သူငယ်ချင်းအဖြစ်ကူညီခြင်း
Vol. 68 Ch. 946
ဘာလို့နမ်းတာလဲ...........
အဲ့ဒါကို ရှင်းပြလို့ မရဘူး..........
ရှင်းပြလိုက်ရင် ငါ့အကြံကို သိသွားမှာပေါ့.........
နေသစ်ပင်ရဲ့ စောင့်ရှောက်သူကို နမ်းချင်တာလို့သာ ပြောလိုက်ရင် ငါတော့ ဒီမှာတင် သေလောက်တယ်.......
အန်လင်းမှာ မှားယွင်းနေသူ ဖြစ်ပါသော်လည်း မရှင်းပြနိုင်သောကြောင့် ဗာမီလီယမ် ငှက်မင်းသမီးအား စိတ်မကောင်းဖြစ်စွာ ကြည့်ရှုလိုက်သည်။
ဗာမီလီယမ် ငှက်မင်းသမီးမှာ နှုတ်ခမ်းစူကာ အန်လင်းဘေးတွင် ဝင်ထိုင်လိုက်သည်။
"နင့်မှာ ပြောပြလို့မရတာ ရှိလို့လား။"
အန်လင်း မျက်ရည်အဝဲသား ဖြစ်သွားမိသည်။
"ဟုတ်တယ်။ ငါပြောပြလို့ မရလို့ပါ။ မင်းရဲ့ ခံစားချက်ကို ကစားနေတာ မဟုတ်ပါဘူး။"
"ဒါပေမယ့် နင်ငါ့ကို နမ်းသွားတယ်လေ။"
ဗာမီလီယမ် ငှက်မင်းသမီး ဒေါသထွက်နေဆဲပင်။
အန်လင်း : "............"
သူမသည် ရှက်ရွံ့မည်ဟု ထင်ရပါသော်လည်း တဲ့တိုးဆန်လွန်းလှသည်။
၎င်းတို့နှစ်ဦးလုံး တိတ်ဆိတ်သွားသည်။
အန်လင်းသည် သွေးဝိဥာဥ်ကျောက်စိမ်းအခေါင်းအားထုတ်ကာ ဆေးများသောက်၍ ဝင်လှဲလိုက်ရသည်။
ဗာမီလီယမ် ငှက်မင်းသမီးမှာ အန်လင်းအား ကြည့်ရှုလာသည်။
"အရှက်မရှိတဲ့လူ....... နင်ရှင်းပြသင့်တယ်နော်။ ငါတကယ် စိတ်အဆင်မပြေဘူး။"
အန်လင်း သက်ပြင်းချလိုက်သည်။
"မင်းငါ့ကို သေမလို ဆော်ပြီးတာတောင် စိတ်အဆင်မပြေသေးဘူးလား။"
ဗာမီလီယမ် ငှက်မင်းသမီး အေးစက်စက် ရယ်မောလာသည်။
"နင့်ကို ဝက်တစ်ကောင်က လာနမ်းသွားရင် ကြိုက်မှာလား။"
အန်လင်း : "............."
အဲ့လောက်ထိ စော်ကားစရာ လိုလို့လား..........
ဗာမီလီယမ် ငှက်မင်းသမီး ရှက်သွေးဖြာသွားသည်။
"အဲ့လောက်ထိတော့ မဆိုးဘူးပေါ့ဟာ။ ဒါပေမယ့် ဘာလို့နမ်းလဲ ပြောပြသင့်တယ်လေ။"
အကြောင်းပြချက်တစ်ခု ရှိကိုရှိရမည်ပင်။
"နင်....... နင် စိတ်မထိန်းနိုင်တာဆိုရင်တောင် ငါ...... ငါလက်ခံပေးမှာပါ။"
သူမ၏ အသံမှာ တုန်ယင်နေသည်။
အန်လင်းမှာ အမူအရာ ပြောင်းလဲသွားရသည်။ သူသည် ဆက်ဆံရေးများကို အလေးထားသူ ဖြစ်သောကြောင့် ဗာမီလီယမ် ငှက်မင်းသမီးအား သဘောကျသည်ဟု ပြောမည်မဟုတ်ပေ။ ထိုသို့မဟုတ်ပါက အခြားသူများ၏ ခံစားချက်အား အလေးမထားတတ်သော အမှိုက်ကောင်သာ ဖြစ်သွားပေလိမ့်မည်။
"အဲ့လိုမဟုတ်ပါဘူး။"
သူခေါင်းခါပြကာ သက်ပြင်းချလိုက်သည်။
"ထားလိုက်ပါတော့။ ငါက မှားတဲ့သူပဲ။ အမှန်ကို ပြောပြပါ့မယ်။"
"မင်းငါ့ကို ရိုက်ချင်ရိုက်၊ သတ်ချင်သတ်ပစ်လိုက်။ ဒါပေမယ့် တခြားဘယ်သူ့ကိုမှ ပြန်ပြောပြလို့ မရဘူးနော်။"
ဗာမီလီယမ် ငှက်မင်းသမီး ခေါင်းညိတ်ပြလိုက်သည်။
"ကောင်းပြီ။"
"ကျိန်ရမှာနော်။"
အန်လင်း အလေးအနက် ပြောလိုက်သည်။
ဗာမီလီယမ် ငှက်မင်းသမီးမှာ ချက်ချင်းပင် တာအိုနှလုံးသားနှင့် ကျိန်ဆိုလိုက်သည်။
သူမသည် အမှန်တရားအား အလွန်အမင်း သိချင်နေမိသည်။
အန်လင်း အသက်ပြင်းပြင်း ရှူလိုက်သည်။
"ငါ့ရဲ့ ကျင့်စဉ်တစ်ခုအတွက် နေသစ်ပင်ရဲ့ စောင့်ရှောက်သူကို နမ်းဖို့လိုနေလို့။ ဆယ်ရက်အတွင်း မနမ်းရရင် ငါရူးသွားတော့မှာ။"
"မင်းကို နေသစ်ပင်ရဲ့ စောင့်ရှောက်သူလို့ ထင်လိုက်မိလို့ပါ။ တောင်းပန်ပါတယ်နော်။"
အန်လင်း လေးနက်စွာ တောင်းပန်လိုက်သည်။
ဗာမီလီယမ် ငှက်မင်းသမီး အမူအရာ ပြောင်းလဲသွားရသည်။
"နင်ကလူမှားသွားတာလား။ ဘာပဲဖြစ်ဖြစ် အဓိပ္ပါယ်တော့ ရှိသားပဲ။"
ထို့နောက် သူမ ပါးစပ်အဟောင်းသား ဖြစ်သွားမိသည်။
"နင်က နေသစ်ပင်ရဲ့ စောင့်ရှောက်သူကို နမ်းချင်တာလား။"
အန်လင်းအား ရူးသွပ်နေသူ တစ်ဦးလို ကြည့်ရှုလာသည်။
အန်လင်း ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ်။ ငါမရူးခင် နေသစ်ပင်ရဲ့ စောင့်ရှောက်သူကို နမ်းမှရမယ်။"
ဗာမီလီယမ် ငှက်မင်းသမီး : "............."
"ငါကြားဖူးသမျှထဲမှာ အရူးဆုံး စကားပဲ။"
ဗာမီလီယမ် ငှက်မင်းသမီးမှာ မျက်နှာကြောပြေသွားသည်။
"နင်ကငါ့ကို ဒါတောင်ပြောပြတယ်ဆိုတော့ ရန်သူလို့တော့ မသတ်မှတ်ထားဘူးပဲ။"
"မင်းကို မလိမ်ချင်ပါဘူး။"
အန်လင်း ပြုံးကာပြောလိုက်သည်။
"သူငယ်ချင်းတွေက အချင်းချင်း ပွင့်လင်းသင့်တယ်လေ။"
သူသည် အလောင်းအစား လုပ်နေခြင်းပင်။
"သူငယ်ချင်းလား။"
ဗာမီလီယမ် ငှက်မင်းသမီး မျက်လုံးဝိုင်းသွားသည်။
"ဟုတ်တယ်လေ။ ငါတို့တွေ တိုက်ခိုက်ပြီးနောက်ပိုင်း သူငယ်ချင်း ဖြစ်သွားပြီမလား။"
အန်လင်း စကားဆိုလိုက်သည်။
ဗာမီလီယမ် ငှက်မင်းသမီးမှာ အပြုံးများ တောက်ပသွားရသည်။
"နေသစ်ပင်ရဲ့ စောင့်ရှောက်သူကို နင်တကယ်နမ်းချင်တာလား။"
"မဖြစ်နိုင်ဘူး ထင်ပါတယ်။"
အန်လင်း သက်ပြင်းချလိုက်သည်။
ဗာမီလီယမ် ငှက်မင်းသမီး ပြုံးကာပြောလိုက်သည်။
"နင်နဲ့ငါက သူငယ်ချင်း ဖြစ်နေပြီလေ။ သူငယ်ချင်းဆိုတာ တစ်ယောက်နဲ့တစ်ယောက် ကူညီသင့်တယ်မလား။ ကိုးထပ်မြောက်ကိုသွားဖို့ လျှို့ဝှက်လမ်းတစ်ခုကို ငါသိထားတယ်။"
အန်လင်း ဝမ်းသာသွားရသည်။
"ကောင်းလိုက်တာ။ မင်းက ကံကောင်းစေတဲ့ ကြယ်ပွင့်လေးပဲ။"
"အေးပါ...... အေးပါ။ နင်ပြန်ကောင်းသွားရင် သွားကြတာပေါ့။"
ဗာမီလီယမ် ငှက်မင်းသမီး တုံ့ပြန်လာသည်။
"ဒါပေမယ့် နင့်ပြဿနာထဲ ငါ့ကိုဆွဲမခေါ်နဲ့နော်။ ကိုးထပ်မြောက်မှာ ဖြစ်တာတွေကို နင့်ဘာသာရှင်းခဲ့။"
အန်လင်း ခေါင်းညိတ်ပြလိုက်သည်။
"နားလည်ပါပြီ။"
ဗာမီလီယမ် ငှက်မင်းသမီးမှာ သိုလှောင်လက်စွပ်ထဲမှ အဖြူရောင် သစ်သီးတစ်လုံး ထုတ်ပေးလာသည်။
"ရော့....... သွေးအားမြန်မြန်ပြည့်အောင်လို့။"
"ဒါက........"
ထိုသည်မှာ အဆင့်ခုနစ် အင်မော်တယ်သစ်သီးပင်။
"ငါ့ကိုပေးမလို့လား။"
"နင့်ကိုငါပဲ သမထားတာလေ။ ဒါက နေသစ်ပင်ရဲ့ ခုနစ်ထပ်မြောက်က အင်မော်တယ်သစ်သီးပဲ။ တောင်းပန်တဲ့ လက်ဆောင်လို့ သဘောထားလိုက်ပေါ့။"
ဗာမီလီယမ် ငှက်မင်းသမီး ရှင်းပြလိုက်သည်။
အန်လင်းမှာ မငြင်းပယ်ပဲ စားလိုက်သည်။
ထိုသစ်သီးမှာ ပန်းသီးကဲ့သို့ အရသာမျိုး ရှိပေသည်။
အသီးတွင် ပါဝင်သော ယန်စွမ်းအင်ကြောင့် ခန္ဓာကိုယ် နွေးထွေးကာ ဒဏ်ရာများ သက်သာလာသည်။
"အရသာ ရှိသားပဲ။"
အန်လင်း မှတ်ချက်ပြုလိုက်သည်။
"ငါ့မှာ ရှိသေးတယ်။ ငါပျော်နေရင်တော့ နင့်ကို နည်းနည်းထပ်ပေးမယ်လေ။"
ဗာမီလီယမ် ငှက်မင်းသမီး စကားဆိုလိုက်သည်။
"မင်းက သူငယ်ချင်းကောင်းပဲ။"
အန်လင်း ခေါင်းညိတ်ပြလိုက်သည်။
မကြာမီပင် အန်လင်းမှာ အကောင်းအတိုင်း ပြန်ဖြစ်သွားသည်။
ဗာမီလီယမ် ငှက်မင်းသမီးမှာ အန်လင်းအား တစ်နေရာသို့ ခေါ်ဆောင်သွားသည်။
ထို့နောက် ဂိတ်ဝတစ်ခုထံ ရောက်ရှိလာကြသည်။
အန်လင်း၏ အံ့ဖွယ်အာရုံနှင့်ပင် ဂိတ်တစ်ဖက်ခြမ်းအား မမြင်နိုင်ပေ။
ဗာမီလီယမ် ငှက်မင်းသမီးမှာ အန်လင်းအား ဂိတ်ထဲဝင်ခိုင်းလိုက်သည်။
အန်လင်းမှာ မူးနောက်နောက်ဖြစ်ကာ အနက်ရောင် ကုန်းမြေတစ်ခုပေါ် ရောက်လာသည်။
အရောင်စုံသော စွမ်းအင်များ လှည့်လည်ကာ လှပသော ညကာလ ဖြစ်နေပြီး ပတ်ဝန်းကျင်တွင် မှော်နယ်မြေများ ရှိနေသည်။
ဗာမီလီယမ် ငှက်မင်းသမီးမှာ အန်လင်းအား အဖြူရောင် အလင်းစက်ဝန်း တစ်ခုထံ ဆွဲခေါ်သွားပြီးနောက် တောင်ပံဖြူတစ်စုံ တပ်ပေးလိုက်သည်။
"အရှက်မဲ့ကောင်....... ဒီအတောင်ပံတွေ ရှိနေရင် နေသစ်ပင်ရဲ့ ကန့်သတ်မှုကို ခံရမှာ မဟုတ်ဘူး။ သူတို့က ကိုးထပ်မြောက်ကို ခေါ်သွားပေလိမ့်မယ်။ ကံကောင်းပါစေနော်။"
ဗာမီလီယမ် ငှက်မင်းသမီး ပြုံးကာပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်။"
အန်လင်း ရင်ထဲထိသွားသည်။
သူမ၏ အကူအညီများအား သူမေ့နိုင်မည် မဟုတ်ပေ။
အန်လင်းမှာ ကောင်းကင်ထက်သို့ ဖြည်းညင်းစွာ ပျံဝဲနေသည်။
ထို့နောက် ဗာမီလီယမ် ငှက်မင်းသမီးမှာ မှတ်တမ်းတင်ကျောက်တုံး တစ်ခုအား ထုတ်ယူလိုက်သည်။
"အရှက်မဲ့ကောင်....... အဲ့တောင်ပံတွေမှာ မှတ်တမ်းတင်ကျောက်တုံး ထည့်ပေးလိုက်တာ နင်မသိဘူးမလား။ ပွဲကြီးပွဲကောင်းတော့ ကြည့်ရတော့မှာပဲ....... ဟိဟိ။"