အပိုင်း(၃၆၆)
Vol. 32 Ch. 466
သူ့ရှေ့တွင်ရှိနေသော သေခြင်းတားမြစ်နယ်မြေ၏ အပြင်ဘက်ကို ကြည့်၍ ရှစ်ဖုန့် ပြင်ဆင်လိုက်သည်။
အကယ်၍ သေခြင်းတားမြစ်နယ်မြေ အပြင်ဘက်သို့ထွက်ပြီးသည့်နောက်သူ၏
ကိုယ်ပေါ်မှ အမွှေးနက်ရှည်များ မယုတ်လျော့သွားလျှင်သူ့အနေဖြင့် သူ့ကိုယ်အား ပြိုကွဲအောင်လုပ်ပြီး သူ၏ဝိညာဉ်ဖြင့် ဤနေရာမှထွက်ခွာသွားရလိမ့်မည်ဖြစ်သည်။
“ငါ့ကို အညံ့ခံစမ်း”
“ငါ့ကို အညံ့ခံစမ်း”
“ငါ့ကို အညံ့ခံစမ်း”
“ငါ့ကို အညံ့ခံစမ်း”
“ငါ့ကို အညံ့ခံစမ်း”
ညှို့ယူသော နတ်ဆိုး၏အသံက ရှစ်ဖုန့်၏စိတ်အတွင်းဆက်လက်ပဲ့တင်
ထပ်နေပြီး သူ၏စိတ်ဝန်းကျင်၌ ရစ်ဝဲနေသည်။ ရှစ်ဖုန့်၏ စိတ်မှာ အနည်းငယ် မေ့တတ်သလိုဖြစ်လာ၏။
သူ၏စိတ်အား ပြင်းထန်စွာလှုပ်ခတ်စေ၍ ရှစ်ဖုန် ဒေါသတကြီး အော်ဟစ်လိုက်သည်။
“ထွက်သွားစမ်း”
ရုတ်ခြည်းသူ၏ကိုယ်က မပြေမပြစ်ရွေ့လျားသွားပြီး ထွက်ပေါက်ထံသို့ ရွှတ်ခနဲ ဦးတည်သွားသည်။ နောက်ထပ် တစ်ဟုန်ထိုး ရွေ့လျားမှုနှင့်အတူ သေခြင်းတားမြစ်နယ်မြေမှ ထွက်လိုက်ပြီး သေခြင်းတားမြစ်နယ်မြေ၏ ပြင်ပသို့လုံးဝရောက်ရှိသွားသည်။
သို့သော် ရှစ်ဖုန့်၏ကိုယ်က ရွေ့လျားခြင်းအားလုံးဝရပ်တန့်ခြင်းမရှိပေ။ သေခြင်းတားမြစ်နယ်မြေ၏ ဝေးရာဆီသို့ ဆက်လက်ရွေ့လျားနေသည်။
“ဒါက….”
အစတွင် ရှစ်ဖုန့်ကြက်သေသေသွားသော်လည်း
နောက်ပိုင်း ဝမ်းသာသွားမိသည်။ သေခြင်းတားမြစ်နယ်မြေအတွင်းမှ
ထွက်ခွာလိုက်သည်နှင့် သူ၏ကိုယ်ပေါ်ရှိ ရှည်လျားသော အမွှေးနက်များမှာ အရှိန်အဟုန်ဖြင့် ယုတ်လျော့လာသည်ကို ရှစ်ဖုန့်တွေ့လိုက်ရသည်။ သူ၏စိတ်ထဲ၌ အဆက်မပြတ်ပဲ့တင်ထပ်နေသည့် ညှို့ယူသော နတ်ဆိုးအသံမှာလည်း ပျောက်ကွယ်သွားသည်။
ထိုသို့ဆိုလျှင် နီညိုရောင်တံခါးအားထိမိလိုက်သောကြောင့်ဖြစ်ပေါ်လာသော ကျိန်စာမှာ သေခြင်းတားမြစ်နယ်မြေအတွင်းမှ သူထွက်ခွာလိုက်သည့်အခိုက်အတန့်တွင် ပျော်ကွယ်သွားသည်ဖြစ်သည်။
ရှစ်ဖုန့် ခေါင်းငုံ့လိုက်ပြီး သူ၏ဖြူဖွေးသေးသွယ်သာ လက်တို့အားကြည့်လိုက်သည်။ သူက ဟင်းလင်းပြင်အတွင်း ပျံသန်းနေရာမှ ရပ်တန့်လိုက်ပြီး သေခြင်းတားမြစ်နယ်မြေဘက်သို့ လှည့်၍ မျက်နှာမူလိုက်သည်။ သေခြင်းတား
မြစ်နယ်မြေ ဝင်ပေါက်အား သူကြည့်နေ၏။
ရှစ်ဖုန့်လှမ်းကြည့်လိုက်သောအခါတွင် သေခြင်းကောလဟာလမှလွဲအခြားမရှိသော သေခြင်းတားမြစ်နယ်မြေအတွင်းသို့ ဝင်ရောက်သွားသည့် ကျင့်ကြံသူနှစ်ယောက် သုံးယောက်အား တွေ့လိုက်ရသည်။
သို့သော် မျိုးဆက်များစွာ ဝင်ပေါက်အား စောင့်ကြပ်ခဲ့သော ဂန္ဓမာ အဘိုးအိုက သေဆုံးသွားခဲ့ပြီဖြစ်သည်။အနာဂတ်တွင် သေခြင်းတားမြစ်နယ်မြေအတွင်းမှ ကျင့်ကြံသူများစွာ ထွက်လာနိုင်သည်ဟု ယူဆနိုင်သည်ဖြစ်သည်။သေခြင်းတားမြစ်နယ်မြေအတွင်းသို့ ဝင်ရောက်ပြီးနောက်မည်သူမျှ အသက်ရှင်လျက်ပြန်ထွက်လာနိုင်ခြင်းမရှိဟူသော ကောလဟာလမှာလည်း မှေးမှိန်ပျောက်ကွယ်သွားလိမ့်မည်ဖြစ်သည်။
ဖျောင်ရွှယ်ယွဲ့တစ်ယောက်သေခြင်း
တားမြစ်နယ်မြေအတွင်းမှ မည်ကဲ့သို့အသက်ရှင်လျက်ထွက်လာ
ခဲ့ပါသနည်း။ဂန္ဓမာ အဘိုးအို က သူ၏အလှကိုမြင်တွေ့ပြီး ရည်ရွယ်ချက်ရှိရှိ လွှတ်ပေးခဲ့ခြင်း ဖြစ်နိုင်သည်။ သို့မဟုတ် သူမနှင့် ဂန္ဓမာ အဘိုးအိုတို့ကြားထဲ၌ တစ်စုံတစ်ခုဖြစ်ခဲ့ခြင်းလည်းဖြစ်ကောင်းဖြစ်နိုင်သည်ဖြစ်သည်။ သို့သော် ဖျောင်ရွှယ်ယွဲ့ရော ဂန္ဓမာ အဘိုးအို ရော နှစ်ယောက်စလုံး သေဆုံးသွားပြီဖြစ်သောကြောင့် ယင်းက ထာဝရမဖြေရှင်းနိုင်သော ဆန်းကြယ်သည့် သမိုင်းတစ်ခုသာဖြစ်သွားလိမ့်မည်ဖြစ်သည်။
“ကောင်းလိုက်တာ သခင်လေးဖုန့် .. သခင်လေးရဲ့ကိုယ်ပေါ်က အမွှေးနက်တွေ မရှိတော့ဘူး”
ချီလင်ဘုရင် ကရှစ်ဖုန့်၏ ချောမော သန့်စင်သော ပုံစံအားကြည့်လိုက်ပြီး အပြုံးတစ်ခုဖြင့်ပြောလိုက်သည်။
“တကယ့်ကိုကောင်းတာ”
စကားပြောနေရင်းရှစ်ဖုန့်၏ ဘယ်ဘက်လက်ဖဝါးမှ သွေးနီရောင်အလင်းတစ်ခုလင်းလက်လာ၏။ ရုတ်တရက်ပုံရိပ်သုံးခုက လေထဲတွင်ပေါ်လာပြီး ၎င်းတို့က အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့ဖြစ်သည်။၎င်းတို့မှာ လှပသော သားအမိနှစ်ဦးနှင့် ယောက်ျားပီသချောမောသော သက်လတ်ပို်ငးအရွယ် လူတစ်ယောက်တို့ဖြစ်သည်။
“ဒါက..”
ပုံရိပ်သုံးခုမှာ ဟင်းလင်းပြင်ထဲ၌ ပေါ်လာပြီးပြီးချင်း ရုတ်တရက် ကြက်သေသေသွားကြသည်။ ပတ်ဝန်းကျင်အားတွေဝေစွာကြည့်နေပြီး
တစ်ယောက်မျက်နှာတစ်ယောက်မြင်တွေ့လိုက်ရချိန်တွင် သူတို့၏ကိုယ်များ ရုတ်တရက် တုန်ယင်သွားကြသည်။
“ချူး..ချူးယွဲ့ …ရှင်ပဲ.. တကယ့်ကိုရှင်ပဲ ..ချူးယွဲ့..ကောင်းလိုက်တာ..ကောင်းလိုက်တာ..ဒါကတကယယ်ကိုကောင်းလိုက်တာ..”
လှပသောအမျိုးသမီးမှာ ချူးယွဲ့အားမြင်တွေ့လိုက်ရသောအခါတွင် စိတ်လှုပ်ရှားမှု ပီတိဖြာမှုတို့ဖြင့်ပြည့်နှက်နေသည်။
မိန်းမငယ်လေးတစ်ယောက်ကဲ့သို့ သူမကိုယ်သူမ သက်လတ်ပိုင်းအရွယ်လူ၏ ရင်ခွင်အတွင်းပစ်ဝင်ပစ်လိုက်သည်။ဤအချိန်တွင် နှစ်ပေါင်းများစွာ သူမ၏ နှလုံးသားထဲ၌ ဖိနှိပ်ထားရသော ခံစားချက်တို့အား ထုတ်လွှတ်ပေးလိုက်သည်။
“ချင်ယင်..မင်းကဘာလို့ ဒီနေရာမှာရှိနေတာလဲ..ဒါကသေခြင်းတားမြစ်နယ်မြေ အပြင်ဘက်လား.. ငါ..ငါကဘာ လို့ဒီနေရာမှာရှိနေတာလဲ..ငါက ဒီနေရာမှာ ဘာလုပ်နေတာလဲ.. ဘာတွေဖြစ်နေတာလဲ..ဟေး..ချင်ယင်..
မင်းဘာဖြစ်နေတာလဲ..မငိုပါနဲ့..”
သက်လတ်ပိုင်းအရွယ်လူမှာ ပတ်ဝန်းကျင်အား တွေဝေစွာကြည့်နေပြီး နောက် သူ့ရင်ခွင်အတွင်းငိုနေသော မိန်းမဖြစ်သူအား ကြည့်၍ သူမအားနှစ်သိမ့်လိုက်သည်။
“အဖေ.”
ဤအချိန်တွင် လှပသော ကောင်မလေးကလည်း အော်ပြောလိုက်သည်။ ရင်ခွင်အတွင်း၌ မိန်းမဖြစ်သူအား ဖက်ကိုင်ထားသော ထိုလူမှာ လှည့်လိုက်ပြီး သူ့ရှေ့တွင်ရှိနေသော ကောင်မလေးအားကြည့်လိုက်သည်။သူက မသေချာစွာဖြင့်ပြောလိုက်၏။
“မင်း..မင်းက..ရှင်းအာလား.. အရမ်းထွားလာတာပါလား”
“သမီးပါ..အဖေ..အဖေ…”
ကောင်မလေးကလည်း သူမကိုယ်သူ သက်လတ်ပိုင်းအရွယ်လူထံ ပစ်ဝင်လိုက်သည်။
“အဖေ..ဒီနှစ်တွေမှာ ရှင်းအာ အဖေ့ကို အရမ်းလွှမ်းနေခဲ့တာ..နောက်ဆုံးတော့ အဖေပြန်လာပြီ..နောက်ဆုံးတော့ သမီးတို့ အိမ်ကို အတူတူပြန်လို့ရပြီ အဖေ”
“ရှင်းအာ”
နှစ်ပေါင်းများစွာ ကွဲကွာနေရာမှ မိသားစုပြန်လည်ဆုံစည်းပြီးနောက် သူမ၏နှလုံးသားအတွင်းနှစ်များစွာကြာ ဖိနှိပ်ထားခဲ့သော ခံစားချက်များအား ဤအချိန်၌ လုံးဝဖြေလျော့ပစ်လိုက်သည်။
ရှစ်ဖုန့်ကထိုဦးတည်ချက်ဆီသို့ အေးအေးဆေးဆေးပင်ကြည့်နေသည်။ထို့နောက်လှည့်လိုက်ပြီး ချီလင်ဘုရင်အားပြောလိုက်သည်။
“သွားကြစို့”
“အင်း..”
ချီလင်ဘုရင်ကခေါင်းညိမ့်လိုက်သည်။ထို့နောက်နှစ်ယောက်သား တစ်ချိန်တည်းတွင်လှည့်လိုက်ကြ၏။
“အကိုကြီး ခဏလေးနေပါအုံး”
ဤအချိန်တွင် ကောင်မလေး၏နှစ်လိုဖွယ်ကောင်းသောအသံက ရှစ်ဖုန့်နောက်မှ ထွက်ပေါ်လာသည်။
နှစ်လိုဖွယ်ကောင်းသော အသံအားကြားလိုက်ပြီးနောက် ရှစ်ဖုန့် ရပ်လိုက်ပြီး ရှင်းအာဟုခေါ်သော လှပသောကောင်မလေးထံလှည့်ကြည့်
လိုက်သည်။
ဤအခိုက်အတန့်တွင် ကောင်မလေးမှ သူမမိဘမများနှင့် ယာယီခွဲခွာလိုက်သည်။သူမကရှစ်ဖုန့်ရှေ့
သို့လာပြီးပြောလိုက်သည်။
“အကိုကြီး.ဒီအချိန်ကာလအတောအတွင်းမှာ အကို့ရဲ့ ဂရုစိုက်ပေးမှုကျေးဇူးကြောင့် အဖေ..အမေနဲ့ ညီမတို့ သေခြင်းတားမြစ်နယ်မြေထဲက နေ လုံလုံခြုံခြုံနဲ့ထွက်လာနိုင်ခဲ့တယ်..ကျေးဇူးတင်ပါတယ်..ကျေးဇူးအများကြီးတင်ပါတယ်”
ကောင်မလေးက ရှစ်ဖုန့်အားကျေးဇူးတင်စကားပြောလိုက်သည်။
ရှစ်ဖုန့်က ခေါင်းခါယမ်းလိုက်ပြီးထူးမခြားနား
စွာပြောလိုက်၏။
“မင်းဒီသခင်လေးကို ကျေးဇူးတင်စရာမလိုပါဘူး.. ဒီသခင်လေး သတိလစ်နေတဲ့အချိန်မှာမင်းနဲ့ မင်းအမေက လည်း ဒီသခင်လေးကို ဂရုစိုက်ပေးခဲ့တာပဲ”
“အကိုက ညီမတို့ကို အကြိမ်များစွာကယ်တင်ပေးခဲ့တယ်. ညီမတို့က အကို့ကိုဂရိုစိုက်ပေးရမှာက အမှန်တရားပဲလေ”
ကောင်မလေးက ပြောလိုက်သည်။ထို့နောက်ဆက်ပြော၏။
“အကိုကြီး..ညီမက ထျန်းလန်အင်ပါယာရှင်းယောင်မြို့ချူးမိသားစုက ချူးရှင်းလို့ခေါ်ပါတယ်..ဒါကတော့ ကျွန်မအဖေချူးယွဲ့ပါ..ဒါက တော့ ကျွန်မအမေ ချင်ယင်ပါ အကို..အကိုနဲ့ညီသိလာတာကြာပေမဲ့ အကို့နမည်ကိုတော့ညီမမသိရသေးဘူးနော်”
“ဒီသခင်လေးနမည်က ရှစ်ဖုန့်ပါ”
ရှစ်ဖုန့်က ပြောလိုက်သည်။
“ရှစ်ဖုန့်”
ရှစ်ဖုန့်၏ စကားအားကြားပြီးနောက် ချူးရှင်းကခေါင်းညိမ့်လိုက်သည်။
“အကိုကြီး ညီမတို့အကို ကို ထာဝရ အမှတ်ရနေမှာပါ..ညီမတို့မိသားစုအပေါ် အကို့ရဲ့ကြင်နာမှုကို ညီမတို့လုံးဝမမေ့ပါဘူး..”
“ညီလေး.ကျေးဇူးတင်ပါတယ်ကွာ”
ဤအခိုက်အတန့်တွင် ချူးရှင်း၏နောက်၌ရှိနေသော ချူးယွဲ့ကလည်း ရှေ့သို့ပျံသန်းလာပြီး ရှစ်ဖုန့်အား ကျေးဇူးအထူးတင်သော ဟန်ဖြင့်ပြောလိုက်သည်။သူ့အနေဖြင့် သေခြင်းတားမြစ်နယ်မြေထဲမှအ
ကြောင်းများအား သမီးဖြစ်သူနှင့် ဇနီးတို့ကပြောသည်ကိုကြား
ရသောကြောင့်လည်းဖြစ်ကောင်းဖြစ်နိုင်သည်။
ထို့နောက်ချူးယွဲ့ကပြောသည်။
“ညီလေးမှာ တစ်နေ့ပြဿနာတွေရှိလာခဲ့ရင် ထျန်းလန်အင်ပါယာက ရှင်းယောင်မြို့ကိုလာပြီးတော့ အကို့ကိုရှာနိုင်ပါတယ်..ငါ..ချူးမိသားစုက ချူယွဲ့က ညီလေးအတွက်ဆို့ မီးပင်လယ်ပဲဖြတ်ရဖြတ်ရ တွန့်ဆုတ်နေမှာမဟုတ်ပါဘူး”
“မောင်လေး..တကယ့်ကို ကျေးဇူးတင်ပါတယ်”
ဤအချိန်တွင် ချင်ယင်ကလည်းရောက်လာသည်။ မိသားစုသုံးယောက်က ရှစ်ဖုန့်အား စိတ်ရင်းအတိုင်းကျေးဇူးတင်မှုကို ဖော်ပြကြသည်။
ရှစ်ဖုန့်မရှိပါက သူတို့မိသားစုသုံးယောက်ရှိနေနိုင်မည်မဟုတ်ဘဲ ပြန်လည်ပေါင်းစည်းနိုင်ခြင်းလည်းရှိလိမ့်မည်မဟုတ်ပေ။ ရှစ်ဖုန့်အတွက် ယင်းက ကိစ္စသေးသေးလေးဖြစ်သော်လည်း သူတို့အတွက်ကတော့ ကြီးစွာသောအကူအညီပင်ဖြစ်သည်။
သူတို့အားကူညီပေးမှုက မိုးကောင်းကင်ထက်ပင်ကြီးမား
သည်ဟုပြောနိုင်သည်ဖြစ်သည်။
“ကောင်းပြီ..ခင်ဗျားတို့ဒီလိုလုပ်စရာမလိုပါဘူး”
ရှစ်ဖုန့်က မိသားစုသုံးယောက်အားပြောလိုက်သည်။ ထို့နောက်သူက၎င်းတို့အားပြောလိုက်သည်။
“ဒီသခင်လေးမှာ လုပ်စရာအချို့ရှိနေသေးတယ်.. ဒီတော့ ဒီသခင်လေးကို အရင်သွားခွင့်ပြုအုံး”
နတ်ဘုရားဆေးပင်၏ အရောင်ဆယ်မျိုးပွင့်ချပ်အားရရှိပြီးနောက် ဟုန်ယွဲ့အား သူမ၏ထိခိုက်မှုများပိုဆိုးလာခြင်းမှ တားဆီးရန်နှင့် ဖြစ်နိုင်မျှအမြန်ဆုံးကုသရန် ရှစ်ဖုန့်အနေဖြင့် တော်ဝင်နန်းတော်သို့ အလျှင်အမြန်ပြန်ရလိမ့်မည်ဖြစ်သည်။ သူ့အတွက်ကြောင့်နှင့်ဤကဲ့သို့ ဝေဒနာမျိုးအား ဟုန်ယွဲ့ကို ထပ်ပြီး မခံစားစေလိုပေ။
“အကိုကြီးရှစ်ဖုန့် အကိုခုထွက်သွားတော့မှာလား”
ရှစ်ဖုန့်၏ ထွက်ခွာမည်ဟုသောစကားအား
ကြားလိုက်ရသောအခါတွင်ကောင်မလေး၏ မျက်နှာထက်၌ မလိုလားမှုအချို့ပြသလာသည်။
“အင်း”
ရှစ်ဖုန့်ကခေါင်းညိမ့်ပြီးပြောလိုက်သည်။
“ဒီသခင်လေးမှာ လုပ်စရာ ကိစ္စတွေရှိနေသေးတယ်. ဒီတော ဒီသခင်လေးကြာကြာ နေလို့မရဘူး.ဂရုစိုက်ပါ”
“ဒီလိုဆိုရင်လည်း အကိုကြီးရှစ်ဖုန့် အကိုလည်းဂရုစိုက်ပါ… မှတ်ထားပါ..အကယ်၍ အကို ထျန်းလန်အင်ပါယာကိုလာခဲ့ရင် ရှောင်းယောင်မြို့ကိုလာပြီးတော့ ညီမကို ရှာရမယ်.. ပြီးတော့ အကိုကြီးရှစ်ဖုန့် ညီမနမည်က ချူးရှင်းလို့ခေါ်တယ်နော်”
“ဒီသခင်လေး မှတ်ထားပါ့မယ်”
ဆက်ရန်……..
ဘာသာပြန်သူ-ARISE