Chapter(9)
Vol. 1 Ch. 9
အသန့်စင်ဆုံးစနစ်
အခန်း(9)
ချောင်ဖုန်းသည် ရွယ်ချင်းကို ပြန်မဖြေဘဲ ရီမျိုးနွယ်စုကိုသာ
ပြန်သွားခဲ့သည်။ချောင်ဖုန်းသည် သူ့အခန်းထဲက ဝင်သောအခါ ရွယ်ချင်းသည် လိုက်ပါလာခဲ့သည်။
"ရွယ်ချင်း.......ဒါငါ့အခန်းလေ နင်ငါနဲ့အတူနေမလို့လား"
ရွယ်ချင်းသည် ထိုင်ခုံတစ်ခုံပေါ်မှာ ထိုင်ပြီး ချောင်ဖုန်းကို သူထွက်သွားရတော့မယ့်အကြောင်းပြောလိုက်သည်။
"ကိုကိုချောင်ဖုန်း......ငါရီမျိုးနွယ်စုကနေထွက်ခွာသွားရတော့မယ်"
"ထွက်သွားမယ်.......ဘယ်ကိုထွက်သွားမှာလဲ"
ထိုအခါ ရွယ်ချင်းက သေချာရှင်းပြလိုက်သည်။
မသေမျိုးနတ်သမီးဂိုဏ်းမှ အကြီးအကဲအမျိုးသမီးသည် ရွယ်ချင်းကို သဘောကျတာကြောင့် သူ့ရဲ့တပည့်လုပ်မလားလို့ ရွယ်ချင်းကို ကမ်းလှမ်းခဲ့ပြီး ရွယ်ချင်း ကလဲလက်ခံခဲ့သည်။
ချောင်ဖုန်းသည် ရွယ်ချင်းအစားဝမ်းသာနေခဲ့သည်။
"မသေမျိူးနတ်သမီးဂိုဏ်းဟုတ်လား......ရွယ်ချင်းနင်သိပ်ကံကောင်းတာပဲ "
ရွယ်ချင်းသည် စိတ်မကောင်းသည်ပုံစုံဖြင့်ပြောလိုက်သည်။
"ကိုကိုချောင်ဖုန်း.... အချိန်တွေကြာသွားရင် ရွယ်ချင်းကို မေ့သွားမှာမလား"
ချောင်ဖုန်းသည် ရွယ်ချင်းကို တစ်ချက်ပွေ့ဖက်လိုက်သည်။
ရွယ်ချင်းလဲ ရှက်ကာ ချောင်ဖုန်းအခန်းမှ ထွက်ခွာသွားလေသည်။ရွယ်ချင်းထွက်သွားမှသာ ချောင်ဖုန်းသည် သိုလှောင်အိတ်ထဲမှ ပျက်စီးနေသည့် သိုလှောင်ကွင်းလက်စွပ်ကို ထုတ်လိုက်ပြီး ရယ်လိုက်သည်။
"ဟီးဟီး ဒီကောင်မလေးကို မောင်းထုတ်ဖို့ ဒီနည်းလမ်းက အကောင်းဆုံးပဲ.....ဒီသိုလှောင်ကွင်းလက်စွပ်ကို သန့်စင်မယ်"
သိုလှောင်ကွင်းလက်စွပ်ရှိ ပျက်စီးနေသည့် အပိုင်းအစများသည် ချက်ချင်းပြန်လည်ပြည့်လာပြီး စက္ကန့်ပိုင်းအတွင်းမှာ တောက်ပသောအနက်ရောင် လက်စွပ်ကွင်းအဖြစ်သို့ ပြောင်းလဲသွားသည်။
"နောက်ဆုံးတော့ ငါလဲ ကိုယ်ပိုင်သိုလှောင်ကွင်းလက်စွပ်ကို ကိုင်နိုင်ခဲ့ပြီ....၊ ငါဒီသိုလှောင်ကွင်းလက်စွပ်ကို သွေးနဲ့ချိတ်ဆိုမှုလုပ်ရမယ်"
ချောင်ဖုန်းသည် သူရဲ့လက်ညိုးထိပ်ကို ကိုက်လိုက်ပြီး ထွက်လာသောသွေးစက်ကို သိုလှောင်ကွင်းလက်စွပ်ပေါ်ချလိုက်သည်။
ထိုအခါ သိုလှောင်ကွင်းလက်စွပ်သည် ချောင်ဖုန်းနဲ့ချိတ်ဆက်သွားခဲ့သည်။
ချောင်ဖုန်းလဲ လက်စွပ်ကို ဝတ်လိုက်ပြီး သိုလှောင်ကွင်းလက်စွပ်ကို စစ်ဆေးလိုက်သည်။သိုလှောင်ကွင်းလက်စွပ်ထဲတွင် အလွန်ကျယ်ဝန်းသော နေရာအကြီးကြီးသာရှိပင်မယ့် သေတ္တာဘူးလေးတစ်ခုသာ ရှိနေလေသည်။
ချောင်ဖုန်းလဲ သေတ္တာလေးကို ထုတ်ပြီး စားပွဲပေါ်သို့တင်ကာ ဖွင့်ကြည့်လိုက်သည်။ထိုသေတ္တာလေးထဲတွင်လဲ ရှေးခေတ် မြေပုံစာရွက် တစ်ခုကိုသာ တွေ့လိုက်ရ၍ စိတ်ပျက်သွားကာ ပြန်သိမ်းထားလိုက်သည်။
ချောင်းဖုန်းလဲ သူ့ရဲ့သိုလှောင်အိတ်ထဲမှ အရာတွေကို သိုလှောင်ကွင်းထဲသို့ ပြောင်းထည့်လိုက်လေသည်။သိုလှောင်ကွင်းလက်စွပ်သည် လက်မှာဝတ်ထားပင်မယ့် ပိုင်ရှင်က ထိလိုက်မှသာ လက်စွပ်ရှိမှန်း သိရှိနိုင်သည်။
ချောင်ဖုန်းသည် သိုင်းအဆင့် မြှင့်တင်ရန်အတွက် ဆေးလုံးသောက်မလို့ လုပ်စဥ်မှာ အန်းလူချင်းကို သတိရသွားသည်။
"ဒီကောင်က ငါ့ကို မြင်မြင်ချင်း မသေသေးဘူးလားမေးတာ ဒါသွေးရိုးသားရိုးမဖြစ်နိုင်ဘူး ၊ ငါထင်တာမမှားရင် မှောင်ခိုစျေးကွက်ကိုသွားတဲ့ညက ငါ့တို့ကိုလုပ်ကြံတဲ့လူတွေရဲ့နောက်ကွယ်က အဲ့ကောင်ဖြစ်နိုင်မလား"
ထို့နောက် ချောင်ဖုန်းသည် သူဝယ်ထားတဲ့ဆေးလုံးငါးလုံးကို သန့်စင်လိုက်သည်။
"ဒီဆေးလုံးတွေကို သန့်စင်မယ်"
ချောင်ဖုန်းဝယ်လာသော ဆေးလုံးများသည် မူလစွမ်းအင်မှာ နှစ်ဆယ်ရာခိုင်နှုန်းသာ ပါဝင်လေသည်။ချောင်ဖုန်းသည် ပထမတစ်ခါ သန့်စင်သည့်အခါ ရှစ်ဆယ်ရာခိုင်နှုန်းသို့ ပြောင်းသွားပြီး နောက်တစ်ခေါက်ထပ်မံသန့်စင်တဲ့အခါမှာတော့ တစ်ရာရာခိုင်နှုန်းအထိ ရောက်ရှိသွားသည်။
"ဒီလောက်ဆို ငါထူးချွန်သူအဆင့်နယ်ပယ်ရဲ့အထွဋ်အထိပ်ကို ရရှိနိုင်ပြီထင်တယ်"
ချောင်ဖုန်းသည် ဆေးလုံးကို သောက်လိုက်ပြီးနောက် ဆေးလုံးမှာ ပါဝင်တဲ့စွမ်းအားတွေအား စုပ်ယူပါတော့သည်။ဒီလိုနဲ့ရက်အနည်းငယ်ကြာပြီးနောက်မှာ ချောင်ဖုန်းသည် ထူးချွန်သူနယ်ပယ်အဆင့်၏ အထွဋ်အထိပ်ကို ရောက်ရှိလာပါတော့သည်။
ချောင်ဖုန်းမျက်လုံးဖွင့်ဖွင့်ချင်းမှာ ဆူညံတဲ့အချို့ကို ကြားလိုက်ရသည်။
"ရီလုပင်း.....မင်းက အိမ်တော်ခေါင်းဆောင်ရဲ့အာဏာကို အလွဲသုံးစားလုပ်ပြီး မင်းရဲ့သားအမှိုက်ကောင်အတွက် ဆေးလုံးတွေဝယ်ထားတဲ့ကိစ္စကို ငါတို့မှာအထောက်အထားရှိတယ် ၊ မင်းဘာငြင်းချင်သေးလဲ"
ထိုလူသည် ရီမျိုးနွယ်စုရဲ့ အကြီးအကဲတစ်ယောက်ဖြစ်သည်။
လုပင်းသည် ထိုလူကို အေးအေးဆေးဆေးပဲ ပြန်ပြောလိုက်သည်။
"အကြီးအကဲပိုင်အို.....မင်းကငါ့ကိုစွပ်စွဲနေတာပဲ ၊ ငါသုံးထားတဲ့ငွေဒင်္ဂါးတန်ဖိုးက ငါရပိုင်ခွင့်ထဲကပဲလေ "
ထိုအချိန်မှာ နောက်ထပ်ရီမျိုးနွယ်စုရဲ့အကြီးအကဲတွေရောက်ရှိလာခဲ့သည်။
"လုပင်း......မင်းအိမ်တော်ခေါင်းဆောင်နေရာကနေ နှုတ်ထွက်သင့်ပြီထင်တယ် ၊ အိမ်တော်အမိန့်ပြားကို ငါတို့လက်ထဲ ပြန်အပ်ပါ"
လုပင်းသည် တနေ့ထိုသို့ဖြစ်လာမှာကို သိရှိပြီးသားဖြစ်သည်။သို့သော် ခုလို ဒဲ့ပြောလိုက်တဲ့အခါ ဒေါသထွက်သွားသည်။ချောင်ဖုန်းသည် ရီအိမ်တော်ရဲ့ခြံဝန်းထဲမှ ပြောနေသောအသံများကို ကြားလိုက်ရတာကြောင့် သူ့အဖေရှိကို သွားလိုက်သည်။
"ကြည့်ရတာ ၊ ငါ့အခြေအနေကို ဖုံးကွယ်ထားလို့မရတော့ဘူးထင်တယ်"
လုပင်းသည် အိမ်တော်အမိန့်ပြားပေးကို ထုတ်ကာ ပိုင်အိုအားပေးမည့် အချိန်တွင် အကြီးအကဲအားလုံးမျက်နှာသည် ပြုံးရွင်သွားလေသည်။သို့သော်ထိုချိန်မှာ လုပင်းလက်ကို ချောင်ဖုန်းက ဖမ်းဆုပ်လိုက်ကာ ပြောလိုက်သည်။
"အဖေ......ဒီအမိန့်ပြားကို ဒီလူတွေလက်ထဲကိုသာ ထည့်လိုက်ရင် အဖေကိုတောင် အလွတ်မပေးမှာကြောက်ရတယ်"
ထိုအခါအကြီးအကဲတွေသည် မျက်နှာပျက်သွားလေသည်။ထိုချိန် ရီပိုင်အိုရဲ့ သားဖြစ်သူ ရီဟိုမင် ရှေ့ထွက်လာပြီး ချောင်ဖုန်းကို ကျိန်ဆဲလိုက်သည်။
"အမှိုက်ကောင်ချောင်ဖုန်း...မင်းကကိုယ့်နေရာကိုယ်မနေဘဲ ၊ ဒီကိုဘာလာလုပ်တာလဲ၊ အကြီးအကဲတွေကိစ္စကိုဝင်နှောက်ယှက်ရဲတဲ့အတွက် မင်းကို ငါပညာပေးရမယ်"
ရီဟိုမင်သည် စကားဆုံးတာနဲ့ချောင်းဖုန်းအားတိုက်ခိုက်လိုက်သည်။ထိုအခါ လုပင်းသည် သူ့သားကို ကာကွယ်ဖို့ လုပ်လိုက်ပေမယ့် ရီပိုင်အိုက တားကာပြောလိုက်သည်။
"ကလေးတွေအချင်းချင်းပညာစမ်းတာ လူကြီးတွေဝင်မပါသင့်ဘူးထင်တယ်...လုပင်း"
လုပင်းသည် စိတ်ထဲမှာတော့ ထိုလူအားလုံးကို ကျိန်ဆဲလိုက်သည်။
"သိုင်းပညာပျက်စီးနေတဲ့ကို လူသားနယ်ပယ်အဆင့်က တိုက်ခိုက်တာကို ပညာစမ်းတာတဲ့လား ၊ ဘယ်လောက်တောင်အရှက်မရှိတဲ့လူတွေလဲ"
ရီဟိုမင်သည် သူ့ကိုယ်သူအထင်ကြီးစွာ ချောင်ဖုန်းအားဝင်တိုက်လိုက်သည်။ချောင်ဖုန်းသည် ရီဟိုမင်ရဲ့ 'ခြင်္သေ့ကဲ့သို့အဟုန်' တိုက်ကွက်ကို အေးဆေးပင်ရှောင်လိုက်ပြီး ခြေထောက်ကို ကိုင်၍ ကိုင်ပေါက်လိုက်သည်။
"ဘာ......မဖြစ်နိုင်တာ.....မင်းလိုအမှိုက်ကောင်က ငါရဲ့တိုက်ကွက်ကို ရှောင်နိုင်ပြီး ငါ့ကိုဒဏ်ရာရအောင်တောင် လုပ်နိုင်တာလား ၊ကြည့်ရတာ ငါမင်းကို လျော့တွက်မိပြီထင်တယ် ၊ ဒီနေ့ငါရဲ့အကောင်းဆုံးတိုက်ကွက် မင်းကိုပြမယ်"
ရီဟိုမင်သည် ဓားအိမ်ထဲမှ သူရဲ့သာမာန်ဓားကို ထုတ်လိုက်ပြီး ဓားအိမ်ကို လွှင့်ပစ်လိုက်သည်။ထို့နောက် ဓားတွင် စွမ်းအားများစုစည်းပြီးတိုက်ခိုက်မည့်ချိန်တွင် သူရဲ့လည်ပင်းကို တစ်စုံတစ်ရာက ရောက်ရှိလာတာကို တွေ့လိုက်ရသည်။ထို့နောက် ထိုင်ချသွားပြီးပြောလိုက်သည်။
"မဖြစ်နိုင်တာ....မင်း...မင်းကအမှိုက်ကောင်မဟုတ်ဘူးလား"
လုပင်းနဲ့ရီမျိူးနွယ်စုအကြီးအကဲအားလုံးသည် ချောင်ဖုန်းရဲ့လျင်မြန်မှုက သူတို့ကို ကြောက်လန့်သွားစေခဲ့သည်။ရီဟိုမင်ရဲ့လည်ပင်းတွင် ဓားအိမ်မဟုတ်ပဲ ဓားသာဆိုရင် ရီဟိုမင်တစ်ယောက်အသက်ရှင်တော့မည် မဟုတ်ချေ။
ချောင်ဖုန်းသည် ရီအကြီးအကဲတွေဘက်ကို ကြည့်ကာပြောလိုက်သည်။
"ရီအိမ်တော်ရဲ့အမိန့်ပြားကို လိုချင်တဲ့သူတွေရှိသေးလား"
ထိုအခါ အကြီးအကဲအားလုံးသည် လုပင်းအားတောင်းပန်ပြီး အမြန် ထွက်ခွာသွားလေသည်။လုပင်းလဲ ဝမ်းသာအားရဖြစ်ပြီး ချောင်ဖုန်းနဲ့အတူ အိမ်ခန်းထဲသို့ ဝင်ပြီးစကားပြောလေသည်။
"သား...ချောင်ဖုန်း.....မင်းဒန်တျန်ပြန်ကောင်းသွားပြီလား"
ချောင်ဖုန်းလဲ ကိစ္စတချို့ကို ဖုံးကွယ်ပြီး သူ့အဖေကို ပြောပြလိုက်သည်။ထို့နောက် စုမိုပျောက်နေတာကို သတိထားမိပြီး မေးလိုက်သည်။
"အဖေ.....အမေက ဘယ်သွားနေတာလဲ"
"စုမိုလား......သူရွယ်ချင်းကို မင်းအဒေါ်နဲ့အတူ မသေမျိူးနတ်သမီးဂိုဏ်းရဲ့အမျိုးသမီးရှိ သွားပို့တယ်"
"ရွယ်ချင်းတောင် မသေမျိုးနတ်သမီးဂိုဏ်းရဲ့တပည့်ဖြစ်တော့မှာပါလား"
ချောင်ဖုန်းသည် မနက်ဖြန် မဟူရာမြို့တော်ကို သွားဖို့အချိန်ကျရောက်ပြီဖြစ်သည်။လုပင်းလဲ ချောင်ဖုန်းအနားယူစေဖို့ ထွက်သွားခဲ့သည်။ချောင်ဖုန်းလဲ တချိန်လုံးသိုင်းလေကျင့်နေရသည့်အတွက် ပင်ပန်းကာအိပ်စက်လိုက်သည်။