← Chapters

ဟန်မူယဲ့ ဖုန်းရှို့တောင်သို့ သွားခြင်း

Vol. 13 Ch. 182

ဟန်မူယဲ့ ဖုန်းရှို့တောင်သို့ သွားခြင်း

Vol. 13 Ch. 182

ဝှစ်…

အနက်ရောင်အငွေ့အသက်သည် ဟန်မူယဲ့၏ဝိညာဉ်လိပ်ပြာဓားချီနှင့် ထိတွေ့ကာ အစအန မကျန်အောင် ပြိုကွဲသွား၏။

ဓားလက်ကိုင်မှာလည်း တဖန် ကျိုးပဲ့သွားသည်။

ဟန်မူယဲ့ ခေါင်းယမ်း၏။

“ဟား… ဟား… ဒီမိစ္ဆာကောင်လေးတွေ မိစ္ဆာနည်းစနစ်တွေ လေ့ကျင့်ပြီး ရူးသွားတာ ဖြစ်ရမယ်”

သစ်ကိုင်းသည် မြေခွေးအမြီးတစ်ဝက်အဖြစ် ပြောင်းလဲကာ တဖန် ဟူထိုက်ရှန့်အဖြစ် ပြောင်းလဲသွားပြီး ဟန်မူယဲ့ရှေ့သို့ ကျဆင်းလာသည်။

ဟူထိုက်ရှန့်က ဟန်မူယဲ့အား ကြည့်ကာ သက်ပြင်းချသည်။

“ဓားစံအိမ်မှာ မင်းလို လူတစ်ယောက်ရှိမယ်ထို့ ငါ မထင်ထားဘူး”

ဟန်မူယဲ့ ထိုင်လျက်ပင် ထူးမခြားနားစွာ ပြောသည်။

“ခင်ဗျားသိတာ အားလုံး ပြောပါ။ ခင်ဗျား အသက်ကို ချမ်းသာပေးမယ် မပေးဘူးဆိုတာ ခင်ဗျား ပြောတဲ့အကြောင်းအရာအပေါ် မူတည်တယ်”

ဟူထိုက်ရှန့် ခေါင်းညိတ်သည်။

ဟူထိုက်ရှန့်က သူ၏ရှေ့မှ ဓားလက်ကိုင်အကျိုးအပဲ့အား ဆုပ်ကိုင်ကာ သူ၏ဓားချီအား ပို့လွှတ်လိုက်လျှင် သူ၏အာရုံ၌ ပုံရိပ်များ ဖြစ်ပေါ်လာသည်။ ထို့နောက် သူက ဟူထိုက်ရှန့် ပြောသည်အား နားထောင်၏။

သူတို့က အချင်းချင်း ကြည့်လိုက်ကြ၏။

ဟူထိုက်ရှန့်သည် ချင်လင်း၏နောက်ခံအား ကောင်းကောင်း သိပေသည်။

ချင်လင်းကား အမှန်တကယ်ပင် မီးတောက်နီစစ်တပ်၏ မျိုးဆက်တစ်ဦး ဖြစ်သည်။

ချင်လင်းသာမဟုတ်၊ တခြားသော မီးတောက်နီစစ်တပ်မှ အနွယ်အဆက်များသည်လည်း အံ့ဖွယ်ကိုးပါးဓားဂိုဏ်းနှင့် တခြားဂိုဏ်းများတွင် ပြန့်နှံ့စိမ့်ဝင်လျှက် ရှိသည်။

ယခင်က ချင်သုံးပါးဓားဂိုဏ်းခေါင်းဆောင်၊ မီးတောက်မိစ္ဆာတောင်ကြား၌ အကြီးအကဲထို့ပါ့ချန် သတ်ဖြတ်ခဲ့သော ကျင့်ရှန်းဓားဂိုဏ်းမှ အကြီးအကဲ။

ထို့အပြင် နောက်ဆုံးအကြိမ်က ဓားစံအိမ်ကို တိုက်ခိုက်ခဲ့သော ချင်ယွမ်ဟယ်။

မီးတောက်နီစစ်တပ်၏အနွယ်များသည် အနောက်ဘက်နယ်စပ်ကုန်းမြေ၌ ခြေကုပ်ယူထားသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ကာ သူတို့သည် ဂိုဏ်းအများအပြားထဲသို့ စိမ့်ဝင်ပုန်းကွယ်နေခဲ့ကြ၏။

ထိုအချက်များသည် ဓားလက်ကိုင်ထံမှ ရသော သတင်းများနှင့် ကိုက်ညီမှု ရှိသည်။

“သူတို့ လိုချင်တာ ကောင်းကင်အံ့ဖွယ်ကမ္ဘာအပြင်သို့ ထွက်နိုင်တဲ့ ဂိတ်တံခါးကို ဖွင့်နိုင်ဖို့ပဲပဲ”

ဟူထိုက်ရှန့်က ဟန်မူယဲ့အား ကြည့်ကာ ပြောသည်။

“ဂိတ်စောင့်တစ်ယောက်ဖြစ်တဲ့ မင်းဟာ ဒါတွေကို သိမှာပဲ”

ဂိတ်စောင့်။

ယခင်က ရှရီသည်လည်း သူ့အား ထိုသို့ ခေါ်ခဲ့သည်။

ဓားစံအိမ်၏တာဝန်ခံသည် ဂိတ်စောင့်လား။

သူက မည်သည့်ဂိတ်အား စောင့်ကြပ်နေသနည်း။

ဟန်မူယဲ့၏အမူအရာက ပြောင်းလဲသွားခြင်း မရှိပေ။

ဓားလက်ကိုင်မှ ပုံရိပ်များက သူ့အား အဖြေပေးသည်။

မီးတောက်နီစစ်တပ်သည် အံ့ဖွယ်ကောင်းကင်ကမ္ဘာမှ ပြင်ပလောကသို့ သွားနိုင်သော ဂိတ်တံခါးအား ရှာနေကြခြင်း ဖြစ်သည်။

သူတို့က ထာဝရအသက်ရှင်နိုင်သော နည်းလမ်းအား လိုက်ရှာနေကြသည်။

မီးတောက်နီစစ်တပ်သည် အနောက်ဘက်ကုန်းမြေ၌ နှစ်ပေါင်းများစွာ ကျင်လည်ကာ ဂိုဏ်းများထံမှ သတင်းများ စုဆောင်းသည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၌ အံ့ဖွယ်ကောင်းကင်ကမ္ဘာအပြင်သို့ ထွက်သွားနိုင်သော ဂိတ်တံခါးတစ်ခု ရှိသည်။

ဓားစံအိမ်သည် ဂိတ်စောင့်ရှောက်သူ ဖြစ်သည်။

နှစ်ပေါင်းများစွာ မိစ္ဆာကျင့်ကြံသူများသည် ဓားစံအိမ်သို့ အဆက်မပြတ် လာရောက်စူးစမ်းကြသည်။

တချို့သည် သာမန်တပည့်များအဖြစ် ရောက်လာကြကာ တချို့သည် ဓားထိန်းများအဖြစ် ရောက်လာကြသည်။

သူတို့အားလုံး သေဆုံးသွားကြ၏။

တချို့က ဓားထံ၌ ဝိညာဉ်ကို တွယ်ကပ်လျှက် ဓားစံအိမ်ထဲကို ဝင်ကြသည်။ သူတို့၏ဝိညာဉ်များ ပျက်ပြယ်သွားကြရသည်။

ဓားစံအိမ်ကား ဓားစံအိမ်အဖြစ် တည်ရှိနေဆဲ ဖြစ်သည်။

“အနောက်ဘက်ကုန်းမြေမှာ အာကာသဆီကို ဦးတည်နိုင်တဲ့ လမ်းကြောင်း ဘယ်နှစ်ခုရှိလဲ”

ဟန်မူယဲ့က တည်ငြိမ်စွာ မေးသည်။

ဟူထိုက်ရှန့်က ပြုံးသည်။

“မင်းလည်း သိတာပဲ…”

“လင်တောက်ဂိုဏ်းဆီကို ဘယ်သူက သွားစမ်းသပ်ရဲမှာလဲ။ ဒီတော့ အားလုံးရဲ့ ပစ်မှတ်က အံ့ဖွယ်ကိုးပါးဓားဂိုဏ်း ဖြစ်လာရတာပေါ့”

“ဖုန်းရှို့တောင်ဂိတ်တံခါးကတော့ ဂိတ်တံခါးသော့ ပျောက်ဆုံးသွားခဲ့တာ ကြာလှပြီ။ အဲဒီဂိတ်ကို ဖွင့်ဖို့ဆိုတာ မလွယ်ကူဘူးလေ”

အနောက်ဘက်ကုန်းမြေတွင် ဂိတ်သုံးခုရှိကာ ၎င်းတို့မှာ ရှေးခေတ်ကတည်းက ချန်ထားရစ်ခဲ့ခြင်းလည်း ဖြစ်သည်။

ထိုဂိတ်သုံးခုမှာ အံ့ဖွယ်ကိုးပါးတောင်ကုန်း၊ လင်တောက်ဂိုဏ်းနှင့် ဖုန်းရှို့တောင်ကုန်းတို့ ဖြစ်ကြသည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၌ကား ထိုဂိတ်ကို ဓားစံအိမ်၏အောက်၌ ဖိနှိပ်ထားသည်။

“တိုက်တိုက်ဆိုင်ဆိုင်ပဲ မြေခွေးမျိုးနွယ်ရဲ့မိစ္ဆာအရှင်ဟာ ဓားစံအိမ်အောက်မှာ ဖိနှိပ်ထားတယ်။ မိစ္ဆာအရှင်ကို ဖိနှိပ်ဖို့ ဓားစံအိမ်ရဲ့စွမ်းအားကို သုံးစရာ မလိုဘူးလေ”

ဟူထိုက်ရှန့်ကား အမှန်ကို ပြောနေခြင်း ဖြစ်သည်။

“လတ်တလောမှာ ဂိတ်တံခါးက ချိပ်ပိတ်အစွမ်းဟာ လျော့ရဲလာတယ်။ ဒါကြောင့် ချင်လင်းနဲ့ တခြားမိစ္ဆာကျင့်ကြံသူတွေ မစောင့်ဆိုင်းနိုင်ဘူး ဖြစ်သွားတယ်”

ဟူထိုက်ရှန့်က ပြောသည်။

ချိပ်စည်းစွမ်းအင် လျော့ရဲသွားသည်လား။

ဟွမ်လောင်လျှို၏ မြေအောက်၌ ကျင့်ကြံခြင်းအား ဟန်မူယဲ့ အမှတ်ရလာသည်။

ထိုကိစ္စသည် ဟွမ်လောင်လျှိုနှင့် ဆက်စပ်နေဟန်ရ၏။

“သူတို့က အဲဒီကိစ္စအတွက် ကြိုးစားနေကြတယ်။ ခင်ဗျားကရော…”

ဟန်မူယဲ့က ဟူထိုက်ရှန့်အား ရုတ်တရက် မေးသည်။

ဟူထိုက်ရှန့်က ခေါင်းယမ်းကာ သက်ပြင်းချသည်။

“ကျုပ်က ကျုပ်တို့ မြေခွေးမျိုးနွယ် အသက်ဆက်ရှင်နိုင်ဖို့ ကြိုးစားတာပါ”

“ကျုပ်တို့က ခေါင်းဆောင်ရဲ့အရိုးကို မယူနိုင်ရင် မြေခွေးမျိုးနွယ်ဟာလည်း ပျက်စီးသွားလိမ့်မယ်”

သူက ဟန်မူယဲ့အား ကြည့်သည်။

“မင်းက အလယ်ပိုင်းကုန်းမြေက အံ့ဖွယ်နေမင်းကိုယ်ရံတော်တွေကို သိတယ်မလား”

အံ့ဖွယ်နေမင်းကိုယ်ရံတော်များ…

၎င်းသည် မြေခွေးမျိုးနွယ်ပျက်သုန်းခြင်းနှင့် မည်သို့ သက်ဆိုင်ပါသနည်း။

“အလယ်ပိုင်းကုန်းမြေ အံ့ဖွယ်နေမင်းကိုယ်ရံတော်တွေရဲ့ တောင်ပိုင်းစေတမန် ချမ်ရီမင်ဟာ အံ့ဖွယ်နေမင်းကိုယ်ရံတော်အသစ်ဖြစ်တဲ့ သားသတ်သမားလုနဲ့ ယှဉ်ပြိုင်ချင်တယ်”

“ချမ်ရီမင်ဟာ တောင်ပိုင်းကုန်းမြေကို နှစ်တစ်ရာတိတိ ဖိနှိပ်ဖို့ ပြင်ဆင်တယ်”

“တောင်ပိုင်းကုန်းမြေက မျိုးနွယ်အများစုဟာ ကြီးမားတဲ့ဆုံးရှုံးမှု ဖြစ်နေကြပြီ။ ကျုပ်တို့က အသက်ရှင်ဖို့ လမ်းကြောင်းပဲ ရှာဖွေရတော့တယ်”

အလယ်ပိုင်းကုန်းမြေမှ ပညာရှင်နှစ်ဦး၏ ယှဉ်ပြိုင်မှုသည် တောင်ပိုင်းကုန်းမြေအား ပရမ်းပတာ ဖြစ်စေမည်ဟု ဟန်မူယဲ့ မထင်ထားခဲ့ချေ။

မြေခွေးမျိုးနွယ်ကား တောင်ပိုင်းကုန်းမြေမှ ကလန်ကြီးများအကြားတွင် အားအနည်းဆုံး ဖြစ်သည်။ သူတို့သည် အလယ်ပိုင်းကုန်းမြေမှ အံ့ဖွယ်နေမင်းကိုယ်ရံတော်များနှင့် ပထမဆုံး ထိတွေ့ရင်ဆိုင်ရသူများလည်း ဖြစ်သည်။

“မြေခွေးမျိုးနွယ်ခေါင်းဆောင်နဲ့ အလယ်ပိုင်းကုန်းမြေကြားက ပုံပြင်တစ်ပုဒ်ကို မင်း ကြားဖူးလား”

ဟူထိုက်ရှန့်က တီးတိုးမေးသည်။

ဟန်မူယဲ့က မြေခွေးမိစ္ဆာ ဒေါသတကြီး ပြောခဲ့သော စကားအချို့အား အမှတ်ရလာသည်။ သူက အလယ်ပိုင်းကုန်းမြေမှ ထိုလူအား နောင်တရစေလိုသည်။

ထိုသူသည် အလယ်ပိုင်းကုန်းမြေမှ နံပါတ် ၁ ကွန်ဖျူးရှပ်စာပေသမား ဖြစ်သည်။

“အဲဒီတုန်းက ကျုပ်တို့ သခင်မဟာ အလယ်ပိုင်းကုန်းမြေကို အတွေ့အကြုံသွားရှာရင်း စာပေသမားတစ်ယောက်ရဲ့ အစေခံ ဖြစ်ခဲ့တယ်”

“အဲဒီတုန်းကတော့ အမတ်ချုပ်ကြီးဟာ စာပေသမားတစ်ယောက်ပဲ ရှိသေးတယ်”

“သခင်မဟာ သူ့ကို ချစ်ခင်မိသွားတော့ ရာစုနှစ်တချို့ သူ့ကို အဖော်လုပ်ခဲ့တယ်”

ဟူထိုက်ရှန့်၏မျက်နှာတွင် အမုန်းတရားများ ဖြစ်ပေါ်လာသည်။ သူက ဒေါသတကြီး ပြောသည်။

“အဲဒီ လူဆိုးကောင်က လောကငြိမ်းချမ်းရေးဆိုတဲ့ အကြောင်းပြချက်နဲ့ သခင်မကို နှစ်တစ်ထောင်ကြာအောင် ဓားစံအိမ်မှာ ဖိနှိပ်ထားခဲ့တယ်လေ”

“သူ့စိတ်နှလုံးမှာ မဟာတာအိုပဲရှိတယ်”

လွန်ခဲ့သော နှစ်တစ်ထောင်က ပုံပြင်မှာ မှန်သလား မှားသလား ဟန်မူယဲ့ မပြောတတ်ပါ။

“ဆိုတော့ ခင်ဗျားရဲ့ ရည်ရွယ်ချက်က…”

ဟန်မူယဲ့က ဟူထိုက်ရှန့်အား ကြည့်သည်။

“သခင်မက မှာကြားခဲ့တာ ရှိတယ်။ တကယ်လို့ မြေခွေးမျိုးနွယ် အန္တရာယ်နဲ့ ကြုံလာခဲ့ရင် သခင်မရဲ့အရိုးတွေကို ယူပြီးတော့ အလယ်ပိုင်းကုန်းမြေကို ပို့ဆောင်ရမယ်”

“အဲဒီလူဟာ မြေခွေးမျိုးနွယ်ကို ကာကွယ်လိမ့်မယ်”

ဟူထိုက်ရှန့်၏မျက်နှာတွင် ဝမ်းနည်းခြင်း၊ နာကျင်ခြင်း ခံစားချက်များဖြင့် ရောထွေးနေသည်။

သူက ဒေါသထွက်လျှင်ကော အဘယ်အရေးနည်း။

အဆုံးသတ်၌ သူသည် သခင်မ၏အရိုးများကို ယူကာ ထိုလူထံ၌ အသနားသွားခံရမည် မဟုတ်ပါလား။

မြေခွေးမျိုးနွယ်တစ်ခုလုံး ပျက်သုန်းမည့်အရေး၌ သူသည် မည်သို့ ခေါင်းမငုံ့၍ ရမည်နည်း။

“သခင်လေးဟန်… ခင်ဗျားက သခင်မရဲ့အရိုးတွေကို ပေးလိုက်ရင် မြေခွေးမျိုးနွယ်က သခင်လေးကို သေချာပေါက် ကျေးဇူးဆပ်မှာပါ”

“ကျုပ် ခင်ဗျားကို အရိုးတွေ ပေးမှာ မဟုတ်ဘူး”

ဟန်မူယဲ့က ဓာလက်ကိုင်ကို စားပွဲပေါ်သို့ တင်လိုက်ကာ တည်ငြိမ်စွာ ပြောသည်။

ဟူထိုက်ရှန့်၏အမူအရာ ပြောင်းလဲသွားသည်။

ဟန်မူယဲ့က ထိုမျှ ပြတ်သားစွာ ငြင်းပယ်မည်ဟု သူ မထင်ထားပေ။

“ဒါပေမဲ့ ကျုပ် ခင်ဗျားကို တစ်ခု ပြောပြနိုင်တယ်”

ဟန်မူယဲ့က ဟူထိုက်ရှန့်အား တည်ငြိမ်စွာ ပြောသည်။

“ခင်ဗျားတို့ သခင်မဟာ ပြန်ပြီး မွေးဖွားလာပြီးပြီ”

နတ်ဝိညာဉ် ပြန်မွေးဖွားခြင်းလား…

ဟူထိုက်ရှန့်က ဟန်မူယဲ့အား စိတ်လှုပ်ရှားစွာ မေးသည်။

“ဘယ်မှာလဲ…”

သခင်မ၏ဝိညာဉ်သည် ထိုအရိုးများထက် ပို၍ အဖိုးတန်သည်။

သခင်မ၏ဝိညာဉ်ဖြင့် ဆိုပါက ထိုလူသည် မြေခွေးမျိုးနွယ်အား သေချာပေါက် ကာကွယ်ပေလိမ့်မည်။

“အစ်ကိုဟွမ် ယူသွားတယ်”

ဟန်မူယဲ့က လက်ဆန့်တန်းလိုက်သည်။

ဟူထိုက်ရှန့်၏မျက်လုံးများ ပြူးကျယ်သွားသည်။ သူက ထပ်ပြောရန် ပြင်လိုက်စဉ်မှာပင် ဟန်မူယဲ့က လက်မြှောက်လိုက်၏။

ဓားအလင်းများသည် ဟူထိုက်ရှန့်၏ဝိညာဉ်အား ရစ်ပတ်သွားကာ သစ်ကိုင်းအဖြစ် ပြန်လည်ပြောင်းလဲသွားစေသည်။

သစ်ကိုင်းကို သိမ်းဆည်းလိုက်ပြီးနောက် ဟန်မူယဲ့ ထရပ်ကာ ပြင်းတင်းပေါက်အား ဖွင့်လိုက်သည်။

ဟန်မူယဲ့က တစ်စုံတစ်ခုကို အလေးအနက်တွေးတောနေသည့်အလား အဝေးမှ တောင်တန်းများကို ငေးကြည့်နေသည်။

…

နောင်တစ်နေ့တွင် ကျောက်ဖူရော်ကလာကာ ဟန်မူယဲ့တို့နှင့် စကားလာပြောသည်။

ထို့ပါ့ချန်က သူ့အား နောက်ဆုံးတပည့်အဖြစ် လက်ခံကာ ကျောက်တုံးသုံးတုံးစံအိမ်၏အမွေခံတပည့်အဖြစ် ရွေးချယ်ခဲ့သည်။

ကျောက်ဖူကား ထိုအခွင့်အရေးကို ဆယ်နှစ်ကြာ စောင့်ဆိုင်းနေခဲ့၏။

၎င်းသည် သူ့အတွက် ဝမ်းသာစရာ ကိစ္စဖြစ်သည်။

“စီနီယာအစ်ကိုဟန်… ကျုပ် အစ်ကိုဟွမ်ကို သွားရှာချင်တယ်”

လင်းရှန်က ဟန်မူယဲ့အား လေးနက်စွာ ပြောသည်။

“အနည်းဆုံး ကျုပ်က သွေးကြောသွယ်ဆက်အဆင့်က လူတွေကို အနိုင်ယူနိုင်တယ်”

လင်းရှန်၏တိုက်ခိုက်ရေးစွမ်းရည်ကား အတော်လေး ကောင်းမွန်သည်။

ဟန်မူယဲ့က အဖြေမပေးပေ။

အဝေးတွင် လျှိုဟုန်သည် အပြေးလေး လှမ်းလာနေသည်။

“ထင်တဲ့အတိုင်းပဲ… ထန်ချီဟာ ပညာရှင်တစ်ရာလောက်နဲ့ သစ္စာဖောက်တွေကို သွားတားတယ်”

လျှိုဟုန်က အလျင်စလို ပြောသည်။

ထန်ချီသည် ပညာရှင်တစ်ရာခန့်ဖြင့် ဖုန်းရှို့တောင်သို့ သွားရာ လမ်းခုလတ်၌ သစ္စာဖောက်ဂိုဏ်းများအား ကြားဖြတ်တားဆီးခဲ့သည်။

ထိုပညာရှင်များဖြင့် သူသည် အမှန်တကယ် သစ္စာဖောက်ဂိုဏ်းများအား တားဆီးနိုင်လောက်၏။

ထိုတိုက်ပွဲသာ ပြီးဆုံးသွားပါက ထန်ချီ၏နာမည်သည် အနောက်ဘက်ကုန်းမြေတစ်ခွင် ကျော်ကြားပေလိမ့်မည်။

“ဒါက ကြားဖြတ်တားတာလောက်ဆို အဆင်ပြေသေးတယ်”

ဟန်မူယဲ့၏မျက်လုံးများ စူးရှသွားသည်။

“သူက အဲဒီဂိုဏ်းတွေကို တားရုံလောက်နဲ့ ကြေနပ်မယ်လို့ မထင်ဘူး”

ဘာကို ဆိုလိုတာလဲ။

လျှိုဟုန်က ဟန်မူယဲ့အား နားမလည်စွာ ကြည့်သည်။

ဟန်မူယဲ့က မရှင်းပြတော့ပါ။

ဟန်မူယဲ့ ဓားစံအိမ်၏ဒုတိယထပ်သို့ တက်လာသည်။

သူက သူ၏ဓားဆန္ဒများ သိမ်းဆည်းထားရာ ဓားစင်များထံသို့ ဝင်ရောက်သွား၏။

နောက်တစ်ရက်တွင် ဟန်မူယဲ့ အောက်ထပ်သို့ ဆင်းလာသည်။ သည်တစ်ကြိမ် အားလုံးက ဟန်မူယဲ့၏မူမမှန်မှုကို ခံစားကြရသည်။

ထိုအခိုက်တွင် ဟန်မူယဲ့၏ဆံပင်များမှာ မီးခိုးရောင်အဖြစ် ပြောင်းလဲသွားကာ အနည်းငယ် အိုမင်းရင့်ရော်ဟန်ပင် ပေါက်နေသည်။

သို့သော်လည်း သူ၏မျက်လုံးများမှာ စူးရှလွန်းရကား မည်သူမှ သူ့အား တိုက်ရိုက်မကြည့်ရဲပါ။

သူ၏ချီပင်လယ်တွင် ဓားဆန္ဒ ၉၉ခုသည် သူ့သက်တမ်းအား အဆက်မပြတ် စားသုံးနေသည်။

သူ၏ချီပင်လယ်က ဓားဆန္ဒများ၏ဒဏ်ကို ခံနိုင်ရည်ရှိခြင်းက အကန့်အသတ်ရှိပေသည်။

“ဖုန်းရှို့တောင်က သတင်းတွေ ရသေးလား”

ဟန်မူယဲ့က မေးသည်။

သူ၏အသံက အနည်းငယ် တင်းမာနေ၏။

လျှိုဟုန်က သူ့အား မကြည့်ရဲဘဲ ခေါင်းငုံ့ကာ ပြောသည်။

“ထန်ချီ… သစ္စာဖောက်ဂိုဏ်းတွေကို တားထားတယ်။ နောက်လည်း မဆုတ်ဘူး။ ရှေ့လည်း မတိုးဘူး”

“ဖုန်းရှို့တောင်မှာ တောင်ပိုင်းစစ်တပ်ဟာ အဲဒီသစ္စာဖောက်ဂိုဏ်းတွေကို လက်ခံဖို့ ကြိုးစားနေတယ်။ သူတို့က အဆက်မပြတ် တိုက်ခိုက်နေပြီးတော့ တိုက်ပွဲဟာလည်း အရမ်းပြင်းထန်တယ်”

“အဲဒီသစ္စာဖောက်ဂိုဏ်းတွေ…”

လျှိုဟုန်က တီးတိုးပြောသည်။

“သူတို့က မိန်းကလေးလုရဲ့ သရုပ်မှန်ကို သိသွားလောက်ပြီ”

ဟန်မူယဲ့ ခေါင်းညိတ်သည်။ သူက လုကောတို့အား ကြည့်ကာ ပြောသည်။

“ဓားစံအိမ်ကို စောင့်ကြပ်ပါ”

သူက လျှိုဟုန်အား ပုခုံးပုတ်ကာ ပြောသည်။

“ငါ ပြန်လာရင် မင်းကို ဓားစံအိမ်ထဲ လက်ခံပေးမယ်”

လျှိုဟုန် တုန်ယင်သွားကာ စိတ်လှုပ်ရှားစွာ ပြောသည်။

“စီနီယာအစ်ကိုဟန်… အစ်ကိုဟန်က ဘယ်ကို သွားမလို့လဲ”

ဟန်မူယဲ့ထံမှ ဓားအလင်းများသည် ဓားစံအိမ်တစ်ခုလုံးအား လင်းလက်လာစေသည်။

“ဖုန်းရှို့တောင်သို့…”

All Chapters