← Chapters

chapter(1)

Vol. 1 Ch. 1

chapter(1)

Vol. 1 Ch. 1

အသန့်စင်ဆုံးစနစ်- ရီချောင်ဖုန်း

စာစဥျ(1)

အခန်း(1)

ကြီးမားကျယ်ပြန့်သောသားရဲမိစ္ဆာတောထဲတွင် လူအများသည် သာမာန်သားရဲကောင်တချို့ကို လိုက်လံသတ်ပစ်နေခဲ့သည်။

"ဆရာတူအကိုချောင်ဖုန်းက သိပ်တော်တာပဲ ၊ သူတစ်ယောက်ထဲနဲ့ သားရဲကောင်တွေအများကြီးကို သတ်ပစ်နိုင်တယ်"

ကောင်မလေးတစ်ယောက်သည် ခါးလေးယိမ်းကာ လမ်းလျှောက်လာပြီး ချောင်ဖုန်း လက်ကို ကိုင်လိုက်သည်။ထိုမိန်းကလေးသည် ချောင်ဖုန်းနဲ့ချစ်ကြိုးသွယ်နေသော အမျိူးသမီးဖြစ်သည်။

"ဆရာတူအကိုချောင်ဖုန်း......ကျွန်မတို့ ဒီတောထဲကနေ ဘယ်ချိန် ပြန်ထွက်ရမှာလဲ"

ထိုအခါ ချောင်ဖုန်းသည်အခြေအနေကို ကြည့်လိုက်ပြီး တစ်ဖွဲ့လုံးကို အမိန့်ပေးလိုက်သည်။

"အထွပ်အမြတ်ရတနာဂိုဏ်းသားအားလုံးငါပြောတာ နားထောင်ပါ ၊ သတ်ထားတဲ့ သားရဲကောင်တွေကို သိုလှောင်အိတ်ထဲ ထည့်ပြီး ဂိုဏ်းကို ပြန်ဖို့ဆောင်ရွက်ကြ"

ချောင်ဖုန်းသည် အထွပ်အမြတ်ရတနာဂိုဏ်း၏ ပင်မတပည့်ဝင်ဖြစ်ပြီး အဖွဲ့ခေါင်းဆောင်တစ်ယောက်လဲ ဖြစ်သည်။

ဂိုဏ်းသားအားလုံးသည် သေဆုံးသော သားရဲကောင်များကို သိုလှောင်အိတ်ထဲသို့ ထည့်နေခဲ့သည်။

ထိုချိန်မှာ အလွန်ကျယ်လောင်သောသားရဲသံကြီး တစ်ခုကို ကြားလိုက်ရသည်။

"ဝူး.......ဝူး....ဟူး.......ဝူး"

ထိုအသံကြားသောအခါ အားလုံးသည် ကြောက်လန့်သွားပြီး ချောင်ဖုန်းနောက်ကို ​ရောက်ရှိလာကြလေသည်။

"ဆရာတူအကို.....ဒီသားရဲက သာမာန်သားရဲတစ်ကောင်မဖြစ်နိုင်ဘူးထင်တယ်"

ထိုချိန်မှာ မျက်လုံးတစ်ဖက်ထဲရှိသော ဧရာမအကောင်ကြီးသည် ချောင်ဖုန်းတို့ အဖွဲ့ရှေ့ကို ခုန်လာလေသည်။ထိုသားရဲသည် မျက်လုံးအကြီးကြီးတစ်လုံးသာပါရှိပြီး တစ်ကိုယ်လုံး မဲနက်နေလေသည်။

ထိုသားရဲကြီးကို မြင်သောအခါ အားလုံးသည် နောက်ပြန်လဲကျကာ အော်ဟစ်နေကြလေသည်။

"အဲ့တာ အဆင့်တစ်နတ်ဆိုးသားရဲကောင်ကြီးပဲ ၊ ငါတို့တွေ သေကြရတော့မှာလား"

ချောင်ဖုန်းလဲ ထိုသားရဲကောင်ကြီးကိုကြည့်ကာ တုန်လှုပ်နေလေသည်။ချောင်ဖုန်းသည် ထူးချွန်သူအဆင့်နယ်ပယ်၌သာ ရှိသေးပြီး

နတ်ဆိုးသားရဲသည် ဘုရင်အဆင့်နယ်ပယ်ဖြစ်နေခဲ့သည်။

ထိုချိန်မှ ဘေးမှ မိန်းမပျိုမှ ပြောလိုက်သည်။

"ဆရာတူအကိုချောင်ဖုန်း ......လုံအာတို့တွေ ဒီမှာသေရတော့မှာလား ၊လုံအာမသေချင်သေးဘူး "

ထိုအခါ ချောင်ဖုန်းသည် သူ့ရဲ့ဓားထုတ်ကာ ​ပြန်ပြောလိုက်သည်။

"လုံအာ.....ကိုယ်ရှိနေသရွေ့ မင်းကိုဘယ်သူမှ မထိခိုက်စေရဘူး "

ချောင်ဖုန်းသည် ထို့နောက် ဂိုဏ်းသားအားလုံးကို ကြားအောင်ပြောလိုက်သည်။

"အဆင့်တစ်နတ်ဆိုးသားရဲကောင် ရောက်ရှိလာလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး ၊ ငါရဲ့ပေါ့ဆမှုကြောင့် မင်းတို့အားလုံးကိုပါ ပါဝင်စေမိပြီ"

ထိုအခါ ဂိုဏ်းသားများကလဲ ကိုယ်စီပြောလိုက်ကြသည်။

"မဟုတ်ဘူး.....ဆရာတူအကိုချောင်ဖုန်း ၊ ဒါမင်းအပြစ်မဟုတ်ဘူး "

"ဆရာတူအကိုချောင်ဖုန်း.......ဒီအဆင့်တစ်နတ်ဆိုးသားရဲကောင်ကို အားလုံးပူးပေါင်းပြီး တိုက်ခိုက်မယ်ဆိုရင်ရော "

ချောင်ဖုန်းသည် ညာဘက်လက်ထောင်လိုက်ပြီး ပြောလိုက်သည်။

"ငါ့အမိန့်ကို မင်းတို့က ခုထဲက မနာခံချင်တာလား"

"ကျွန်တော်တို့......."

ထိုလူတွေသည် ချောင်ဖုန်းရဲ့စကားကြောင့် ဆက်မပြောရဲတော့ဘဲ တိတ်ဆိတ်သွားခဲ့သည်။

"ငါဒီသားရဲကောင်ကို အချိန်ခဏတာ ဆွဲထားနိုင်တယ် ၊ အဲ့ချိန်အတွင်း မင်းတို့အားလုံးလွတ်အောင်ပြေးပြီး အကြီးအကဲတစ်ယောက်ယောက်ကို အမြဲတင်ပြလိမ့်ပါ ၊ ငါပြောတာကြားလား"

"ဟုတ်....ဟုတ်ကဲ့ပါ ဆရာတူအကို"

ချောင်ဖုန်းသည် သူရဲ့ဓားကို ကိုင်ပြီး သားရဲကောင်ကြီးဆီကို ပြေးဝင်သွားပြီးတိုက်ခိုက်လိုက်သည်။အားလုံးက ဝိုင်းကြည့်နေတဲ့အတွက် နောက်ထပ်တစ်ခါ အော်ဟစ်လိုက်ရသည်။

"မင်းတို့က ခုချိန်ထိမသွားကြသေးဘူး....."

ထိုအခါမှသာ ဂိုဏ်းရှိရာဘက်သို့ အားလုံးသည် ပြေးသွားကြလေသည်။ ချောင်ဖုန်းကတော့ သားရဲကောင်ကြီးကို ဓားချီစွမ်းအင်များဖြင့် အနီးကပ်တိုက်ခိုက်လိုက် အဝေးမှ တိုက်ခိုက်လိုက်နဲ့ ကျန်နေခဲ့သည်။ နောက်ဆုံး ချောင်ဖုန်းသာ စွမ်းအင်များကုန်ခမ်းသွားပြီး သားရဲကောင်ကြီးမှာတော့ ခြစ်ရာ တစ်ခုလေးပင် မကျန်ခဲ့ပေ။

"ဒီသားရဲကောင်ရဲ့အသားက အဲ့လောက်တောင်မာတာလား ၊ အကြီးအကဲတွေ အမြန်ရောက်လာဖို့ပဲ မျှော်လင့်တော့တယ်"

ချောင်ဖုန်းတွေးနေတုန်းမှာ သားရဲကောင်ကြီးသည် လက်သည်းကြီးများဖြင့် ချောင်ဖုန်းအား ကုတ်ချလိုက်သည်။

ချောင်ဖုန်းလဲ သူ့ရဲ့ ဓားဖြင့် အမြန်ခုခံလိုက်ရသည်။

ဒါပေမယ့် သားရဲကောင်ရဲ့ လက်သည်းကြီးသည် ချောင်ဖုန်း ဓားကို ကျိူးပဲ့သွားစေပြီး ချောင်ဖုန်းသည် နောက်သို့ လွင့်ထွက်ကာ သွေးများပင် အန်လိုက်ရသည်။

"ကြည့်ရတာ အကြီးအကဲတွေမလာခင် ငါ့ဘဝ ဒီမှာတင်ဇာတ်သိမ်းရတော့မယ်ထင်တယ် ဟား......."

ချောင်ဖုန်းသည် လက်ထဲက ဓားကျိုးကို လွင့်ပစ်လိုက်ပြီး ကျန်ရှိတဲ့အားဖြင့် သားရဲကောင်ကြီးကို ရင်ဆိုင်ဖို့ ပြင်ဆင်လိုက်သည်။

ထိုအချိန်မှာ အထွပ်အမြတ်ရတနာဂိုဏ်း၏ အကြီးအကဲတစ်ယောက်သည် လေထဲက အလျင်အမြန် ​ပျံသန်းလာနေခဲ့သည်။

သားရဲကောင်ကြီးသည် ခုန်ဆွ ခုန်ဆွ ပြေးလာခဲ့ပြီး ချောင်ဖုန်းကို ထပ်မံ တိုက်ခိုက်လိုက်သည်။ချောင်ဖုန်းသည် လက်ဖြင့် ကာလိုက်ပင်မယ့် ဒီတစ်ခါတော့ ချောင်ဖုန်းသည် မြေပေါ်တွင် မှောက်ကျသွားကာ ပြန်တောင်မထနိုင်တဲ့အထိ ဖြစ်သွားသည်။

ထိုအခါ သားရဲကောင်ကြီးသည် သူ့ရဲ့အမြှီးဖြင့် ချောင်ဖုန်းကိုထပ်မံ တိုက်ခိုက်လိုက်တဲ့အခါ လွင့်ထွက်သွားပြီး သစ်ပင်ကို ရိုက်မိ၍ ပြန်ကျတဲ့အခါ ချောင်ဖုန်းသည် သတိပါလစ်သွားပါတော့သည်။

သားရဲကောင်ကြီးသည် ချောင်ဖုန်းအနားသို့ ရောက်ရှိလာပြီး စားဖို့အတွက် လျှာမှ သားရည်များဖြင့် ကျနေခဲ့သည်။သို့သော် ဓားချီအလင်းတန်းကြီးတစ်ချက်ကြောင့် သားရဲကောင်ကြီးသည်

ချောင်ဖုန်းရဲ့ အဝေးသို့ လွင့်ထွက်သွားလေသည်။ထို့နောက် အသက်ခပ်ကြီးကြီးလူတစ်ယောက်သည် ချောင်ဖုန်းနားသို့ ရောက်လာခဲ့သည်။

"အထွပ်အမြတ်ရတနာဂိုဏ်းရဲ့ ပါရမီရှင်တစ်ယောက်တော့ ထပ်ပြီးဆုံးရှုံးရပြန်ပြီ ၊ ဘယ်လိုပဲဖြစ်ဖြစ်လေ သူ့ရဲ့အသက်မဆုံးရှုံးအောင်တော့ ငါလုပ်ပေးရလိမ့်မယ်"

ထိုလူသည် ချောင်ဖုန်းကို သယ်ကာ အထွပ်အမြတ်ရတနာဂိုဏ်းဆီသို့ ပျံသန်းသွားလေသည်။

အခန်းတစ်ခန်းထဲတွင် ချောင်ဖုန်းသည် သတိလစ်နေခဲ့ပြီး ဘေးနားတွင် ချောင်ဖုန်းနဲ့ခင်သော သူရှိနေခဲ့သည်။

ဂိုဏ်း၏ အပြင်ဘက် တခြားနေရာတွင် လူများသည် ချောင်ဖုန်းအကြောင်းကို ပြောဆိုနေကြခဲ့သည်။

"မင်းတို့သိပြီးပြီလား.....ပင်မတပည့်က ဆရာတူအကိုချောင်ဖုန်းလေ သိုင်းပညာပျက်စီးသွားပြီး ကျင့်ကြံလို့ မရတဲ့လူဖြစ်သွားပြီတဲ့"

"အဲ့သတင်းက တကယ်ပဲလား.......အဲ့အပြင်သူ့ကို ဂိုဏ်းကအကြီးအကဲတချို့က နှင်ထုတ်ဖို့ ဂိုဏ်းချုပ်ကို တောင်းဆိုနေကြတယ်ဆိုတဲ့ သတင်းလဲ ကြားတယ်"

ထိုချိန်မှာ လူသုံးယောက်သည် ရောက်ရှိလာပြီး ချောင်ဖုန်းအကြောင်းပြောနေတဲ့လူတွေအား ပြောလိုက်သည်။ထိုလူကတော့ ပင်မတပည့် ရှောင်ကျူးခွမ်ဖြစ်သည်။

"အဲ့သုံးစားမရတဲ့အမှိုက်တစ်ကောင်အကြောင်းကို မင်းတို့ကဘာလို့ပြောနေကြတာလဲ"

ကျူးခွမ်အသံကြားတဲ့အခါ အားလုံးကာ ရိုရိုသေသေနှုတ်ဆက်လိုက်သည်။

"ဆရာတူအကို ကျူးခွမ်.....မင်္ဂလာပါ "

ကျူးခွမ်သည် စကားတစ်ခွန်းထပ်ပြောပြီးနောက် လက်နောက်ပစ်ကာ သူ့လူတွေနဲ့အတူ ထွက်ခွာသွားလေသည်

"နောက်ခါ အဲ့အမှိုက်ကောင်အကြောင်းပြောတဲ့လူကို ငါကိုယ်တိုင် ပညာပေးပစ်မယ်"

ကျူးခွမ်ထွက်ခွာသွားပြီးနောက် အားလုံးသည် သူတို့ကြားရတဲ့သတင်းမှန်ကန်ကြောင်းသိရှိသွားကြသည်။

ထိုအချိန်မှာ ချောင်ဖုန်းသည် ဒဏ်ရာများစွာဖြင့် နိုးထလာပါတော့သည်။သူ့ဘေးမှ သူငယ်ချင်းဖြစ်သည့် လီဟောက်ရန်သည်

ချောင်ဖုန်းအား ထိုင်ရန်အတွက် တွဲကူထူပေးလိုက်သည်။

"ချောင်ဖုန်း.......မင်းသတိရလာပြီလား"

ချောင်ဖုန်းသည် ဘေးပတ်ပတ်လည်ကို ကြည့်ပြီးပြောလိုက်သည်။

"ဟောက်ရန်.....ငါဘယ်ရောက်နေတာလဲ"

"ဒါအကြီးအကဲစွန်ရဲ့ အခန်းထဲမှာလေ.....သူကမင်းဒဏ်ရာတွေကို ကုပေးနေတာ"

ထို့နောက် ချောင်ဖုန်းသည် သူဒဏ်ရာတွေရရှိတာကို သတိရသွားပြီး ခေါင်းခါကာ ပြောလိုက်သည်။

"ဟုတ်သားပဲ.....ငါဒဏ်ရာတွေကို ပြန်လည်ကုသရအုံးမယ်"

ချောင်ဖုန်းသည် သူရဲ့စွမ်းအင်တွေကို စုစည်းဖို့ ဟန်ပြင်လိုက်သည်။သို့သော် သူလှုပ်ရှားလိုက်သော်လည်း ဘာမှထူးခြားမလာတဲ့အတွက် ချောင်ဖုန်းသည် လန့်သွားခဲ့သည်။

ထိုအခါ ဟောက်ရန်က ချောင်ဖုန်းရဲ့ ပုခုံးကို ကိုင်ကာ ပြောလိုက်သည်။

"ချောင်ဖုန်း......မင်းရဲ့ ဒန်တျန်က ပျက်စီးသွားပြီး မင်းက သိုင်းကျင့်ကြံလို့မရတဲ့တဲ့ သာမာန်လူဖြစ်သွားပြီ ၊ ဒါပေမယ့် မင်းကို ဒီမှာပဲ နေခိုင်းဖို့ အကြီးအကဲစွန်က ဂိုဏ်းချုပ်ကို ပြောထားပေးတယ်"

ဟောက်ရန်သည် ချန်ရန်နိုးလာသည်ကို ပြောဖို့အတွက် အခန်းထဲက ထွက်ခွာသွားခဲ့သည်။

ဟောက်ရန်ပြောသံကို ကြားတဲ့အခါ ချောင်ဖုန်းသည် သေချင်စိတ်ပါ ဖြစ်ပေါ်သွားခဲ့သည်။

သိုင်းပညာလျှောက်လမ်းနေသောလူသည် သာမာန်လူအဖြစ်သို့ ပြောင်းလဲရခြင်းမှာ သေချင်းထက်ပိုဆိုးလေသည်။ထိုအချိန်မှာ ချောင်ဖုန်းသည် နားထဲမှ အသံတစ်ခုကြားလိုက်သည်။

"စနစ်ရှင်သည် သာမာန်လူတစ်ယောက်ဖြစ်သွားပြီဖြစ်တဲ့အတွက် စနစ်နဲ့ချိတ်ဆက်သွားပါပြီ"

ချောင်ဖုန်းသည် ထိုအသံကြားသောအခါ ရူးသွားလေသည်။

"စနစ်.....ဘာစနစ်လဲ ဘယ်သူပြောလိုက်တာလဲ"

All Chapters