← Chapters

အဖြူရောင်အခေါင်း

Vol. 162 Ch. 2300

အဖြူရောင်အခေါင်း

Vol. 162 Ch. 2300

အားကောင်းသော တေးသွားသည် အလောင်းဘုရင်ကို ဗဟိုပြုလျှက် ပတ်ဝန်းကျင်ကို ပျံ့လွင့်လာ၏။ ချက်ချင်းပင် ကောင်းကင်နှင့်မြေပြင်မှာ တေးသွား၏ပိုင်နက်အတွင်းသို့ ကျရောက်သွားခဲ့သည်။

တေးသွားများသည် လူတိုင်း၏နားစည်မှတစ်ဆင့် သူတို့၏စိတ်ဝိညာဉ်များသို့ စိမ့်ဝင်လာကြ၏။ နတ်ဘုရားကဒ်ဘေးအဆင့်များသည်ပင် သူတို့၏စိတ်ဝိညာဉ်တုန်ခါမှုကို ခံစားကြရသည်။

ဟူး…

တေးသွားသည် အလောင်းဘုရင်ထံမှ အဆက်မပြတ် ပျံ့လွင့်လာနေသည်။ တခဏအတွင်း၌ ထိုနေရာတစ်ခုလုံးသည် တေးသွားများဖြင့် ဖုံးလွှမ်းသွား၏။

တီးလုံးသံတစ်ခုစီးတိုင်းသည် အဆုံးမဲ့သော ဝမ်းနည်းပူဆွေးမှုများ ကပ်ညိနေသည်။

“ကောင်းကင်တေးသွား…” သခင်လော့၏မျက်နှာက လေးနက်နေသည်။ သူက လေထဲတွင်ပင် ထိုင်ကာ တေးသွားကို ဂရုတစိုက် နားထောင်နေသည်။

တေးသွားသည် ကြောက်စရာကောင်းသလို ပျောက်ဆုံးနေသော တေးသွားကို နားထောင်ခွင့်ရခြင်းကလည်း ကံကောင်းခြင်းတစ်မျိုးဖြစ်သည်။ ထို့အပြင် ဤတေးသွားမှာ  မဟာအင်ပါယာကိုယ်တိုင် တီးခတ်ထားခြင်းလည်း ဖြစ်နိုင်သည်။ သူသည် လူသားတစ်ဦးအနေဖြင့်မဟုတ်တော့သည့်တိုင် တခြားပုံစံတစ်မျိုးဖြင့် တည်ရှိကာ တေးသွားကို တီးခတ်ခြင်း ဖြစ်နိုင်၏။

ဂီတပညာရှင်တစ်ဦးအနေဖြင့် သခင်လော့သည် ကောင်းကင်တေးသွားကို နားထောင်ရခြင်းအား နှိုက်ခြိုက်ပေသည်။ သူက တေးသွား၏တိုက်ခိုက်မှုကို ခုခံသလို တစ်ဘက်တွင်လည်း တီးလုံးများကို နားလည်ဆင်ခြင်ရန် ကြိုးစား၏။

တစ်ဘက်တွင် သူသည် ဂီတပညာ၌ ထူးချွန်ရာ တေးသွားကို တခြားလူများထက် ခုခံနိုင်စွမ်း ရှိသည်။

ထိပ်သီးတန်ခိုးရှင်များသည် သူတို့၏စိတ်အာရုံများကို ပိတ်ဆို့ကာ ကောင်းကင်တေးသွားကို ခုခံကြရသည်။ ကောင်းကင်တေးသွား၏နယ်ပယ်ထဲ ကျရောက်သွားသူတိုင်းမှာ အဆုံးမဲ့သော ဝမ်းနည်းပူဆွေးမှုမှ လွတ်မြောက်ရန် ခက်ခဲပေသည်။

ကောင်းကင်တေးသွားနှင့်အတူ တစ်လောကလုံးမှာ ကြေကွဲစရာအတိ ဖြစ်လာသည်။

ရီဖူရှင်းသည်လည်း တခြားလူများကဲ့သို့ ထိုင်နေသည်။ သူ၏စိတ်ဝိညာဉ်မှာ မဟာအင်ပါယာရှန်ကျားခန္ဓာ၌ ရှိသော်လည်း သူ့အနေဖြင့် ကောင်းကင်တေးသွားကို ခုခံရန်မှာ မဖြစ်နိုင်သေးပေ။ တေးသွားသည် စိတ်ဝိညာဉ်ကို တိုက်ခိုက်ရန် ဖန်တီးထားခြင်း ဖြစ်သည်။ အားကောင်းသော ပူဆွေးဝမ်းနည်းမှုသည် သူ့အား တဖန် တိုက်ခိုက်လာပြန်၏။ ထိုခံစားချက်သည် တစ်စုံတစ်ယောက်အား အသိစိတ်ပျောက်သွားလောက်အောင် အားကောင်းသည်။

နတ်ဘုရားကဒ်ဘေးဒုတိယအဆင့်များသည်ပင် မလွန်ဆန်နိုင်ပေ။ သူတို့က အားကောင်းသော မဟာလမ်းစဉ်စွမ်းအားများကို ထုတ်လွှတ်ကာ အလောင်းဘုရင်ကို ကြည့်ကြသည်။ သူတို့က ရှေ့ကို ဆက်သွားကာ အလောင်းဘုရင်အား ဖျက်ဆီးရန် ကြိုးစားကြသည်။

သို့သော်လည်း သူတို့က ရှေ့ကို ဆက်တိုးသွားလျှင် တေးသွားသည်လည်း ပိုမိုအားကောင်းလာသည်။ ၎င်းသည် သူတို့၏စိတ်နယ်ပယ်ကို ပိုမိုအားကောင်းစွာ ထိုးနှက်တိုက်ခိုက်၏။

သူတို့၏စိတ်ဝိညာဉ်မှာ သံမဏိခဲ့သို့ ခိုင်မာပေသည်။ သို့သော်လည်း လက်ရှိအခြေအနေတွင် တေးသွားအား ခက်ခဲပင်ပန်းစွာ ခုခံကြရ၏။ တေးသံသည် သူတို့၏စိတ်ဝိညာဉ်ကိုသာမက ရုပ်ခန္ဓာကိုပါ ပြင်းထန်စွာ တိုက်ခိုက်လာ၏။

တခြားအရပ်တစ်ခုတွင် နတ်ဘုရားကဒ်ဘေးဒုတိယအဆင့်တစ်ဦးသည် အလောင်းဘုရင်အား ရသမျှနည်းဖြင့် တိုက်ခိုက်ရန် ကြိုးစားသည်။ လေဟာနယ်သည် အစိတ်စိတ်ကွဲအက်သွားကာ အနက်ရောင်အလင်းများသည် အလောင်းဘုရင်အနီး၌ စတင်ဖြစ်ပေါ်လာ၏။ ထို့နောက် အလောင်းဘုရင်၏ခန္ဓာသည် တစ်စပြီးတစ်စ ပျက်စီးကာ လေဟာနယ်ထဲ လွင့်ပါးသွားသည်ကို သူတို့ မြင်ကြရ၏။

သူ သေသွားပြီလား။ လူတိုင်းက ထိုမြင်ကွင်းကို မယုံနိုင်ကြပေ။

“ဒါ မဟုတ်သေးဘူး” လူတိုင်းက သတိထားနေကြသည်။ တေးသွားသည် ပျောက်ကွယ်သွားခြင်း မရှိသေးပေ။ ရုပ်ခန္ဓာပျက်စီးသွားသည့်တိုင် တေးသွားက ဆက်လက်တည်ရှိသေးရာ အန္တရာယ်မှာ အလုံးစုံ ပျောက်ကွယ်သွားခြင်း မရှိသေးပေ။

ရှေ့ဆုံးကို ရောက်နေသော ထိပ်သီးတန်ခိုးရှင်သည် ခေါင်းငုံ့ကာ အောက်မှ အုတ်ဂူကို ကြည့်သည်။ သူက အပြင်ကို စိမ့်ထွက်နေသော တေးသံအား မြင်၏။ ထိုလူက ရှေ့ကို လှမ်းလိုက်သည်တွင် ဧရာမဖိအားတစ်ခုသည် ချက်ချင်း ကျဆင်းလာပြီး အုတ်ဂူအား အက်ကွဲစေသည်။

အုတ်ဂူထဲ၌ မည်သည့်အရာရှိမည်ကို သူက သိလို၏။

အရာအားလုံးက ထူးဆန်းနေသော်လည်း မဟာအင်ပါယာ အမှန်တကယ် တည်ရှိနေသေးသည်ဟု သူ မယုံကြည်ပေ။ မဟုတ်လျှင် မဟာအင်ပါယာက သူတို့အား မည်သို့ သည်းညည်းခံမည်နည်း။

အုတ်ဂူအတွင်း၌ လျှို့ဝှက်ချက်များ ရှိနေဟန်ရသည်။

အုတ်ဂူမှာ ပြိုကွဲသွားသည်နှင့် ကျောက်တုံးအခေါင်းတစ်ခုအား တွေ့ရ၏။ ၎င်းကား အလုံးစုံ အဖြူရောင်ဖြစ်သည်။ တေးသွားသည် ထိုနေရာမှ ထွက်ပေါ်နေခြင်းဖြစ်ကာ နတ်အာရုံများသည်ပင် ၎င်းအား ထိုးဖောက်စစ်ဆေးခြင်း မပြုနိုင်ပေ။

ဤသည်က နတ်ဘုရားကဒ်ဘေးဒုတိယအဆင့်များအား အံ့အားသင့်စေသည်။ သူတို့က အဖြူရောင်အခေါင်းအား ကြည့်ကြ၏။ မဟာအင်ပါယာရှန့််ယင်၏အလောင်းမှာ သည်အထဲ၌ ရှိမည်လော။

အကယ်၍ အမှန်တကယ်သာ မဟာအင်ပါယာ၏အလောင်းရှိပါက တေးသွားသည် မည်သည့်နေရာမှ လာသနည်း။

သို့ဆိုလျှင် တေးသွားကို မည်သို့ တီးခတ်သနည်း။

ထို့အပြင် အခေါင်းမှ တေးသံသည် ပိုမို၍ အားကောင်းလာနေ၏။ ထို့ကြောင့် တန်ခိုးရှင်များမှာ ပုံရိပ်ယောင်များကိုပင် မြင်လာရပြီး အဆုံးမဲ့သော ဝမ်းနည်းပူဆွေးမှုသို့ ကျရောက်တော့မည့်အလား ဖြစ်လာသည်။

ဘုန်း…

သူတို့ထံမှ ထွက်လာသော အရှိန်အဝါသည် ပြင်းထန်အားကောင်း၏။ သူတို့အားလုံးက အခေါင်းကို ကြည့်နေကြ၏။ သူတို့က အခေါင်းကို ဖွင့်ကာ အတွင်းမှ လျှို့ဝှက်ချက်အား ဖော်ထုတ်ရန် အဆင်သင့်ဖြစ်သည်။

ယခင်ကဲ့သို့ပင် သူတို့က အခေါင်းထံသို့ တိုးသွားကာ အပြင်းအထန် တိုက်ခိုက်ကြ၏။

ထိုတန်ခိုးရှင်များ၏တိုက်ခိုက်မှုမှာ အရာခပ်သိမ်းကို ဖျက်ဆီးရန် လုံလောက်သည်။ သို့သော်လည်း သူတို့မှာလည်း ကြီးမားသော ဖိအားအောက်သို့ ရောက်နေကြသည်။ သူတို့၏တိုက်ခိုက်မှုမှာ တားဆီးပိတ်ပင်ခံရသည့်အလား ရုန်းကန်ရင်းဖြင့် ရှေ့ကို ရွေ့လျားနေကြရသည်။

တစ်ဘက်တွင် သူတို့မှာ ပိုမိုနီးကပ်လာသည်။

သခင်လော့က မျက်လုံးကို ဖွင့်ကာ ရှေ့ကို ကြည့်သည်။ သူသည် ကြီးစွာ စိတ်လှုပ်ရှားနေ၏။ ကြည့်ရသည်မှာ အခေါင်းကို အမှန်တကယ် ဖွင့်ကြတော့မည်။

အကယ်၍သာ မဟာအင်ပါယာသည် အမှန်တကယ် အထဲ၌ ရှိပါက တန်ခိုးရှင်များ၏အပြုအမူက ကြီးမားသော မလေးစားမှု ဖြစ်၏။

သို့သော်လည်း တန်ခိုးရှင်များ၏လောဘမှာ အဆုံးမဲ့သည်။ မဟာအင်ပါယာ၏ဖြစ်တည်မှုက သူတို့၏ဆင်ခြင်တုံတရားကို ဝါးမျိုသွားပြီးဖြစ်သည်။ အက်ကွဲသံတစ်ခု ကြားကြရ၏။ ၎င်းသည် ဖွင့်ရန် များစွာ ခက်ခဲခြင်းမရှိပေ။

ဘန်း…

အခေါင်းသည် ပေါက်ကွဲထွက်သွား၏။ ထိုအခိုက်တွင် လူတိုင်းက အထဲတွင်ရှိသည့်အရာကို လှမ်းကြည့်ကြသည်။

All Chapters