← Chapters

မဟာအင်ပါယာလား

Vol. 162 Ch. 2299

မဟာအင်ပါယာလား

Vol. 162 Ch. 2299

“နောက်ဆုတ်…” အသံတစ်သံကို ကြားရသည်။

တန်ခိုးရှင်အများအပြား နောက်ဆုတ်ကြသည်။ ရန်ဟောင်ချန်းကလည်း ပြောသည် “နောက်ဆုတ်ကြ… ဒီအလောင်းဘုရင်က ကြောက်စရာကောင်းတယ်”

ထိပ်သီးတန်ခိုးရှင်တစ်ဦးသည် တစ်ချက်တည်းဖြင့် အသတ်ခံရသည်။ အလောင်းဘုရင်၏အစွမ်းကား ကြောက်စရာကောင်း၏။ နတ်ဘုရားကဒ်ဘေးအဆင့်မဟုတ်ပါက ထိုသူသည် အလောင်းဘုရင်ထံ၌ အသက်ရှင်ရန် မလွယ်ကူပါ။ နတ်ဘုရားကဒ်ဘေးအဆင့်များသည်ပင် ထိုအလောင်းဘုရင်အား ယှဉ်နိုင်ရန် ခက်ခဲ၏။

“နောက်ကျနေပြီ” အင်ပါယာရှီက ပြောသည်။ ဝမ်းနည်းဆွေးမြေ့သော တေးသံသည် သူတို့အနီးပတ်လည်၌ ကြားနေရ၏။ သူတို့အားလုံးမှာ တေးသွားစက်ကွင်းအတွင်း၌ ပိတ်မိနေပြီဖြစ်သည်။ တေးသွားမုန်တိုင်းသည် လေဟာနယ်နှင့် ပေါင်းစပ်ကာ ဓားပေါင်းများစွာတို့သည် တန်ခိုးရှင်များအား စတင်တိုက်ခိုက်လာကြသည်။

အပျက်အစီးမြို့၌ တေးသွားသည် အလောင်းဘုရင်ထံသို့ အဆက်မပြတ် စီးဆင်းနေ၏။ အုတ်ဂူတွင် သေချာပေါက် လျှို့ဝှက်ချက်တစ်ခု ရှိရပေမည်။ ၎င်းသည် ကောင်းကင်တေးသွားနှင့်လည်း ဆက်စပ်နေရပေမည်။ မဟာအင်ပါယာသည် ဤလောကတွင် တခြားပုံစံတစ်မျိုးဖြင့် တည်ရှိခြင်းမှာ ဖြစ်နိုင်သလော။

မဟုတ်လျှင် ဤမျှ ကြောက်စရာကောင်းသော တေးသွား မည်သို့ ဖြစ်ပေါ်လာမည်နည်း။

“မင်းတို့တွေရဲ့အာရုံငါးပါးကို ပိတ်ဆို့ထားလိုက်တော့။ တေးသွားက မင်းတို့ကို မထိခိုက်စေနဲ့” တစ်ယောက်က  ကျယ်လောင်စွာ သတိပေးသည်။ ဝမ်းနည်းပူဆွေးမှုသည် သူတို့အား လာရောက်နှိုးဆွနေဆဲဖြစ်သည်။ ၎င်းသည် သူတို့၏ဝိညာဉ်အား ဝမ်းနည်းကြေကွဲစေကာ အဆုံးမဲ့သော ပူဆွေးခြင်း၌ ပိတ်မိစေသည်။

ထိပ်သီးတန်ခိုးရှင်အများအပြားမှာ ထိုအခြေအနေသို့ ကျရောက်သွားပြီးဖြစ်ကာ တိုက်ခိုက်လိုစိတ်များ မရှိကြတော့ချေ။

“အကြီးအကဲ… ကျုပ်ရဲ့ရုပ်ခန္ဓာကို ကျေးဇူးပြုပြီး ကာကွယ်ပေးပါ” ရီဖူရှင်းက တောင်းဆိုသည်။ ထို့နောက် သူ၏စိတ်ဝိညာဉ်သည် ခန္ဓာကိုယ်မှ ထွက်ခွာကာ မဟာအင်ပါယာရှန်ကျား၏ရုပ်ခန္ဓာကိုယ်ထဲသို့ ဝင်သွား၏။ သူ၏လက်ရှိအဆင့်တွင် တစ်ဘက်လူ၏တိုက်ခိုက်မှုအား တစ်ချက်မျှပင် ခံနိုင်ရည် ရှိမည် မဟုတ်ပေ။

ထိုစဉ် ကောင်းကင်နှင့်မြေပြင်အကြား ဖိအားတစ်ခု ဖြစ်ပေါ်လာသည်။ ဝမ်းနည်းပူဆွေးဖွယ်ဓားသိသည် ကောင်းကင်ကို တုန်ခါစေ၏။ ဝုန်းခနဲမြည်သံနှင့်အတူ တစ်စုံတစ်ယောက်သည် သီသန့်နယ်ကို ဖြတ်ကျော်ဝင်ရောက်လာ၏။ လူအများအပြားက ဝင်ရောက်လာသူအား ကြည့်လိုက်ကာ တုန်လှုပ်သွားကြ၏။

သည်မတိုင်ခင် အင်အားစုအသီးသီးသည် သူတို့၏ကလန်များအား နတ်ဘုရားကဒ်ဘေးအဆင့်များကို စစ်ကူပို့ပေးရန် တောင်းဆိုထားပြီးဖြစ်သည်။ ယခု တစ်စုံတစ်ယောက် ရောက်လာခဲ့သည်။

အလောင်းဘုရင်က ခေါင်းမော့ကာ တစ်ဘက်လူအား ကြည့်သည်။ ထို့နောက် သူက လက်မြောက်လိုက်သည်တွင် ဓားအလင်းတစ်ချက်သည် တစ်ဘက်လူထံသို့ တိုးဝင်သွား၏။ ထိုလူရှေ့တွင် ထူးဆန်းသော စက်ကွင်းတစ်ခု ပေါ်လာ၏။ ဓားအလင်းသည် ထိုစက်ကွင်းနှင့် ရင်ဆိုင်မိ၏။

ထိုစဉ် ကောင်းကင်ထက်မှ စွမ်းအားမြင့်အရှိန်အဝါတစ်ခု ကျဆင်းလာပြန်သည်။ နောက်ထပ် တန်ခိုးရှင်တစ်ဦး ရောက်လာခြင်း ဖြစ်သည်။

မဟာအင်ပါယာ၏အကြွင်းအကျန်က ဤသို့သော လှုပ်ခတ်မှု မဖြစ်ဘဲ မည်သို့ နေမည်နည်း။

ထိပ်သီးတန်ခိုးရှင်များအားလုံးက မဟာအင်ပါယာ၏တည်ရှိမှုကို စိတ်ဝင်စားကြပေသည်။

အတန်ကြာလျှင် နတ်ဘုရားကဒ်ဘေးအဆင့်များ တစ်ယောက်ပြီး တစ်ယောက် ရောက်လာကြသည်။ ထိုလူများအားလုံးက သီးခြားရပ်နေကြသည်။ မဟာအင်ပါယာပြီးလျှင် သူတို့မှာ အသန်မာဆုံးများဖြစ်ကြသည်။ သူတို့မှာ အင်အားစုများ၏ကျောရိုးများဖြစ်ကြသည်။ ဥပမာအားဖြင့် ထိုက်ချူအင်ပါယာဖြစ်သည်။ သူသည် ထိုက်ချူကုန်းမြေကို အုပ်ချုပ်ရသော ထိပ်သီးပုဂ္ဂိုလ်ကြီး ဖြစ်ပေသည်။

ထိုအဆင့်တန်ခိုးရှင်များအတွက် အလိုလားဆုံးသော ဆန္ဒမှာ မဟာအင်ပါယာအဆင့် ဖြစ်သည်။ သို့သော်လည်း သူတို့အတွက် ထိုအဆင့်သို့ ရောက်ရန်မှာ မဖြစ်နိုင်သလောက်ပင်။ ကောင်းကင်လမ်းစဉ် ပြိုကွဲကတည်းက မဟာအင်ပါယာ မည်မျှ ထွက်ပေါ်လာခဲ့သနည်း။

တန်ခိုးရှင်များမှာ မည်မျှ ပါရမီမြင့်မားပါစေ၊ မဟာအင်ပါယာအဆင့်မှာ လက်လှမ်းမမှီသော အရာဖြစ်ပေသည်။

သူတို့ ရောက်လာပြီးသည်တွင် ရှေးဟောင်းအလောင်းကောင်များကို စောင့်ကြည့်ကြ၏။ ထိုအလောင်းများမှာ အသက်ပြန်ရှင်လာသည်လား။

တေးသွားက မည်သည့်နေရာမှ လာသနည်း။

သူတို့က စဉ်းစားတွက်ဆရင်းဖြင့် အုတ်ဂူထံသို့ လှမ်းလာကြသည်။ ထိုနေရာတွင် မည်သို့သော လျှို့ဝှက်ချက်များ ရှိသနည်း သူတို့ သိလိုကြ၏။ ရှန့်ယင်မဟာအင်ပါယာ၏အကြွင်းအကျန်များသည် လိပ်နဂါး၏ကျောကုန်းတွင် မြုတ်နှံထားသည်လား။

အုတ်ဂူဘေးမှ အလောင်းများသည် ထိုတန်ခိုးရှင်များထံသို့ တိုးဝင်သွားကြသည်။ ဓားအသိများသည် ဆွေ့မြေ့ဝမ်းနည်းစွာဖြင့် ကျဆင်းလာကြ၏။ သို့သော်လည်း ယခု ရောက်လာသူများမှာ အင်အားကြီးပုဂ္ဂိုလ်များဖြစ်ကြသည်။ မှော်နက်လောကမှ တန်ခိုးရှင်တစ်ဦးက လက်ညိုးညွန်လိုက်သည်တွင် သူ့ထံသို့ တိုးဝင်လာသော အလောင်းကောင်မှာ အရိုးစုပုံဖြစ်သွားသည်။ ထို့နောက် ပြာမှုန်အဖြစ်သို့ ပြောင်းလဲပျောက်ကွယ်သွား၏။

တခြားတန်ခိုးရှင်များကလည်း အသီးသီးတိုက်ခိုက်သည်တွင် အလောင်းကောင်များမှာ မည်သို့မှ မခုခံနိုင်ဘဲ ပျက်စီးကြရ၏။

ချက်ချင်းပင် ရှေးဟောင်းအလောင်းကောင်အများစုမှာ ပျက်စီးသွား၏။ အလောင်းဘုရင်သည်သာ ထိုနေရာတွင် ရပ်လျှက် ကျန်ခဲ့သည်။ သူက ချဉ်းကပ်လာသော တန်ခိုးရှင်များအား နက်ရှိုင်းသော မျက်လုံးများဖြင့် ကြည့်နေသည်။

အလောင်းဘုရင်သည် နတ်ဘုရားကဒ်ဘေးဒုတိယအဆင့်ကို ကျော်လွှားခဲ့သူဖြစ်သည်။ သို့သော်လည်း သူသည်ကား ယခု အလောင်းကောင် ဖြစ်နေလေပြီ။ သူ၏စွမ်းရည်များမှာ အသက်ရှင်းစဉ်ကထက် များစွာ နိမ့်ကျနေပြီးဖြစ်သည်။ သူ့အနေဖြင့် ထိုတန်ခိုးရှင်များကို ယှဉ်နိုင်ရန် ခက်ခဲ၏။

“အပြစ်ပြုမိပြီ” တန်ခိုးရှင်တစ်ဦးက တောင်းပန်သည်။ ထို့နောက် သူက လက်ညိုးညွန်ကာ ရှေ့ကို ထိုးလိုက်သည်။ သူ့ရှေ့မှ လေဟာနယ်သည် ပြိုကွဲပျက်စီးသွား၏။ တွင်းနက်ကြီးတစ်ခု ထိုနေရာတွင် ပေါ်လာ၏။

တခြားတန်ခိုးရှင်များကလည်း အလောင်းဘုရင်ကို စတင်တိုက်ခိုက်ကြ၏။

ထိုအခိုက်တွင် အုတ်ဂူအတွင်းမှ နတ်အလင်းတစ်ခု ဖြစ်ပေါ်လာသည်။ အလင်းသည် တေးသွားပုံစံဖြင့် အလောင်းကို ရစ်ပတ်၏။ ချက်ချင်းပင် တစ်ဘက်မှ တိုက်ခိုက်မှုများမှာ ပျက်စီးပျောက်ကွယ်သွားတော့သည်။ တိုက်ခိုက်မှုများမှာ မည်မျှ ပြင်းထန်ပါစေ၊ ၎င်းတို့သည် အလောင်းဘုရင်အား မထိခိုက်စေနိုင်ပေ။

တန်ခိုးရှင်များက မျက်မှောင်ကြုတ်လိုက်ကြ၏။

အလောင်းဘုရင်၏အရှိန်အဝါမှာလည်း တဖြေးဖြေး ပိုမိုအားကောင်းလာသည်ကို သူတို့ ခံစားမိကြသည်။

၎င်းကား မဟာအင်ပါယာ၏အရှိန်အဝါဖြစ်သည်။

ထင်မှတ်ထားသည့်အတိုင်း ဤသည်က မဟာအင်ပါယာ၏အရှိန်အဝါဖြစ်သည်။ မဟာအင်ပါယာ၏အသိသည် အုတ်ဂူထံ၌ ဖုံးကွယ်နေသည်များလား။

တန်ခိုးရှင်များအားလုံး စိတ်လှုပ်ရှားသွားကြ၏။ နတ်ဘုရားကဒ်ဘေးဒုတိယအဆင့်များပင် တည်ငြိမ်မနေနိုင်တော့ပေ။ မဟာအင်ပါယာရှန့်ယင်သည် အမှန်တကယ် သက်ရှိထင်ရှား ရှိနေသေးသလော။

သခင်လော့၏စကားကို တခြားလူများက စတင်ယုံကြည်လာကြသည်။ သူပြောသည်မှာ မှန်ကောင်း မှန်ပေသည်။ သူသည် စိတ်ဝိညာဉ်အနေဖြင့် တည်ရှိနေနိုင်ပေသေးသည်။ သို့ဆိုလျှင် အုတ်ဂူထံ၌ ပုန်းကွယ်နေသည်က…။

All Chapters