← Chapters

Chapter(8)

Vol. 1 Ch. 8

Chapter(8)

Vol. 1 Ch. 8

အသန့်စင်ဆုံးစနစ်

အခန်း(8)

ချောင်ဖုန်းသည် အဖုံးဖွင့်ထားသောဘူးထဲက ဆေးလုံးလေးကို လက်ညိုးထိုးကာ ဘေးမှာ ရှိနေသော လူကို မေးလိုက်သည်။

"ဒီဆေးလုံးရဲ့ တန်ဖိုးက ဘယ်လောက်လဲ"

ချောင်ဖုန်းမေးတာကို ဖြေလိုက်ပင်မယ့် ထိုမိန်းကလေးသည် ချောင်ဖုန်းအား မတူမတန်ကာ ပြောလိုက်သည်။

"အဲ့ဆေးလုံးတစ်လုံးရဲ့တန်ဖိုးက ငွေဒင်္ဂါးတစ်ထောင်တောင်ရှိတယ် ၊

မဝယ်နိုင်ပဲနဲ့ ငါတို့ကို အချိန်လာဖြုန်းနေတာပဲ"

ထိုချိန်မှာ ဆေးခန်းမကို နောက်တစ်ယောက်သည် ဝင်လာလေသည်။ထိုလူကတော့ အန်းမြို့တော်ရဲ့ မြို့စားမင်းရဲ့ သားဖြစ်လေသည်။အန်းလူချင်းကို မြင်တဲ့အခါ ဝိုင်းပြီးကြိုဆိုကြလေသည်။

"ကြိုဆိုပါတယ်သခင်လေးအန်း.....ဘာများအလိုရှိလို့လဲရှင့်"

ထိုအခါ အန်းလူချင်းသည် လက်နောက်ပစ်ကာ ဆေးလုံးများကို ဝင်ကြည့်ပြီးပြောလိုက်သည်။

"ငါ့အဖေမှာထားတဲ့ဆေးလုံးတွေလာယူတာ"

ထိုအခါ မိန်းကလေးတစ်ယောက်သည် အန်းလူချင်းအား ခေတ္တစောင့်ဖို့ ပြောပြီး အခန်းအတွင်းထဲသို့ ဝင်သွားလေသည်။

အန်းလူချင်းသည် ချောင်ဖုန်းကို တွေ့တွေ့ချင်းအံသြသွားသည်။

"မင်း ...မင်းကမသေသေးဘူးလား"

ချောင်ဖုန်းလဲ တစ်ဖက်လူက သူကို့ရုတ်တရက်မသေသေးဘူးဟု မေးလိုက်တဲ့အခါ ဒေါသထွက်စွာပြန်ပြောလိုက်သည်။

"ငါက ဘာဖြစ်လို့သေရမှာလဲ"

ထိုအခါ ရွယ်ချင်းက ဝင်ပြောလိုက်သည်။

"အကိုအန်း.......ကိုကိုချောင်ဖုန်းက ဘာဖြစ်လို့သေရမှာလဲ"

"ဘာမှမဟုတ်ပါဘူး......ငါလူမှားပြီးပြောမိတာပါ"

အန်းလူချင်းသည် ချောင်ဖုန်းတို့ကို ဘာမှမပြောပင်မယ့် စိတ်ထဲမှာတော့ လူနှစ်ယောက်ကို ကျိန်ဆဲလိုက်သည်။

"ဒီခွေးနှစ်ကောင်.....ဒါလေးတောင်အဖြစ်ရှိအောင်မလုပ်နိုင်ဘူး"

ချောင်ဖုန်းသည် သူခုနက ​ပြောသော ဆေးလုံးကို ဆယ်လုံးယူဖို့အရောင်းကိုယ်စားလှယ်ကို ပြောလိုက်သည်။ရွယ်ချင်းလဲ အံသြကာ ချောင်ဖုန်းကို လက်ချင်းထိလိုက်ကာပြောလိုက်သည်။

"ကိုကိုချောင်ဖုန်း.....ရှင်နောက်နေတာလား ၊ ဒီလောက်များတဲ့ပမာဏက ကျွန်မတို့မျိုးနွယ်စုတစ်လရတာထက် အဆမတန်ကျော်နေပြီလေ"

ထိုအခါ အန်လူချင်းသည် ချောင်ဖုန်းအားလှောင်လိုက်သည်။

"ချောင်ဖုန်း.....မင်းက အစက ငါလေးစားအားကျရတဲ့လူတစ်ယောက်ပဲ ၊ ခုတော့ မင်းက အမှိုက်ကောင်ဖြစ်သွားတဲ့အပြင် လူအများအထင်ကြီးအောင် လိမ်လည်ပြီးလေလုံးကြီးတဲ့လူတစ်ယောက်ဖြစ်နေလိမ့်မယ်လို့မထင်ထားမိဘူး"

ထိုအခါ အရောင်းကိုယ်စားလှယ်သုံးယောက်ကလဲ ချောင်ဖုန်းအား ခြိမ်းခြောက်ကာ နှင်ထုတ်လိုက်သည်။

"ရီသခင်လေး......ရှင်မဝယ်နိုင်ပဲ ပြသာနာရှာမယ်ဆိုရင်တော့ ကျွန်မတို့ဆေးခန်းမက ထွက်သွားပေးပါ ၊ မဟုတ်ရင်တော့ ဆေးခန်းမရဲ့ဥပဒေကို ရှင်သိမယ်ထင်ပါတယ်"

"ဟုတ်တယ်.....ရှင်ကတမင်အချိန်လာဖြုန်းနေတာပဲ"

ချောင်ဖုန်းသည် အစကတော့ ဆေးလုံးဝယ်ယူချင်ပေမယ့် ထိုမိန်းကလေး သုံးယောက်၏ ဆက်ဆံမှုကြောင့် ဒေါသထွက်သွားပြီး ရွယ်ချင်းလက်ကို ဆွဲကိုင်ကာ ဆေးခန်းမကနေ ထွက်ခွာလာခဲ့သည်။

ချောင်ဖုန်းထွက်ခွာသွားတဲ့အခါ အရောင်းကိုယ်စားလှယ်သုံးယောက်နှင့် ဆေးလုံးဝယ်ယူနေသော လူတချို့သည် လှောင်ပြောင်၍ ဆေးခန်းမတွင် ကျန်ရှိခဲ့လေသည်။

ရွယ်ချင်းသည် ချောင်ဖုန်းလိုအပ်သမျှကို တနေ့ဖြည့်ဆည်းပေးဖို့ ကြိုးစားရန် သူ့ကိုယ်သူ သတိပေးလိုက်သည်။ထို့နောက် သူ့လက်ကို ဆွဲထားသောချောင်ဖုန်းကို ကြည့်ကာ စိတ်ထဲက ဝေဝါးနေခဲ့သည်။

"ငါကိုကိုချောင်ဖုန်းကို သဘောကျမိနေတာလား......ဘာလို့ငါစိတ်ထဲအဲ့လိုခံစားနေရတာလဲ"

ထို့နောက် သူ့လက်ကို ကိုင်ထားတာကို သတိရသွားပြီး လွှတ်ခိုင်းလိုက်ပြီး ချောင်းဖုန်းကိုရန်တွေ့လိုက်သည်။

"ကိုကိုချောင်ဖုန်း ရွယ်ချင်းလက်ကိုလွှတ်ပေးအုံး....နင်ဘယ်ဆက်သွားအုံးမလို့လဲ "

ချောင်ဖုန်းသည် နောက်ထပ်ဆေးခန်းမတစ်ခုကို သွားဖို့ပြောလိုက်သည်။အန်းမြို့တွင်ရှိသော ဆေးခန်းမတွေသည် တခြားမြို့မှ ပို့ပေးသော ဆေးလုံးများကို ယူရောင်းချင်းသာ ဖြစ်သည်။

ရွယ်ချင်းသည် ချောင်ဖုန်းအား ပြသာနာရှာတက်သူဟု မထင်ထားချေ။ခုလဲနောက်ထပ်ဆေးခန်းမကိုရှေ့ကပင်သွားနေလေသည်။ချောင်ဖုန်း ဒီတစ်ခါသွားသည့် ဆေးခန်းမကတော့ သူတို့ရီမျိုးနွယ်စု ဝယ်ယူလေ့ရှိသောဆေးခန်းမဖြစ်သည်။

ထိုဆေးခန်းမမှ မိန်းကလေးတစ်ယောက်ကတော့ ချောင်ဖုန်းတို့ဝင်ဝင်လာချင်းကို ကြိုဆိုလိုက်သည်။

"မင်္ဂလာပါ....သခင်လေးနဲ့သခင်မလေး ၊

စု့အာတို့ဆေးခန်းမကနေကြိုဆိုပါတယ်"

ချောင်ဖုန်းသည် အထဲသို့ ဝင်သွားပြီး ခုနကဆေးခန်းမတွင်တွေ့ခဲ့သော ဆေးလုံးများ ရှိမရှိကြည့်လိုက်သည်။ ရွယ်ချင်းလဲ သူလိုချင်သည့် ဆေးလုံးကို စု့အာအားပြောလိုက်သည်။

ချောင်ဖုန်းသည် သူလိုချင်တဲ့ ဆေးလုံးကို တွေ့သွားပြီး ပြောလိုက်သည်။

"ဒီဆေးလုံးကို ဘယ်လောက်နဲ့ရနိုင်မလဲ"

"သခင်လေး ဒီဆေးလုံးရဲ့တန်ဖိုးက ငွေဒင်္ဂါးတစ်ထောင်ပါ"

"ဒါဆို ဒီဆေးလုံးကို ငါဆယ်လုံးလောက်လိုချင်တယ်"

စု့အာလဲ လန့်သွားသည်။

"ရှင်........"

အနားမှာရှိသောရွယ်ချင်းသည် ချောင်ဖုန်းကို ကြည့်ကာ အံ့အားသင့်သွားလေသည်။စိတ်ထဲမှာတော့ ချောင်ဖုန်းကို ထုရိုက်ချင်နေလေသည်။ စု့အာကတော့ ချောင်ဖုန်းကို အကျိုးအကြောင်းပြောပြလိုက်သည်။

"သခင်လေး.....ဒီဆေးလုံးကစု့အာတို့ရှိမှာ ငါးလုံးပဲ ရှိတယ် ၊ နောက်ပြီးတော့......"

စု့အာသည် စကားရပ်သွားတာကြောင့် ချောင်ဖုန်းက ဆက်မေးလိုက်သည်။

"နောက်ပြီးတော့ ဘာဖြစ်လဲ......"

စု့အာသည် မပြောချင်ပြောချင်နဲ့ ချောင်ဖုန်းအားပြောလိုက်သည်။

"နောက်ပြီးတော့ သခင်ကြီးလုပင်းကလဲ သူယူထားတဲ့ဆေးလုံးရဲ့တန်ဖိုး ငွေဒင်္ဂါးငါးရာကိုလဲ ပေးမချေရသေးပါဘူး"

ထိုအခါမှ ချောင်ဖုန်သည် သူ့အတွက်နဲ့ လုပင်းသည် ဆေးခန်းမမှာ အကြွေးယူထားမယ်လို့ထင်မထားခဲ့ချေ။ချောင်ဖုန်းသည် ရွယ်ချင်းကို မေးလိုက်သည်။

"ရွယ်ချင်း......နင်လိုချင်တာရောဝယ်ပြီးပြီးလား"

ရွယ်ချင်းသည် လက်ထဲမှာ ဆေးလုံးတစ်လုံးပါသော ဘူးလေးကို ကိုင်ထားပြီးခေါင်းငြိမ့်ပြလိုက်သည်။ထိုအခါ ချောင်းဖုန်းသည်စု့အာ အားမေးလိုက်သည်။

"ကောင်းပြီလေ......စုစုပေါင်းအားလုံးဘယ်လောက်ကျလဲ"

ထိုအခါ စု့အာလဲ မမေးတရဲနဲ့ ပြန်မေးလိုက်သည်။

"သခင်လေး.....ဒီ...ဒီဆေးလုံးတွေရော"

ချောင်ဖုန်းသည် ထစ်နေသည် စု့အာမိန်းကလေးအစားပြောလိုက်သည်။

"ဟုတ်တယ်......အဲ့ဆေးလုံးတွေအပါအဝင်ပဲ"

ရွယ်ချင်းကတော့ ချောင်ဖုန်းဘာဆက်လုပ်မလဲ သိချင်နေခဲ့ပြီး ဘာမှဝင်မပြောတော့ချေ။စု့အာကတော့ ချောင်ဖုန်းကို စျေးနှုန်းပြောလိုက်သည်။

"သခင်လေး....အဲ့တာဆို ငွေဒင်္ဂါးခြောက်ထောင်နီးပါးကျပါတယ်"

ချောင်ဖုန်းသည် သိုလှောင်အိတ်ထဲမှ ရွှေဒင်္ဂါးခြောက်ဆယ်ကို ထုတ်ပေးလိုက်သည်။ထိုအခါ ရွယ်ချင်းနှင့်အတူ စု့အာသည် အံ့အားသင့်သွားလေသည်။စု့အာလဲ ဆေးလုံးငါးလုံးထည့်ထားသည့် ဘူးလေးကို ချောင်းဖုန်းအား အမြန်ထုတ်ပေးလိုက်သည်။

"သခင်လေးလိုချင်တဲ့ဆေးလုံးရပါပြီ.....နောက်ပြီးဘာများအလိုရှိသေးလဲမသိဘူး"

ချောင်ဖုန်းသည် ခေါင်းခါပြလိုက်ပြီး ဆေးလုံးထည့်ထားသည့် ဘူးလေးကို သိုလှောင်အိတ်ထဲသို့ ထည့်လိုက်ပြီး ရွယ်ချင်းနဲ့အတူထွက်ခွာလာခဲ့သည်။စု့အာကတော့ တန်ဖိုးကြီးဆေးလုံးငါးလုံးလုံးရောင်းထွက်သွားတဲ့အတွက် ပျော်နေလေသည်။

ရွယ်ချင်းသည် အိမ်ပြန်တဲ့လမ်းတွင် ရပ်လိုက်ပြီးချောင်ဖုန်းအားမေးလိုက်သည်။

"ကိုကိုချောင်ဖုန်း......နင်အဲ့ရွှေဒင်္ဂါးအများကြီးဘယ်ကရတာလဲ"

မှတ်ချက်။

ငွေဒင်္ဂါးတစ်ရာက ရွှေတစ်ပြားနဲ့ ညီမျှတယ်လို့ သတ်မှတ်ထားပါတယ်ဗျ

All Chapters