Chapter(2)
Vol. 1 Ch. 2
အသန့်စင်ဆုံးစနစ်
အခန်း(2)
ထိုချိန်မှာ ဟောက်ရန်နှင့်အကြီးအကဲစွန်းသည် ချောင်ဖုန်းရှိသို့ ရောက်လာခဲ့ကြသည်။အကြီးအကဲစွန်းသည် ထိုင်ကာ ချောင်ဖုန်းရဲ့ သွေးကြောကို စမ်းပြီး ပြောလိုက်သည်။
"ချောင်ဖုန်း......နောက်ဆုံးတော့ မင်းအသက်ဘေးကတော့လွတ်မြောက်သွားပြီပဲ ၊ဒါပေမယ့် .........."
ချောင်ဖုန်းသည် သူ့လက်ကို ပြန်ရုတ်သိမ်းလိုက်ပြီး အကြီးအကဲစွန်းစကားဆုံးအောင် မပြောလိုက်ခင်မှာ ကျေးဇူးတင်လိုက်သည်။
"ချောင်ဖုန်းအသက်ကို ကယ်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်......အကြီးအကဲစွန်း"
အကြီးအကဲစွန်းသည် ထလိုက်ကာ ချောင်ဖုန်းကို ပြောလိုက်သည်။
"ဒါငါလုပ်ရမယ့်တာဝန်ပါ ချောင်းဖုန်း........မင်းလဲ နိုးပြီဆိုတော့ ဂိုဏ်းချုပ်ကို သွားတွေ့ကြရအောင်"
ချောင်ဖုန်း ၊ ဟောက်ရန်နှင့် အကြီးအကဲစွန်းတို့သည် အထွပ်အမြတ်ရတနာဂိုဏ်း၏ ဂိုဏ်းချူပ်ဆီသို့ ရောက်လာခဲ့ကြသည်။
"ဂိုဏ်းချုပ်ကို......ဂါဝါရပြုပါတယ်"
"ရပါတယ်.......မင်းတို့သက်သာသလိုနေပါ"
ဂိုဏ်းချုပ်သည် ချောင်ဖုန်းကို မြင်တာနဲ့မေးလိုက်သည်။
"ပင်မတပည့်ချောင်ဖုန်းဆိုတာ ..... မင်းလား"
"ဟုတ်ပါတယ်......ဂိုဏ်းချုပ်"
ဂိုဏ်းချုပ်သည် စိတ်မကောင်းသည့်ပုံဖြင့် သူမုတ်ဆိတ်မွှေးကို ကိုင်ကာ ပြောနေခဲ့သည်။
"ငယ်ငယ်ရွယ်ရွယ်နဲ့ ပါရမီရှင်တွေ ဆုံးရှုံးနေရတာ ဘယ်နှစ်ယောက်တောင်များ ရှိနေပြီလဲ"
ထိုနောက် ဂိုဏ်းချုပ်သည် သူ့သိုလှောင်ကွင်းလက်စွပ်ထဲမှ ငွေဒင်္ဂါးများပါရှိသည့် အိတ်ထုပ်တစ်ထုပ်ကို ပေးလိုက်သည်။
"ဒီလောက်ဆို မင်းလုံလောက်မယ်ထင်ပါတယ်"
ထိုအခါ ဟောက်ရန်နဲ့အကြီးအကဲစွန်းသည် မျက်နှာပျက်သွားပြီး ဂိုဏ်းချုပ်ကို မေးမြန်းလိုက်သည်။
"ဂိုဏ်းချုပ်........ဒီသဘောက"
"သိုင်းကျင့်ကြံလို့မရတော့တဲ့လူတစ်ယောက်က ငါတို့ဂိုဏ်းနဲ့မအပ်စက်တော့ဘူး ၊ ဒီလောက်ငါကောင်းမွန်နေတာပဲ လွန်နေပြီ ၊
ထို့နောက် ဂိုဏ်းချုပ်သည် အကြီးအကဲစွန်းနှင့်ဟောက်ရန်ကိုသူ့အခန်းထဲသို့ ခေါ်သွားခဲ့ပြီး ချောင်ဖုန်းကတော့ အပြင်မှာ ကျန်ခဲ့သည်။
ထို့ချိန်အကြီးအကဲတချို့သည် ရောက်ရှိလာပြီး ချောင်ဖုန်းကို မောင်းထုတ်ကြပါတော့သည်။
"အကြီးအကဲစွန်းက......မင်းလိုအမှိုက်ကောင်အတွက် ကာပြောပေးနေတာပဲ ၊ အမှိုက်လိုကောင်က ငါတို့လိုမြင့်မြတ်တဲ့ ဂိုဏ်းမှာ ရှိမနေသင့်ဘူးလေ"
ချောင်ဖုန်းသည် စိတ်ဓာတ်ကျနေခဲ့ပြီး အထွပ်အမြတ်ရတနာဂိုဏ်းကနေ ထွက်သွားဖို့ဆုံးဖြတ်ချက်ချလိုက်သည်။
"ဘာမြင့်မြတ်တဲ့ဂိုဏ်းလဲ.....ဂိုဏ်းသားတွေအတွက် ငါ့အသက်ကိုစတေးပြီး တိုက်ခိုက်ခဲ့တာလေ ၊ ခု ငါသုံးစားမရတော့ ဂိုဏ်းကနေ နှင်ထုတ်တယ်တဲ့လား.ဟား....ဟား"
ထိုချိန်မှာ ကျူးခွမ်နဲ့လုံအာသည် ဖက်ကာ ချောင်ဖုန်းအနားကို ရောက်ရှိလာခဲ့သည်။
"ဆရာတူအကိုကြီးချောင်ဖုန်း......မင်းဘာတွေပြောနေတာလဲ၊
ဂိုဏ်းက မင်းကောင်းစားဖို့စီစဥ်ပေးတာလေ"
ချောင်ဖုန်းသည် ထိုနှစ်ယောက်ကို ကြည့်၍ နာကျင်သွားခဲ့သည်။
သူနဲ့ချစ်ကြိုးသွယ်နေသည့် အမျိုးသမီးက ခုတော့ သူသုံးစားမရသည့်အခါ နောက်တစ်ယောက်နောက်ကို ပါသွားသည်တဲ့လား။
"ကောင်းတယ်လုံအာ......မင်းသိပ်တော်တယ် ၊ မင်းအသက်ကိုကယ်ခဲ့တာတောင် ဟား....ဟား "
ချောင်ဖုန်းသည် ငွေဒင်္ဂါးထုပ်ကို လွှင့်ပစ်လိုက်ပြီး ယိုင်နဲ့နဲ့ နဲ့အထွပ်အမြတ်ရတနာဂိုဏ်းမှ ထွက်ခွာလာခဲ့သည်။ ချောင်ဖုန်းသည် လှေကားထစ်အနည်းငယ်ဆင်းပြီတဲ့နောက်မှာ လဲကျမလိုဖြစ်နေချိန်မှာ လုံအာသည် သူအနားကို ပြေး၍ လာခဲ့သည်။
ချောင်ဖုန်းထင်တာက သူကို တွဲကူမယ်ပေါ့ ၊ သို့သော် လုံအာသည်
သူကို စောင့်ကန်ပစ်လိုက်ပါသည်။
"အား........"
ချောင်ဖုန်းသည် လှေကားထစ်မှ ဒလိမ့်ဒလိမ့်ကျသွားပြီး နောက်ဆုံး ကျောက်တုံးနဲ့ရိုက်မိ၍ ရပ်သွားခဲ့လေသည်။
ထိုအခါ ကျူးခွမ်နဲ့လုံအာသည် ချောင်ဖုန်းကို အပေါ်က ကြည့်၍ ဝိုင်းလှောင်နေပါတော့သည်။
"နင်လိုအမှိုက်ကို ငါကသနားအုံးမယ်ထင်နေတာလား"
ချောင်ဖုန်းလဲ တစ်ကိုယ်လုံးစုတ်ပြတ်သွားပြီး နာကျင်တာကို ဟန်ဆောင်လိုက်၍ ပါးစပ်က သွေးများကို အဝတ်အစားဖြင့်ပွတ်ကာပြောလိုက်သည်။
"မင်း.......မင်းက မြွေပွေးလို ကောင်မမျိုးပဲ"
ချောင်ဖုန်းသည် ထိုလိုနဲ့ နောက်ဆုံး အထွပ်အမြတ်ရတနာဂိုဏ်းမှ ထွက်ခွာလာနိုင်ခဲ့ပြီး သူမိဘတွေရှိသော ရီမျိုးနွယ်စုကို ပြန်ဖို့ ဆုံးဖြတ်ချက်ချလိုက်သည်။
ချောင်ဖုန်းသည် သာမာန်သစ်တောတစ်ခုကို ဖြတ်၍ ရီမျိုးနွယ်စုကိုရောက်ရန် ခရီးတစ်ဝက်သာလိုပါတော့သည်။ရီမျိုးနွယ်စုသည် အနောက်ဘက်ကုန်းမြေဒေသ၏ အန်းမြို့ဟုသော မြို့ငယ်လေးတွင် နေထိုင်ကြသည်။
"ငါအိမ်ရောက်ဖို့ သိပ်မလိုတော့ဘူးပဲ ၊ ဒါပေမယ့် ငါခုလိုဖြစ်နေတာ ငါမိဘတွေသာ သိရင် သူတို့စိတ်မကောင်းဖြစ်နေတော့မှာပဲ"
ထိုချိန်မှာ ချောင်ဖုန်းသည် နားထဲက အသံတစ်ခုကို ထပ်မံကြားလိုက်ပါသည်။
"ဂုဏ်ယူပါတယ်.....စနစ်ရှင်က သာမာန်လူဖြစ်နေတဲ့အပြင် အနိုင်ကျင့်တာကိုပါ ခံရတဲ့အတွက် ခုချိန်ကစပြီး အသန့်စင်ဆုံးစနစ်နဲ့ရာခိုင်နှုန်းအပြည့်ချိတ်ဆက်သွားပါပြီ"
ချောင်ဖုန်းသည် ထိုအရာတွေကို ကြားနေရတဲ့အခါ သူ့ကိုယ်သူနားမလည်ဖြစ်နေလေသည်။
"စနစ်...အသန့်စင်ဆုံးစနစ် အဲ့တာဘယ်လိုအရာမျိုးလဲ"
ထိုအခါ စနစ်က သေသေချာချာ ရှင်းပြပါတော့သည်။
"အသန့်စင်ဆုံးစနစ်သည် ပျက်စီးနေသောအရာကို ပြန်လည်ကောင်းမွန်အောင်သန့်စင်ပေးနိုင်ပြီး ကောင်းနေသောအရာကိုလဲ ထိုထက်ပိုကောင်းအောင် သန့်စင်ပေးနိုင်ပါတယ်"
ချောင်ဖုန်းသည် အံသြသွားကာ သူ့ကိုယ်သူလဲ မယုံကြည်နိုင်ဖြစ်နေလေသည်။ဒါကြောင့်မလို့ သူသည် အရင်ဆုံး အသန့်စင်ဆုံးစနစ်ကို စမ်းသပ်ကြည့်လိုက်သည်။
"ငါအဝတ်အစားတွေကို သန့်စင်မယ်"
ချောင်ဖုန်းသည် စိတ်ထဲကပင် ပြောလိုက်သည်။ချောင်ဖုန်းရဲ့ အဝတ်စားများသည် ပေါက်ပြဲနေပြီး သွေးများ ဖုန်များပင် ရှိနေလေသည်။ဒါပေမယ့် အချိန်ခဏအတွင်း ပြောင်းလဲမှု ဖြစ်ပေါ်သွားလေသည်။
ချောင်ဖုန်းသည် သူ့ရဲ့အဝတ်အစားများကို ကြည့်လိုက်တဲ့အခါ အသစ်ကဲ့သို့ တောက်ပသော အဝတ်အစားတစ်စုံအဖြစ်ပြောင်းလဲသွားလေသည်။
"ဒီစနစ်က တကယ်အလုပ်လုပ်တာပဲ ၊ ကြည့်ရတာ ငါတော့ အလကားလူမဖြစ်တော့ဘူးထင်တယ် ဟား... ကံကြမ္မာက ငါ့ကိုပစ်မထားဘူးပဲ"
ချောင်ဖုန်းသည် သစ်တောထဲမှာပင် ထိုင်လိုက်ပြီး သူတစ်ယောက်ထဲ ရေရွတ်လိုက်သည်။
"အောင်မြင်မအောင်မြင်တော့ မသိဘူး ၊ စမ်းသပ်ကြည့်ရမှာပဲ"
ထို့နောက် ချောင်ဖုန်းသည် သူသန့်စင်ချင်တာကို စိတ်ထဲကနေပင်ပဲ ပြောလိုက်သည်။
"ငါရဲ့ ဒန်တျန်ကို ပြန်လည်သန့်စင်မယ်"
ချောင်ဖုန်း ပြောပြီးသည်နောက်တွင် သူသည်နာကျင်မှုကြောင့် မြေပေါ်တွင်လဲကျသွားခဲ့သည်။ ဘာလို့လဲဆိုတော့ သူ့ရဲ့ ခန္ဓာကိုယ်ရဲ့သွေးကြောတွေသည် အကုန်ပြောင်းလဲသွားခဲ့ပြီး နောက်ဆုံးမှာတော့ ဒန်တျန်တစ်ခုသည် ချက်ချင်း ပြန်လည် ဖြစ်ပေါ်လာလေသည်။
ဒန်တျန်ပြန်လည်ကောင်းမွန်လာတာကြောင့် ချောင်ဖုန်းသည် ဝမ်းသာကာ ထကုန်လိုက်လေသည်။
"နောက်ဆုံးတော့ ငါသိုင်းပြန်ကျင့်ကြံလို့ရသွားပြီ ၊ နောက်ပြီးတော့ ဒီအသန့်စင်ဆုံး စနစ်နဲ့ဆို ငါအရင်ကထက်ပိုစွမ်းလာတော့မှာပဲ"
ချောင်ဖုန်းသည် အလွန်ပျော်ရွင်နေခဲ့ပြီး ဘာဆက်လုပ်ရမလဲမသိဖြစ်နေခဲ့သည်။
"ဘာပဲဖြစ်ဖြစ်လေ ငါ့အိမ်ကို ပြန်တာပဲကောင်းပါတယ် ၊ ငါဂိုဏ်းအပေါ်မှာ စတေးခဲ့တာတောင် ငါ့ကို အမှိုက်လို့ သတ်မှတ်တဲ့ ဂိုဏ်းကို ပြန်မသွားချင်တော့ဘူး"
ထို့နောက် ချောင်ဖုန်းသည် လောလောဆယ်မှာ သူသည် လူသားအဆင့်နယ်ပယ်ရဲ့အစောပိုင်းအဆင့်သာ ရှိနေသေးတာကို သတိရသွားကာ လေ့ကျင့်ဖို့ ဆုံးဖြတ်လိုက်သည်။
"ဟုတ်သားပဲ.....ငါက ဒန်တျန်ပြန်ကောင်းလာတာပဲ ရှိသေးတာ ၊ ငါရဲ့ထူးချွန်အဆင့်နယ်ပယ်ကို ပြန်လည်ရောက်ရှိသေးတာမဟုတ်ဘူး"
ချောင်ဖုန်းသည် နောက်ထပ်အကြောင်းအရာတစ်ခုကို စဥ်းစားမိသွားသည်။
"ငါချီစွမ်းအင်တွေရော သန့်စင်လို့ ရလား မသိဘူး ၊ ငါသန့်စင်ကြည့်ရမယ် ၊ ချီစွမ်းအင်တွေကို သန့်စင်မယ် "
ချောင်ဖုန်းသည် အရင်ကနဲ့ မတူတဲ့စွမ်းအင်အလွန်များတဲ့ ချီစွမ်းအင်များကို စုပ်ယူနိုင်ခဲ့သည်။အရင်က သူစုပ်ယူသော ချီစွမ်းအင်များမှာ တစ်ဆယ် ရာခိုင်နှုန်းသာ သန့်စင်ခဲ့ပြီး ယခုစုပ်ယူသော ချီစွမ်းအင်များမှာ ရှစ်ဆယ်ရာခိုင်နှုန်းထိ သန့်စင်နေလေသည်။
"ဘယ်လောက်တောင်သန်မာသန့်စင်တဲ့ချီစွမ်းအင်တွေလဲ ၊ ဒီအခြေအနေနဲ့ဆို ငါလူသားအဆင့်နယ်ပယ်ရဲ့အထွပ်အထိပ်ကို ရောက်နိုင်လောက်တယ်"
မှတ်ချက်
**သိုလှောင်ကွင်းလက်စွပ်သည် ရှားပါး၍ အင်းအားကြီးမားသောသူများတွင်သာရှိကြပြီး အင်းအားနည်းတဲ့သူတွေကတော့ သိုလှောင်အိတ်ကိုသာ အသုံးပြုကြသည်**