အဆော်ခံရခြင်း
Vol. 68 Ch. 945
ဗာမီလီယမ် ငှက်မင်းသမီးက နေသစ်ပင်ရဲ့ စောင့်ရှောက်သူပဲ.........
ဒါက မဖြစ်နိုင်တာ မဟုတ်ဘူး........
ဖြစ်နိုင်ခြေ အရမ်းများတယ်..........
အန်လင်းမှာ ဘေးတွင်ရှိနေသော မိန်းမငယ်လေးအား ကြည့်ရှုလိုက်သည်။
သူသည် မစ်ရှင်အောင်မြင်ရန်အတွက် နေသစ်ပင်၏ စောင့်ရှောက်သူအား နှုတ်ခမ်းချင်းနမ်းကာ ယန်ဓာတ်စွမ်းအင် စုပ်ယူရပေလိမ့်မည်။
အန်လင်း၏ အကြည့်ကြောင့် ဗာမီလီယမ် ငှက်မင်းသမီးမှာ နောက်သို့ဆုတ်သွားရသည်။
"နင်ဘာတွေတွေးနေတာလဲ။"
အန်လင်း ချောင်းဟန့်လိုက်သည်။
"မင်းပြောတော့ ငါ့ကို ကျေးဇူးတင်တယ်ဆို......."
ဗာမီလီယမ် ငှက်မင်းသမီး ခေါင်းညိတ်ပြလိုက်သည်။
"အဲ့တော့........"
အန်လင်းမှာ ဗာမီလီယမ် ငှက်မင်းသမီး၏ အလှတရားအား ရှုစားလိုက်သည်။ သူမသည် မျက်လုံးဝိုင်းကြီးများရှိကာ နီဆွေးဆွေး နှုတ်ခမ်းသားများဖြင့် အပြစ်ကင်းစင်သော အလှလေး ဖြစ်သည်။
"ဒီတိုင်း ကျေးဇူးတင်တာ မလုံလောက်ဘူး။ ငါလက်ဆောင်လိုချင်တယ်။"
အန်လင်း ပြုံးကာပြောလိုက်သည်။
"အမ်......... ဘာလက်ဆောင်လဲ။"
ဗာမီလီယမ် ငှက်မင်းသမီး ကြောင်တောင်တောင် ဖြစ်သွားရသည်။
အန်လင်းမှာ ဗာမီလီယမ် ငှက်မင်းသမီးအား ခါးဖက်လိုက်လေသည်။
"နင်.........."
စကားမဆုံးခင်မှာပင် နွေးထွေးသော အထိအတွေ့ တစ်ခုကို ခံစားလိုက်ရသည်။
အန်လင်းမှာ ရုတ်တရက် အနမ်းခြွေလိုက်ခြင်းပင်။ ယင်းစွမ်းအင်များဖြင့် ရေချိုးထားခြင်းကြောင့်လား မသိပါသော်လည်း သူမ၏ နှုတ်ခမ်းသားလေးမှာ အေးစက်ချိုစိမ့်နေ၏။
ဗာမီလီယမ် ငှက်မင်းသမီးမှာ မျက်လုံးအပြူးသား ဖြစ်နေလေပြီ။
အန်လင်းသည် ထိုနည်းလမ်းဖြင့်သာ အလုပ်ဖြစ်မည်ဖြစ်ကြောင်း သိရှိနေသောကြောင့် ဝါးမြိုခြင်းအား အသက်သွင်းလိုက်သည်။
သူ၏လုပ်ရပ်မှာ မသင့်တော်ပါသော်လည်း အသုံးဝင်ပေသည်။
ဆက်ဆံရေး တည်ဆောက်နေလျှင် အချိန်များ ကြာနေဦးမည်ဖြစ်ကာ ဗာမီလီယမ် ငှက်မင်းသမီးအား ချစ်ခင်မြတ်နိုးခြင်း မရှိသောကြောင့် မတရားသလို ဖြစ်နေပေလိမ့်မည်။ ထို့အပြင် ငှက်တစ်ကောင်အား မည်သို့ပိုးပန်းရမည်ကို သူနားမလည်ပေ။
ဖိအားပေးကာ အနမ်းပေးခြင်းသည် စွန့်စားလွန်းရာ ကျပါသော်လည်း အသက်မသေလောက်ဟု ထင်မှတ်ရသည်။
အချိန်မှာ စီးဆင်းနေလျက်ရှိပြီး အလွန်နှေးကွေးနေသလိုပင်။
အနမ်းသည် အန်လင်း စီစဥ်ထားသလို ဖြစ်လာခဲ့သည်။
ဗာမီလီယမ် ငှက်မင်းသမီးမှာ ထိုသို့ဖြစ်လာမည်ဟု ထင်မထားခဲ့ပေ။
သူမမှာ ခန္ဓာကိုယ် တစ်ခုလုံး တောင့်တင်းလာသည်။
အန်လင်းသည်လည်း ထူးခြားမှုတစ်ခုကို တွေ့လိုက်ရသည်။
သူသည် နေသစ်ပင်၏ ယန်ဓာတ်စွမ်းအင်အား စုပ်ယူနိုင်ခြင်း ရှိမနေပေ။
ဗာမီလီယမ် ငှက်မင်းသမီးအား နမ်းနေပါသော်လည်း မည်သည့်တုံ့ပြန်မှုမှ ဖြစ်မလာပေ။
နည်းလမ်းမှားနေလို့များလား..........
အန်လင်း အနည်းငယ်တွေးကာ လျှာကိုပါ သုံးလိုက်သည်။
ဗာမီလီယမ် ငှက်မင်းသမီး အသိစိတ်ဝင်လာကာ အန်လင်းအား တွန်းထုတ်ပစ်လိုက်သည်။
သူမ၏ ပါးနှစ်ဖက်မှာ ပန်းသီများအလား နီရဲနေလေသည်။
"ငါလိုချင်တဲ့ လက်ဆောင်က အဲ့ဒါပဲ။"
အန်လင်းမှာ လူမှားနမ်းမိသလို ခံစားနေရသည်။
လေထုမှာ တင်းမာနေလေပြီ။
သူမသိလိုက်ခင်မှာပင် ဗာမီလီယမ် ငှက်မင်းသမီးမှာ ဒေါက်ဖိနပ်နီနီဖြင့် ကန်ချပစ်လိုက်သည်။
မြန်လိုက်တာ.........
အန်လင်း မျက်မှောင်ကျုံ့လိုက်သည်။
သူသည် ရှောင်ချိန်ပင် မရလိုက်ပဲ ဗိုက်အောက်ပိုင်းမှာ အကန်ခံလိုက်ရသည်။
ဝုန်း..........
လေထုသည်ပင် ပေါက်ကွဲသွားလေသည်။
အန်လင်းမှာ အရိုးကျိုးသံများပင် ကြားလိုက်ရသလို ထင်မှတ်မိလိုက်သည်။
"ဖူး.........."
သူသွေးအန်ကာ အဝေးသို့ လွင့်ထွက်သွားသည်။ ပတ်ဝန်းကျင် တစ်ခုလုံးသည်ပင် တုန်ခါသွားရ၏။
အန်လင်း နာကျင်စွာ ပြုတ်ကျလာသည်။
စစ်နတ်ဘုရား ခန္ဓာသည်ပင် ဗာမီလီယမ် ငှက်မင်းသမီး၏ ကန်ချက်အောက် ပြားပြားမှောက်သွားရသည်။
သူမသည် သတ်ကွင်းတုန်းကထက်ပင် အဆပေါင်းများစွာ သန်မာနေသည်။
"နှာဘူး.......... တဏှာရူး....."
ဗာမီလီယမ် ငှက်မင်းသမီး ဒေါသထွက်နေသည်။
"အထင်......... အထင်လွဲတာပါ။"
အန်လင်း တောင်းပန်လိုက်သည်။
ဗာမီလီယမ် ငှက်မင်းသမီးမှာ ပို၍ပင် ပေါက်ကွဲသွားလေသည်။
"အထင်လွဲတာဟုတ်လား။ စားပြီးနားမလည်တဲ့ကောင်......."
အန်လင်း ဘာမှမပြောနိုင်ခင်မှာပင် ဒေါက်ဖိနပ်ပျံအား တွေ့လိုက်ရသည်။
အန်လင်း : "............"
ဝုန်း...........
သူ၏ရင်ဘတ်ကြီးပင် ခွက်ဝင်သွားသယောင် ရှိသည်။
ထိုမျှနှင့် မပြီးသေးပဲ တိုက်ခိုက်မှုများ ဆက်တိုက်ကျဆင်းလာသည်။
ဝုန်း....... ဝုန်း....... ဝုန်း.......
ဒိုင်း....... ဒိုင်း........ ဒိုင်း........
ဖြောင်း...... ဖြောင်း....... ဖြောင်း........
ခွက်......... ခွက်........ ခွက်..........
"ငါ့ကိုများ အသားယူချင်သေးတယ်။ သေ.... သေ....."
"အား.........."
"နင့်ကိုသတ်ပစ်မယ်။"
"အဲ့နေရာကို မလုပ်ပါနဲ့။"
"ငါ့ရဲ့ ပထမအနမ်းလေး ပါသွားပြီ။ သေလိုက်တော့။"
"အား....... ကယ်ပါဦး။I
အော်ဟစ်သံများ ဆူညံပွတ်လောရိုက်သွားသည်။
အချိန်တစ်ခုမျှ ကြာမြင့်ပြီးနောက်........
ဗာမီလီယမ် ငှက်မင်းသမီး မောပန်းကာ ထိုင်ချလိုက်သည်။
အန်လင်းမှာ စုတ်ပြတ်သတ်နေလေပြီ။
မတန်လိုက်တာကွာ.........
အန်လင်း အံကြိတ်လိုက်သည်။
ထို့အပြင် အဆိုးရွားဆုံးမှာ လူမှားနမ်းလိုက်ခြင်းပင်။
ဗာမီလီယမ် ငှက်မင်းသမီးမှာ မျက်စောင်းထိုးလိုက်သည်။
"ဘာလို့ ငါ့ကိုနမ်းတာလဲ။"
"အထင်လွဲတာပါ။ တကယ်အထင်လွဲတာ......."
အန်လင်း စကားဆိုလာသည်။
"ငါရှင်းပြပါရစေ။"
"ကောင်းပြီလေ။"
ဗာမီလီယမ် ငှက်မင်းသမီး ခေါင်းညိတ်ပြလိုက်သည်။
"အာ........"
အန်လင်း ကြောင်အမ်းအမ်း ဖြစ်သွားသည်။
လူမှားနမ်းတာကို ဘယ်လိုရှင်းပြရမလဲ...........
ဗာမီလီယမ် ငှက်မင်းသမီးမှာ လက်သီးတင်းတင်း ဆုပ်ထားသည်။
သူမ ရုတ်တရက် မေးမြန်းလိုက်သည်။
"နင်ငါ့ကို ကြိုက်နေတာလား။"
အန်လင်း အမူအရာ ပြောင်းလဲသွားသည်။
"မဟုတ်ပါဘူး။ ကျိန်ဆိုကျိန်ရဲပါတယ်။"
ဗာမီလီယမ် ငှက်မင်းသမီး မျက်နှာပျက်သွားရသည်။
"နင်ကငါ့ကို ကြိုက်တောင်မကြိုက်ပဲ အတင်းနမ်းတာပေါ့လေ။ ငါ့ကို လာကစားနေတာလား။"
"အထင်လွဲတာပါ။ ငါရှင်းပြ........."
အန်လင်း စကားပင် မဆုံးလိုက်ပေ။
ဖြောင်း........ ဖြောင်း......... ဖြောင်း..........
ခွက်....... ခွက်.......... ခွက်..........
ဘုန်း........ ဘုန်း........ ဘုန်း.........
အန်လင်း၏ အော်ဟစ်သံများ ဆူညံသွားပြန်သည်။
ဗာမီလီယမ် ငှက်မင်းသမီးသည် အံ့ဖွယ်တာအိုကိုပင်သုံးကာ အန်လင်းအား သမပစ်နေသည်။
အန်လင်းမှာ သေချင်စိတ်ပင် ပေါက်နေလေပြီ။
နာလိုက်တာ......... ဒင်းကငါ့ကို သတ်နေတာပဲ........
ဗာမီလီယမ် ငှက်မင်းသမီးမှာ အန်လင်းအား တက်နင်းလိုက်သည်။
"သူငယ်ချင်းလို့ သဘောထားရင် ဘာလို့နမ်းတာလဲပြောစမ်း......."