အပိုင်း(၄၆၇)
Vol. 32 Ch. 467
ချူးမိသားစုဝင်သုံးယောက်အား နှုတ်ဆတ်ခွဲခွာပြီးနောက် ရှစ်ဖုန့်နှင့်ချီလင်ဘုရင်တို့နှစ်ယောက် သေခြင်းတားမြစ်နယ်မြေအနှင့် အနီးဆုံးမြို့ဖြစ်သော တုန်းဟွေ့မြို့ဆီသို့ အလျှင်အမြန်ပြန်လာခဲ့သည်။
နေရာကူးပြောင်းအစီအရင်အား အသုံးပြု၍ ရှစ်ဖုန့်နှင့်ချီလင်ဘုရင်တို့ ယွင်လိုင်အင်ပါယာ၏ နန်းမြို့တော်ဆီ ရောက်လာသည်။
သို့သော် နန်းမြို့တော် ဆီသို့ရောက်ပြီးသည့်နောက် တစ်စုံတစ်ခု လွဲမှားနေသည်ဟု ခံစားလိုက်ရသည်။နေရာကူးပြောင်းအစီအရင်အား စောင့်ကြပ်နေသော ရွှေရောင်ချပ်ဝတ်အစောင့်များအား ဘယ်နေရာမှာမှမမြင်တွေ့ရပေ။
ရွှေရောင်ချပ်ဝတ်အစောင့်များသာ မရှိနေသည်မကဘဲ ဘာပျားပန်းခပ် လှုပ်ရှားသော နေရာတစ်ခုမှရှိမနေခြင်းပင်ဖြစ်သည်။
၎င်းတို့ပျောက်ကွယ်သွားသည်ဟု တွေးထင်ရသကဲ့သို့ဖြစ်နေသည်။
“သခင်လေးဖုန့်…တစ်ခုခုတော့ မဟုတ်သေးဘူး..”
နေရာကူးပြောင်းအစီအရင် ပတ်ဝန်းကျင်အားကြည့်၍ ချီလင်ဘုရင်သည်လည်းတစ်စုံတစ်ခု မှားယွင်းနေသည်ကို သဘောပေါက်လိုက်သည်။
“သခင်လေးဖု်န့ ကြည့်လိုက်အုံး”
နောက်ဆက်တွဲ ချီလင်ဘုရင်က သူ၏လက်ကိုဆန့်ထုတ်လိုက်ပြီး ကောင်းကင်ထဲသို့ ထိုးညွှန်ပြလိုက်သည်။ကောင်းကင်ထဲ၌ အဖြူရောင် အမွှေးဖြင့် ရာချီသော ကျားဖြူများက ဟင်းလင်ပြင်တွင်လွင့်မျောရပ်တည်နေကြ၏။ ဤကျားဖြူများမှာ ၎င်းတို့၏ ကိုယ်များမှ စွမ်းအားကြီး အရှိန်အဝါတစ်ခုအား ထုတ်လွှတ််နေသည်။
ဤကျားဖြူများအားလုံးမှာ အဆင့်ခုနှစ် သူတော်စင်နယ်ပယ်သားရဲများဖြစ်ကြသည်။
ယင်းမှာ သူတော်စင်နယ်ပယ်ကျွမ်းကျင်သူရာပေါင်းများစွာက နန်းမြို့တော်၏ ကောင်းကင်ထဲ၌ လွင့်မျောရပ်တည်နေသည်နှင့်ညီမျှသည်ဖြစ်သည်။
“သခင်လေးဖုန့် ..ဒီကျားဖြူတွေကပဲ စွမ်းအားကြီးတာမဟုတ်ဖူး.. သူတို့ကျောပေါ်က ကျင့်ကြံသူတွေကလည်း သူတော်စင်နယ်ပယ်ကျွမ်းကျင်သူတွေကြီးပဲ…ဒါက ဘယ်လိုအင်အားစုမျိးလဲ”
ချီလင်ဘုရင်မှာ တုန်လှုပ်အံ့အားသင့်နေသည်။ အဆင့်ခုနှစ်သူတော်စင်နယ်ပယ်ကျားဖြူများ၏ကျောထက်တွင် အစိမ်းရောင်ချပ်ဝတ်နှင့်ကျင့်ကြံသူများရှိနေ၏။ အကျင့်ကြံသူများအားလုံးမှာ အဆင့်ခုနှစ်သူတော်စင်နယ်ပယ်ကျွမ်းကျင်သူများဖြစ်ကြသည်။
“ဘာတွေဖြစ်နေတာလဲ”
ရှစ်ဖုန့်က ကောင်းကင်ထဲသို့ကြည့်၍ မျက်မှောင်ကြုတ်လိုက်သည်။
အဆင့်ခုနှစ် ကျားဖြူသားရဲများအား စီးနင်းထားသည့် အဆင့်ခုနှစ်ကျွမ်းကျင်သူများပါဝင်သော အင်အားစုတစ်ခုအား ထျန်းဟန်တိုက်ကြီးပေါ်တွင် စွမ်းအားကြီးမားသောအင်အားစုတစ်ခုအဖြစ်မှတ်ယူနိုင်သည်ဖြစ်သည်။ဤကဲ့သို့ အင်အားစုတစ်ခုက အရှေ့ပိုင်းဒေသရှိ သေးငယ်သောနိုင်ငံတစ်ခုအား အဘယ့်ကြောင့်လာရပါသနည်း။
တစ်ခုခုတော့ မသင်္ကာဖွယ်ရာကောင်းနေသည်ဖြစ်သည်။ သူတို့ဘာလို့ရောက်လာကြရပါသနည်း။ျ
“တော်ဝင်နန်းတော်ကိုသွားပြီးတော့ တစ်ချက်ကြည့်ကြစို့”
ရှစ်ဖုန့်က ချီလင်ဘုရင်အားပြောလိုက်သည်။ ထို့နောက် သူကလှုပ်ရှားလိုက်ပြီး တော်ဝင်နန်းတော်ဆီသို့ပျံသန်းလိုက်သည်။
“ဘယ်သူလဲကွ”
ဤအချိန်တွင် ဒေါသတကြီးအော်ဟစ်သော အသံတစ်ခုက ထွက်ပေါ်လာသည်။ ထို့နောက် ကျားဖြူကလည်းဟိန်းဟောက်လိုက်သည်။ ၎င်းက ၎င်း၏ ခွာလေးဖက်ကိုလှုပ်ရှားလိုက်ပြီးအောက်သို့ ပြေးဆင်းလာသည်။မကြာခင် ၎င်းက ရှစ်ဖုန့်နှင့်ချီလင်ဘုရင်တို့ရှေ့ရောက်ရှိလာပြီး သူတို့၏လမ်းအားပိတ်ထားလိုက်သည်။
ကျားဖြူပေါ်တွင် လှံရှည်တစ်ချောင်းအားကိုင်ထားသော အစိမ်းရောင်ချပ်ဝတ်စစ်သည်တစ်ဦးရှိနေပြီး၎င်း၏လှံအား ရှစ်ဖုန့်နှင့်ချီလင်ဘုရင်တို့ထံ ထိုးညွှန်လိုက်သည်။ အေးစက်သောမျက်နှာနှင့်အတူ သူတို့နှစ်ဦးအား အော်ဟစ်လိုက်သည်။
“မင်းတို့ကဘယ်သူတွေလဲ..မင်းတို့နောက်ထပ်ခြေတစ်လှမ်းလှမ်းရဲရင် မင်းတို့ကို ညှာတာမှုမရှိငါသတ်ပစ်မယ်”
အစိမ်းရောင်ချပ်ဝတ်စစ်သည်မှာ ကြယ်ရှစ်ပွင့်သူတော်စင်နယ်ပယ်ကျွမ်းကျင်သူဖြစ်သည်ကို ရှစ်ဖုန့်နှင့်ချီလင်ဘုရင်တို့သဘောပေါက်လိုက်သည်။ ထိုထက်ပိုသည်ကား ဟင်းလင်းပြင်ထဲ၌ သူကဲ့သို့လူများရှိနေသေးခြင်းပင်ဖြစ်သည်။
ဘေးတွင်ရှိနေသော အကြောက်အလန့်ကင်းမဲ့သည့် သတ်ဖြတ်သူက သူတို့ရှေ့တွင်ရှိနေသောသူအား ဒေါသထွက်သွားစေမည့်တစ်ခုခုပြောလိုက်မည်ကို ချီလင်ဘုရင်ကြောက်မိသည်။ ကောင်းကင်ထဲ၌ သူတော်စင်နယ်ပယ် နတ်ဆိုးသားရဲများနှင့်သူတော်စင်နယ်ပယ်ကျွမ်းကျင်သူတို့ပြည့်နှက်နေပြီး အကယ်၍ သူတို့သာ တကယ်ဒေါသထွက်သွားခဲ့လျှင် သူတို့နှစ်ဦးသာ မှုန့်မှုန့်ညှက်ညှက်ကြေအောင် တိုက်ခိုက်ခံရမည်သာမက နှစ်ထောင်ပေါင်းများစွာတည်ဆောက်ခဲ့ရသော နန်းမြို့တော်သည်ပင် အပျက်အစီးပုံတစ်ခုအဖြစ်နိမ့်ပါးကျဆင်းသွားရလိမ့်မည်ဖြစ်သည်။
ချီလင်ဘုရင်က ရှေ့ထွက်လိုက်ပြီးပြောလိုက်သည်။
“ဗိုလ်ချုပ်. ကျုပ်က ယွင်လိုင်အင်ပါယာရဲ့ချီလင်ဘုရင် ကျိထျန်းပါ.. ဒါကတော့ ယွင်လိုင်အင်ပါယာရဲ့စစ်နတ်ဘုရား ရှစ်ဖုန့်ပါ..သင်တို့တွေ ယွင်လိုင်အင်ပါယာကို ဘာလို့များရောက်လာလဲဆိုတာကို သိခွင့်ရှိနိုင်မလား”
“ယွင်လိုင်အင်ပါယာရဲ့ စစ်နတ်ဘုရားဟုတ်လား..”
ချီလင်ဘုရင်၏ စကားအားကြားပြီးနောက် အစိမ်းရောင်ချပ်ဝတ်စစ်သည်က ရှစ်ဖုန့်အား အထင်သေးစွာကြည့်လိုက်ပြီး လှောင်ပြောင်သရော်၍ ပြောလိုက်သည်။
“ကြယ်သုံးပွင့် သူတော်စင်နယ်ပယ်ကျွမ်းကျင်သူက စစ်နတ်ဘုရားလို့ခေါ်တယ်တဲ့..ဒါဆိုမင်းတို့လိုသေးငယ်တဲ့ ယွင်လိုင်အင်ပါယာမှာငါက ဘယ်အဆင့်ရှိလဲ”
“ဟားဟားဟားဟားဟား”
အစိမ်းရောင်ချပ်ဝတ်စစ်သည်၏ စကားက ဟင်းလင်းပြင်ထဲ၌ လှောင်ရယ်သံများဖြင့်ပြည့်သွားစေသည်။
ရှစ်ဖုန့်မျက်မှောင်အနည်းငယ်ကြုတ်လိုက်ပြီးသူ၏မျက်နှာကအေးစက်သည်ထက်အေးစက်လာသည်။
ထို့နော်က အစိမ်းရောင်ချပ်ဝတ်စစ်သည်က စိတ်မရှည်စွာကြည့်ပြီး ရှစ်ဖုန့်နှင့်ချီလင်ဘုရင်အားပြောလိုက်သည်။
“မင်းတို့နှစ်ယောက်မြန်မြန်ထွက်သွားလိုက်.. ငါတို့တွေယွင်လိုင်အင်ပါယာက ဘယ်သူ့ကိုမှ မသတ်ချင်ဘူး.. ငါတို့တွေဘယ်သူကိုမှမထိခဲ့သလို သူတို့ကို မြို့ပြင်ကိုပဲမောင်းထုတ်ထားတာ..ငါတို့ထွက်သွားတာနဲ့ မင်းတို့တွေပြန်လာလို့ရတယ်.. ငါတို့တွေဒီနေရာကို မသိမ်းချင်ဘူး”ျ
ရှစ်ဖုန့်က တစ်စုံတစ်ခုပြောချင်သော်လည်း ချီလင်ဘုရင်က ရှစ်ဖုန့်၏အဝတ်ကို မြန်မြန်ဆွဲလိုက်ပြီး တီးတိုးပြောလိုက်သည်။
“သခင်လေးဖုန့် ဘာတွေဖြစ်နေလဲဆိုတာကို ကျုပ်တို့မသိသေးဘူး.. မြို့ပြင်ကိုအရင်ထွက်သွားရအောင် သူပြောပုံအရဆိုရင် အရှင်မင်းကြီးလုံချန်ကလည်း မြို့ပြင်ကိုထွက်သွားလောက်တယ်.. သွားပြီး တော့ ဘာတွေဖြစ်ခဲ့လဲသူ့ကိုအရင်မေးကြရအောင်”
ချီလင်ဘုရင်၏ စကားအားကြားပြီးနောက် ရှစ်ဖုန့်ကဘာမှမပြောဘဲ ခေါင်းညိမ့်လိုက်သည်။
“ပြောပြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်.. ဗိုလ်ချုပ်”
ချီလင်ဘုရင်က အစိမ်းရောင်ချပ်ဝတ်စစ်သည်အား ယဉ်ကျေးစွာ ဂါရဝပြုလိုက်ပြီးနောက် မြို့ပြင်သို့ ရှစ်ဖုန့်နှင့်အတူ ပျံသန်းသွားလိုက်သည်။
မြို့ပြင်သို့ထွက်ပြီးပြီးချင်း လူများအားနေရာတိုင်းတွင်မြင်တွေ့လိုက်ရသည်။ လွန်စွာထူထပ်များပြားလွန်းသောကြောင့်ပုရွတ်ဆိတ်များဖြင့်ပင်တူနေပြီး အကွာအဝေးတစ်ခုအထိပြန့်ကျဲနေသည်။
အစိမ်းရောင်ချပ်ဝတ်စစ်သည်ပြောသကဲ့သို့ပင် သူတို့က မြို့တွင်းရှိလူများအားလုံးအား မြို့ပြင်သို့မောင်းထုတ်ခဲ့ပြီး သာမန်လူများဖြစ်စေ စစ်သည်များဖြစ်စေ မှူးမတ်စစ်သည်အရာရှိများဖြစ်စေ အကုန်မောင်းထုတ်ခဲ့သည်။ ဧကရာဇ်မင်းဖြစ်သောလုံချန်ပင်ချွင်းချက်မရှိပေ။
သူတို့နှစ်ယောက်မြောက်ဘက်ဂိတ်သို့ရောက်ရှိလာသည်။ မြောက်ဘက်ဂိတ်အပြင်ဘက်တွင် သူတို့မြင်ရသမျှမှာသိပ်သည်းသော အရပ်သားလူထုပင်ဖြစ်သည်။ နန်းမြို့တော်၏ အရာရှိ အစောင့်တစ်ဦးတစ်လေကိုမှ သူတို့မမြင်တွေ့ရပေ။
ထို့နောက် ရှစ်ဖုန့်နှင့်ချီလင်ဘုရင်တို့ ထပ်မံလှုပ်ရှားလိုက်ပြီး အရှေ့ဘက်ဂိတ်ထံသို့ပျံသန်းသွားသည်။ အဝေးမှနေ၍ ရှစ်ဖုန့်နှင့်ချီလင်ဘုရင်တို့ ရွှေရောင်ချပ်ဝတ် စစ်သည်ပင်လယ်တစ်ခုကို မြင်တွေ့လိုက်ရသည်။ သူတို့အားလုံးမှာ ယွင်လိုင်အင်ပါယာ၏ စစ်သားများဖြစ်ကြသည်။
ထို့နောက် အစောင့်များဝန်းရံနေသော လူတစ်စုအားရှစ်ဖုန့်မြင်တွေ့လိုက်ရသည်။ ၎င်းတို့မှာ ယွင်လိုင်အင်ပါယာ၏ မှူးမတ်အရာရှိများဖြစ်ကြသည်။ ထို့နောက် ၎င်းတို့ကြားထဲမှာ ဧကရာဇ်မင်းလုံချန်ကို မြင်တွေ့လိုက်ရ၏။
ထို့နောက်ရှစ်ဖုန့်နှင့်ချီလင်ဘုရင်တို့လှုပ်ရှားလိုက်ပြီး လူအုပ်အတွင်းဆင်းသက်လိုက်သည်။
“လုံချန် .ဘာတွေဖြစ်နေတာလဲ”
လူအုပ်အတွင်းဆင်းပြီးပြီးချင်းရှစ်ဖုန့်က မေးလိုက်သည်။
ဤအချိန်တွင် လူအုပ်၏မျက်လုံးက ရှစ်ဖုန့်အပေါ်စုစည်းသွားသည်။ သူတို့ကပြိုင်တူအော်လိုက်ကြသည်။
“စစ်နတ်ဘုရားကို နှုတ်ခွန်းဆက်သပါတယ်”
“စစ်နတ်ဘုရားကို နှုတ်ခွန်းဆက်သပါတယ်”
“တော်လောက်ပြီ”
ရှစ်ဖုန့်က သူ့အားဂါရဝပြုနေကြသည့်မှူးမတ်အရာရှိများအား စိတ်ရှည်စွာ လက်ဝေ့ယမ်းပြလိုက်သည်။သူကပြောလိုက်သည်။
“ကောင်းပြီ ..ကောင်းပြီ..ဒီသခင်လေးကိုမနှောက်ယှက်နဲ့… မြို့တော်မှာဘာဖြစ်ခဲ့တာလဲ.. အဲ့လူတွေကဘဘ်ကနေလာကြတာလဲ..ဘာလို့လာကြတာလဲ”
“သခင်လေးဖုန့် နောက်ဆုံးတော့ပြန်လာပြီပဲ”
လက်သည်းကိုးခု ရွှေနဂါးဝတ်ရုံအား ဝတ်ဆင်ထားသော လုံချန်က ရှစ်ဖုန့်အားမြင်လိုက်ပြီး ချက်ချင်းပြောလိုက်သည်။
“အဲ့အင်အားစုက ညီမလေးလင်အာအတွက်လာကြတာ”
“လင်အာအတွက်လား”
လုံချန်၏ စကားတို့အားကြားလိုက်ရသောအခါတွင် ရှစ်ဖုန့်တုန်လှုပ်သွားသည်။ထိုအင်အားကြီးအုပ်စုက သူ၏ညီမအတွက်လာခြင်းဖြစ်၏။ထို့နောက်ရှစ်ဖုန့်လျှင်မြန်စွာမေးလိုက်သည်။
“ရှင်းရှင်းပြောစမ်းပါ.. သူတို့ကဘယ်သူတွေလဲ. ဘာလို့သူတို့ကလင်အာအတွက်လာကြတာလဲ.. လင်အာကအခုဘယ်မှာလဲ..ငါ့အမေရောအခုဘယ်မှာလဲ”
“သခင်လေးဖုန့် အရင်ဆုံးစိတ်လျော့ပါ.. ဧကရီက ကျုပ်တို့နောက်က ရထားလုံးထဲမှာ အနားယူနေပါတယ်..”
လုံချန်ကပြောလိုက်သည်။ ထို့နော်ကလှည့်လိုက်ပြီးသူ့နောက်ရှိ ရွှေရောင်ရထားလုံးတစ်ခုအား ထိုးညွှန်ပြလိုက်သည်။
ထို့နောက် လုံချန်ကထပ်မံလှည့်လိုက်ပြီးရှစ်ဖုန့်အားပြောလိုက်သည်။
“ညီမလေးလင်အာက နန်းတော်မှာရှိနေသေးပေမဲ့ သူတိုက သူမအပေါ်မှာ မကောင်းတဲ့စိတ်တွေမရှိကြပါဘူး.. ဘာလို့ဆိုသူတို့က ညီမလေးလင်အာကို သခင်မလေးလို့ခေါ်ကြလို့ပါ”
ဆက်ရန်……
ဘာသာပြန်သူ-ARISE