← Chapters

Chapter(4)

Vol. 1 Ch. 4

Chapter(4)

Vol. 1 Ch. 4

အသန့်စင်ဆုံးစနစ်

အခန်း(4)

ရွယ်ချင်းနဲ့ချောင်ဖုန်းသည် အန်းမြို့၏ အပြင်ဘက်ကို ရောက်ရှိလာခဲ့ကြသည်။ချောင်ဖုန်းသည် ရွယ်ချင်းသွားရာ အနောက်သို့ လိုက်ပါလာခဲ့သည်။

"ကိုကိုချောင်ဖုန်း........ရှင်မှာငွေဒင်္ဂါးတွေပါတယ်မလား"

ချောင်ဖုန်းသည် အထွပ်အမြတ်ရတနာဂိုဏ်းမှာနေစဥ်က ငွေဒင်္ဂါးအများအပြားကို စုထားနိုင်ခဲ့သည်။

"ငါ့မှာ တစ်ထောင်ကျော်တော့ ရှိတယ်"

ထိုအခါ ရွယ်ချင်းသည် ရယ်၍ ပြန်ပြောလိုက်သည်။

"အဲ့လောက်ဆို လုံလောက်ပြီ ဟီး.....ဟီး"

ထို့နောက် အချိန်အနည်းငယ်ကြာပြီးနောက် တံခါးဝတစ်ခုကို ရောက်ရှိသွားတာကို ချောင်ဖုန်းမြင်လိုက်ရသည်။တံခါးဝတွင် အနက်ရောင်သံမျက်နှာဖုံး ဝတ်ဆင်ထားသော လူနှစ်ယောက်ရှေ့သို့ ချောင်ဖုန်းတို့သည် ရောက်ရှိလာခဲ့သည်။

"မင်းတို့နှစ်ယောက် ဒီကို ပထမဆုံးရောက်ဖူးတာလား"

ရွယ်ချင်းသည် ခေါင်းခါပြလိုက်တာကြောင့် ထိုလူနှစ်ယောက်သည် မျက်နှာဖုံးနှစ်ခုအား ချောင်ဖုန်းတို့အားပေးလိုက်သည်။

ရွယ်ချင်းနဲ့ချောင်ဖုန်းသည် မျက်နှာဖုံးတပ်ဆင်ပြီးတဲ့နောက် ထိုလူတွေသည် တံခါးကို ဖွင့်ပေးလိုက်သည်။

တံခါးဝကို ကျော်ဖြတ်ပြီးတာနဲ့ ချောင်ဖုန်းသည် စွမ်းအင်မရှိတဲ့သာမာန်လူတစ်ယောက်ကဲ့သို့ ပြောင်းလဲသွားတာကို ခံစားလိုက်ရသည်။ရွယ်ချင်းသည် ချောင်ဖုန်းကို မှောင်ခိုစျေးကွက် အကြောင်းကို ကပ်တိုးလေးပြောပြလိုက်သည်။

"ကိုကိုချောင်ဖုန်း ဘာမှ စိတ်ပူမနေနဲ့နော်.....ဘာလို့လဲဆိုတော့မှောင်ခိုစျေးကွက်ထဲကို ခြေချလိုက်တာနဲ့ လူတိုင်းက သာမာန်လူတစ်ယောက်ဖြစ်သွားတဲ့ အတွက်ပဲ"

ချောင်ဖုန်းသည် ထိုအခါမှ နားလည်သွားသည်။

"ရွယ်ချင်း.....နင်က အဲ့တာမို့လို့ ဒီကို လာရဲနေတာပဲ"

ရွယ်ချင်းသည် ချစ်စရာအမူအရာလေးဖြင့် ချောင်ဖုန်းအား ရယ်ကာပြောလိုက်သည်။

"ဟီး..ဟီး......ကိုကိုချောင်ဖုန်း.....ရွယ်ချင်းတို့ ဝယ်စရာတွေ ပတ်ကြည့်ကြရအောင်"

"ကောင်းပြီလေ"

ချောင်ဖုန်းသည် အပြင်စျေးနဲ့တူစွာ ရောင်းနေသော စျေးသည်အများအပြားကို တွေ့လိုက်ရသည်။ဒါပေမယ့် ရောင်းနေသော အရာများသည် တန်ဖိုးရှိရတနာများဖြစ်နေပေမယ့် ခုံပေါ်များတွင် ဖြစ်သလိုတင်ရောင်းနေတာကို တွေ့နေရသည်။

ထို့နောက် ခပ်ဝဝဖက်တီးတစ်ယောက်သည် ယိုးယွင်းပျက်စီးနေသောလက်နက်များကို ကိုင်ကာအော်ရောင်းနေလေသည်။

"ငါ့ရှိမှာ နတ်ဘုရားသင်္ချိူင်းက ရထားတဲ့ ရတနာလက်နက်တွေကို အသက်သာဆုံးစျေးနှုန်းနဲ့ ရောင်းချပေးနေတယ်နော်"

ထိုလူအော်ရောင်းပြီးတဲ့ ဘေးနားက ပတ်ကြည့်နေတဲ့လူတစ်ချို့သည် ထိုလူရှိသို့ ရောက်ရှိလာပြီး လက်နက်များကို ကိုင်ကာကြည့်နေလေသည်။

လူတိုင်းသည် လက်နက်တစ်ခုကိုင်လိုက် ပစ်ချလိုက်နဲ့ လုပ်နေသောအခါ ဖက်တီးသည် ဒေါသထွက်စွာနဲ့ပြောလိုက်သည်။

"မင်းတို့တွေက ငါ့လက်နက်တွေကို ကြည့်နေတာလား ၊ ဖျက်ဆီးနေကြတာလား......သွားသွားသွားကြတော့"

ထိုအခါ ကိုင်ကြည့်နေတဲ့လူတွေကလဲ သူ့လက်နက်တွေကို ပစ်ချလိုက်ပြီး ဖက်တီးကို ပြောဆိုကာ ထွက်ဆိုသွားပါတော့သည်။

"မင်းရဲ့လက်နက်တွေက အကုန်အကျိုးအပဲ့တွေဖြစ်နေတဲ့အပြင်ဘာစွမ်းအင်မှမရှိတော့တာကို မှောင်ခိုစျေးကွက်မှာ လာရောင်းနေသေးတယ်"

ဖက်တီးသည် ထပ်မံမောင်းထုတ်လိုက်သည်။

"မင်းတို့.......သွားသွား....တန်ဖိုးရှိတဲ့လက်နက်တွေကမင်းတို့နဲ့မတန်ဘူး"

ထိုချိန်မှာ ချောင်ဖုန်းသည် ထိုလက်နက်ဆိုင်ကို ကြည့်နေတာ ကြောင့် ရွယ်ချင်းသည် ချောင်ဖုန်းကို မေးလိုက်သည်။

"ကိုကိုချောင်ဖုန်း.....နင်အဲ့ဒီလက်နက်တွေကို သဘောကျနေတာလား"

"သေချာတာပေါ့......."

ချောင်ဖုန်းသည် လက်နက်များရောင်းသည့် ဖက်တီးဆိုင်ကိုသွားလိုက်သည်။

ထိုအခါ ရွယ်ချင်းလဲ ချောင်ဖုန်းနောက်ကနေ လိုက်ပါလာခဲ့သည်။

ချောင်ဖုန်းသည် လက်နက်များကို လျှောက်ကြည့်နေခဲ့သည်။

ရွယ်ချင်းစိတ်ထဲမှာတော့ ချောင်ဖုန်းသည် သူ့ကိုယ်သူကာကွယ်ဖို့ လက်နက်အကျိုးအပဲ့တွေကို ဝယ်ယူနေသည်ဟုထင်နေခဲ့သည်။ထို့ကြောင့် ရွယ်ချင်းသည် ချောင်ဖုန်းရဲ့ နားနားကို ကပ်ပြောလိုက်သည်။

"ကိုကိုချောင်ဖုန်း.....အန်းမြို့မှာ လက်နက်ပြုပြင်တဲ့အစီအရင်ဆရာမရှိဘူးနော်"

ချောင်ဖုန်းကတော့ ပျက်စီးနေသောသံကျပ်ကာအင်္ကျီကို ကိုင်လိုက်ပြီး မေးလိုက်သည်။

"အကိုဖက်တီး.....ဒါကိုဘယ်လောက်နဲ့ရောင်းမလဲ "

ဖက်တီးသည် ဝယ်သူရှိလာတာကြောင့် ပျော်သွားသည်။

"ညီငယ်လေး.....ငါမင်းကို ငွေဒင်္ဂါးတစ်ရာနဲ့ရောင်းပေးလိုက်မယ်"

ထိုအခါ ရွယ်ချင်းက ဝင်ပြောလိုက်သည်။

"တစ်ရာ.....မများဘူးလား ၊ ကိုကိုချောင်ဖုန်း ဒီလူက မှောင်ခိုစျေးကွက်မှာတောင် စျေးတွေအဆမတန်ရောင်းနေတာပဲ"

ထိုအခါ ဖက်တီးသည် ရွယ်ချင်းကို ပြောလိုက်သည်။

"ညီမလေး.....ဒီလက်နက်တွေက နတ်ဘုရားသင်္ချိုင်းက ရလာတဲ့ပစ္စည်းတွေပါ ၊ ငါဒီစျေးနဲ့ရောင်းတာတောင် တော်တော်လွန်နေပြီပြောရမယ်"

ချောင်ဖုန်းသည် သံကြေးကိုက်နေတဲ့ ဓါးတစ်ချောင်းကို ထပ်မံကိုင်ပြီး ပြောလိုက်သည်။

"အကိုဖက်တီး.....ဒီဓါးကရော"

"အဲ့တာကတော့ မင်းငါ့ကို ငါးဆယ်ပဲပေးပါ "

ချောင်ဖုန်းသည် သူ့ရဲ့သိုလှောင်အိတ်ထဲက ငွေဒင်္ဂါးတစ်ရာ့ငါးဆယ်ကို ပေးပြီး သံကျပ်ကာအင်္ကျီနဲ့ဓါးကို သိုလှောင်အိတ်ထဲသို့ ထည့်လိုက်သည်။

ရွယ်ချင်းသည် ချောင်ဖုန်းဘာလုပ်ချင်မှန်းမသိတာကြောင့် ဘာမှမပြောပဲတိတ်ဆိတ်နေခဲ့သည်။ဘေးက လူတွေကတော့ ချောင်ဖုန်းဝယ်တာကို တွေ့လိုက်ရတဲ့ ချောင်ဖုန်းကိုတော့ တီတိုးပြောနေကြသည်။

"ဟိုကောင်က ရူးနေတာထင်တယ် ၊ လက်နက်ပြုပြင်တဲ့ အစီအရင်ဆရာတွေကို အလွယ်တကူရှာလို့ရတယ်ထင်နေတာလားမသိဘူး"

"ဟုတ်ပါ့ ၊ နောက်ပြီးဒီလောက်ပျက်စီးနေတာကို ပြန်ပြီးပြုပြင်နိုင်မယ်မထင်ဘူး "

ရွယ်ချင်းသည် သူ့အကိုကို အဲ့လိုပြောတာကြောင့် ထိုလူတွေကို ပြောလိုက်သည်။

"ရှင်တို့ဝယ်နိုင်ရင်ဝယ်ကြလေ.....မဝယ်ပဲနဲ့ ဘာတွေပြောနေကြတာလဲ "

"ငါတို့က.....မင်းတို့အလိမ်ခံရမှာဆိုးလို့ စေတနာပြောနေတာပါ"

ထိုအချိန် ချောင်ဖုန်းသည် ခပ်စွာစွာကောင်မလေးလက်ကို ကိုင်ပြီး ရှေ့သို့ ဆက်ခေါ်သွားလေသည်။ထိုလူတွေကို ကျော်ပြီး ရှေ့နည်းနည်းရောက်တဲ့အခါ ရွယ်ချင်းသည် သူ့လက်ကို လွှတ်ခိုင်းလိုက်သည်။

"ကိုကိုချောင်ဖုန်း......ရွယ်ချင်းလက်ကို ဒီတစ်၅ သက်မလွှတ်တော့ဘူးလား"

ထိုအခါမှသာ ချောင်ဖုန်းလဲ လွှတ်ပေးလိုက်သည်။ထိုအခါ ရွယ်ချင်းက ချောင်ဖုန်းရှေ့ကနေ ခြေဆောင့်ကာ သွားလေသည်။

ထို့နောက် ရွယ်ချင်းသည် သူလိုချင်တာကို တွေ့သွားတာကြောင့် အမြန်ပြေးသွားလေသည်။ချောင်ဖုန်းလဲ ရွယ်ချင်းနောက်ကို ပြေး

လိုက်ရသည်။

ရွယ်ချင်းသည် ထိုဆိုင်ရှေ့ရောက်တဲ့အခါ လူအများအပြားသည် အုံခဲနေခဲ့သည်။ထိုဆိုင်ကတော့ တောနက်တွေကနေ တူးဖော်ရရှိတဲ့ ရှားပါးဆေးပင်များကို ရောင်းချတဲ့နေရာပင်ဖြစ်လေသည်။

ရွယ်ချင်းသည် သူလိုချင်တာကို ဆိုင်ရှင်ကို အော်ပြောနေပေမယ့်

ဆိုင်ရှင်သည် ရွယ်ချင်းရဲ့အသံကို မကြား၍ တခြားလူများကိုသာ ရောင်းပေးနေခဲ့သည်။

လူအနည်းငယ်ကွဲသွားတော့မှသာ ဆိုင်ရှင်သည် ရွယ်ချင်းကို မေးလိုက်သည်။

"ဒီကညီမလေးတို့က ဘာလိုချင်လို့လဲမသိဘူး"

ရွယ်ချင်းသည် ချောင်ဖုန်းကို တစ်ချက်ကြည့်ကာ ဆိုင်ရှင်ကိုပြန်ပြောလိုက်သည်။

"အစင်းသုံးကြောင်းစံရှားရွက်"

ဆိုင်ရှင်သည် သေတ္တာဘူးသေးသေးတစ်ခုကို ထုတ်လိုက်ပြီး ကြည့်လိုက်ကာ ရွယ်ချင်းအားပြန်ပြောလိုက်သည်။

"စိတ်မကောင်းပါဘူးညီမလေး.....မင်းလိုချင်တဲ့အစင်းသုံးကြောင်းစံရှားရွက်တော့ မရှိဘူး ၊ ငါ့ရှိမှာ အစင်းနှစ်ကြောင်းစံရှားရွက်ပဲ ကျန်တော့တယ်"

ရွယ်ချင်းလဲ မျက်နှာပျက်သွားသည်။ဒါပေမယ့် ထိုအစင်းနှစ်ကြောင်းစံရှားရွက်ကို ငွေဒင်္ဂါးငါးရာအထိပေးပြီး ဝယ်ကာ ဆိုင်မှ ပြန်ထွက်လာလေသည်။

"ရွယ်ချင်း..... ငွေဒင်္ဂါးငါးရာကြီးတောင်ပေးပြီးတော့ အဲ့ဆေးပင်ကို နင်ဘာလုပ်ဖို့လဲ"

ရွယ်ချင်းကတော့ ချောင်းဖုန်းအား ဘာမှမပြောပဲ စိတ်ထဲမှာတော့"အရူးကိုကိုချောင်ဖုန်းပဲ ငါသူ့အတွက်ဝယ်တာတောင်သူမသိဘူး" ဟု တွေးနေခဲ့သည်။

ဒီလိုနဲ့ချောင်ဖုန်းနဲ့ရွယ်ချင်းသည် လိုချင်တာ တချို့ဝယ်ကာ မှောင်ခိုစျေးကွက်မှ ပြန်လည်ထွက်ခွာလာခဲ့သည်။ချောင်ဖုန်းတို့ အန်းမြို့သို့ ရောက်ခန်းအနီးတွင် လူငါးယောက်ပါသော အဖွဲ့သည် မြို့အဝင်အနီးတွင် ကြိုစောင့်နေလေသည်။

"ကျူးကော်......မင်းရထားတဲ့သတင်းက သေချာပါတယ်နော်"

"ဖူးရှီ....ငါလဲအလုပ်ရှုပ်ခံပြီး မင်းနဲ့အတူအချိန်ဖြုန်းမယ့်ကောင်ထင်နေတာလား"

"ကောင်းပြီလေ ဒါဆိုလဲ ဆက်စောင့်ကြတာပေါ့"

All Chapters