Chapter(7)
Vol. 1 Ch. 7
အသန့်စင်ဆုံးစနစ်
အခန်း(7)
ချောင်ဖုန်းသည် ရွှေဒင်္ဂါး တစ်ရာကျော်ရရှိသွားတဲ့အတွက် ဝမ်းသာသွားလေသည်။ထို့နောက် ဝမ်မိန်းကလေးသည် နောက်ထပ်ပစ္စည်းတစ်ခုကိုထုတ်လိုက်သည်။
ထိုပစ္စည်းလေးသည် သေတ္တာဘူး သေးသေးလေး ဖြစ်ပြီးတော့
ဖွင့်ပြလိုက်တဲ့အခါ သိုလှောင်လက်စွပ်ကွင်းတစ်ကွင်းဖြစ်နေသည်။
"ဒီသိုလှောင်ကွင်းလက်စွပ်ကတော့ ကျွန်မတို့ဝမ်အိုက်အိမ်တော်ကို ရောက်ရှိနေတာကြာပါပြီ ၊ပုံစံကိုကြည့်ရုံဖြင့် အဆင့်မြင့် လက်စွပ်ဆိုတာကို သိနိုင်ပါတယ် ၊ဒါပေမယ့် ဒီသိုလှောင်ကွင်းက ပျက်စီးယိုယွင်းနေတဲ့အတွက် အကြီးအကဲတွေက ပြုပြင်ရေးအစီအရင်ပါမောက္ခတွေကို အကူညီတောင်းခဲ့တယ်"
ထို့နောက် ဝမ်မိန်းကလေးသည် ခေါင်းငိုက်လိုက်ပြီး စိတ်ပျက်တဲ့ပုံစံဖြင့်ဆက်ပြောလိုက်သည်။
"ဒါပေမယ့် အားလုံးတွေ့တဲ့အတိုင်းပဲ ဒီသိုလှောင်ကွင်းလက်စွပ်က ပျက်စီးယိုးယွင်းနေတုန်းပါပဲ၊ ဒါကို ရွှေဒင်္ဂါးဆယ်ပြားကနေ စတင်လေလံတင်နိုင်ပါတယ်ရှင့်"
ထိုအခါ လေလံဆွဲမယ့်သူတစ်ယောက်သည် ဝမ်မိန်းကလေးအားပြောလိုက်သည်။
"ဝမ်မိန်းကလေး.....အဲ့တာဆို ဇူးအိမ်တော်ကို ပို့သင့်တာလေ ၊ ဘာလို့........"
ထိုလူသည် လူအများက သူ့ကို ဝိုင်းကြည့်လိုက်တာမလို့ ဆက်မပြောပဲရပ်တန့်လိုက်သည်။ဇူးအိမ်တော်သည် အန်းမြို့မှာ တည်ရှိတာ မဟုတ်ဘဲ အနီးအနားက မြို့တစ်ခုရဲ့အိမ်တော်ဖြစ်သည်။
ထိုအိမ်တော်သည် တော်ဝင်စစ်တပ်ကို ထောက်ပံသောအိမ်တော်ဖြစ်ပြီး ပြုပြင်၍ မရသောရတနာလက်နက်များကို စုဆောင်းထားသောအိမ်တော်ဖြစ်သည်။
သိုလှောင်ကွင်းက ယိုယွင်းပျက်စီးနေပေမယ့် လေလံတင်မယ့်သူများသည် စတင်စျေးနှုန်းခေါ်လိုက်ကြသည်။
"ဆယ့်ငါးပြား"
"ငါဖူးရှီ ရွှေဒင်္ဂါးနှစ်ဆယ်ပေးမယ်"
အဲ့ချိန်မှာ ချောင်ဖုန်းရဲ့အသံသည် ထွက်ပေါ်လာလေသည်။
"သုံးဆယ်"
အားလုံးသည် ချောင်ဖုန်းရဲ့သီးသန့်အခန်းကို ကြည့်လိုက်ကြသည်။
"ဒီလူက ဘယ်သူလဲ......သီးသန့်ခန်းမှာနေရတဲ့အပြင် သခင်လေးဖူးရှီနဲ့တောင် အပြိုင်အဆိုင်လုပ်ရဲသေးတယ်"
ဝမ်မိန်းကလေးသည် ချောင်းဖုန်းထပ်ပိုပေးမယ့်သူရှိသေးလားဟု မေးလိုက်သည်။
"ဒီကသခင်လေးထက်ပိုပေးမယ့်သူ ရှိသေးလားရှင့် "
ဖူးရှီသည် ချောင်ဖုန်းအခန်းကို ကြည့်ကာ သူ့လူတွေကို ပြောလိုက်သည်။
"အဲ့ကောင်အကြောင်းကို သွားစုံစမ်းခဲ့ ၊ ငါကိုရန်စရဲတဲ့အတွက်
ငါ့အကြောင်းမင်းကောင်းကောင်းသိစေရမယ်"
ခဏအကြာမှာ ဖူးရှီရဲ့အစေခံသည် ပြန်လည်ရောက်ရှိလာခဲ့သည်။
"သခင်လေး.....ဝမ်အိုက်အိမ်တော်က ဒီလူနဲ့ပက်သက်တဲ့မှတ်တမ်းတစ်ခုမှမရှိဘူးလို့ပြောပါတယ်"
ဖူးရှီးလဲ စိတ်တိုပြီး စားပွဲကို လက်သီးစုပြီးထုပစ်လိုက်သည်။
ဝမ်မိန်းကလေးသည်စျေးပိုပေးမယ့်သူမရှိ၍ ချောင်ဖုန်းအားသိုလှောင်ကွင်းလက်စွပ်ကို အလုပ်သမားတစ်ယောက်ဖြင့်ပေးလိုက်သည်။
ချောက်ဖုန်းသည် သိုလှောင်ကွင်းလက်စွပ်ကိုယူလိုက်ပြီး စိတ်ထဲမှာတော့ ကြိတ်ပျော်နေလေသည်။
ထို့နောက် ဝမ်မိန်းကလေးသည် လက်နက်များနဲ့ဆေးလုံးဆေးပင်များကို လေလံတင်ခဲ့ပြီး လူအများအပြားကလဲ ကြိုက်ရာကိုလေလံခေါ်ခဲ့ကြသည်။
"အားလုံးပဲ ဒီတစ်ခေါက်မှာ နောက်ထပ် ထူးခြားတဲ့ရတနာတစ်ခုကို ထုတ်ပြမှာဖြစ်ပါတယ် ၊ အားလုံးလဲ စိတ်ဝင်စားနေကြပြီထင်တယ် အဲ့တာကတော့........"
ဝမ်မိန်းကလေးသည် ချောင်းဖုန်းပေးသည် လျှပ်စီးဝိညဥ်စွမ်းအင်ပါရှိသည့် ဓားကို ထပ်မံထုတ်ပြလိုက်တဲ့အခါ အားလုံးလဲ အရူးအမူးဖြစ်ကုန်ကြလေသည်။
"ဘယ်လိုလုပ်ပြီး သေလောက်အောင်ရှားပါးတဲ့ရတနာပစ္စည်းတွေက ဝမ်အိုက်အိမ်တော်ကနေပေါ်လာရတာလဲ"
ဝမ်းမိန်းကလေးသည် ဓားကို ကိုင်ပြလိုက်ပြီး ရွှေဒင်္ဂါးတစ်ရာကနေစပြီး လေလံတင်ဖို့ပြောလိုက်သည်။ထိုအခါ အားလုံးသည် အပြိုင်အဆိုင် စျေးနှုန်းများ အော်ဟစ်ကြလေသည်။
မသေမျိုးနတ်သမီးဂိုဏ်းကလူသည် ထိုဓားကို ထပ်မံလိုချင်နေခဲ့သည်။သို့သော် သံချပ်ကာအင်္ကျီအပြင် နောက်ဆုံးလေလံတင်မည်အရာကို အရယူမည်ဖြစ်တာကြောင့် ပေးချေရမှာမလုံလောက်မှာ စိုးရိမ်၍ ဓားကို လက်လွှတ်လိုက်သည်။
ဓားရဲ့စျေးနှုန်းသည် ရွှေဒင်္ဂါးတစ်ရာငါးဆယ်အထိဖြစ်သွားခဲ့သည်။
ချောင်ဖုန်းကတော့ ထိုင်ခုံတွင် အေးဆေးထိုင်ကာ ကြည့်နေလေသည်။
"မဆိုးဘူး..ဒီလောက်ဆို ငါဝယ်ချင်တာတွေဝယ်လို့ရပြီ"
သူရဲ့ဓားရောင်းထွက်သွားတာတော့ ချောင်ဖုန်းကြားလိုက်ရသည်။ ဒါပေမယ့် ဘယ်သူဘယ်ဝါမှတော့ ချောင်းဖုန်းမသိလိုက်ချေ။
ထို့နောက် ဝမ်မိန်းကလေးသည် အမှောင်ချလိုက်ပြီး နောက်သို့ဝင်သွားလေသည်။ထို့နောက် အဖိုးအိုတစ်ယောက်သည် စင်ပေါ်တက်လာခဲ့သည်။အလင်းရောင်ကို ပြန်ဖွင့်လိုက်တဲ့အခါ အဖိုးအိုကို အားလုံးမြင်လိုက်ရသည်။
"အားလုံးစောင့်မျှော်နေတဲ့အချိန်ရောက်ပါပြီ ၊ အားလုံးသတင်းရရှိထားတဲ့အတိုင်း မဟူရာမြို့တော်ရဲ့ဝင်ခွင့်အမှတ်အသားကို ရွှေဒင်္ဂါးတစ်ရာ့ငါးဆယ်ကစပြီး လေလံစျေးခေါ်နိုင်ပါတယ်"
ထိုတွင်ရောက်ရှိနေသောလူအများစုသည် မဟူရာမြို့တော်ထဲသို့ ဝင်ချင်နေကြသည်။မဟူရာမြို့တော်တွင် ရှေးဟောင်းအမွေအနှစ်များစွာ ရှိနေပြီး ဝင်ခွင့်အမှတ်အသားမရှိဘဲ ဝင်လို့မရချေ။
တစ်ယောက်ပြီးတစ်ယောက် အော်ဟစ်သံများသည် ဆူညံနေလေသည်။
နောက်ဆုံးမှာတော့ မသေမျိူးနတ်သမီးဂိုဏ်းကလူပဲ ရရှိသွားခဲ့သည်။အားလုံးသည် စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့သည်။
လေလံပွဲပြီးသွားသော်အခါ ချောင်ဖုန်းသည် စာရင်းရှင်းဖို့ ဝမ်မိန်းကလေးဖြင့်တွေ့ဆုံလိုက်သည်။
"သခင်လေးရဲ့ရတနာတွေရောင်းရတဲ့တန်ဖိုးက ရွှေဒင်္ဂါးနှစ်ရာခုနှစ်ဆယ်ပါ ၊ သိုလှောင်လက်စွပ်ကွင်းနဲ့ကျွန်မတို့လေလံစံအိမ်ကရပိုင်ခွင့်ကို နှုတ်လိုက်တဲ့အခါ စုစုပေါင်း ရွှေဒင်္ဂါးနှစ်ရာနှစ်ဆယ် ကျန်ရှိပါမယ်"
ချောင်ဖုန်းသည် ခေါင်းငြိမ့်ပြလိုက်ပြီး သူရရှိမည့် ရွှေဒင်္ဂါးတွေကို သိုလှောင်အိတ်ထဲသို့ ထည့်နေချိန်မှာ ဝမ်မိန်းကလေးသည် ချောင်ဖုန်းအနားကို တိုးလာခဲ့သည်။ထို့နောက်ချောင်ဖုန်းကြားအောင် တိုးတိုးလေးပြောလိုက်သည်။
"သခင်လေးက ကျွန်မတို့အိမ်တော်ရဲ့အရေးကြီးဧည့်သည်ဖြစ်သွားပြီ ဖြစ်တဲ့အတွက် သတင်းကောင်းလေးတစ်ခုပြောပြချင်လို့ပါ ၊ တကယ်တော့ ကျွန်မတို့ဝမ်အိုက်အိမ်တော်ကနေ မဟူရာမြို့တော်ကို ဝင်ဖို့ အမှတ်အသားတစ်ခုရှိပါသေးတယ် ၊ သခင်လေးစိတ်ဝင်စားမယ်ဆို ကျွန်မတို့အဖွဲ့နဲ့ယာယီပူးပေါင်းလို့ရပါတယ်"
ချောင်ဖုန်းသည် မဟူရာမြို့တော်အကြောင်းကို ဟိုးအရင်ကတည်းက သိရှိပြီး အလွန်အန္တရာယ်များသော နေရာမှန်းလဲသိသည်။ဒါပေမယ့် ထိုနေရာတွင် တန်ဖိုးကြီးအမွေအနှစ်တွေ ရှိတာကြောင့် ဝမ်မိန်းကလေးပြောတာကို သဘောတူလိုက်သည်။
"ကောင်းပြီလေ.....ဘယ်ရက်သွားမှာလဲ"
"ကျွန်မတို့ ဒီတစ်ပတ်ကုန်ပြီးရင်သွားမှာပါ"
ထို့နောက်ချောင်ဖုန်းသည် အဲ့နေ့ကြရင် သူလာခဲ့မယ်ပြောပြီး ထိုအိမ်တော်ကနေ ထွက်ခွာလာခဲ့သည်။ဝမ်မိန်းကလေးတော့ ချောင်ဖုန်းအား ကြည့်ကာ အထင်တွေကြီးနေလေသည်။
"ဒီလောက်တန်ဖိုးကြီးတဲ့ရတနာတွေတောင် လာရောင်းတာ ဒီလူက ဘယ်လောက်တောင်သန်မာမလဲမသိဘူး ၊ မဟူရာမြို့တော်ကို ဝင်ရင်အထောက်အကူရမှာ သေချာတယ်"
ချောင်ဖုန်းကတော့ သူနောက် လူလိုက်မလိုက်သေချာစစ်ဆေးလိုက်သည်။ထို့နောက် သူရဲ့ခမောက်ကို ချွတ်လိုက်ပြီး သိုလှောင်အိတ်ထဲသို့ ထည့်လိုက်ချိန်မှ ခြေသံတစ်ခုကိုကြားလိုက်ရသည်။
သူလှည့်ကြည့်လိုက်တဲ့အခါမှတော့ ရွယ်ချင်းဖြစ်နေလေသည်။
"ကိုကိုချောင်ဖုန်း.....ရှင်အဲ့မှာဘာလုပ်နေတာလဲ ၊ ရွယ်ချင်းတစ်မနက်လုံး ရှာနေတာမောနေပြီ"
ချောင်ဖုန်းသည် ခေါင်းခါလိုက်ပြီး ရွယ်ချင်းအားပြန်ပြောလိုက်သည်။
"ရွယ်ချင်း......နင်ဘာလုပ်ဖို့ငါ့ကို ရှာနေတာလဲ"
"ရွယ်ချင်းဆေးခန်းမကို သွားမလို့ ကိုကိုချောင်ဖုန်းကို လာခေါ်တာ"
ချောင်ဖုန်းလဲ သိုင်းအဆင့်ထပ်မြှင့်ရန်အတွက် ဆေးလုံးဝယ်ဖို သတိရသွားပြီး ရွယ်ချင်းနဲ့အတူ ဆေးခန်းမကို သွားကြလေသည်။ဆေးခန်းမသို့ ရောက်တဲ့အခါ ဆေးခန်းမတွင် အရောင်းကိုယ်စားလှယ်များစွာ ရှိသော်လည်း ချောင်ဖုန်းသို့ ဝင်လာတာတောင် ကြိုဆိုမယ့်သူမရှိပေ။
"ရီအိမ်တော်က အမှိုက်ကောင်က ဆေးခန်းမကို ဘာလာလုပ်လဲမသိဘူး "
ထိုပြောလိုက်သောမိန်းကလေးရဲ့ ဘေးကသူငယ်ချင်းကလဲပြောလိုက်သည်။
"ကြည့်ရတာ သူရဲ့ဒန်တျန်ကို ပြန်ကောင်းအောင်ကုဖို့ ဆေးလုံးတွေ လာဝယ်တာထင်တယ် ဟား..ဟား "
ရွယ်ချင်းသည်ထိုစကားသံတွေ ကြားပြီး ဒေါသထွက်သွားကာ ရန်ဖြစ်မလို့ လုပ်ပင်မယ့် ချောင်ဖုန်းကတော့ ရွယ်ချင်းလက်ကို ဆုပ်ကိုင်ကာ ဆေးလုံးများကို ကြည့်ဖို့ သွားလိုက်သည်။