ဒီအပိုင်းက အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်
Vol. 68 Ch. 951
ကြက်တူရွေးမှာ ဖော်ဖော်ရွေရွေ ပြုံးပြလာသည်။
"ဒီသိုလှောင်လက်စွပ် နှစ်ခုကို လာပို့ခိုင်းလိုက်လို့ပါ။"
အန်လင်း လက်ခံကာ သိုလှောင်လက်စွပ်များအား စစ်ဆေးလိုက်သည်။
ပထမလက်စွပ်တွင် အဖြူရောင် သစ်သီးသုံးလုံး ရှိနေသည်။
နေသစ်ပင်၏ ခုနစ်ထပ်မြောက်မှ ထာဝရနေသစ်သီးဟုခေါ်သော အဆင့်ငါး အင်မော်တယ်သစ်သီးများ ဖြစ်သည်။ ထိုသစ်သီးသည် မီးကျင့်စဥ်ကျင့်သော ကျင့်ကြံသူများအား စွမ်းအင်သန့်စင်ပေးနိုင်သည့်အပြင် အသက်စွမ်းအင်တိုးကာ သွေးသစ်လောင်းပေးနိုင်သော သစ်သီးမျိုးဟု ဆိုနိုင်သည်။
"ပိုင်ရှင်းကဲက မဆိုးဘူးပဲ။"
အန်လင်း ရယ်မောကာ ဒုတိယ သိုလှောင်လက်စွပ်အား ကြည့်ရှုလိုက်သည်။
သူပါးစပ်အဟောင်းသား ဖြစ်သွားမိလေသည်။
သိုလှောင်လက်စွပ်ထဲတွင် သက်တံ့ရောင် ထနေသော ကိုးမီးလျှံယန်သစ်သီးတစ်လုံးသာ ပါသည်။
ပထမအဆင့် အင်မော်တယ်သစ်သီး..........
စာအချို့လည်း ရေးသားထားသေးသည်။
(မဟာစာကလေး......... နင်က ဒဏ္ဍာရီလာသားရဲ မဟုတ်မှန်း ငါသိပါတယ်။ ဒါပေမယ့် ဒီသစ်သီးက နင့်အတွက်ပါပဲ။ နင့်ရဲ့ သတ္တိကြောင့် နင့်ကိုခွင့်လွှတ်ပေးလိုက်တယ်။ နင်လည်း နင့်အကြောင်းပြချက်နဲ့နင်ရှိမှာပါ။ နောက်အခွင့်ရရင် တွေ့ချင်ပါသေးတယ်။
…. ယိလီ)
အန်လင်း : "............"
နေမင်းကြီး၏ အသိအမှတ်ပြုမှုကိုပင် ခံလိုက်ရသလို ခံစားမိသည်။
"ဟူး........."
သူသိုလှောင်လက်စွပ်များအား သိမ်းဆည်းကာ သက်ပြင်းချလျက် ဆက်လက်ထွက်ခွာလာခဲ့သည်။
အနာဂတ်တွင် ၎င်းတို့အတွက် တစ်စုံတစ်ခု ပြန်လည်လုပ်ဆောင်ပေးနိုင်ရန် မျှော်လင့်မိသည်။
ယခုတွင်မူ ငွေရှာရဦးမည်ပင်။
ယောက်ျားတစ်ယောက်အနေဖြင့် ရည်မှန်းချက်အား အမြင့်ဆုံး နေရာတွင် ထားသင့်သည်။ ယောက်ျားတစ်ယောက်သည် ပိုက်ဆံနှင့် အာဏာရှိမှသာ ဆုံးဖြတ်ပိုင်ခွင့် ရှိလာပေလိမ့်မည်။ ထိုမှသာ ဘဝအား ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းသွားနိုင်မည် ဖြစ်သည်။
အန်လင်းမှာ အပြန်လမ်းတွင်လည်း ဗာမီလီယမ်ငှက်များစွာကို တွေ့ခဲ့ရသည်။
၎င်းတို့သည် မောက်မောက်မာမာ မရှိတော့ပဲ အန်လင်းအား တလေးတစား ကြည့်ရှုနေကြသည်။
ဘာတွေဖြစ်နေတာလဲ........
အန်လင်း နားမလည်ပါသော်လည်း အလုပ်ရှုပ်ခံကာ မေးမနေတော့ပေ။
နေသစ်ပင်မှ အကျိုးအမြတ်များစွာ ရရှိခဲ့ပြီး မစ်ရှင်အောင်မြင်ခဲ့သည့်အပြင် အင်မော်တယ်သစ်သီးများ၊ ငွေကြေးအချို့နှင့် အမွေအနှစ်များပါ သိမ်းပိုက်နိုင်ခဲ့သည်။
ယန်နတ်ဘုရားကျင့်စဥ်နှင့် မီးလျှံပေါင်းစည်းခြင်းနည်းများပါ ရရှိထားလေပြီ။
ယင်းနတ်ဘုရားကျင့်စဥ်နှင့် သတ္ထုအမျိုးအစား အံ့ဖွယ်လက်နက်၏ မူလစွမ်းအင် ကျင့်စဥ်သာ လိုတော့သည်။
မည်သို့ပင်ဆိုစေကာမူ ထိုကျင့်စဥ်များမှာ ပူပန်နေရုံနှင့် ရရှိလာမည် မဟုတ်ပေ။
ခြောက်ထပ်မြောက်သို့ ပြန်ရောက်လာပြီးနောက် အန်လင်းမှာ ရွှယ်ကျန်ထျန်းအား အာရုံခံလိုက်သည်။
ရွှယ်ကျန်ထျန်းမှာ အလွန်အမင်း စိတ်လှုပ်ရှားနေသည်။
"သခင့်ရဲ့ သတ်ကွင်းက တိုက်ရည်ခိုက်ရည်ကြောင့် အားလုံးက လေးစားနေကြပြီ။ စစ်နတ်ဘုရားတွေနဲ့အတူ ရုပ်ထုထားထားဖို့ အဆိုပြုထားတဲ့သူတောင် ရှိတယ်။ ဒါပေမယ့် အလုပ်တော့ မဖြစ်လိုက်ဘူး။"
အန်လင်းမှာ ဂရုမစိုက်ပေ။
"လင်းအန်ဆိုတဲ့ နာမည်က သူ့ဘာသာ ရှိနေမှာပဲလေ။ အဲ့ဒါတွေက ငါနဲ့မဆိုင်ဘူး။"
"သခင်က မာနကြီးလိုက်တာ။"
ရွှယ်ကျန်ထျန်း အံ့အားသင့်သွားသည်။
သခင်သည် ကြွားလုံးကြီးလွန်းသောကြောင့် ယခုအခွင့်အရေးအား အမိအရယူကာ ကြွားပစ်လိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။
"သခင်........ နေသစ်ပင်ရဲ့ စောင့်ရှောက်သူနဲ့ရော တွေ့ခဲ့လား။ သူမက လှရဲ့လား။ သခင် ရင်ခုန်သွားလား။ သူမကို နမ်းခဲ့လား။"
ရွှယ်ကျန်ထျန်း သိချင်နေမိသည်။
အန်လင်းမှာ ထိုအဖြစ်အပျက်အား ပြန်ပင်မတွေးချင်ပေ။
ရင်ခုန်ဖို့ နေနေသာသာ နှလုံးခုန်တောင် ရပ်တော့မလို့.......
နေတစ်လုံးကို ရင်ခုန်စရာလား..........
"ငါနမ်းခဲ့တယ်။ သူမ အလှတရားက တောက်ပလွန်းလို့ မျက်စိတောင် ကန်းစေနိုင်တယ်။ ပြစ်မျိုးမှဲ့မထင် ကောင်းကင်နတ်မိမယ်လိုပဲ။ တစ်နေ့နေ့တော့ မင်းလည်း သူမနဲ့ တွေ့ရင်တွေ့ရမှာပါ။ အဲ့ကြမှ နမ်းကြည့်ပေါ့။"
အန်လင်း ပြုံးကာပြောလိုက်သည်။
ထိုအပြုံးကြောင့် ရွှယ်ကျန်ထျန်း ကျောချမ်းသွားသည်။
"သခင့်အတွက်ပဲ ထားလိုက်ပါ။"
"ဟုတ်သားပဲ။ ရွှေအဆင့်လမ်းပြနွားရော......"
အန်လင်း မေးမြန်းလိုက်သည်။
"သူ့ကိုယ်သူ ကြော်ညာဝင်နေတာနဲ့ မအားဘူး။ လက်သီးနတ်ဘုရား လင်းအန် စိတ်ကျေနပ်အောင် ဝန်ဆောင်မှု ပေးခဲ့တယ်ဆိုပြီး လိုက်ပြောနေတာ။ အခုဆို နေသစ်ပင်မှာ နာမည်အကြီးဆုံး လမ်းပြဖြစ်နေပြီ။"
ရွှယ်ကျန်ထျန်း ရှင်းပြလာသည်။
အန်လင်း မျက်ဆံလှန်လိုက်သည်။
"ဒီနွားကတော့ လည်ချက်ပဲ။"
"ပုံမှန်ပါပဲ။ ရွှေနားကပ်ရောင်ကြောင့် ပါးပြောင်သလိုပေါ့။"
ရွှယ်ကျန်ထျန်းမှာ အန်လင်း ရင်ခွင်ထဲဝင်ကာ ကောင်းကင်အား လက်ညှိုးထိုးလိုက်သည်။
"သခင်........ ဘယ်တော့ကြမှ ကောင်းကင်ကို နင်းခြေနိုင်မှာလဲဟင်။"
"ကောင်းကင်က ငါတို့ခြေထောက်အောက် ရောက်လာရင်ပေါ့။"
အန်လင်း တုံ့ပြန်လာသည်။
၎င်းတို့နှစ်ဦးမှာ အတူတကွ ထွက်ခွာလာခဲ့သည်။
အန်လင်းသည် အားလုံး၏ အလေးစားခံတစ်ဦး ဖြစ်နေပြီပင်။
၎င်းတို့သည် နေသစ်ပင်၏ ခြောက်ထပ်လုံးအား လည်ပတ်ကာ ခရီးစဥ်ကို အဆုံးသတ်ခဲ့သည်။
"သခင်....... ပြန်ကြတော့မှာလား။"
ရွှယ်ကျန်ထျန်း မေးမြန်းလိုက်သည်။
"လောစရာ မလိုပါဘူး။ တောင်ပိုင်းကောင်းကင်တောင်ပံနိုင်ငံတော်ကိုပါ လည်ကြတာပေါ့။"
အန်လင်း စကားဆိုလာသည်။
လဝက်ခန့် ကြာပြီးနောက် တောင်ပိုင်းကောင်းကင်တောင်ပံနိုင်ငံတော်တွင် စကားတစ်ခု ပျံ့နှံ့သွားသည်။
သူရဲကောင်းတစ်ဦးသည် မထုံတတ်သေးဟန်ဆောင်ကာ ဓားပြတိုက်သော ငှက်များအား အပီသိပ်ပစ်သည်ဟု သိရသည်။ ၎င်း၏လက်ထဲတွင် သုတ်သင်ခံရသော ငှက်အရေအတွက်မှာ ရာနှင့်ချီ ရှိနေလေပြီ။
ငှက်များမှာ ထိုသူရဲကောင်းအား ကြောက်လန့်နေကြပြီ ဖြစ်သည်။
အများစုမှာ ဓားပြပင် မတိုက်ကြတော့ပေ။
ထိုသို့ဖြင့် တောင်ပိုင်းကောင်းကင်တောင်ပံနိုင်ငံတော်၏ လုံခြုံရေးမှာ သိသိသာသာ တိုးတက်ကောင်းမွန်လာသည်။
လဝက်အတွင်းမှာပင် လူသတ်၊ ဓားပြတိုက်၊ ခိုးဆိုးလုနှိုက်မှုများ ပျောက်ကွယ်လုမတက် ဖြစ်သွားခဲ့သည်။
ထိုသည်မှာ ကြီးမားသော အပြောင်းအလဲတစ်ခုပင်။
"အိမ်ပြန်ကြစို့......"
အန်လင်း ပြုံးကာပြောလိုက်သည်။
"ဒီလဝက်လုံးလုံး စိတ်ဝိဥာဥ်သစ်သီးတွေ စားရတာ အန်ထွက်တော့မလိုပဲ။ အခု အင်မော်တယ်သစ်သီး ပြောင်းစားချင်တယ်။"
ရွှယ်ကျန်ထျန်း စကားဆိုလာသည်။
အန်လင်း မျက်ဆံလှန်လိုက်သည်။
"ရှိတာစားစမ်းပါ။"
ရွှယ်ကျန်ထျန်းသည် စိတ်ဝိဥာဥ်သစ်သီးများကြောင့် ဟင်းလင်းပြင်သို့အပြန် စဦးအဆင့် ကျင့်ကြံရေးမှာ အခြေခိုင်သွားလေပြီ။ မည်သူကမှ သားရဲတစ်ကောင်အား ထိုမျှရက်ရောမည် မဟုတ်ပါသော်လည်း အန်လင်းမှာ ၎င်းတို့နှင့် မတူပေ။
"ကိုယ်ပြန်လာပြီ ရှောင်လန်......"
အန်လင်းမှာ ကောင်းကင်ဘုံခုံရုံး ရှိသောအရပ်သို့ကြည့်ကာ ရေရွတ်လိုက်သည်။