်မင်းသမီး စိတ်လှုပ်ရှားစွာ ပြုံးလိုက်သည်။

"ငါလေ သတ်ကွင်းထဲကို ပုံစံတစ်ရာလောက်နဲ့ ဆင်းတိုက်ဖို့ စဥ်းစားထားတယ်။ နေသစ်ပင်ရဲ့ စစ်နတ်ဘုရားဘွဲ့ကို အခါတစ်ရာ ယူပစ်မယ်။"

"အဲ့ဒါဆို ခန်းမထဲမှာ မတူညီတဲ့ ငါ့ရဲ့ရုပ်ထုတွေ အခုတစ်ရာတောင် ရှိနေလိမ့်မယ်။ ဘယ်လိုလဲ....... မမိုက်ဘူးလား။"

အန်လင်း အသက်ရှူသံများ ပြင်းသွားရသည်။

"ဘာပြောရမလဲတောင် မသိတော့ဘူး။"

ဗာမီလီယမ် ငှက်မင်းသမီးမှာ အန်လင်း၏ အမူအရာအားကြည့်ကာ စိတ်ကျေနပ်နေလေသည်။

၎င်းတို့၏ စကားဝိုင်းမှာ ချောချောမွေ့မွေ့ ရှိနေသည်။

တိုက်ပွဲအတွင်း တိုက်ခိုက်ပြီးသည့်နောက် ၎င်းတို့မှာ တစ်ဦးကိုတစ်ဦး အသိအမှတ် ပြုခဲ့ကြပြီး ဖြစ်သည်။

"မင်းက အသွင်တွေ ထပ်ပြောင်းဦးမယ်ဆိုတော့ ဘယ်ဟာက အစစ်လဲ။ အခု ငါ့ရှေ့မှာ ရှိနေတာကရော အတုကြီးလား။"

"ဒါက ငါ့ရဲ့ ခန္ဓာအစစ် နှစ်ခုထဲက တစ်ခုပုံစံပဲလေ။"

"အဲ့ဒါဆို နောက်တစ်ခုကိုရော ကြည့်လို့ရမလား။"

"ဟွန့်......... မရပါဘူး။"

"ကောင်းပြီလေ။"

အန်လင်း အနည်းငယ် စိတ်ပျက်သွားသည်။

"မင်းကဘာလို့ သတ်ကွင်းကို အရမ်းစိတ်ဝင်စားနေတာလဲ။"

"နေသစ်ပင်မှာ အဲ့တစ်နေရာပဲ ပျော်ဖို့ကောင်းတာလေ။"

"မင်းက ဒီကနေ ဘယ်မှမသွားဘူးလား။ အပြင်မှာ ပျော်စရာတွေ အများကြီးပါ။"

ဗာမီလီယမ် ငှက်မင်းသမီးမှာ ဝမ်းနည်းသွားသည်။

သူမ ဖြည်းညင်းစွာ ပြောလိုက်သည်။

"ငါက နေသစ်ပင်ကနေ ထွက်သွားလို့ မရဘူး။"

"နေသစ်ပင်ကနေ ထွက်သွားလို့ မရဘူးလား။"

အန်လင်း၏ စိတ်ထဲတွင် အတွေးတစ်ခု ဖြစ်ပေါ်လာသည်။

နေသစ်ပင်၏ စောင့်ရှောက်သူသည် နေသစ်ပင်မှ ထွက်သွား၍ မရပေ။

ထိုစောင့်ရှောက်သူအကြောင်းမှာ ပဟေဠိများနှင့် ပြည့်နှက်နေသည်။

ဗာမီလီယမ် ငှက်မင်းသမီးသည်လည်း ပဟေဠိဆန်ကာ သတ်ကွင်းရှိ ဒိုင်များသည်ပင် သူမအကြောင်း မသိကြပေ။

နေသစ်ပင်၏ အကြီးမားဆုံး ပဟေဠိမှာ စောင့်ရှောက်သူပင် ဖြစ်သည်။

ဖြစ်နိုင်လောက်မလား..........

အန်လင်း ဗာမီလီယမ် ငှက်မင်းသမီးအားကြည့်ကာ တံထွေးမြိုချလိုက်သည်။

သူမက နေသစ်ပင်ရဲ့ စောင့်ရှောက်သူများလား.........

All Chapters