← Chapters

ရှောင်လန်၏ငွေရှာနည်း

Vol. 68 Ch. 952

ရှောင်လန်၏ငွေရှာနည်း

Vol. 68 Ch. 952

အန်လင်းနှင့် ရွှယ်ကျန်ထျန်းမှာ ကောင်းကင်ဘုံခုံရုံးသို့ ပြန်လည်ရောက်ရှိလာကြသည်။

ဝေးကွာနေစဥ်အတွင်း လွမ်းဆွတ်လှသောကြောင့် အန်လင်းမှာ စုရှောင်လန်နှင့် အမြန်ဆုံး တွေ့ချင်နေမိသည်။

"ကိုယ်ပြန်ရောက်ပြီ ရှောင်လန်........"

အန်လင်းမှာ စုရှောင်လန်၏ အဆောင်တံခါးအား သွားခေါက်လိုက်သည်။

တံခါးပွင့်လာပြီးနောက် တောက်ပသော မျက်ဝန်းတစ်စုံကို တွေ့လိုက်ရလေသည်။

"အန်လင်း နင်ပြန်ရောက်လာပြီပဲ။"

စုရှောင်လန် ပျော်ရွှင်သွားသည်။

"ကိုယ့်ကိုလွမ်းနေတာလား။"

အန်လင်းမှာ စုရှောင်လန်အား တင်းကြပ်စွာ ဖက်ထားလိုက်သည်။

သူသည် ရင်းနှီးနေသော ရနံ့လေးနှင့်အတူ သူမ၏ နွေးထွေးမှုအား ခံစားကာ စိတ်ကျေနပ်သွားသည်။

"ထျန်းလေးရှိနေတယ်လေ။ တော်တော့......."

စုရှောင်လန်မှာ ရွှယ်ကျန်ထျန်းအား သတိထားမိကာ ရှက်ရွံ့သွားရသည်။

"ကျွန်တော့်ကို မရှိတဲ့သူလိုပဲ သဘောထားပါ။"

ရွှယ်ကျန်ထျန်း စကားဆိုလိုက်သည်။

"မျိုးနွယ်စု မတူတော့ ဘယ်လိုမှ မနေပါဘူး။"

ရှောင်လန်သည် ရှက်ရွံ့နေဆဲ ဖြစ်သောကြောင့် အန်လင်းမှာ ရွှယ်ကျန်ထျန်းအား ကန်ထုတ်ပစ်လိုက်သည်။

"သခင်က နှလုံးသား မရှိလိုက်တာ။ အရင်တုန်းကတော့ ထျန်းလေးဆိုပြီး နေ့တိုင်းဖက်နေပြီးတော့........ အခုတော့ ကန်စရာ ဘောလုံးထင်နေပြီလား။"

ရွှယ်ကျန်ထျန်း မကျေမနပ် ဖြစ်နေသည်။

အန်လင်းသည် ထိုသည်ကို ဂရုမစိုက်အားပေ။

စုရှောင်လန်မှာလည်း အန်လင်းအား ငေးမောကြည့်ရှုလိုက်သည်။

၎င်းတို့မှာ နှုတ်ခမ်းချင်း ထိတွေ့သွားပြီးနောက် အရသာ အရှိဆုံး ယစ်မူးဖွယ် ဝိုင်ချိုအား မြည်းစမ်းလိုက်ရသလို အရူးအမူး နမ်းမိလိုက်ကြသည်။

အန်လင်းမှာ ထိုအနမ်းကြောင့် မျက်ရည်ကျမတက် ဖြစ်သွားရသည်။

နေလုံးကြီးအား နမ်းခဲ့သော မှတ်ဉာဏ်များကို မေ့ဖျောက်လိုက်နိုင်လေပြီ။

ခေတ္တကြာပြီးနောက် ၎င်းတို့သည် စားပွဲတွင်ထိုင်ကာ စကားစမြည် ပြောဆိုလိုက်ကြသည်။

အန်လင်းသည် ဗာမီလီယမ် ငှက်မင်းသမီးနှင့် ယိလီအကြောင်းမှလွဲ၍ တောင်ပိုင်းကောင်းကင်တောင်ပံနိုင်ငံတော်အကြောင်းများ ပြောပြလိုက်သည်။ ၎င်းတို့အကြောင်းသာ ပြောပြပါက သူသည်လည်း ချော်ရည်ပိန္နဲသီးပေါ် ဒူးထောက်နေရပေလိမ့်မည်။

သူခိုးများအား ပညာပေးခဲ့ကြောင်း သိလိုက်ရသောအခါ ရှောင်လန်၏ မျက်ဝန်းများ တောက်ပသွားသည်။ ထိုသို့သော လုပ်ရပ်မှာ ကောင်းမွန်သည်ဟုလည်း သူမ ခံစားရသည်။

"တောင်ပိုင်းကောင်းကင်တောင်ပံနိုင်ငံတော်က လုံခြုံနေပြီဆိုတော့ နောက်ကြရင် သွားလည်ရအောင်လေ။"

စုရှောင်လန် အကြံပေးလိုက်သည်။

အန်လင်း ခေါင်းညိတ်ပြလိုက်သည်။

"ဒီဘက်မှာရော အဲ့လိုမျိုး ခိုးဆိုးလုနှိုက်တွေ ပေါတဲ့နေရာ မရှိဘူးလား။"

"အင်း......."

စုရှောင်လန် အနည်းငယ် စဥ်းစားလိုက်သည်။

"သေးသေးမွှားမွှားကတော့ အချိန်ကုန်တယ်။ ပြောရရင် လဟာပြင်စိတ်ဝိဥာဥ်မျိုးနွယ်စုနဲ့အနောက်ဘက်ပင်လယ်မှာတော့ ရာဇဝတ်မှုများတယ်။"

အန်လင်း ခေါင်းကိုက်သွားသည်။

"လဟာပြင်စိတ်ဝိဥာဥ် မျိုးနွယ်စုက လူသတ်ချင်သလို သတ်နေကြတာ။ အရူးတွေလိုပဲ။ သူတို့က အန္တရာယ် များလွန်းတယ်။ အနောက်ဘက်ပင်လယ်ကြတော့ ဝေးလွန်းနေတယ်။"

၎င်းတို့နှစ်ဦးမှာ ထိုအစီအစဥ်အား ဆိုင်းငံ့ထားလိုက်ကြသည်။

"ရှောင်လန်....... မင်းရဲ့ စားတော်ဆက်ကရော ဘယ်လိုအခြေအနေရှိလဲ။"

အန်လင်း မျှော်လင့်တကြီး မေးလိုက်သည်။

စုရှောင်လန် ပြုံးကာပြောလာသည်။

"ဒီရက်ထဲမှာ စိတ်ဝိဥာဥ်ကျောက်တုံး ဘယ်လောက်ရနေပြီထင်လဲ။"

ဟင်းလျာများသည် စိတ်ဝိဥာဥ်ကျောက်တုံး နှစ်သိန်းကျော်သို့ ထိုးကျနေခဲ့သည့်အပြင် အသစ်အဆန်း မဟုတ်တော့သဖြင့် ကျော်ကြားမှုမှာလည်း ကျဆင်းလာနေပြီ ဖြစ်သောကြောင့် လက်ရှိအချိန်တွင် ဟင်းလျာတစ်ပွဲ၏ တန်ကြေးမှာ အများဆုံး စိတ်ဝိဥာဥ်ကျောက်တုံး နှစ်သိန်းသာ ရှိလောက်ပေမည်။

စုရှောင်လန်၏ ဟင်းချက်စွမ်းရည်သည် သူနှင့်တူညီသောကြောင့် ဟင်းလျာများမှာ စိတ်ဝိဥာဥ်ကျောက်တုံး နှစ်သိန်းအောက် မကျလောက်ပေ။

အန်လင်းမှာ ရှောင်လန်အား ဖိအားဖြစ်စေမည် စိုးသောကြောင့် များများစားစား မခန့်မှန်းရဲပေ။

"စိတ်ဝိဥာဥ်ကျောက်တုံး လေးသန်းလား။"

ထိုပမာဏသည် မရနိုင်သော အနေအထား မဟုတ်ပေ။

"မဟုတ်သေးဘူး။"

စုရှောင်လန် လက်နှစ်ချောင်း ထောင်ပြလာသည်။

အန်လင်း စကားဆိုလိုက်သည်။

"နှစ်သန်းတည်းလား။"

ထိုသို့သာဆိုပါက တပိုင်၏ လျစ်လျူရှုခြင်း ခံရသော အစာသွပ်ပေါက်စီများအား ပြန်ရောင်းမှဖြစ်သည်။ တစ်ရက်လျှင် စိတ်ဝိဥာဥ်ကျောက်တုံး တစ်သိန်းမျှ ရောင်းရသောကြောင့် တစ်လသုံးသန်း ပမာဏမှာ သေချာပေသည်။

စုရှောင်လန် ရယ်မောလိုက်သည်။

"ငါ့ကိုအထင်သေးတာလား။ နင်ပြောတာရဲ့ နှစ်ဆလို့ပြောတာ။"

"နှစ်ဆလား။"

အန်လင်း မျက်လုံးပြူးသွားသည်။

"စိတ်ဝိဥာဥ်ကျောက်တုံး ရှစ်သန်းပေါ့။"

"အင်း......."

စုရှောင်လန်မှာ အောင်နိုင်သူလို ပြုံးလာသည်။

အန်လင်း ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

"ကိုယ်ရှာတာထက်တောင် များသေးတယ်။ ဘယ်လိုလုပ်လိုက်တာလဲ။"

အန်လင်းသည်ပင် တစ်လတွင် စိတ်ဝိဥာဥ်ကျောက်တုံး ခြောက်သန်းမျှသာ ရှာနိုင်ခဲ့သည်။ စုရှောင်လန်သည် အဘယ့်ကြောင့် ရှစ်သန်းအထိ ရှာနိုင်ခဲ့ပါသနည်း။

စုရှောင်လန်မှာ ပို၍ပင် စိတ်ကျေနပ်သွားသည်။

"စစချင်းတုန်းကတော့ လေလံဆွဲမယ့်သူတောင် မရှိလို့ စိတ်ဝိဥာဥ်ကျောက်တုံး တစ်သိန်းသုံးသောင်းလောက်ပဲ စျေးရတယ်။"

"ဒါပေမယ့် စားကြည့်ပြီးသွားတော့ နင့်လက်ရာနဲ့ မကွာဘူးလို့ မှတ်ချက်ပေးလာကြတယ်။"

"နောက်တစ်နေ့မှာ လေလံအောင်တဲ့သူကကြတော့ ငါ့လက်ရာက နင့်ထက်တောင် ကောင်းသေးတယ်တဲ့။"

စုရှောင်လန်၏ ဆေးလုံးသန့်စင်ခြင်းသည် အန်လင်းထက် သာလွန်သည့်အပြင် သူမသည် အသေးစိတ်ကျသူ ဖြစ်သောကြောင့် အန်လင်း၏ လက်ရာထက် ပိုမိုကောင်းမွန်နိုင်ပါသော်လည်း အလွန်သိသာနိုင်စရာ မရှိပေ။

"နောက်ကြတော့ ငါလည်း နာမည်ကြီးလာတယ်လေ။ အဲ့အခွင့်အရေးကို အသုံးချပြီး ငါ့လက်ရာက နင့်ထက်ကောင်းတယ်ဆိုတာ နင်ကိုယ်တိုင် ဝန်ခံထားတယ်ဆိုပြီး ကြော်ညာပစ်လိုက်တယ်။"

"အဲ့သတင်းကြောင့် ကောင်းကင်ဘုံခုံရုံးလည်း ရုတ်ရုတ်သဲသဲဖြစ်ပြီး လေလံက နင့်ထက်စျေးမြင့်သွားတာပဲ။"

အန်လင်း မျက်နှာပျက်သွားသည်။

ငါ့ကို ချနင်းသွားတာပဲ.........

စုရှောင်လန် စကားဆက်လိုက်သည်။

"ကောင်းကင်ဘုံခုံရုံးရဲ့ အချက်အပြုတ် နတ်ဘုရားက ငါပေါ်လာတော့ နံပါတ်သုံး ဖြစ်သွားတော့မှာလေ။ အဲ့ဒါကို လက်မခံနိုင်တော့ ငါ့ကိုလာစိန်ခေါ်တော့တာပဲ။"

အန်လင်း : ".........."

"အဲ့တော့ စိန်ခေါ်တာကို လက်ခံလိုက်လား။"

အန်လင်း အံ့အားသင့်သွားသည်။

စုရှောင်လန် ခေါင်းညိတ်ပြလိုက်သည်။

"အင်း....... သူ့ကိုနိုင်သွားတော့ ပိုအောင်မြင်လာတယ်။ ဒီရက်ပိုင်း စျေးပြန်ကျသွားတာတောင် ဒီလထဲ ရှစ်သန်းရလိုက်တယ်။"

"ရှောင်လန်...... မင်းကအရမ်းတော်တာပဲ။"

အန်လင်း စုရှောင်လန်အား တင်းကြပ်စွာ ပွေ့ဖက်လိုက်သည်။

ရှောင်လန်သည် သူအကူအညီတောင်းထားသော အရာအား ကောင်းမွန်စွာ ဆောင်ရွက်ခဲ့သည်ပင်။

"နင်တကယ်တော့ အချက်အပြုတ် နတ်ဘုရား ဟူကျောင်းဟောင်ကို ကျေးဇူးတင်သင့်တာ။ သူလာစိန်ခေါ်လို့ ပိုအောင်မြင်သွားတာလေ။"

စုရှောင်လန် ပြုံးကာပြောလိုက်သည်။

အန်လင်း : ".........."

အချက်အပြုတ် နတ်ဘုရား ဟူကျောင်းဟောင်မှာ ၎င်းတို့အတွက် လှေကားတစ်ခုလိုပင်။

အန်လင်းရော၊ စုရှောင်လန်ပါ ၎င်းအားနင်းတက်ခဲ့ကြသည်။

"ကောင်းပြီလေ။ သူ့ကို သွားပြီးကျေးဇူးတင်လိုက်မယ်။"

အန်လင်း စကားဆိုလိုက်သည်။

"ဟိဟိ...... သူဒေါသထွက်ပြီး သေသွားဦးမယ်။"

စုရှောင်လန် ရယ်မောလာသည်။

၎င်းတို့မှာ အချိန်ကိုပင် မေ့လျော့ကာ ပျော်ရွှင်ကာ စကားပြောနေခဲ့ကြတော့သည်။

All Chapters