← Chapters

အပိုင်း(၄၆၈)

Vol. 32 Ch. 468

အပိုင်း(၄၆၈)

Vol. 32 Ch. 468

“သခင်လေးဖုန့်..”

လုံချန်၏ နောက်ဆုံးစကားနှစ်ခွန်းအားတွေး

မိလိုက်သောအခါတွင်ဤ အင်အားစုက ဘယ်ကလာသည်ကို ရှစ်ဖုန့် ရုတ်ခြည်းတွေးမိလိုက်သည်။

“ဧကရာဇ်လင်ဝူ၏ မျိုးဆက်များ”

သူ့ရှေ့တွင်ရှိနေသော လုံချန်အားကြည့်လိုက်ပြီး  ရှစ်ဖုန့်ကပြောလိုက်သည်။

“ဒီသခင်လေး အမေ့ကိုသွားတွေ့လိုက်အုံးမယ်”

“ကောင်းပါပြီ”

လုံချန်က ခေါင်းညိမ့်လိုက်သည်။

ထို့နောက်တွင်   ရှစ်ဖုန့်ပုံရိပ်ကရွေ့လျားသွားပြီး   ရွှေရောင်ရထားလုံးထံ ပျံသန်းသွားလိုက်သည်။  သူကရွှေရောင်ရထားလုံးရှေ့တွင်ရပ်လိုက်ပြီး  မြေပြင်ပေါ်၌ ဆင်းသက်ကာ  ရထားလုံးမှ ရွှေရောင်ခန်းစီးအား ပင့်မလိုက်သည်။

ရထားလုံးထဲတွင်  နူးညံ့သော ရနံ့တစ်ခုရှိနေသည်။အလှဆင်ပစ္စည်းများက လက်ရာမြောက်ပြီး တန်ဖိုးကြီးမားလှသည်။

ယွင်လိုင်အင်ပါယာ၏ ဧကရီဖြစ်သော

ပုယွဲ့မှာ ရထားလုံးအတွင်း၌ထိုင်နေ၏။ မင်းသားချန်အိမ်တော်၏ အိမ်အကူဖြစ်သောချင်အာမှာ သူမအားခစားနေသည်။  ပုယွဲ့က ခေါင်းကိုငုံ့ထား၏။  သူမ၏မျက်နှာထက်တွင် ဝမ်းနည်းမှု၊မလိုလားမှုတို့ဖြင့်ပြည့်နှက်နေသည်။

လွန်ခဲ့သောရက်များနှင့်နှိုင်းယှဉ်ပါကသူမ၏ကိုယ်အလေးချိန်မျာ တော်တော်လေးကျသွားပုံရသည်။

“အမေ..”

ရှစ်ဖုန့်က ရထားလုံးအတွင်း လျှောက်လှမ်းဝင်လိုက်ပြီး နူးညံ့သိမ်မွေ့စွာခေါ်လိုက်သည်။

ချင်အာမှာရှစ်ဖုန့်လာသည်ကို မြင်လိုက်ရသောအခါတွင်   အလျှင်အမြန်ဒူးထောက်ချလိုက်ပြီး ပြောလိုက်သည်။

“စစ်နတ်ဘုရားကို နှုတ်ခွန်းဆက်သပါတယ်”

“ကောင်းပါပြီ..မင်းအခုထွက်သွားလို့ရပါပြီ”

ရှစ်ဖုန့်က ချင်အာအားပြောလိုက်သည်။

“ဟုတ်ကဲ့”

ချင်အာကခေါင်းညိမ့်လိုက်ပြီး ရထားလုံးမှ တိတ်တဆိတ်ထွက်ခွာသွားသည်။ မကြာခင်တွင် ရထားလုံးအတွင်း၌ ရှစ်ဖုန့်နှင့် ပုယွဲ့သာကျန်ရစ်ခဲ့သည်။

“ဖုန့်အာ..သားပြန်လာပြီလား”

ပုယွဲ့က ခေါင်းမော့လိုက်ပြီး ရှစ်ဖုန့်အားကြည့်လိုက်သည်။သို့သော် သူမ၏မျက်နှာထက်မှ လျော့ကျသွားခြင်းမရှိသည့် ဝမ်းနည်းမှုတို့အား ရှစ်ဖုန့်ရှင်းလင်းစွာ မြင်တွေ့နိုင်သည်ဖြစ်သည်။

“အမေ..မပျော်ဘူးဖြစ်နေတာလား..

လင်အာကြောင့်လား..”

ရှစ်ဖုန့်က ပုယွဲ့ဘေးတွင်ထိုင်ပြီး ညင်သာစွာမေးလိုက်သည်။

“ဟူး”

ရှစ်ဖုန့်၏စကားအားကြားလိုက်ရသောအခါတွင်   ပုယွဲ့ကသင်ပြင်းချလိုက်ပြီး  ပြောလိုက်သည်။

“လင်အာကို ကောက်ရမိတဲ့နေကတည်းက  ဒီလိုနေ့ရောက်လာလိမ့်မယ်ဆိုတာကို  အမေသိနေခဲ့တယ်… ဒါပေမဲ့  လင်အာက တစ်နေ့ပြီးတစ်နေ့ကြီးပြင်းလာတာ

ကိုတွေ့နေရတယ်.အမေသူထွက်သွားတာကို မကြည့်ရက်နို်ငဘူးသားရယ်”

“အမေ..လင်အာက နောက်ကြရင် သားတို့ဆီကို အလည်ပြန်လာမှာပါ”

ရှစ်ဖုန့်ကသူမအားနှစ်သိမ့်လိုက်သည်။

“ဟူး..ဒီတစ်ခါနှုတ်ဆက်ခွဲခွာပြီးရင် ဘယ်တော့များမှ အမေလင်အာကို ပြန်တွေ့ရနိုင်မယ်မသိဘူး.. သူက ဒီလိုအသက်ငယ်ငယ်လေးနဲ့ စွန့်ပစ်ခံခဲ့ရတာ.. အခုသူ့မိသားစုကသူ့ကိုထပ်ပြီးရှာတွေ့သွားပြီ  အနာဂတ်မှာ သူ့ကိုသူတို့ဘာလုပ်ကြမယ်ဆိုတာ အမေမသိနိုင်ဘူး.. သူတို့လင်အာကို အနိုင်ကျင့်ကြမလား.. သူတို့လင်အာကို ဒုက္ခပေးကြမှာလား. ဒီကလေးက အရမ်းငယ်လွန်းသေးတယ်သားရယ်”

ပုယွဲ့မှာစကားပြောနေရင်း  သူမ၏မျက်လုံးတို့မှာမျက်ရည်တို့စီး

ကျလာသည်။

“အမေ..အရမ်းလျှောက်မစဉ်းစားပါနဲ့.. လင်အာသေချာပေါက်ပျော်ရွှင်မှာပါ”

ရှစ်ဖုန့်က ပုယွဲ့အားအချိန်တော်တော်ကြာ နှစ်သိမ့်ပေးနေသည်။  နောက်ပို်ငးတွင် ပုယွဲ့မှာသူမသားဖြစ်သူအနားတွင် ဝမ်းနည်းပူဆွေးမှုနှင့် ခွဲခွာရန်ဝန်လေးခြင်းကြောင့်တိတ်တ

ဆိတ်သာငိုကြွေးနေသည်။ သူမသားဖြစ်သာပြန်ရောက်လာသောအခါတွင် သားဖြစ်သူ၏ ပခုံးထက်တွင်မှီပြီး ရှစ်ဖုန့်၏နှစ်သိမ့်ပေးမှုအောက်၌ ဖြည်းဖြည်းချင်းအိပ်ပျော်သွားသည်။

ရထားလုံးအတွင်း၌ ရွှေရောင်နန်မူ သစ်သားဖြင့်ပြုလုပ်ထားသော ကြီးမားသည့် ကုတင်တစ်လုံးရှိနေသည်။  ရှစ်ဖုန့်က အိပ်ပျော်နေသော ပုယွဲ့အားသယ်လာပြီး  သူမား ရွှေရောင်နန်မူ သစ်သားကုတင်ပေါ်တွင်တင်ထားလိုက်သည်။  ထို့နောက် သူမအား ငန်းဖြူသားမွှေးအိပ်ယာလွှမ်းဖြင့် ဖုံးအုပ်ပေးလိုက်သည်။

အိပ်ပျော်နေသောမိခင်အားကြည့်ပြီးနောက် ရှစ်ဖုန့်လှည့်လိုက်ပြီး  ရထားလုံးအပြင်သို့လျှောက်လှမ်း

ထွက်လာသည်။ ရထားလုံး ဝင်ပေါက်၌ ချင်အာက ဆိတ်ငြိမ်စွာ စောင့်နေဆဲဖြစ်သည်။ ရှစ်ဖုန့်က သူမအား တောင်းဆိုလိုက်သည်။

“ဒီသခင်လေး အမေကို သေချာစောင့်ရှောက်ပေးပါ”

ထိုသို့ပြောပြီးနောက်   သိပ်မဝေးသော နေရာ၌ထိုးထားသော နောက်ထပ်ရထားလုံးထံသို့ ရှစ်ဖုန့် ပျံသန်းသွားလိုက်သည်။

ဤတစ်ကြိမ်တွင် ရှစ်ဖုန့်ယခင်ကကဲ့သို မညင်သာတော့ပေ။  ရထားလုံးအတွင်းတိုက်ရိုက်ဝင်

ရောက်သွားသည်။ရထားလုံးအတွင်း၌ မိုယန် စံပယ်လေးနှင့် သတိမေ့နေကြသော ဟုန်ယွဲ့နှင့်လုံမုန့်တို့ရှိကြသည်။

ရှစ်ဖုန့်ဝင်လာသောအခါတွင် မိုယန်နှင့်စံပယ်လေးနှစ်ဦးစလုံး ရှစ်ဖုန့်အားကြည့်လိုက်သည်။ မိုယန်က အလန့်တကြားအော်ပြောလိုက်သည်။

“မင်းသေခြင်းတားမြစ်နယ်မြေထဲကိုဝင်သွားခဲ့တာမဟုတ်လား.ဘာလို့မသေသေးတာလဲ”

မိုယန်၏ စကားတို့အားကြားလိုက်ရသောအခါတွင် စံပယ်လေး၏ စိတ်ခံစားချက်များမှာလည်း တစ်နည်းနည်းဖြင့် လှုပ်ရှားလာသည်။သူမ၏ မျက်နှာထက်၌ မျှော်လင့်စောင့်စားမှုများဖြင့်ပြည့်နှက်နေ၏။ရှစ်ဖုန့်ကသူမအားသေခြင်းတားမြစ်နယ်မြေသို့ သွားမည့်အကြောင်းအားပြောခဲ့ပြီး   ဘာကြောင့်သူထိုနေရာသို့ သွားရကြောင်းကိုလည်း ပြောခဲ့သည်ဖြစ်သည်။

မိုယန်အားကြည့်လိုက်ပြီး ရှစ်ဖုန့်က ပြန်မဖြေပေ။  ထိုအစား သူကမေးလိုက်သည်။

“ဒီသခင်လေးက ဘယ်လိုလုပ်သေနိုင်မှာလဲ”

“ဒါဆို မင်းတကယ်ပဲ   သေခြင်းတားမြစ်နယ်မြေထဲကနေ   နတ်ဘုရားဆေးပင်ကို ရှာတွေ့ခဲ့တာလား.   မင်းမသေတာကပဲ တော်တော်လေးကို ကြီးမားတဲ့ ကံကောင်းမှုတစ်ခုဖြစ်နေပြီ..  နတ်ဘုရားဆေးပင်ကို မင်းရှာတွေ့ခဲ့တယ်လို့တော့ ဒီအရှင်မယုံဘူး..  အဲ့လိုသာမဟုတ်ခဲ့ရင်တော့ သေခြင်းတားမြစ်နယ်မြေက မင်းအဖေ ဖွင့်ထားတဲ့ဟာပဲဖြစ်ရမယ်”

မိုယန်က ပြောလိုက်သည်။

“ဟမ့်…  ခင်ဗျားအဖေကပဲ သေခြင်းတားမြစ်နယ်မြေကိုဖွင့်မှာ”

ရှစ်ဖုန့်က အေးစက်စွာနှာခေါင်းရှုံ့လိုက်သည်။ ထို့နောက်   ရှစ်ဖုန့်က အဖြူရောင်ကျောက်သေတ္တာတစ်ခုအား သူ၏ သိုလှောင်လက်စွပ်အတွင်းမှ ထုတ်ယူလိုက်၏။

“မဖြစ်နိုင်တာ”

“မဖြစ်နိုင်တာ”

အဖြူရောင်ကျောက်သေတ္တာအား ရှစ်ဖုန့်ထုတ်ယူလိုက်သည်ကိုကြည့်ရင်း  မိုယန်နှင့်စံပယ်လေးတို့မှာ တစ်ချိန်တည်းတွင်တိုင်ပင်ထားကြသကဲ့သို့  ပြိုင်တူအော်ပြောလိုက်ကြသည်။

မိုယန်၏ မျက်နှာထက်၌ အံ့အားသင့်မှုတို့ဖြင့်ပြည့်နှက်နေစဉ်တွင်  စံပယ်လေး၏မျက်နှာထက်၌   စိတ်လှုပ်ရှားမှုများဖြင့်ပြည့်နှက်နေသည်။  ဒါက နတ်ဘုရားဆေးပင်ဖြစ်သည်။သူကတကယ်ပဲ   နတ်ဘုရားဆေးပင်အားရှာတွေ့ခဲ့၏။ ထိုသို့ဆိုလျှင် ..ထိုသို့ဆိုလျှင် စီနီယာအမအားကယ်တင်နိုင်ပြီဖြစ်သည်။

စံပယ်လေး၏ ကိုယ်မှာ စိတ်လှုပ်ရှားမှုတို့ကြောင့် တုန်ယင်နေသည်။  သူမ၏မျက်လုံးတို့က လှုပ်ရှားခြင်းမရှိဘဲ   ရှစ်ဖုန့်၏လက်အတွင်းမှာ ကျောက်သေတ္တာဖြူအား စိုက်ကြည့်နေမိသည်။

ထို့နောက်  စံပယ်လေးမှာ ရှစ်ဖုန့်က လက်ကိုဆန့်ထုတ်လိုက်ပြီး   အဖြူရောင်ကျောက်သေတ္တာဖုံးအားဖွင့်လိုက်သည်ကိုတွေ့လိုက်ရသည်။ ရုတ်ခြည်းဆိုသလို အဖြူရောင်ကျောက်သေတ္တာအတွင်းမှ အရောင်ဆယ်မျိုးအလင်းတို့ဖြာထွက်လာသည်။

အရောင်ဆယ်မျိုးအလင်းအားကြည့်၍  စံပယ်လေးမှာပို၍ စိတ်လှုပ်ရှားလာ၏။  နတ်ဘုရားဆေးပင် ဤကဲ့သို့ အလင်းမျိုးဖြင့် ၎င်းက နတ်ဘုရားဆေးပင်ပင်ဖြစ်ရမည်ဖြစ်သည်။

“သူမကိုကယ်နိုင်ပြီ..သူမကိုကယ်နိုင်ပြီ.စီနီယာအမကိုကယ်လို့ရပြီ”

ဤအချိန်တွင်   အရောင်ဆယ်မျိုးအလင်းကြောင့်သူမ

၏အမြင်ကွယ်သွားရလျှင်ပင်  ယင်းကထိုက်တန်မှုရှိသည်ဟု စံပယ်လေးခံစားရသည်။

“နတ်ဘုရားဆေးပင် …ဘုရား.. ဒါကတကယ်ပဲ နတ်ဘုရားဆေးပင်ပဲ.. ပြီးတော့ အဲ သူတောင်းစားကြီးထျန်းရှဲ့ပြောခဲ့တဲ့ သေခြင်းတားမြစ်နယ်မြေထဲက နတ်ဘုရားဆေးပင်..”

ကျောက်သေတ္တာအတွင်းလွင့်မျောနေသော အရောင်ဆယ်မျိုးနတ်ဘုရား

ဆေးပင်အားကြည့်၍   မိုယန်တစ်ယောက်ခံစားချက်များထိန်းချုပ်နိုင်မှုတို့လွတ်ကင်းပြီး   အော်ပြောလိုက်သည်။

အဂ္ဂရိတ်သန့်စင်သူတစ်ယောက်ဖြစ်ကာ သာလွန်သောပါရမီနှင့်အဂ္ဂရိတ်သန့်စင်

မှုလမ်းကြောင်း၌ သူ၏ဘဝအားရှည်ကြာစွာနှစ်မြုပ်ထားသော သူလိုလူတစ်ယောက်အနေဖြင့်    ဒဏ္ဍာရီလာနတ်ဘုရားဆေးပင်အား မြင်တွေ့ရခြင်းထက် မည်သည့်အရာကသူ့အားပိုမိုစိတ်

လှုပ်ရှားစေနိုင်ပါမည်နည်း။

မိုယန်မှာမသိလိုက်ပါပဲ ရှစ်ဖုန့်ရှေ့၌ ဆင်းသက်လိုက်သည်။  ဤနတ်ဘုရားဆေးပင်အား ဂရုတစိုက် သူစူးစမ်းလိုသည်။ သူ့အနေဖြင့် စားခြင်အိပ်ခြင်းမရှိဘဲ သုံးရက်သုံညတိတိ ၎င်းအား တကယ်လေ့လာလိုသည်။

ထို့နောက် ရှစ်ဖုန့်က သေတ္တာအဖုံးအား ပိတ်လိုက်ပြီး အရောင်ဆယ်မျိုးအလင်းမှာ ချက်ချင်းပဲပျောက်ကွယ်သွားသည်။

“အမ်..”

အရောင်ဆယ်မျိုးအလင်းပျောက်ကွယ်သွားသည်အား တွေ့လိုက်ရသောအခါတွင်   မိုယန်၏ မျက်နှာထက်၌ စိတ်ရှုပ်ထွေးသော အမူအယာတစ်ခုဖြစ်ပေါ်လာသည်။  သူကရှစ်ဖုန့်အားကြည့်၍ ပြောလိုက်သည်။

“အူး”

“ကောင်းပြီ… ဒီနတ်ဘုရားဆေးပင်နဲ့  ဟုန်ယွဲ့ကို အခုပဲ ကုသပေးရမယ်”

ရှစ်ဖုန့်ပြောလိုက်သည်။

“နေအုံး..”

ရှစ်ဖုန့်၏ စကားအားကြားလိုက်ရသောအခါတွင်   မိုယန်က အလျင်အမြန်သူ့အားဟန့်တားလိုက်သည်။

“ကောင်စုတ်…မဟုတ်သေးဘူး.သခင်လေးဖုန့်..  အဲ့ကောင်မလေးဟုန်ယွဲ့က မင်းရဲ့အစီအရင်အောက်မှာ ဆို နောက်ရက်နည်းနည်းအထိအဆင်ပြေအုံးမှာ..  သူက အဆင်ပြေသွားမှာဖြစ်တာကြောင့်   ဘာလို့  ဒီနတ်ဘုရားဆေးပင်ကို ငါ့ကို အရင်လေ့လာခွင့်မပေးတာလဲ..”

မိုယန်က  အသနားခံသော အမူအယာက မျက်နှာထက်တွင်ပေါ်လာပြီး  ရှစ်ဖုန့်အား အားနည်းစွာပြောလိုက်သည်။

“ရှင်ဘယ်လိုလုပ်ဒါကို လုပ်နိုင်ရတာလဲ.. “

ဤအချိန်တွင်   မိုယန်၏ စကားသံထွက်လာသောအခါ၌  စံပယ်လေးက အလျှင်အမြန် သူ့အားအော်ပြောလိုက်သည်။

“ရှင့်မှာ နတ်ဘုရားဆေးပင်ရှိနေတယ်ဆိုရင်   ဖြစ်နိုင်သမျှ ခပ်မြန်မြန်လေး   စီနီယာအမကို ရှင် ကုသပေးသင့်တယ်.. အဲ့နေ့ကစပြီးတော့ စီနီယာအမက နေ့တိုင်းကို နာကျင်နေရမှာ”

“ဟုတ်တယ်အမှန်ပဲ”

စံပယ်လေး ၏ စကားတို့အားကြားရသောအခါတွင်   ရှစ်ဖုန့်ကခေါင်းညိမ့်ပြီးသဘောတူလိုက်သည်။  ထို့နောက်သူကပြောလိုက်သည်။

“အဲ့တာထက်ပိုတာက ဟုန်ယွဲ့ရဲ့ထိုခိုက်မှုတွေက ဒီသခင်လေးကြောင့်ဖြစ်ရတာ..  ဒီသခင်လေးအနေနဲ ဘယ်လိုလုပ်ပြီးတော့ သူ့ကိုဆက်ပြီး ဝေဒနာခံစားစေလို့ရမှာလဲ”

“မင်းကအဲ့လိုပြောတယ်ဆိုပေမဲ့.. ဒါကနတ်ဘုရားဆေးပင်လေ..ဒီလိုဆိုရင်နေရာ.. အမွှေးတိုင်တစ်တိုင်စာအချိန်ပဲ..  ငါ့ကို အမွှေးတိုင်တစ်တိုင်စာ အချိန်လောက်ပဲ လေ့လာခွင်ပေး ဟုတ်ပြီလား”

မိုယန်က ရှစ်ဖုန့်အားဆက်လက်အသနားခံသည်။

“တစ်စက္ကန့်တောင်မရဘူး..”

ရှစ်ဖုန့်က စကားပြောပြီးနောက် ဟုန်ယွဲ့ထံသို့ ဆုံးဖြတ်ချက်ခိုင်မာစွာဖြင့်သွားလိုက်သည်။

ဆက်ရန်…….

ဘာသာပြန်သူ-ARISE

All Chapters