Chapter(3)
Vol. 1 Ch. 3
အသန့်စင်ဆုံးစနစ်
အခန်း(3)
ချောင်ဖုန်းသည် နဂိုကပင်ထူးချွန်သူအဆင့်နယ်ပယ်ကို ရောက်ရှိဖူးတာကြောင့် လူသားအဆင့်နယ်ပယ်၏ အထွဋ်အထိပ်အဆင့်ကို နာရီပိုင်းအတွင်းမှာ ရောက်ရှိသွားခဲ့သည်။
"နောက်တစ်ဆင့်ဆို ငါအရင်လို ထူးချွန်သူအဆင့်နယ်ပယ်ကို ပြန်လည်ရောက်ရှိတော့မှာပဲ..... "
ချောင်ဖုန်းသည် လူသားအဆင့်နယ်ပယ်၏အထွဋ်အထိပ်အဆင့်ကို ရောက်ရှိလာခဲ့အတွက် သစ်တောကို အလျင်အမြန်သွားလာနိုင်ခဲ့ပြီး အန်းမြို့လေးကို ရောက်ရှိ၍ လာပါတော့သည်။
ချောင်ဖုန်းသည် အန်းမြို့သို့ စတင်ဝင်ဝင်ခြင်းမှာပဲ လူအများ၏ ကဲ့ရဲ့ပြောဆိုသံများကို ကြားလိုက်ရသည်။အထွပ်အမြတ်ရတနာဂိုဏ်းသည် ချောင်ဖုန်းအကြောင်းကို ကြေညာထုတ်လိုက်ခြင်းကြောင့်ဖြစ်သည်။
"အဲ့တာသူပဲ.......သုံးစားမရတော့လို့ အထွပ်အမြတ်ရတနာဂိုဏ်းကစွန့်ပစ်ခံလိုက်ရတဲ့ ရီမျိုးနွယ်စုခေါင်းဆောင်ရဲ့သားပဲ"
"ခုခေတ်လူငယ်တွေက သူတို့ကိုယ်သူတို့ ဘဝင်တအားမြင့်တာ နောက်ဆုံးတော့လဲ အမှိုက်ဖြစ်သွားကြတာပဲ"
ထိုလူနှစ်ယောက်ပြောနေချိန်မှာ ဘေးကမိန်းမကြီးတစ်ယောက်က ဝင်ပြောလိုက်သည်။
"နင်တို့တွေ တိုးတိုးပြောကြအုံး......သူကသုံးစားမရတော့တဲ့ အမှိုက်ဆိုပင်မယ့် သူ့အဖေက အန်းမြို့ရဲ့ အရေးပါတဲ့လူတစ်ယောက်ဆိုတာ မမေ့ကြနဲ့အုံး"
ထိုအခါ ပြောနေကြတဲ့လူတွေသည်လည်း အသံများပိတ်သွားသည် ချောင်ဖုန်းအား မကြည့်ရဲတော့ပဲ တခြားတစ်နေရာသို့ ထွက်ခွာသွားပါတော့သည်။
ချောင်ဖုန်းကတော့ ထိုလူတွေပြောသံကို ကြား၍ ရယ်လိုက်ပြီး အိမ်ကိုသာ ပြန်နေလေသည်။
ရီမျိုးနွယ်စုခေါင်းဆောင် ရီလုပင်းသည် အခန်းထဲတွင် ထိုင်လိုက်ထလိုက်ဖြစ်နေလေသည်။ထိုအခါ သူမိန်းမဖြစ်သော ရီကတော် စုမိုသည် လုပင်းအား ပြောလိုက်သည်။
"ရှင်အေးအေးဆေးဆေး ထိုင်နေလို့ မရဘူးလား ၊ ရှင်ကိုကြည့်ရတာ ကျွန်မစိတ်ချမ်းမသာဘူး"
ထိုအခါ လုပင်းသည် ထိုင်ကာပြောလိုက်သည်။
"ရှင်မ.....သားလေးပြန်လာရင် နင်ပုံမပျက်စေနဲ့နော် ၊ တော်ကြာ ငါတို့ကြောင့် ပိုစိတ်ဆင်းရဲသွားလိမ့်မယ်"
"ရှင်သာ ငြိမ်ငြိမ်နေစမ်းပါ "
အချိန်အနည်းငယ်ကြာပြီးတဲ့ နောက်မှာ ချောင်ဖုန်းသည် အိမ်တော်သို့ ရောက်ရှိလာခဲ့သည်။ထိုအခါ အိမ်တော်ထိန်းဖြစ်သည့် အဖိုးအိုတစ်ယောက်သည် ချောင်ဖုန်းအားကြိုဆိုလိုက်ပြီး လုပင်းတို့ ရှိရာသို့ ခေါ်ဆောင်လာခဲ့သည်။
"အိမ်တော်ခေါင်းဆောင် သခင်လေးရောက်ရှိပါပြီ ၊ ကျွန်တော်ကို ခွင့်ပြုပါအုံး"
စုမိုသည် ချောင်ဖုန်းကို တွေ့တဲ့အခါ ပြေးဖက်လိုက်သည်။
"သားလေးချောင်ဖုန်း.....ဒီနှစ်တွေမှာ အဆင်ပြေရဲ့လား ၊
တစ်နေရာရာမှာရော နာကျင်နေသေးလား"
"အမေ......ကျွန်တော် အဆင်ပြေပါတယ်"
ထို့နောက်လုပင်းသည် ချောင်ဖုန်းပုခုံးကို ကိုင်ကာ ပြောလိုက်သည်။
"ဘာတွေပဲ ဖြစ်နေပါစေ အဖေတို့ မင်းဘက်က အမြဲရှိနေမှာပါ ၊ နောက်ပြီး မင်းအတွက် အကျွမ်းကျင်ဆုံး မှော်ဆေးဆရာတွေ ရှာဖွေပေးမယ်"
ချောင်ဖုန်းသည် သူ့မိဘတွေပြောသမျှကို အကုန်နားလည်နေခဲ့သည်။ သူမိဘနှစ်ပါးသည် သူ့ကို ကျင့်ကြံလို့မရတော့ဘူးလို့ထင်
ကာ ကုသပေးဖို့ ပြောဆိုနေကြခြင်းဖြစ်သည်။
သို့သော် ချောင်ဖုန်းသည် သူမိဘနှစ်ပါးအား သူပြန်လည်ကျင့်ကြံလို့ရနေသည်ကို မပြောခဲ့ပဲ တိတ်ဆိတ်၍ နေခဲ့သည်။
"အမေ.....ကျွန်တော်ပင်ပန်းလာလို့ ဝင်နားလို့ရပြီလား"
စုမိုသည် ချောင်ဖုန်းကို တွဲကာ ချောင်ဖုန်းအရင်က နေခဲ့သည့် အခန်းကို လိုက်ပို့ပေးလိုက်သည်။
ချောင်ဖုန်းသည် အခန်းထဲသို့ ရောက်သည့်အခါ ဘာဆက်လုပ်ရမလဲ စဥ်းစားနေခဲ့သည်။
သူ့ကို အနိုင်ကျင့်ခဲ့သည် အထွပ်အမြတ်ရတနာဂိုဏ်းက သူများကိုလဲ ပြန်ကလဲ့စားချေချင်စိတ်သည် ဖြစ်ပေါ်လာခဲ့သည်။
"ဟုတ်တယ်.....ငါအရင်ကထက်ပိုကြိုးစားပြီးတော့ သူတို့အားလုံးကို ကျော်လွှားအောင်လုပ်ရမယ်"
ထိုချိန်အပြင်ဘက်မှ သူရဲ့နာမည်ကို မိန်းကလေးတစ်ယောက်က ခေါ်နေတာကို ချောင်ဖုန်းကြားလိုက်ရတဲ့အတွက် အိပ်ယာပေါ်တွင်လှဲချလိုက်သည်။။ထို့နောက် ထိုမိန်းကလေးသည် ချောင်ဖုန်း
အခန်းထဲသို့ ဝင်လာလေသည်။
"ကိုကိုချောင်ဖုန်း.....နင်အဆင်ပြေရဲ့လား"
ချောင်ဖုန်းသည် ထိုမိန်းကလေးကို သတိရသွားပါသည်။ထိုမိန်းကလေးသည် သူ့အဒေါ်ရဲ့မွေးစားသမီးတစ်ယောက်ဖြစ်ပြီး ချောင်ဖုန်းရဲ့ကစားဖော်တစ်ယောက်လဲဖြစ်သည်။ချောင်ဖုန်းသည်
ထိုမိန်းကလေးရဲ့ ခေါင်းကိုပွတ်ပေး၍ ပြောလိုက်သည်။
"ချင်းရွယ်.....နင်တောင်လူကောင်တော်တော်ကြီးလာတာပဲ"
"ကိုကိုချောင်ဖုန်းတစ်ယောက်ပဲ လူကောင်ကြီးလာတယ်ထင်နေတာလား"
"နင်ကတော့ အရင်တုန်းကအတိုင်း ခပ်စွာစွာပါလား၊ ဒါနဲ့ငါရှိလာတာ ကိစ္စရှိလို့လား"
ထိုအခါ ချင်းရွယ်သည် ချောင်ဖုန်းကြားရုံသာ အသံတိုးတိုးလေးပြောလိုက်သည်။
"ကိုကိုချောင်ဖုန်း....နင်မှောင်ခိုစျေးကွက်ဆိုတာကြားဖူးလား"
ချောင်ဖုန်းသည် မကြားဖူးတာကြောင့် ချင်းရွယ်အား ပြန်မေးလိုက်သည်။
"ချင်းရွယ်.....မှောင်ခိုစျေးကွက်ဆိုတာ ဘာကိုပြောတာလဲ"
ထိုအခါ ချင်းရွယ်သည် ဆရာကြီးပုံစံဖြင့် လက်တစ်ဖက်က ပိုက်လိုက်ပြီး နောက်တစ်ဖက်က သူ့မေးစေ့ကို ကိုင်ကာ ပြန်ပြောလိုက်သည်။
"ကိုကိုချောင်ဖုန်းက အထွပ်အမြတ်ရတနာဂိုဏ်းမှာပဲ အမြဲနေရတာဆိုတော့ အပြင်လောကအကြောင်းကို သိပ်မသိသေးဘူးပဲ ၊မှောင်ခိုစျေးကွက်ဆိုတာ အန်းမြို့ရဲ့ အနီးအနားမှာရှိပြီး ညဘက်ရောက်မှ တန်ဖိုးကြီးတဲ့ပစ္စည်းတွေကို ရောင်းချတဲ့နေရာတစ်ခုပဲ ၊ အဲ့မှောင်ခိုစျေးကွက်က အပြင်မှာရှာမရနိုင်တဲ့ ရတနာတွေကိုအပြင်ကစျေးထက် လျော့ချပြီး ရောင်းကြတဲ့နေရာပဲ"
ချောင်ဖုန်းသည် စိတ်ဝင်စားသွားသော်လည်း ဟန်ဆောင်ကာ ရွယ်ချင်းကို ဆက်မေးလိုက်သည်။
"ရွယ်ချင်း.....မင်းသွားချင်လို့ ငါ့ကိုအဖော်လာခေါ်နေတာလား ၊ ခုချိန်ငါရဲ့အခြေအနေကိုလဲ မင်းသိရဲ့သားနဲ့ တစ်စုံတစ်ယောက်က ငါ့ကို လုပ်ကြံမယ်ဆို မင်းငါ့ကို ကာကွယ်ပေးနိုင်လို့လား"
"ကိုကိုချောင်ဖုန်းကလဲ ရွယ်ချင်းကို အထင်သေးနေတာပဲ ၊ နောက်ပြီး အဲ့ကိုသွားဖို့အတွက်စိတ်ပူစရာမလိုဘူး"
"ဘာကိုပြောတာလဲ ရွယ်ချင်း"
ထိုအခါ ရွယ်ချင်းသည် တံခါးနားသို့ ဆုတ်သွားပြီး ချောင်ဖုန်းကို အမြန်ပြောလိုက်ကာ ထွက်သွားခဲ့သည်။
"ညကျမှ ရွယ်ချင်း.....အချက်ပေးလိုက်မယ် ၊ ကိုကိုချောင်ဖုန်းထွက်လာခဲ့နော်"
ရွယ်ချင်း ထွက်ခွာသွားပြီးနောက်မှာ လုပင်းသည် ဘူးလေး တစ်ဘူး ကိုင်ကာ ချောင်ဖုန်းရဲ့အခန်းထဲသို့ ဝင်လာခဲ့သည်။ထို့နောက် ချောင်ဖုန်းလက်ထဲသို့ ဘူးလေးကို ထည့်ပြီး ပြောလိုက်သည်။
"သားချောင်ဖုန်း......လောလောဆယ်တော့ အဖေဒါလေးပဲ တက်နိုင်သေးတယ် ၊ နောက်ပိုင်းကြ ဒီထက်ပိုကောင်းတာတွေအဖေရှာပေးပါ့မယ်"
လုပင်းသည် ဘူးလေးပေး၍ စကားအနည်းငယ်ပြောပြီးနောက် အပြင်သို့ ပြန်လည်ထွက်ခွာသွားလေသည်။ ထိုအခါ ချောင်ဖုန်းလဲ သူအဖေပေးသည့် ဘူးလေးအား ဖွင့်ကြည့်လိုက်တဲ့အခါ အလွန်အရည်အသွေးညံသော အဆင့်နှစ်မှော်ဆေးလုံးသုံးလုံးကို တွေ့လိုက်ရသည်။
"ကျေးဇူးပါအဖေ.....တနေ့ကြရင်အဖေနဲ့အမေဂုဏ်ယူရတဲ့သားတစ်ယောက်ပြန်ဖြစ်အောင် သားဆောင်ရွက်မှာပါ"
ထို့နောက် ချောင်ဖုန်းသည် ဆေးသုံးလုံးကို ကိုင်ကာပြောလိုက်သည်။
"ဒီမှော်ဆေးလုံးသုံးလုံးကို သန့်စင်မယ်"
ချောင်ဖုန်းပြောပြီးသည့်နောက်တွင် အလွန်မွှေးကြိုင်ပြီး အရည်အသွေးကောင်းသော အဆင့်မြင့်ဆေးလုံးသုံးလုံးကို ချောင်ဖုန်းတွေ့လိုက်ရသည်။
"ဒီအသန့်စင်ဆုံးစနစ်ရှိတာ ငါ့အတွက်နေရာတကာမှာ အထောက်အကူပြုတာပဲ"
ထို့နောက် ချောင်ဖုန်းသည် ဆေးလုံးများသောက်ကာ သိုင်းအဆင့်တက်ဖို့အတွက် စုပ်ယူပါတော့သည်။
မိုးချုပ်သွားသည့်အချိန်တွင် ချောင်ဖုန်းသည် ဆေးလုံးသုံးလုံးကို စုပ်ယူအပြီးမှာတော့ ထူးချွန်သူအဆင့်နယ်ပယ်၏အစောပိုင်းအဆင့်ကို ပြန်လည်ရောက်ရှိသွားပါတော့သည်။
"ငါရဲ့အရင်နယ်ပယ်အဆင့်ကို ပြန်လည်ရောက်ရှိသွားပြီပဲ "
ထိုအချိန်တွင် အပြင်မှ ဥသြငှက်၏ အသံပေးသံကို ကြားလိုက်ရသည်။
"ကြည့်ရတာ ဒါရွယ်ချင်းရဲ့အချက်ပေးသံပဲ ဖြစ်ရမယ်"
ချောင်ဖုန်းလဲ အပြင်ဘက်သို့ ထွက်ခွာလာတဲ့အခါ ရွယ်ချင်းသည် အမှောင်ထဲတွင် ရပ်နေတာကို တွေ့လိုက်ရသည်။
"ရွယ်ချင်း.......နင်တကယ်ပဲ သွားဖို့စီစဥ်ထားတာလား"
"ကိုကိုချောင်ဖုန်း......ရွယ်ချင်းနောက်သာ လိုက်ခဲ့ပါ ၊ ရွယ်ချင်းက ကိုကိုချောင်ဖုန်းအတွက် သွားတာပါနော်"
"ဘယ်လို....ငါ့အတွက်ဟုတ်လား"
ထိုအခါ ရွယ်ချင်းသည် ချောင်ဖုန်းရဲ့လက်ကိုကိုင်ပြီး အတင်းဆွဲခေါ်သွားလေသည်။