Chapter(6)
Vol. 1 Ch. 6
အသန့်စင်ဆုံးစနစ်
အခန်း(6)
ချောင်ဖုန်းသည် ထိုအရာနှစ်ခုလုံးကို ယူကာ သိုလှောင်အိတ်ထဲသို့ထည့်လိုက်သည်။
"ဒီဓားနဲ့သံချပ်ကာအင်္ကျီက သွေးချိတ်ဆက်မှု မလုပ်ရသေးတဲ့အတွက် ငါထိန်းချုပ်လို့မရနိုင်သေးဘူး "
ဒီလိုနဲ့ချောင်ဖုန်းသည် အိပ်စက်ဖို့ ကုတင်ပေါ်သို့ လှဲချကာ အနားယူလိုက်ပါတော့သည်။
မနက်မိုးလင်းတဲ့အချိန်မှာတော့ စုမိုသည် ချောင်ဖုန်းအား အစားစားဖို့ နိူးလိုက်သည်။
"သား..ချောင်ဖုန်း ၊ အမေမနက်စာပြင်ပေးထားတယ် ၊ထစား
လိုက်အုံးနော်"
ချောင်ဖုန်းသည် သူ့အမေအသံကို ကြားကာ နိုးသွားလေသည်။
သူစိတ်ထဲမှာ အထွပ်အမြတ်ရတနာဂိုဏ်းမှာ ရှိသေးတယ်ဟု ထင်နေလေသည်။ချောင်ဖုန်းသည် မျက်လုံးဖွင့်လိုက်တဲ့အခါမှသာ သူအိမ်ကို ပြန်လည်ရောက်ရှိနေတာကို သတိရသွားသည်။
"ငါတကယ်ရူးတာပဲ....ငါ့ကို စွန့်ပစ်ခဲ့တဲ့ဂိုဏ်းကို သတိရနေသေးတာပဲ ၊ စောင့်နေလိုက်ပါ တနေ့ငါပြန်လာခဲ့မယ်"
ချောင်ဖုန်းသည် သူစိတ်ထဲက အခဲမကျေမှုကို လျစ်လျူရှုထားလိုက်ပြီး သူအမေပြင်ပေးထားတဲ့ မနက်စာကို စားလိုက်သည်။
ထို့နောက် ချောင်ဖုန်းသည် သိုလှောင်အိတ်ကို ကြည့်လိုက်ပြီး ပြုံးလိုက်သည်။
ချောင်ဖုန်းသည် စားစရာရှိတာ စားပြီးနောက်တွင် မျက်နှာကိုပါ ဖုံး၍ ရသော ခမောက်တစ်ခုကိုသိုလှောင်အိတ်ထဲသို့ ထည့်ကာ ရီအိမ်တော်ရဲ့ အပြင်ဘက်သို့ ထွက်ခွာလာခဲ့သည်။
ထို့နောက် ချောင်ဖုန်းသည် လူသွားတာနည်းသော လမ်းထဲရောက်တဲ့အခါ လူသူရှိမရှိကြည့်လိုက်ပြီး သူခမောက်ကို ထုတ်ကာ ဆောင်းလိုက်သည်။ခမောက်တွင် အနက်ရောင်ဇာပုဝါလေးပါနေတာကြောင့် မျက်နှာကို ဖုံးကွယ်ထားနိုင်သည်။
ချောင်ဖုန်းသည် နေရာတစ်ခုကိုဦးတည်၍ သွားနေခဲ့ပါသည်။ထိုနေရာကတော့ အန်းမြို့ရဲ့ နာမည်ကြီး လေလံအိမ်တော်တစ်ခုပင်ဖြစ်လေသည်။
ချောင်ဖုန်းသည် ဝမ်အိုက်လေလံစံအိမ်ဟုရေးထားသော အိမ်တော်ထဲသို့ ဝင်သွားလေသည်။ချောင်ဖုန်းဝင်ဝင်ချင်းပဲ ဖော်ရွှေသော မိန်းကလေးတစ်ယောက်သည် ရောက်လာပြီးကြိုဆိုလိုက်သည်။
"မင်္ဂလာပါ သခင်လေးရှင့်.....ဝမ်အိုက်လေလံစံအိမ်က ကြိုဆိုပါတယ်"
ချောင်ဖုန်းသည် ထိုမိန်းကလေးကို တန်းပြောလိုက်သည်။
"ငါ့လေလံပစ္စည်းရောင်းချဖို့ဒီကိုလာခဲ့တာ......"
ထိုအခါ မိန်းကလေးသည် သူ့နောက်လိုက်ခဲ့ဖို့ ချောင်ဖုန်းအားပြောလိုက်သည်။
ချောင်ဖုန်းလဲ ထိုမိန်းကလေးခေါ်ရာသို့ လိုက်သွားတဲ့အခါ အခန်းထဲတွင် အနီရောင်ဝတ်စုံဝတ်ဆင်ထားသော ချောမောလှပသည့် လှပျိူဖြူတစ်ဦးကို တွေ့လိုက်ရသည်။
"သခင်မလေးဝမ်... ဒီကသခင်လေးရဲ့ လေလံပစ္စည်းကို ရောင်းချဖို့အတွက် စစ်ဆေးပေးပါအုံး"
ထိုအခါ မိန်းမပျိူသည် ချောင်ဖုန်းကိုအခန်းထဲဝင်လာဖို့ ပြောလိုက်သည်။
ချောင်ဖုန်းလဲ အခန်းထဲသို့ ဝင်လာပြီး ခုံတစ်ခုံမှာ ထိုင်လိုက်သည်။ဝမ်မိန်းကလေးသည် ချောင်ဖုန်းကို မေးမြန်းလိုက်သည်။
"ဒီကသခင်လေးက ဘယ်လိုပစ္စည်းမျိုးကို လေလံတင်ချင်တာလဲရှင့်"
ထိုအခါ ချောင်ဖုန်းသည် သိုလှောင်အိတ်ထဲမှ လျှပ်စီးရောင်များဖြာထွက်နေသော ဓားကို ထုတ်လိုက်တဲ့အခါ ဝမ်မိန်းကလေးသည် အံသြသွားကာ မတ်တပ်ပါ ထရပ်လိုက်သည်။ထို့နောက် ချောင်ဖုန်းကို ထူးဆန်းသလိုနဲ့ မေးလိုက်ပါသည်။
"ရှင်ဒီဓါးကို တကယ်လေလံတင်ဖို့ရောင်းချမှာလား......"
ထိုအခါ ချောင်ဖုန်းသည် နောက်ထပ် လျှပ်စီးရောင်ဖြာထွက်နေတဲ့ သံချပ်ကာအင်္ကျီကိုပါ ဆက်ထုတ်ကာ ပြောလိုက်သည်။
"ဒီသံချပ်ကာရောပဲ"
ဝမ်မိန်းကလေးသည် ကြက်သေသေသွားကာ ရပ်နေခဲ့တဲ့အတွက် ချောင်ဖုန်းကစျေးဖြတ်ပေးဖို့ပြောလိုက်သည်။
"ဝမ်မိန်းကလေး....ဒီနှစ်ခုကို ဘယ်လောက်လောက်ရနိုင်မလဲ"
ထိုအခါမှသာ ဝမ်မိန်းကလေးသည် ဓားကို ပွတ်သပ်ကြည့်လိုက်သည် အနာအဆာရှိမရှိကြည့်လိုက်သည်။
"တကယ်ဓါးကောင်းတစ်လက်ပဲ ၊ နောက်ပြီး ဒီဓါးက လျှပ်စီးဝိညဥ်စွမ်းအင်ပါရှိတဲ့အတွက် ကျွန်မတို့လေလံစံအိမ်ကနေ ရွှေဒင်္ဂါးတစ်ရာအဖြစ်သတ်မှတ်ပေးမယ် ၊ ဒီကသခင်လေး သဘောတူရဲ့လားမသိဘူး"
ချောင်ဖုန်းသည် ခမောက်ဖြင့် ငြိမ့်ပြလိုက်သည်။ထို့နောက် ဝမ်မိန်းကလေးသည် သံချပ်ကာ အင်္ကျီကို ဖြန့်ကြည့်လိုက်သည်။
"တကယ့်ပြီးပြည့်စုံတဲ့သံချပ်ကာအင်္ကျီပဲ ၊ သခင်လေး ဒီသံချပ်ကာကတော့ အနည်းဆုံး ရွှေဒင်္ဂါးရှစ်ဆယ်က ရနိုင်မယ် "
ချောင်ဖုန်းသည် လေလံတင်ရောင်းချဖို့ သဘောတူလိုက်သည်။
ထိုအခါ ဝမ်မိန်းကလေးသည် အစိမ်းရောင်ကဒ်ပြားလေးအား
ချောင်ဖုန်းကို ပေးလိုက်သည်။
"သခင်လေးဒီကဒ်ပြားလေးကို သိမ်းထားပေးပါ"
ထို့နောက် အလုပ်သမားယောကျာ်းလေးတစ်ယောက်သည် ဝမ်မိန်းကလေးကို တံခါးဝမှ လက်နှစ်ဖက်ဆုပ်ကာ ပြောလေသည်။
"သခင်မလေးဝမ်.....လေလံပွဲ စတင်ဖို့အချိန်နီးကပ်နေပါပြီ"
"ကောင်းပြီးသွားနှင့် ငါလာခဲ့မယ်"
ထို့နောက် ဝမ်မိန်းကလေးသည် ဧည့်ကြိုမိန်းကလေးတစ်ယောက်ကိုခေါ်လိုက်သည်။ထိုမိန်းကလေးသည် ချောင်ဖုန်းကို လေလံပွဲစင်ရဲ့သီးသန့်အခန်းထဲကို လိုက်ပို့ခဲ့သည်။
"သခင်လေး....တစ်ခုခုလိုအပ်တာရှိရင် ခေါင်းလောင်းလေးတီးလိုက်နော်"
"ကောင်းပြီ"
ချောင်ဖုန်းသည် လေလံပွဲစင်ကို ကြည့်လိုက်သည်။လူပေါင်းများစွာသည် လေလံဆွဲဖို့ ရောက်ရှိနေကြသည်။
ထိုအချိန်မှာ ဝမ်မိန်းကလေးသည် ထွက်ပေါ်လာခဲ့ပါသည်။
"အားလုံးပဲမင်္ဂလာပါ......ဝမ်အိုက်လေလံစံအိမ်က ကြိုဆိုပါတယ်ရှင့် "
ဝမ်မိန်းကလေးကိုမြင်တဲ့အခါအများစုသည် လက်ခုပ်ဝိုင်းတီးကာ လေချွန်၍ နေကြလေသည်။ထို့နောက် ဝမ်မိန်းကလေးသည်ကြေးစည်ထုလိုက်ပြီး လေလံပစ္စည်းကို စတင်ကြေညာလိုက်သည်။
"ကျွန်မခုစတင်လေလံပေးသွားမယ့် အရာလေးကတော့ နှစ်တစ်ရာကြာမြက်ဖြစ်ပါတယ်ရှင့် ၊ ဒါလေးကို ငွေဒင်္ဂါးသုံးရာကစပြီး လေလံတင်နိုင်ပါတယ်"
ဝမ်မိန်းကလေးသည် သူ့ရဲ့သိုလှောင်ကွင်းလက်စွပ်ထဲမှ ကြာမြက်လေးကို ခုံပေါ်လေးမှာ အားလုံးမြင်အောင် ပြသလိုက်သည်။
ထိုအခါ လေလံစျေးနှုန်းများကို စတင်အော်ပြောကြလေသည်။
"လေးရာ " "ခြောက်ရာ"
"တစ်ထောင်"
တစ်ထောင်ဟု အသံကြားတဲ့အခါ ဘယ်သူမှ အသံဆက်မထွက်ရဲတော့ပေ။ထိုတစ်ထောင်ဟု ပြောလိုက်သောလူသည် ချောင်းဖုန်းတို့အားသတ်ဖြတ်ဖို့ လုပ်ကြံခဲ့သည့် ဟန်အိမ်တော်မှ ဟန်ဖူးရှီဖြစ်သောကြောင့်ဖြစ်သည်။
ဟန်အိမ်တော်သည် အန်းမြို့တွင်သာ နာမည်ကြီးသည်မဟုတ်ဘဲ အခြားမြို့တော်ကြီးများနဲ့ ချိတ်ဆက်ထားတာကြောင့် အန်းမြို့တွင် သူ့တို့ကို ရန်စရဲတဲ့သူမရှိပေ။တစ်ထောင်ထက်ပိုပေးမယ့်သူမရှိတာကြောင့် ဝမ်မိန်းကလေးသည် သုံးကြိမ်ရေပြီးနောက် ဖူးရှီးအား နှစ်တစ်ရာကြာမြက်ကို ပေးလိုက်သည်။
"နှစ်တစ်ရာကြာမြက်ကို ရရှိသွားတဲ့အတွက် ဂုဏ်ယူပါတယ်သခင်လေးဖူးရှီး"
ထို့နောက် ဝမ်မိန်းကလေးသည် ချောင်ဖုန်း၏ သံချပ်ကာအင်္ကျီကို သိုလှောင်လက်စွပ်ကွင်းထဲမှ ထုတ်လိုက်တဲ့အခါ လူအများအပြားသည် ထကြည့်ကြကာ အားနဲ့မာန်ပါ စကားပြောကြလေသည်။
"အဲ့တာလျှပ်စီးဝိညဥ်စွမ်းအင်ပါတဲ့ သံချပ်ကာပဲ ၊ ဒီလိုပစ္စည်းမျိူးက ဝမ်အိုက်အိမ်တော်ကနေထွက်ပေါ်လာတာ ငါယုံတောင်မယုံနိုင်ဘူး"
ထို့နောက် သီးသန့်ခန်းမှာ ရှိတဲ့လူတချို့ကလဲ သံချပ်ကာအင်္ကျီကို မြင်ကာ စိတ်ဝင်စားသွားကြသည်။ထို့နောက် သူတို့ရဲ့အစေခံများကို ပြောနေခဲ့သည်။
"သေစမ်း......အဖေက ငါ့ကို အရေးကြီးတဲ့အရာကို အဓိကလေလံဆွဲဖို့ ပြောလိုက်တာ ၊ ဒီလိုတန်ဖိုးကြီးတဲ့ရတနာက ဘယ်လိုလုပ်ပြီး ပေါ်ထွက်လာတာလဲ၊ မင်းအိမ်အမြန်ပြန်ပြီး အဖေကို အကျိုးအကြောင်းသွားပြောပြလိုက်"
"ဟုတ်ကဲ့ပါသခင်လေး"
ဝမ်မိန်းကလေးသည် သံချပ်ကာ အင်္ကျီကို ကိုင်ပြလိုက်ပြီး စျေးနှုန်းပြောပြလိုက်သည်။
"အားလုံးပဲ မြင်တွေ့ရတဲ့အတိုင်း
ဒီသံချပ်ကာအင်္ကျီမှာ ဘာအနာအဆာမှ မရှိပါဘူး ၊ နောက်ပြီးလျှပ်စီးဝိညဥ်စွမ်းအင်ပါပါရှိတဲ့အတွက် ဒီသံချပ်ကာကိုရွှေဒင်္ဂါးရှစ်ဆယ်ကနေ စပြီး လေလံဆွဲနိုင်ပါတယ်ရှင့်"
ထိုအခါ လူအများအပြားကြားမှ စပြီးအသံပေါ်လာခဲ့သည်။
"ငါ ရှစ်ဆယ့်ငါးပေးမယ်"
"ငါက ကိုးဆယ်အထိပေးမယ်"
ထို့နောက် သီးသန့်အခန်းတွေကနေ စပြီးအသံထွက်လာခဲ့ပြီ"
"တစ်ရာ"
ထိုတစ်ရာပေးလိုက်သောလူသည် ဖူးရှီဖြစ်သည်။ထိုအခါ သူ့အခန်းဘေးမှ လူသည် ဖူးရှီအားပြောလိုက်သည်။
"ဖူးရှီ....မင်းဒီထက်ပိုပြီးမပေးနိုင်တော့ဘူးလား"
ထိုလူကတော့ ဝေအိမ်တော်မှ ဝေကျူးကော်ဖြစ်လေသည်။ထိုလူသည် ဖူးရှီထက် ပိုစျေးတင်ခေါ်လိုက်သည်။
"ငါကျူးကော် တစ်ရာတစ်ဆယ်အထိပေးမယ်"
ထိုချိန်မှာ နောက်တစ်ယောက်သည် သူတို့နှစ်ယောက်ထက် ပိုစျေးပေးလိုက်ပြီး အားလုံးကို ခြိမ်းခြောက်လိုက်သည်။
"တစ်ရာနှစ်ဆယ်.......ငါ့ထက်ပိုပေးမယ့်သူရှိရင် ငါတို့မသေမျိုးနတ်သမီးဂိုဏ်းနဲ့ရန်သူပဲ"
အားလုံးသည် မသေမျိုးနတ်သမီးဂိုဏ်းဟု အသံကြားတဲ့အခါ ကြောက်သွားလေသည်။ဝမ်မိန်းကလေးပင်အပါအဝင်ဖြစ်သည်။
ဝမ်မိန်းကလေးသည် ဘယ်သူမှ ပိုမပေးတော့တာကြောင့် သံချပ်ကာအင်္ကျီအား ထိုသီးသန့်အခန်းထဲသို့ ပို့ပေးလိုက်လေသည်။