← Chapters

ပိုင်ယဲ့၏ နှလုံးသားထဲမှ အရိပ်

Vol. 51 Ch. 710

ပိုင်ယဲ့၏ နှလုံးသားထဲမှ အရိပ်

Vol. 51 Ch. 710

“ ကျုပ်ကို ဘယ်လိုလုပ် ရှာတွေ့တာလဲ ” ပိုင်ယဲ့က သူ့ဆံပင်များပင် ရုတ်တရက် ထောင်သွားသလို ခံစားလိုက်မိ၏။ ဓားအကျဉ်းထောင်ထဲ၌ လူတစ်ယောက် ရှာဖို့ရာ ကြိုးစားခြင်းမှာ ကောက်ရိုးပုံ အပ်ရှာရသည်ထက် ပို၍ ခက်ခဲပေသည်။

ဤခက်ခဲမှုကို သူ့ရှေ့တွင် ရှိနေသော ဂိုဏ်းချုပ်မိုက အမှန်တကယ် လုပ်ဆောင်ခဲ့သောကြောင့် သူ့အား အထိတ်တလန့် ဖြစ်မိစေပြန်သည်။ ထိုစဉ် သူက ကိုယ့်ဘာသာ ယုံကြည်ချက် လျော့နည်းလာမိ၏။ သူက မိုဝူကျိအား အလွှတ်မပေးကြောင်း၊ အစီအရင်အတွင်းသာ မဟုတ်ပါက သတ်ပစ်မည် ဖြစ်ကြောင်း တွေးနေခဲ့သော်လည်း ဤကဲ့သို့ သူ့ရှေ့တွင် ရုတ်တရက် ပေါ်လာသော မိုဝူကျိကိုမူ ဘာမှ မလုပ်ရဲတော့ချေ။

သူက မိုဝူကျိအပေါ် ကြောက်ရွံ့မိသော ဒုတိယအကြိမ် ဖြစ်ပေသည်။ ပထမအကြိမ်မှာ မိုဝူကျိ တစ်ယောက် ဓားစွမ်းအင်မြစ်ထဲ ဆင်းသွားသည့် အချိန်က ဖြစ်ပြီး ထိုမြင်ကွင်းမှာ သူ့အား အမြဲလိုလို ခြောက်လန့်နေခဲ့သည်။ ထိုစဉ်ကတည်းမှ ယခုအချိန်အထိ သူ့စိတ်ထဲ၌ ထိုမြင်ကွင်းသာ ကြီးစိုးနေ၏။

ကြောက်စရာ အကောင်းဆုံးအရာမှာ မသိခြင်းတရား ဖြစ်၏။ သူက မိုဝူကျိသည် မည်မျှ အားကောင်းကြောင်း အတိအကျ မသိသေးပေ။ မိုဝူကျိက ဓားစွမ်းအင်မြစ်ထဲ အလွယ်တကူ ဆင်းပြီး သူ့အား အလွယ်လေး ရှာတွေ့သည့် အကြောင်းကိုလည်း မသိချေ။

“ ခင်ဗျား သိရမဲ့ အရာ မဟုတ်ဘူး။ အရင်တုန်းက ခင်ဗျားက ကျုပ်ကို လုပ်ကြံဖို့ ကြိုးစားခဲ့မှတော့  လျော်ကြေးရဖို့ လိုတယ်မလား ” မိုဝူကျိက မထူးမခြားနား ပြောလိုက်၏။

ပိုင်ယဲ့က သူ့အစီအရင်မှ ထွက်သွားသည့်အခါ မိုဝူကျိက စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှ စိတ်စွမ်းအားကို အသုံးပြု၍ ပိုင်ယဲ့အပေါ် အမှတ်အသား ချန်ရစ်ထားလိုက်သည်။ သူက ပိုင်ယဲ့သည် ထိုအမှတ်အသားကို အလွယ်တကူ တွေ့လိမ့်မည် မဟုတ်ကြောင်း သေချာသိနေသည်။

အကယ်၍ ဓားအကျဉ်းထောင် ပြင်ပ၌ ဖြစ်နေမည်ဆိုလျှင် မိုဝူကျိက ပိုင်ယဲ့ကဲ့သို့ အင်မော်တယ် ဧကရာဇ် တစ်ယောက်အပေါ်  စိတ်ဝီညာဉ် အမှတ်အသားထားဖို့ ကြိုးစားခြင်းမှာ ရယ်စရာ ဖြစ်ကောင်း ဖြစ်နေနိုင်သော်လည်း  ယခုကား  ဓားအကျဉ်းထောင်ထဲ ဖြစ်၏။ ပိုင်ယဲ့၏ တစ်ကိုယ်လုံးမှာ မိုဝူကျိကြောင့် အပြင်းအထန် ဒဏ်ရာ ရရှိထားပြီး သူက အားကုန်စိက်ထားမှ သူ့ကိုယ်သူ ပြန်ကောင်းလာအောင် စွမ်းဆောင်ထားနိုင်ရုံမျှ ဖြစ်ပေသည်။

ပိုင်ယဲ့က သူ့အပေါ် စိတ်ဝိညာဉ် အမှတ်အသား  ရှိမည်၊ မရှိမည်ကို မည်သို့ စစ်ဆေးနိုင်မည်နည်း။ သူ စစ်ဆေးကြည့်လျှင်ပင်  သူ့ကမ္ဘာဦး စိတ်ဝိညာဉ်မှာ ဓားအကျဉ်းထောင်ဒဏ်ကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိထားခြင်း ဖြစ်ရာ ထိုအမှတ်အသားကို အာရုံခံနိုင်မည် မဟုတ်ပေ။

ထို့ကြောင့် မိုဝူကျိက မြစ်ကမ်းပါးဘေးတွင် ရှိနေစဉ်  ပိုင်ယဲ့သည် သူ့ဆီ ချည်းကပ်လာကြောင်း သိလိုက်ခြင်း ဖြစ်၏။ ပိုင်ယဲ့၏ သတ်ဖြတ်လိုသည့် အငွေ့အသက်များက လေပြေအလား ပျောက်ကွယ်သွားပေသည်။ ထိုစဉ်အချိန်အခါက မိုဝူကျိသည် ရုပ်ခန္ဓာ လေ့ကျင့်ရာ၌ အရေးကြီးသည့် အခြေအနေ ရောက်နေ၍ ပိုင်ယဲ့နောက် လိုက်မသွားခြင်း ဖြစ်၏။

ပိုင်ယဲ့၏ အကူအညီကိုသာ မလိုအပ်လျှင် ပိုင်ယဲ့အား လာရှာဖို့ပင် စိတ်မပါပေ။

“ ဘာလိုချင်တာလဲ  … ကျုပ်က ဓားအကျဉ်းထောင်ထဲ ပိတ်မိနေတာ ကြာလှပြီ။ ဘာမှ အဖိုးတန်တာ မရှိတာ့ဘူး ” ပိုင်ယဲ့က မတ်တတ်ရပ်ကာ မိုဝူကျိအား ကြောက်လန့်တကြား ကြည့်လိုက်သည်။

သူ့အဖိုးတန်ဆုံးအရာမှာ ရှစ်မြောင့်ထောင့် အဝိုင်းပြား ဖြစ်သော်လည်း  ထိုအရာမှာ သူ့အဓိကရတနာ ဖြစ်၍ မိုဝူကျိအား သေချာပေါက် ပေးမည် မဟုတ်ပေ။

“ခင်ဗျား ပစ္စည်းတွေက  ကျုပ်အာရုံကို မဖမ်းစားနိုင်ပါဘူး။ ကျုပ်လိုအပ်တာ တစ်ခုတည်းပဲ …. ကျုပ်က ဓားစွမ်းအင်မြစ်ထဲ ဝင်ပြီးတဲ့နောက်မှာ ထွက်လမ်းကို ရှာမတွေ့ဘူး။ ခင်ဗျားက ရှေ့ဖြစ်ဟောကိန်း တာအိုမှာ ကျွမ်းကျင်နှံ့စပ်တယ်ဆိုတော့ ထွက်လမ်း ဘယ်မှာရှိတာလဲဆိုတာ ကူပြီးတော့ တွက်ချက်ပေးပါ ”  မိုဝူကျိက အေးအေးဆေးဆေး ပြောလိုက်၏။

ပိုင်ယဲ့က ကြောင်အမ်းသွားလေ၏။ အကယ်၍  မိုဝူကျိ ဓားစွမ်းအင်မြစ်ထဲ ဝင်သွားသည်ကို ကိုယ်တိုင် မမြင်တွေ့ထားပါက မိုဝူကျိသည် သူ့အား ဓားစွမ်းအင်မြစ်ထဲ ဝင်ဖို့ရာ ချောက်ချဖို့ ကြိုးစားနေသည်ဟု ထင်မှတ်မိပေလိမ့်မည်။

“ ကျုပ် လက်ရှိအင်အားနဲ့ ဓားစွမ်းအင်မြစ်ထဲ ဝင်လို့ မရသေးဘူး ” ပိုင်ယဲ့က မိုဝူကျိ၏ တောင်းဆိုချက်ကို ကြားသောအခါ စိတ်ထဲမှသာ ငြီးတွားလိုက်သည်။ သူ့အင်အားဖြင့် ဓားစွမ်းအင်မြစ်ထဲ ဆင်းသွားခြင်းက ကိုယ့်သေတွင်းကို တူးနေခြင်းသာ ဖြစ်၏။ အကယ်၍ မိုဝူကျိက သူ့အား အတင်းအကျပ် မြစ်ထဲ ဆင်းခိုင်းနေလျှင် သူ့ဆီ ရှိသမျှ ထုတ်ကာ တိုက်ခိုက်ရလိမ့်မည်။

“ ဓားစွမ်းအင်မြစ်ထဲမှာ ထွက်ပေါက် ရှိတယ်ဆိုပြီး ဘယ်လိုလုပ် တွေးမိတာလဲ ” မိုဝူကျိက နောက်တစ်ခု မေးလိုက်သည်။

စကားအနည်းငယ် ပြောဆိုပြီးနောက် ပိုင်ယဲ့၏ အကြောက်တရားမှာ ဖြည်းဖြည်းချင်း လျော့ပါးသွားတော့သည်

“ ဓားစွမ်းအင်မြစ်ထဲမှာ ထွက်ပေါက် ရှိနိုင်တာ ၉၀ ရာခိုင်နှုန်းလောက်အထိ ရှိတယ်။ ကျုပ် တွက်ချက်မှုက မမှားနိုင်ဘူး။ ပြီး‌တော့ ကျုပ်က ဓားစွမ်းအင် ဝဲကတော့ကိုလည်း တွက်ချက်ကြည့်သေးတယ်။ အဲဒါကျ နည်းနည်းလေး  ဝေဝေဝါးဝါး ဖြစ်နေတုန်းပဲ။  အသက်လမ်းကြောင်း ရှိပေမဲ့  အသက်လမ်းကြောင်းမှာ သေခြင်းတရားလည်း ပါဝင်နေတယ်။

ပြီးတော့ အဲဒီ သေခြင်းတရား လမ်းကြောင်းက ဓားစွမ်းအင်နဲ့ အဲလောက်ကြီး မဆက်စပ်နေဘူး။ ကျုပ် နားမလည်သေးတဲ့ တစ်ချက်က ဓားစွမ်းအင် ဝဲကတော့မှာ သက်ရှိတစ်မျိုး ခံစားမိနေတာပဲ … ”

မိုဝူကျိက ပိုင်ယဲ့၏ နောက်ဆုံးစကားကို ကြားသောအခါ ပိုင်ယဲ့၏ တွက်ချက်မှုအကြောင်း ပို၍ သေချာသွားသည်။ ဓားစွမ်းအင် ဝဲကတော့အတွင်း အမှန်တကယ် လူတစ်ယောက် ရှိနေပြီး သူ့ကိုယ်တိုင် မြင်လိုက်ရခြင်း ဖြစ်၏။

“ ပိုင်ယဲ့ … အဲဆို ခင်ဗျား ကျုပ်နဲ့အတူတူ ဓားစွမ်းအင်မြစ်ဆီ လိုက်ဖို့ လိုတယ်။ ကျုပ်က စွမ်းအားစက်ကွင်းကို သုံးပြီးတော့ ခင်ဗျားကို ကာကွယ်ပေးမယ်။ ခင်ဗျားအပြင် ကျုပ်ဂိုဏ်းက တခြားသူတွေလည်း ဓားစွမ်းအင်မြစ်ထဲ အတူတူ လိုက်ကြလိမ့်မယ်။

ဒါပေမဲ့ ခင်ဗျားကတော့  ကျုပ်တို့ကို ထွက်လမ်းဆီ ခေါ်ဆောင်သွားရမယ် ” မိုဝူကျိက ပိုင်ယဲ့အား စိုက်ကြည့်ကာ ပြောလိုက်၏။

ပိုင်ယဲ့က ပျော်ရွင်သွားလေ၏။

 သူက ရှေ့ဖြစ်ကိန်းကို အသုံးချ၍ ထွက်လမ်းကို ရှာပေးရမည်လား ….

ဂိုဏ်းချုပ်မိုက သူ တစ်ယောက်တည်း ခေါ်သွားမည် မဟုတ်သောကြောင့် လိမ်ညာနေခြင်းတော့ မဟုတ်လောက်ပေ။ ထိုသို့ဆိုလျှင် သူလည်း အတူတူ ထွက်သွားနိုင်ပြီလား …

ပိုင်ယဲ့က ထိုအတွေးဖြင့် စိတ်နှလုံးသားမှာ ချက်ချင်းဆိုသလို ဒုန်းဆိုင်း ခုန်ပေါက်လာတော့သည်။ သူက လက်နှစ်ဖက် ယှက်၍

“ ဂိုဏ်းချုပ်မို … စိတ်မပူပါနဲ့။ ကျုပ် ထွက်လမ်းကို ရှာဖို့ ပြဿနာ မရှိပါဘူး။ ဒါပေမဲ့ ကျုပ်လည်း ခင်ဗျားတို့နဲ့အတူတူ လိုက်ရမှာဆိုတော့ အပြင်ရောက်တဲ့အခါကျ ကျုပ်ကို ဘာမှမလုပ်ရဘူး … ”

မိုဝူကျိက ခေါင်းညိတ်ကာ

“ သေချာတာပေါ့ …. ကျုပ် ခင်ဗျားကို ကတိပေးနိုင်ပါတယ်။ ကျုပ်တို့ ထွက်သွားပြီးရင် ရန်ကြွေးရော၊ ကျေးဇူးကြွေးရော မရှိတော့ဘူး။ ဒါပေမဲ့ တကယ်လို့ ကျုပ်ကို ထပ်လုပ်ကြံရင်  ထပ်သည်းခံနေမှာ မဟုတ်ဘူး ”

“ ဟုတ်ပြီ … ခင်ဗျားစကားတွေကို မှတ်သားထားပါ့မယ်။ ကျုပ်တို့ ထွက်သွားပြီးရင် တစ်ယောက်ကို တစ်ယောက် ရင်ဆိုင်စရာ အကြောင်းအရင်း မရှိတော့ဘူး ” ပိုင်ယဲ့က တုံ့ဆိုင်းမနေဘဲ ပြောလိုက်သည်။

 မိုဝူကျိကို နောက်တစ်ကြိမ် လုပ်ကြံဖို့လား …..

သူ ပိုင်ယဲ့က အရူး မဟုတ်ပေ။ သူက လွတ်မြောက်မည် ဖြစ်သောကြောင့် အဘယ်ကြောင့်များ ဤသို့မျိုး ကြောက်မက်ဖွယ် ရန်သူကို ဖန်တီးနေရဦးမည်နည်း။

……….…

“ ဂိုဏ်းချုပ်က ထွက်လမ်း တွေ့ပြီလား ”  မိုဝူကျိ၏ ကာကွယ်ရေး အစီအရင်အတွင်း၌ ဖေးလင်နှင့်  ကျန်လူများမှာ မိုဝူကျိအား မယုံကြည်နိုင်စွာ ကြည့်နေကြသည်။

မိုဝူကျိက တစ်နှစ်လုံးလုံး ထွက်သွားခဲ့ပြီး သူ ပြန်ရောက်လာသည့် အခိုက်အတန့်၌ ထွက်လမ်း တွေ့ခဲ့ပြီ ဖြစ်ကြောင်း ပြောခဲ့သည်။ ထိုအရာမှာ အဘယ်ကြောင့် ယုတ္တိမရှိဖွယ် ကောင်းနေသနည်း။ ဤနေရာ၌ အင်မော်တယ် ဧကရာဇ်များစွာ ရှိကြပြီး ဝေကျီတောက်အပါအဝင် မည်သူကမှ နှစ်များစွာ ကြာသည့်အထိ ထွက်လမ်းကို မရှာတွေ့နိုင်ခဲ့ကြပေ။

မိုဝူကျိက သူ ထွက်သွားခဲ့သည့် အချိန်လေးအတွင်း အားလုံး၏ ကမ္ဘာဦး စိတ်ဝိညာဉ်တို့မှာ တည်ငြိမ်လာကြပြီး ခန္ဓာကိုယ်ပေါ်တွင်လည်း ဒဏ်ရာများ မရှိကြတော့ကို တွေ့လိုက်ရ၏။ သူက အတော်လေး စိတ်သက်သာရာ ရသွားသည်။ အမြင်နှင့်တင် သူ့သဘာဝကျီ ဆေးလုံးများက အကျိုးသက်ရောက်မှု များမှန်း သိသာလှသည်။ ဤသို့မျိုး အင်မော်တယ်ဆေးလုံး၌ လောကထဲ မည်သည့်နေရာ၌ မဆို ရတနာတစ်ခုသာ ဖြစ်၏။ ထို့အပြင် သူက တစ်ခါတည်းဖြင့် ဆယ်ပုလင်းလုံး ထုတ်ပေးခဲ့ပေသည်။

“ ဟုတ်တယ် … ထွက်လမ်းကို ရှာတွေ့ခဲ့ပြီ။ ခင်ဗျားတို့တွေလည်း ရှာမတွေ့ခဲ့တာ‌တော့ မဟုတ်ဘူး။ ခင်ဗျားတို့တွေက ဓားစွမ်းအင်မြစ်ထဲ မဆင်းနိုင်တော့ မတွေ့ခဲ့ကြတာ ….” မိုဝူကျိက ဖြေလိုက်၏။

“ ဂိုဏ်းချုပ် အဲဆို ထွက်ပေါက်က ဓားစွမ်းအင်မြစ်ထဲမှာလား ” ဝေကျီတောက်က အနည်းငယ် ထိတ်လန့်မိသွားသည်။ လက်တွေ့၌ အများစုမှာ ထွက်ပေါက်က ဓားစွမ်းအင်မြစ်ထဲ သို့မဟုတ် ဓားစွမ်းအင် ဝဲကတော့အတွင်း ရှိလိမ့်မည်ဟု ခန့်မှန်းမိကြ၏။ သို့သော်လည်း မည်သည့်နေရာကိုမှ အလွယ်တကူ မချည်းကပ်နိုင်ကြပေ။ ထွက်ပေါက်ကို ရှာဖို့ရာ မပြောလေနှင့်။ ထိုနေရာကို ချည်းကပ်ရုံကပင် သူတိုအသက် ပျောက်ဆုံးသွားနိုင်သည်။

မိုဝူကျိက ရှင်းပြလိုက်သည်

“ ကျုပ်လည်း နေရာအတိအကျကိုတော့ မသိသေးဘူး။ အရင်ဆုံး မြစ်ထဲ ဝင်ကြမယ်။ နေရာအတိအကျကို ပိုင်ယဲ့ကနေ ဦးဆောင်ပေးလိမ့်မယ်။ ပိုင်ယဲ့က အဲဒါကို လုပ်နိုင်မယ်လို့ ယုံကြည်တယ်။ ပြီးတော့ အားလုံးလည်း ဓားစွမ်းအင်မြစ်ထဲက ဓားစွမ်းအင်အကြောင်း စိတ်ပူစရာ မလိုဘူး။ ကျုပ် စွမ်းအားစက်ကွင်းက ဘေးကင်းဇုံအဖြစ် လုပ်ပေးနိုင်တယ်။ ကျုပ်တို့တွေ မြစ်ထဲ ဆင်းပြီးရင် အားလုံးက ကျုပ်နဲ့ ဆယ်မီတာအတွင်း နေပေးဖို့ပဲ …. အဲဆို ဘာပြဿနာမှ မရှိတော့ဘူး ”

ပိုင်ယဲ့က ထွက်လမ်း တွက်ချက်ပေးမည့် အကြောင်းကြားပြီး ဝေကျီတောက်က မမှားယွင်းနိုင်ကြောင်း ယုံကြည်သွားလေ၏။ အားလုံးလည်း ပိုင်ယဲ့၏ စွမ်းရည်ကို သိကြပေသည်။ ပိုင်ယဲ့က  ဘေးကင်းနွယ်တောင်တွင် ကပ်ဘေး ဖြစ်လာမည်မှန်း ကြိုတင်သိရှိပြီးနောက် ထွက်သွားခဲ့သည် မဟုတ်ပါလော။

“ ဂိုဏ်းချုပ် …. ကျုပ်တို့တွေ မဝင်ခင် ထွက်လမ်းကို အရင်ရှာသင့်လား ” ကျန့်မင်ချန်းက အကြံပြုလိုက်သည်။ သူက ပိုင်ယဲ့၏ တွက်ချက်မှုမှာ အချိန်ကြာမြင့်လွန်းသွားကာ  မိုဝူကျိ၏ စွမ်းအားစက်ကွင်းမှာ ခံနိုင်ရည် မရှိမည်ကို စိုးရိမ်နေမိသည်။

“ စိုးရိမ်ဖို့ မလိုဘူး ” မိုဝူကျိက သက်သက်သာသာ ပြောလိုက်၏

“ ကျုပ်တို့တွေ အခုပဲ ဓားစွမ်းအင်မြစ်ထဲ ဝင်ကြမယ်။ ခင်ဗျားတို့အပေါ်က ဓားအဆောင်တွေကိုတော့ ကျုပ်တို့ ဓားအကျဉ်းထောင်ကနေ ထွက်ဖို့အချိန်ကို စောင့်ဖို့ပဲ လိုတယ်။ အားလုံးရဲ့ စွမ်းဆောင်မှုနဲ့ ဆိုရင် ဓားအကျည်းထောင်အပြင်ဘက်ရောက်တာနဲ့ ဓားအဆောင်ကို ကိုယ့်ဘာသာ ဖယ်ရှားနိုင်ကြမှာပါ  ”

မိုဝူကျိက ရှေ့ဖြစ်ကိန်းအကြောင်း မသိသော်လည်း ဤကန္တာရမှာလည်း သူတို့ ကြာကြာ နေသင့်သည့် နေရာ မဟုတ်ကြောင်း ခံစားမိ၏။ ကန္တာရတွင် ပြဿနာ ရှိနေ၍ မဟုတ်ဘဲ ဓားအကျဉ်းထောင်ကို မယုံကြည်နိုင်၍ ဖြစ်သည်။

ဘေးကင်းနွယ်တောင်တွင် ကပ်ဘေး ဖြစ်ပွားသွားသည်မှာ သိပ်မကြာမြင့်သေးပေ။ ထိုအရာက မိုဝူကျိ စိတ်ထဲ အမြဲစွဲကျန်နေ၏။ အကယ်၍ ဘေးကင်းနွယ်တောင်က နှလုံးသား တစ်ခု ဖြစ်နေလျှင် ဓားအကျဉ်းထောင်ထဲ ဖုံးကွယ်နေသူမှာ အလွန်ကြောက်စရာ ကောင်းလွန်းလှပေသည်။ အကယ်၍ ထိုလူသာ ပြန်လည် ကောင်းမွန်လာပါက သူတို့တစ်ယောက်မှ လွတ်မြောက်နိုင်မည် မဟုတ်ချေ။

ဘေးကင်းနွယ်တောင်၏ အဖြစ်အပျက်အပြင် ဓားစွမ်းအင် ဝဲကတော့အတွင်းမှ ထိုလူသေအလောင်းမှာလည်း ခြိမ်းခြောက်မှု တစ်ခု ဖြစ်၏။ မိုဝူကျိက ထိုသိုမျိုး အရာနှင့် ရင်ဆိုင်နိုင်မည် မဟုတ်ပေ။

ယခင် သူက ထွက်သွားနိုင်စွမ်း မရှိသေးသောကြောင့်  ဖင်းဖန်တပည့်များကို ကန္တာရဆီ ခေါ်ဆောင်ထားခြင်း ဖြစ်၏။ ယခု သူ့တွင် စွမ်းရည် ရှိလာပြီ ဖြစ်ရာ ဓားအကျဉ်းထောင်မှ အမြန်ဆုံးနှုန်းဖြင့် ထွက်သွားရမည်။

“ ဂိုဏ်းချုပ် စိတ်ချနေပါ။ ကျုပ်တို့တွေ ဓားအကျဉ်းထောင်ကနေ ထွက်တာနဲ့ မဟာဓားလမ်းစဉ်ဂိုဏ်းရဲ့ ဓားအဆောင်က ဘာမှ မဟုတ်တော့ပါဘူး ” ဖေးလင်က ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။

သူက အပိုလျှောက်ပြောနေခြင်း မဟုတ်ပေ။ ဓားအကျဉ်းထောင်ထဲ၌ အချိန်အတော်ကြာ ကုန်ဆုံးပြီးနောက် သူတို့အားလုံးမှာ ဓားအဆောင် မည်သို့ အလုပ်လုပ်ကြောင်း ရှင်းရှင်းလင်းလင်း သိနေကြလေပြီ။ သူတို့က မဖယ်ရှားသည့် အကြောင်းအရင်းမှာ ဓားအကျဉ်းထောင်ထဲ၌ ဖယ်ရှားနိုင်သည့် စွမ်းရည် မရှိ၍ ဖြစ်၏။ ဤနေရာရှိ ဓားစွမ်းအင်မှာ အလွန်အံ့ဩဖို့ ကောင်းပြီး သူတို့၏ ကမ္ဘာဦး စိတ်ဝိညာဉ်နှင့် ဝိညာဉ်ကိုပါ ဖျက်စီးနိုင်လေသည်။ အကယ်၍ ဤသို့ဆိုလျှင် သူတို့က ဓားအဆောင်ကို မည်သို့ ဖယ်ရှားရတော့မည်နည်း။

မိုဝူကျိ၏ ကျေးဇူးဖြင့် သဘာဝကျီ ဆေးလုံးများကို ရရှိပြီး  ကန္တာရထဲ၌ ပြန်ကောင်းဖို့ရာသာ အာရုံစိုက်ထားကြလေရာ သူတို့က ဓားအကျဉ်းထောင်မှ မထွက်လျှင်ပင် မကြာခင် ထိုဓားအဆောင်များအား ဖယ်ရှားနိုင်တော့မည် ဖြစ်၏။

………….…

မိုဝူကျိက သူ့ဖင်းဖန်လူများ အားလုံးကို ခေါ်ထုတ်လာသည့်အခါ ပိုင်ယဲ့က အပြင်ဘက်မှ စောင့်နေလေ၏။ သူက ဝေကျီတောက်အား လက်နှစ်ဖက် ယှက်ကာ  “ အင်မော်တယ်ရောင်းရင်းဝေ …. အရင်တစ်ခါအတွက် တောင်းပန်ချင်ပါတယ် …”

ဝေကျီတောက်က မထူးမခြားနား ပြောလိုက်သည်  “ ကိစ္စမရှိပါဘူး။ ပြီးတော့ ကျုပ်က အဲတုန်းက အခြေအနေမှ မကောင်းခဲ့တာ ”

ပိုင်ယဲ့က ဒေါသထွက်သွားမိသည်။

ဝေကျီတောက်က အင်မော်တယ် ဧကရာဇ် နောက်ပိုင်းအဆင့် ဖြစ်နေတော့လည်း ဘာအရေးလဲ ….

မိုဝူကျိ မရှိလျှင် သူ ပိုင်ယဲ့က ဝေကျီတောက်အား အနိုင်မရလျှင်ပင် သူ့အား ကြောက်နေစရာ မလိုပေ။

 ထိုလူက ယခု သူ့အား လာအော်နေသည်လား ….

သို့သော်လည်း မိုဝူကျိ ရှိနေသည့်အတွက် သူက ဘာမှမပြောတော့ပေ။

သူသာ ဓားအကျဉ်းထောင်ထဲမှ ထွက်သွားနိုင်သရွေ့ ဝေကျီတောက်အား ပညာပေးရန် အခွင့်အရေးများစွာ ရှိသေး၏။ သူက မိုဝူကျိအား ဘာမှမလုပ်ရဲသော်လည်း  သူ ပိုင်ယဲ့က ဝေကျီတောက်အား ကြောက်ရွံ့နေသည်ဟု ဆိုလိုခြင်း မဟုတ်ပေ။

မိုဝူကျိက ဘာမှဝင်မပြောပေ။ ဝေကျီတောက်မှာ အင်မော်တယ် ဧကရာဇ် နောက်ပိုင်းအဆင့် ဖြစ်သော်လည်း ပိုင်ယဲ့၏ အနိုင်ကျင့်ခြင်းကို ခံနေရသေး၏။ လိုလိုလားလား လက်ခံမှသာ ထူးဆန်းနေပေလိမ့်မည်။ ထိုနှစ်ယောက် ထွက်သွားသည်နှင့် သေချာပေါက် တိုက်ပွဲ ဖြစ်ကြလိမ့်မည်။ သို့သော် သူ မိုဝူကျိက ထိုသို့ကိစ္စမျိုး အရေးမစိုက်ပေ။

လူအတန်းလိုက်ကြီးက ဓားစွမ်းအင် မြစ်ကမ်းပါးဘေးဆီ ရောက်ရှိလာကြသည်။ သူတို့က အဆုံးမဲ့သော ဓားစွမ်းအင်များကို ခံစားမိလိုက်ကြပြီး အားလုံးက မိုဝူကျိ၏ စွမ်းအားစက်ကွင်း အကာအကွယ် ရှိမှန်း သိသော်လည်း ရတက်မအေး ဖြစ်လာကြလေ၏။

ဓားစွမ်းအင်များအကြောင်း မည်သူက မသိဘဲ နေမည်နည်း။ ဓားစွမ်းအင်မြစ်ထဲ ဝင်မည့်အကြောင်းကို မပြောလျှင်ပင် ဓားစွမ်းအင်မြစ်ရေထဲ လက်တစ်ချောင်း နှစ်မိလျှင် သေဆုံးသွားနိုင်သည်။

“ မြစ်ထဲကို ဆင်းမယ် ….” မိုဝူကျိက တုံ့ဆိုင်းမနေပေ။ သူတို့တွေ မြစ်ကမ်းပါးဘေး ရောက်သည်နှင့် ချက်ချင်း ဆင်းလိုက်သည်။

သူတို့က မိုဝူကျိ ဆင်းလိုက်သည်ကို မြင်သောအခါ ပိုင်ယဲ့မှ လွဲ၍ အားလုံးက အကြီးကြီး အံ့ဩကုန်ကြသည်။ ဝေကျီတောက်သည်လည်း အတူတူ ဖြစ်၏။ သူ ဓားအကျဉ်းထောင်ထဲ ရောက်ရှိလာကတည်းက လူတစ်ယောက်အနေနဖြင့်  ဓားစွမ်းအင်မြစ်ထဲ ဆင်းနိုင်လိမ့်မည်ဟု တစ်ခါမှပင် မတွေးကြည့်ဖူးပေ။

All Chapters