အပိုင်း(၄၆၅)
Vol. 31 Ch. 465
“ခရက်”
ကြွပ်ဆပ်သောအသံတစ်ခုထွက်ပေါ်လာသည်။ နင်ချန်၏ခက်ထန်သော အော်ဟစ်မှုအောက်တွင် နှလုံးအားကိုင်ထားသော မြဲ့ကျီ၏လက်က ရုတ်တရက် လက်သီးအဖြစ် ခပ်တင်းတင်းဆုပ်ချလိုက်သည်။ နီနီရဲရဲ အရည်များက သူမ၏ အဖြူရောင်လက်သီးမှစီးဆင်းထွက်လာပြီး သူမ၏ ဖြူဖွေးသောလက်သီးအားစွန်းထင်း
သွားစေသည်။နီရဲသော အရည်များကသူမ၏ ဖြူဖွေးသောလက်သီးမှတစ်ဆင့် အောက်သို့ တစ်စက်စက်ကျဆင်းလာ၏။
တစ်ချိန်တည်းတွင် မြေပြင်ပေါ်၌ တရွတ်တိုက်ဆွဲခေါ်ခံလာခဲ့ရသော ဂန္ဓမာ အဘိုးအိုမှာ ရုတ်တရက်သူ၏မျက်လုံးတို့ပြူးကျယ်သွားပြီး သူ၏နှလုံးအား ခြေမွပစ်လိုက်သော နီနီရဲရဲလက်သီးအား စိုက်ကြည့်နေ၏။ သူ၏ တစ်ကိုယ်လုံးက ခဲတံတစ်ချောင်းကဲ့သို့ ဖြောင့်တန်းဆန့်ထွက်သွားသည်။ ထို့နောက် ပြင်းထန်သော ဆောင့်အားတစ်ခုနှင့်အတူ သွေးများက ဂန္ဓမာ အဘိုးအို၏ ပါးစပ်မှ အဆက်မပြတ်ထွက်လာသည်။ဖြည်းဖြည်းချင်း အသိတို့က ဂန္ဓမာ အဘိုးအို၏ စိတ်အတွင်းမှာ ဒီရေအလားဆုတ်ခွာသွားသည်။ ဂန္ဓမာ အဘိုးအို၏ ဆန့်ဆန့်ကြီးဖြစ်နေသော ကိုယ်မှာလည်းဖြည်းဖြည်းချင်း ခွန်အားမဲ့လာပြီး ပျော့ခွေလာသည်။
ကြယ်တစ်ပွင့် မဟာသူတော်စင်နယ်ပယ်အထွတ်အထိပ်ကျွမ်းကျင်သူတစ်ယောက်ဖြစ်သော ဂန္ဓမာ အဘိုးအို မှာ သေဆုံးသွားခဲ့ပြီဖြစ်သည်။
ဂန္ဓမာ အဘိုးအို သေဆုံးသွားသည်အား တွေ့လိုက်ရသောအခါ ရှစ်ဖုန့်က အခွင်းအရေးကိုရယူပြီး ငရဲဘုံကိုးခု အမှောင်စွမ်းအင်အား အသက်သွင်း၍ ဂန္ဓမာ အဘိုးအို၏ သေခြင်းစွမ်းအင်အား ဝါးမျိုလိုက်သည်။
သို့သော် ဤအချိန်တွင် ငထူးဆန်းကောင်နင်ချန်မှာ ရှစ်ဖုန့်၏ ဝါးမျိုစွမ်းအားအား အာရုံခံမိလိုက်သည်။ သူကလျှင်မြန်စွာလက်ကိုဆန့်ထုတ်လိုက်ပြီး ရှစ်ဖုန့်၏ဝါးမျိုစွမ်းအားအား ဖြတ်တောက်လိုက်၏။ ထို့နောက် ရှစ်ဖုန့်ဘက်သို့ ဖြည်းဖြည်းချင်းမျက်နှာလှည့်လိုက်သည်။ ဂန္ဓမာ အဘိုးအိုသေသွားခြင်းကြောင့် ထင်သည်။ နင်ချန်မှာ တည်ငြိမ်သွားပြီး ရှစ်ဖုန့်အားကြည့်လိုက်သည်။
“ချစ်ဖို့ကောင်းတဲ့ ဂျူနီယာညီလေး. ဒီသေခြင်းစွမ်းအင်ကို မင်းကိုငါမပေးနိုင်ဘူး..”
နင်ချန်က ရှစ်ဖုန့်အား’ ပြောလိုက်သည်။ ထို့နောက် သူ့ဘေးတွင်ရှိနေသော မြဲ့ကျီက သူမ၏ နီရဲနေသော လက်အား ဂန္ဓမာ အဘိုးအိုထံလှမ်းလိုက်သည်။ ရုတ်ခြည်း မြဲ့ကျီက သေခြင်းစွမ်းအင်အား ဝါးမျိုသွားသည်ကို ရှစ်ဖုန့် အာရုံခံမိလိုက်သည်။
“ဟီး…ဟီး..ဟီး…ဒါက ငါ့အချစ်ကလေး မြဲ့ကျီအတွက်ပဲ..”
နင်ချန်က ရှစ်ဖုန့်အား အပြုံးတစ်ခုဖြင့် ပြောလိုက်၏။
ရှစ်ဖုန့်က ဘာမှမပြောပေ။ဤငထူးဆန်းကောင်က အရမ်းအန္တရာယ်များသည်ဟု သူခံစားရသည်။ ထိုထက်ပိုသည်ကား ဤငထူးဆန်းကောင်ကတကယ် ထူးဆန်းပြီး ထိတ်လန့်ဖို့ကောင်းကာ ကြောင်လာချိန်တွင် ရက်စက်တတ်သည်ဖြစ်သည်။
ဂန္ဓမာ အဘိုးအို၏ သေခြင်းစွမ်းအင်တို့အား ဝါးမျိုပြီးနောက် မြဲ့ကျီ၏ ညာလက်က လက်သည်းအဖြစ်ပြောင်းသွားပြီး ဂန္ဓမာအဘိုးအို၏ အလောင်းအား သူမ၏လက်အတွင်းစုပ်ယူလိုက်သည်။
“ဟီး..ဟီး..ဟီး.. ချစ်ဖို့ကောင်းတယ် ဂျူနီယာညီလေး.. ငါမင်းကို အခု နှုတ်ဆက်စကားပြောရတော့မယ်..
ဒီအချိန်အတောအတွင်းမှာ ဒီလိုမျိုးချစ်ဖို့ကောင်းတယ် ဂျူနီယာညီလေးနဲ့တူ ယှဉ်တွဲသွားခွင့်ရခဲ့ပြီး မင်းလိုချစ်ဖို့ကောင်းတဲ့ သူငယ်ချင်းတစ်ယောက်ရခဲ့တဲ့အတွက် ငါအရမ်းပျော်တယ်. ပြီးတော့ ခင်ဗျားရောပဲ.. အခန်းနှစ်ခုစာလောက်တောင်မရှင်နိုင်လောက်တဲ့ လူအိုကြီး”
နင်ချန်က ရှစ်ဖုန့်အားပြောလိုက်သည်။ ထို့နောက် သူ၏မျက်လုံးတို့အားချီလင်ဘုရင်ဘက်သို့လှည့်လိုက်၏။ချီလင်ဘုရင်ကလည်းပြောလိုက်သည်။
“ငါရောပဲ”
သူပြောသည်က တကယ်လား နင်ချန်၏ စွမ်းအားကြောင့်လားဆိုသည်ကို က မည်သူမျှ မသိနိုင်ချေ။၎င်းက စကားချပ်တစ်ခုသာဖြစ်သည်။
“ဟီးဟီး…ဟီးဟီးဟီး”
နင်ချန်က ထပ်မံ၍ လှောင်ရယ်ရယ်လိုက်သည်။ ထို့နော်က သူ၏ကိုယ်က ရှစ်ဖုန့်နှင့်အခြားသူများ ရှေ့ရှိ အမှောင်ထုအတွင်း ဖြည်းဖြည်းချင်းပျောက်ကွယ်သွားသည်။ နင်ချန်သည်သာမကဘဲ သူ့ဘေးတွင်ရှိနေသော မြဲ့ကျီရော မြဲ့ကျီ၏လက်အတွင်း၌ ရှိနေသော ဂန္ဓမာ အဘိုးအိုတို့ပါ ပျောက်ကွယ်သွားသည်။
နင်ချန်ထွက်ခွာသွားသည်ကို ကြည့်ရင်း ချီလင်ဘုရင်၏ နှလုံးက စည်းချက်ညီညီခုန်နေသည်။ သူ၏ခေါင်းအား မော့လိုက်ပြီး မြဲ့ကျီကြောင့်လွင့်ထွက်သွားသော နီညိုရောင် ဒယ်စောက်ထံကြည့်လိုက်သည်။ ၎င်းက ဟင်းလင်းပြင်ထဲ၌လွင့်မျောနေပြီး ဖြည်းညှင်းစွာ လည်နေသည်။ သို့သော် ထို့နောက်တွင် ချီလင်ဘုရင် မှာ စိတ်ပျက်သွားရသည်။ နင်ချန်ပျောက်ကွယ်သွားသကဲ့သို့ နီညိုရောင်ဒယ်စောက်ကလည်းရုတ်တရက် လှုပ်ရှားသွားပြီး နင်ချန်ပျောက်ကွယ်သွားသော နေရာသို့ ပျံသန်းသွားကာ ၎င်းသည်လည်းပျောက်ကွယ်သွားသည်။
ဧကရာဇ် အဆင့်ဒယ်စောက်မှာလည်း နင်ချန်၏ ယူဆောင်သွားခြင်းအား ခံရပုံပေါ်သည်။နင်ချန်က ငထူးဆန်းကောင်ဖြစ်သော်လည်းအရူးတော့မဟုတ်ပေ။
“ဖူး”
အရာအားလုံးပျောက်ကွယ်သွားကြသည်။မကြာခင်တွင် အမှောင်ကမ္ဘာအတွင်း၌ ချီလင်ဘုရင်နှင့် ရှစ်ဖုန့်တို့သာ ကျန်ရစ်ခဲ့သည်။ ချီလင်ဘုရင်ကစိတ်သက်သာရာရစွာဖြင့် ဖြည်းဖြည်းချင်းသက်ပြင်းချလိုက်သည်။ ရှေ့သို့ ခြေလှမ်းအနည်းငယ်တိုးလိုက်ပြီးရှစ်ဖုန့်ဘေးသို့ရောက်လာသည်။ သူ၏မျက်နှာထက်၌ အကြောက်တရားများ ပြည့်နေဆဲဖြစ်သည်။ သူကရှစ်ဖုန့်ကို ပြောလိုက်သည်။
“ခုဏက ဖြစ်ပျက်သွားတာတွေက အရမ်းကြောက်ဖို့ကောင်းလိုက်တာ”
“ခုဏက ..အရမ်းကြောက်ဖို့ကောင်းတယ်..အဲ့ ဂန္ဓမာ အဘိုးအိုက တကယ်ကြီး မဟာသူတော်စင်နယ်ပယ်တစ်ယောက်ပဲ ကျုပ်ကိုယ်ကျုပ်တကယ်သေပြီထင်လိုက်တာ. အဲ့ငထူးဆန်းကောင်နင်ချန်က ပိုပြီးထူးဆန်းနေမယ်လို့မထင်ထားခဲ့ဘူး. သူက ဟန်ဆောင်နေတယ်လို့ပဲ ကျုပ်ထင်နေခဲ့တာ.. သူလွတ်သွားတဲ့အချိန်ကြရင် အရမ်းကြောက်ဖို့ကောင်းတယ်လို့ ကျုပ်မမျှော်လင့်ထားခဲ့ဘူး”
ကြမ်းကြုတ်သော နင်ချန်အားတွေးမိသောအခါတွင် ချီလင်ဘုရင်မှာ အကြောက်တရားတို့ စွဲကျန်ရစ်သလိုခံစားနေရသေးသည်။ ထိုအချိန်က ထိုအကျင့်ပျက်ကောင်နင်ချန်အား အရမ်းလွတ်သွားချိန်၌ ကိုယ့်မိသားစုကိုပင် ကိုယ်မမှတ်မိမှာကို သူကြောက်မိသည်။ထိုသို့သာဖြစ်ခဲ့လျှင် သူတကယ်အဆုံးသတ်ရပြီဖြစ်သည်။
ဤအချိန်တွင် ရှစ်ဖုန့်မျက်နှာက တည်ငြိမ်နေပြီး ချီလင်ဘုရင်၏ စကားအားကြားလိုက်ရပြီးနောက် ဖြည်းဖြည်းချင်းပြောလိုက်သည်။
“ထျန်းဟန်တိုက်ကြီးဆိုတာ ကျယ်ပြောပြီးတော့အကန့်သတ်မရှိဘူး.မရေတွက်နိုင်တဲ့ ကျွမ်းကျင်သူတွေ .ပါရမီရှင်တွေရှိကြတယ်.. ခင်ဗျားမှာ တကယ့်စစ်မှန်တဲ့ စွမ်းအားရှိနေမှသာလျှင် ခင်ဗျားရဲ့ကိုယ်ပိုင် သေခြင်းရှင်ခြင်းကို ထိန်းချုပ်နိုင်မှာဖြစ်တယ်”
ရှစ်ဖုန့်၏ စကားအားကြားပြီးနောက်ချီလင်ဘုရင် ခေတ္တတွေဝေသွားသည်။ ထို့နောက် ဘဝင်ခိုက်သည့်အခြေအနေသို့ ကျရောက်နေသည်။ ရှစ်ဖုန့်၏ အသံက သူ၏စိတ်အတွင်း နတ်ဆိုးအသံကဲ့သို့ ပဲ့တင်ထပ်နေ၏။ ထို့နောက်ချီလင်ဘုရင်ရှစ်ဖုန့်အား အလျှင်အမြန်ကျေးဇူးတင်စကားဆိုလိုက်သည်။
“ကျေးဇူးတင်ပါတယ်.. သခင်လေးဖုန့်ရဲ့လမ်းညွှန်ပြသပေးမှုအတွက်”
“အင်း”
ရှစ်ဖုန့်က ချီလင်ဘုရင်အားဖြည်းညှင်းစွာ ခေါင်းညိမ့်ပြလိုက်သည်။ ဤစကားလုံးများမှာ ရှစ်ဖုန့်က သူ၏ ဝိညာဉ်စွမ်းအားအားအသုံးပြု၍ ချီလင်ဘုရင်၏စိတ်အား သဟဇာတဖြစ်စေလိုက်ခြင်းဖြစ်သည်။
သို့သော် ချီလင်ဘုရင် အလွယ်တကူ ဉာဏ်အလင်းရခြင်းမှာ အစောပိုင်းက တကယ့်အစစ်အမှန်အခြေအနေအား ကြုံတွေ့လိုက်ရသောကြောင့်ဖြစ်သည်။သေခြင်းတရားမှသီသီကလေးလွတ်မြောက်လာပြီး
နောက် ရှင်သန်မှုအတွက်ကံကောင်းမှုက
လုံလောက်သွားသည်။ ထို့နောက် စွမ်းအားကြီးမားခြင်း၏ အရေးပါးမှုကိုနားလည်သွာပြီး သန်မာမှုကသာ ကျင့်ကြံသူတစ်ဦး၏နှလုံးသားဖြစ်သည်ကို သဘောပေါက်သွားသည်။
သိုင်းပညာလမ်းစဉ်ဆိုသည်မှာ အားလုံးအား နားလည်သဘောပေါက်နိုင်စွမ်းရှိဖို့ပင်ဖြစ်သည်။ အချို့သော စကားလုံးများကလူတိုင်းအားနားလည်သဘောပေါက်စေနိုင်သည်ဖြစ်သော်လည်း ၎င်းအား လက်တွေ့ကြုံတွေ့ပြီးနောက်တွင် ထိုအချင်းအရာအား နားလည်ရန်ပိုမိုလွယ်ကူလိမ့်မည်ဖြစ်သည်။
ထို့နောက်ချီလင်ဘုရင်မှာ ရှစ်ဖုန့်၏လက်ရှိအခြေအနေအား နောက်ဆုံး၌ သတိထားမိလိုက်သည်။ သူကအလျှင်အမြန်အံအားသင့်စွာ
ပြောလိုက်သည်။
“သခင်လေးဖုန့်..သခင်လေးရဲ့မျက်နှာနဲ့ သခင်လေးရဲ့ကိုယ်က..”
ဤအချိန်တွင် ရှစ်ဖုန့်ခန္ဓာကိုယ်၏မြင်သာသောနေရာများ၌ ရှည်လျားသော အမွေးနက်တို့ရှိနေသည်။ သူလက်နှင့်လည်ပင်းတို့အပြင် သူ့မျက်လုံးတို့အောက်ရှိ မျက်နှာတစ်ဝက်တွင်လည်း အမွှေးနက်များဖုံးလွှမ်းနေ၏။
ချပ်ဝတ်အတွင်းတွင် ရှည်လျားသော အမွှေးနက်များက သူ၏ခြေထောက်တို့အထိ ပျံ့နှံ့လာသည်ကို ရှစ်ဖုန့်သိသည်ဖြစ်သည်။ ဤသို့သာဆက်သွားလျှင် မကြာခင်တွင် ချူးယွဲ့ကဲ့သို့ ရှည်လျားသော အမွှေးနက်တို့ဖြင့် မွန်းစတားတစ်ကောင်သူဖြစ်သွား
လိမ့်မည်ဖြစ်သည်။
ချူးယွဲ့အကြောင်းစဉ်းစားမိသောအခါတွင် ရှစ်ဖုန့်လှည့်လိုက်ပြီး အမွှေးနက်ရှည်မွန်းစတားက ခံစားချက်မဲ့စွာဖြင့်မြေပြင်ပေါ်၌လဲလျောင်းနေဆဲဖြစ်သည်ကို ရှစ်ဖုန့်တွေ့လိုက်ရသည်။ နောက်ဆုံးတွင် နင်ချန်က အမွှေးနက်ရှည်မွန်းစတားအားမြေပြင်ပေါ်၌ ပစ်ထားခဲ့သည်။
ရှစ်ဖုန့်က ချူးယွဲ့ထံလျှောက်သွားလိုက်ပြီး သူ၏ဘယ်လက်အားဆန့်ထုတ်လိုက်သည်။ သွေးနီရောင်အလင်းတစ်ခုလင်းလက်လာပြီး မွန်းစတားက သွေးကျောက်ပြားနေရာလွတ်အတွင်း
စုပ်ယူခံလိုက်ရသည်။
ထို့နောက် ရှစ်ဖုန့်ကချီလင်ဘုရင်အားလှည့်ပြော
လိုက်သည်။
“သွားစို့.. တို့တွေ သေခြင်းတားမြစ်နယ်မြေထဲကနေ ဖြစ်နိုင်သမျှ အမြန်ဆုံးထွက်သွားရမယ်”
သူတို့ဖြစ်နိုင်သမျှ အမြန်ဆုံးထွက်သွားရမည်ဖြစ်သည်။ ထိုသို့မဟုတ်ပါက ရှစ်ဖုန့်အသိစိတ်ဆုံးရှုံးလိမ့်မည်ဖြစ်သည်။ ဤအချိန်တွင်ညှို့ယူသောအသံကသူ၏စိတ်ထဲ၌ ဆက်လက်မြည်ဟိန်းနေပြီး သူ၏စိတ်အား အဆက်မပြတ်သက်ရောက်နေသည်။
“ဒါပေမဲ့ ဒီနေရာက”
သူတို့ရှိသော အမှောင်ကမ္ဘာအားကြည့်ရင်းချီလင်ဘုရင်
ကပြောလိုက်သည်။
“အဆင်ပြေပါတယ်..ငထူးဆန်းကောင် ခုဏကထွက်သွားတော့အမှောင်ကမ္ဘာ
အစီအရင်ကို ချိုးဖျက်ဖို့ပါဒီသခင်လေးကိုကူသွားတယ်..
ဒီသခင်လေးနောက်ကသာကပ်လိုက်ခဲ့”
ရှစ်ဖုန့်ကပြောလိုက်သည်။ ရုတ်ခြည်း သူ၏ကိုယ်က လှုပ်ရှားသွားပြီး မြေပြင်တစ်လျှောက်ကိုယ်ကို နှိမ့်၍ ပျံသန်းသွားသည်။ သူကရှေ့သို့ မြန်မြန်ဆန်ဆန်ပျံသန်းနေသည်။
ချီလင်ဘုရင်မှာ ရှစ်ဖုန့်၏နောက်မှ နီးကပ်စွာလိုက်ပါလာသည်။ ရှေ့မှရှစ်ဖုန့်မှာရုတ်တရက် ရှေ့သို့တစ်ဟုန်ထိုးတက်သွားပြီး အမှောင်ကမ္ဘာအတွင်းမှပျောက်ကွယ်သွားသည်။ ထို့နော်က သူ့ရှေ့တွင်ရှိနေသော မြင်ကွင်းက ပြောင်းလဲသွားသည်ကို ချီလင်ဘုရင်ခံစားလိုက်ရသည်။
ဆက်ရန်……..
ဘာသာပြန်သူ-ARISE