Chapter(10)
Vol. 1 Ch. 10
အသန့်စင်ဆုံးစနစ်
အခန်း(10)
နောက်နေ့မနက်မိုးမလင်းခင် ချောင်ဖုန်းသည် သာမာန်ဓားတစ်လက်ကို သိုလှောင်လက်စွပ်ကွင်းထဲသို့ ထည့်လိုက်သည်။
ထို့နောက်စာတစ်စောင်ကို ရေးခဲ့ပြီး သူဆောင်းသည့် ခမောက်ဆောင်းကာ ဝမ်အိုက်အိမ်တော်သို့ ထွက်ခွာလာခဲ့သည်။
ချောင်ဖုန်းသည် ဝမ်အိုက်အိမ်တော်ရှေ့တွင် အဖွဲ့တစ်ဖွဲ့ကို တွေ့လိုက်ရသည်။ချောင်ဖုန်းရောက်လာတဲ့အခါ ဝမ်မိန်းကလေးသည်ကြိုဆိုလိုက်သည်။
"သခင်လေး.....ရှင်ရောက်လာတာနဲ့အတော်ပဲ ကျွန်မတို့လဲထွက်ခွာကြတော့မလို့ "
ချောင်ဖုန်းသည် ခေါင်းငြိမ့်ပြလိုက်သည်။ထိုအခါ သူတို့ထဲမှ လူတစ်ယောက်သည် သိုလှောင်ကွင်းလက်စွပ်ထဲမှ ဝိညဥ်လှေတစ်ခုကို ထုတ်လိုက်သည်။ဝိညဥ်လှေဆိုသည်မှာ လှေကဲ့သို့အလားသဏ္ဍာန်တူပြီး လေပေါ်တွင် ပျံဝဲနိုင်သောအရာဖြစ်သည်။
ဝိညဥ်လှေထုတ်ပြီးတဲ့အခါ ချောင်ဖုန်းတို့အားလုံးသည် ထိုပေါ်သို့ တက်လိုက်ကြသည်။လူအားလုံးစုံတဲ့အခါ ဝိညဥ်လှေကြီးသည် လျင်မြန်သောအရှိန်ဖြင့် စတင်ပျံဝဲလေသည်။ချောင်ဖုန်းတို့သည်
တစ်ရက်ကြာပြီးနောက်မှာ မြို့အများစုကို ဖြတ်ကျော်လာခဲ့သည်။
အန်းအိမ်တော်မှာတော့ လုပင်းနဲ့စုမိုသည် ချောင်ဖုန်းရဲ့စာကို ဖတ်ပြီးတော့ အနည်းငယ်တော့ စိတ်ပူနေခဲ့သည်။
ချောင်ဖုန်းတို့ အောက်ခြေဘက်ကို ကြည့်နေချိန်မှာ လူတစ်ယောက်သည် ပြတ်သားသောအသံဖြင့် စကားပြောလိုက်သည်။
"နောက်ဆုံးတော့ မဟူရာမြို့တော်ကို ရောက်ရှိလာခဲ့ပြီ"
ထိုလူသည် ဝိညဥ်လှေကို မြေပြင်ပေါ်သို့ ဆင်းသက်စေလိုက်သည်။ဝိညဥ်လှေ မြေပေါ်ရောက်တဲ့အခါ အားလုံးသည် ခုန်ဆင်းကာ လမ်းလျှောက်လာခဲ့ပြီး မဟူရာမြို့တော်ရဲ့ ဂိတ်အဝတံခါးကို ရောက်ရှိလာလေသည်။ထိုအခါ ရဲမက်ဝတ်စုံဖြင့် စစ်သည်တော်နှစ်ယောက်သည် ချောင်ဖုန်းတို့အားမေးမြန်းလိုက်သည်။
"မဟူရာမြို့တော်ရဲ့ တံဆိပ်အမှတ်အသားမပါရှိပဲ ဝင်ခွင့်မရှိဘူး ၊ မင်းတို့မှာ တံဆိပ်အမှတ်အသားပါလား"
ထိုအခါ ချောင်ဖုန်းတို့အဖွဲ့ကို ဦးဆောင်သောသူ ဝမ်ရှောက်ရှန်သည် သိုလှောင်ကွင်းမှ အမှတ်တံဆိပ်ကို ထုတ်ပေးလိုက်သည်။ထိုအခါရဲမက်သည် သူမှာရှိသော အရာဖြင့် တံဆိပ်အမှတ်အသားကို စစ်ဆေးနေခဲ့သည်။
စစ်ဆေး၍ အတည်ပြုပြီး မှန်ကန်သောအခါ ထိုရဲမက်သည် သူရဲ့သိုလှောင်အိတ်ထဲမှ မြေပုံတစ်ခုကို ထုတ်ပေးလိုက်ကာ မဟူရာမြို့တော်ရဲ့ တံခါးကို ဖွင့်ပေးလိုက်လေသည်။
ချောင်ဖုန်းတို့အားလုံးသည် တံခါးကြီးအတွင်းကို ဝင်လိုက်ရယုံဖြင့် ကျောချမ်းသလို ခံစားလိုက်ရသည်။ထို့နောက် ဝမ်ရှောက်ရှန်ကပြောလိုက်သည်။
"ဒီမဟူရာမြို့တော်ရဲ့ ဝင်ပေါက်ဝမှာတင် အဆင့်တစ်နတ်ဆိုးသားရဲကောင်တွေက တစ်ခါတစ်လေ အစာရှာဖွေစားသောက်ကြတယ်၊ ဒါကြောင့်မို့ သတိဝိရိယရှိရှိနေကြပါ"
"ဟုတ်ကဲ့.....သခင်လေးဝမ်"
အားလုံးသည် ရှေ့သို့ အနည်းငယ်သွားပြီးတဲ့နောက် တစ်စုံတစ်ရာသည် သူတို့စီပြေးလာတာကို ခံစားလိုက်ရသည်။
"အားလုံးအဆင်သင့်ပြင်ထားကြ"
တစ်ဖွဲ့လုံးသည် ဓားများကို ထုတ်ပြီး အရပ်လေးမျက်နှာကို ရွယ်ထားကြလေသည်။ထိုချိန်မှာ ကျားနဲ့တူပြီး အရွယ်အစားကြီးမားသော နတ်ဆိုးသားရဲသည် ဝမ်မိန်းကလေး ရှိကို ခုန်အုပ်လိုက်သည်။ဝမ်မိန်းကလေးသည် ရုတ်တရက်ကြောက်လန့်သွားပြီး ရပ်နေတဲ့အခါ ဘေးကလူတွေအားလုံးသည် အော်ဟစ်လိုက်ကြသည်။
ဒါပေမယ့်နတ်ဆိုးသားရဲသည် ဝမ်မိန်းကလေးရဲ့ အနားကို ရောက်တဲ့အခါ မှတော့ ချောင်ဖုန်းသည် ကြားကဝင်တိုက်ခိုက်လိုက်သည်။ထိုအခါ ဝမ်မိန်းကလေးသည်ချောင်ဖုန်းနှင့်အတူ လွင့်ထွက်သွားခဲ့သည်။
နတ်ဆိုးသားရဲကြီးသည် နောက်တစ်ခေါက်တိုက်ခိုက်ဖို့ သူ့ရဲ့လက်ဖြင့် မြေကြီးပွတ်ဆွဲ အားယူလိုက်သည်။
ထိုချိန်မှာ အားလုံးသည် နတ်ဆိုးသားရဲကြီးကို ဝင်တိုက်ခိုက်ဖို့လုပ်ချိန်မှာ ဝမ်ရှောက်ရှန် က ပြောလိုက်သည်။
"မဟုတ်သေးဘူး.......နောက်တစ်ကောင်ကျန်သေးတာလား "
ဝမ်ရှောက်ရှန်ပြောပြီးတဲ့နောက်မှာ နောက်ထပ်သားရဲတစ်ကောင်သည် ခုန်ချလာခဲ့သည်။ထိုသားရဲသည် အဆင့်နှစ်နတ်ဆိုးသားရဲကောင်ဖြစ်သည်။ထိုအခါ ဝမ်မိန်းကလေးနဲ့ချောင်ဖုန်းသည် အဆင့်တစ်နတ်ဆိုးသားရဲ တစ်ကောင်နဲ့ ဖြစ်ပြီး နောက်တစ်ဖွဲ့ကတော့ အဆင့်နှစ်နတ်ဆိုးသားရဲကောင်နဲ့ဖြစ်ကာ အဖွဲ့နှစ်ဖွဲ့ကွဲသွားသည်။
ဝမ်ရှောက်ရှန်သည် ချောင်ဖုန်းအား တိုက်ခိုက်ဖို့ အဆင်ပြေလားဟု ခေါင်းငြိမ့်၍ မေးလိုက်တဲ့အခါ ချောင်ဖုန်းကလဲ ပြန်ငြိမ့်ပြလိုက်သည်။
ချောင်ဖုန်းသည် ဝမ်မိန်းကလေးအား ပြောလိုက်သည်။
"ဝမ်မိန်းကလေး.....နင်မတိုက်ခိုက်ပဲ ကြောက်နေမယ်ဆို ငါတို့ဒီနတ်ဆိုးသားရဲရဲ့အစာဖြစ်သွားလိမ့်မယ်နော်"
ထိုအခါ ဝမ်မိန်းကလေး သူရဲ့ဝိညဥ်စွမ်းအင်ပါတဲ့ ဓားကို အသက်သွင်းလိုက်သည်။နတ်ဆိုးသားရဲကြီးသည် ထပ်မံတိုက်ခိုက်တဲ့အခါ မှာတော့ ချောင်ဖုန်းနဲ့ဝမ်မိန်းကလေးသည် အတူပြန်တိုက်ခိုက်လိုက်သည်။
ချောင်ဖုန်းသည် အထွပ်အမြတ်ရတနာဂိုဏ်းမှ သူတက်မြှောက်ထားသော လေပွေဓားသိုင်း၏ ကျွမ်းကျင်သူအဆင့်ကို တက်မြှောက်ထားသူဖြစ်သည်။အချိန်အနည်းငယ်တိုက်ခိုက်ပြီးတဲ့နောက်မှာ နှစ်ဖွဲ့လုံးသည် ခြေကုန်လက်ပန်းကျ ဖြစ်လာခဲ့သည်။
နတ်ဆိုးသားရဲနှစ်ကောင်သည် တိုက်ခိုက်နေရင်း နောက်ဆုတ်သွားတဲ့အတွက် အားလုံးသည် စိုးရိမ်စိတ်ပျောက်သွားလေသည်။ထိုအခါ ချောင်ဖုန်းတို့သည် ဝမ်ရှောက်ရှန်တို့ရှိ ပြန်သွားလိုက်သည်။
"ဖူးအယ်.....နင်အဆင်ပြေရဲ့လား"
ဝမ်းမိန်းကလေးသည် နတ်ဆိုးသားရဲကို တိုက်ခိုက်လိုက်ရတဲ့ဝမ်းသာစွာနဲ့ ပြန်ပြောလိုက်သည်။
"ဖူးအယ်အဆင်ပြေပါတယ်.....အကိုဝမ်"
ထိုချိန်မှာ နတ်ဆိုးသားရဲနှစ်ကောင်သည် ထွက်ပြေးခြင်းမဟုတ်ဘဲ နှစ်စိတ်တစ်ကိုယ်ပူးပေါင်းလိုက်ကြရင်း အော်ဟစ်လိုက်ကြသည်။ချောင်ဖုန်းတို့ ကြည့်လိုက်တဲ့အခါ နတ်ဆိုးသားရဲကြီးသည် တစ်ကောင်ထဲ ဖြစ်သွားလေသည်။
"သေစမ်း....အဲ့တာအဆင့်သုံးရောက်တော့မယ် နတ်ဆိုးသားရဲပဲ"
ဝမ်ရှောက်ရှန်နဲ့သူ့လူသုံးယောက်သည် ဘုရင်နယ်ပင်အဆင့်ကို ရောက်ရှိနေကြသူများဖြစ်ကြသည်။သို့သော်လက်ရှိနတ်ဆိုးသားရဲသည် ဘုရင်နယ်ပင်အဆင့် စွမ်းအားဆိုပင်မယ့် နှစ်စိတ်တစ်ကိုယ်ဖြစ်တဲ့အတွက် တိုက်ခိုက်ရေးနှုန်းက နဂိုထက် ဆယ်ဆတိုးတက်လာခဲ့သည်။
နတ်ဆိုးသားရဲကြီးသည် ချောင်ဖုန်းတို့အဖွဲ့ရှိပြန်ရောက်ရှိလာပြီး လှည့်ပတ်ကာနေလေသည်။ထိုနောက် နတ်ဆိုးသားရဲကြီးသည် ဝင်တိုက်ခိုက်လေသည်။အခုတစ်ခေါက်မှာတော့ နတ်ဆိုးသားရဲကြီးရဲ့ အမြှီးကြီးသည် မြွေတစ်ကောင်ရဲ့အမြှီးကဲ့သို့ ပြောင်းလဲသွားပြီး ထိုအမြှီးကြီးဖြင့် အားလုံးကို တိုက်ခိုက်လိုက်သည်။
နတ်ဆိုးသားရဲကြီး၏ တိုက်ခိုက်မှုသည် ဘုရင်နယ်ပယ်အဆင့်မှ တိုက်ခိုက်ရေးသမားတွေတောင်ခုခံနိုင်မှု မရှိဘဲ အားလုံးသည်
လွင့်ထွက်သွားကာ သွေးများပင်အန်လိုက်ကြရသည်။
ချောင်ဖုန်းသည် ထူးချွန်သူနယ်ပယ်အဆင့်၌သာ ရှိသေး၍ မြေပေါ်မှာ မှောက်လျက်ကျသွားသည်။ခမောက်သည် အနည်းငယ်ကျွတ်သွား၍ သေချာပင် ပြန်ဆောင်းလိုက်ရသည်။
ဝမ်ဖူးအယ်သည် ချောင်ဖုန်းအား ဆရာကြီးထင်ဟု ခေါ်လာသော်လည်း သာမာန်ဓားသာကိုင်သော ထူးချွန်သူနယ်ပယ်အဆင့်ရဲ့ စွမ်းအားဆိုတာ သိပြီး အနည်းငယ်စိတ်ပျက်သွားသည်။
"ငါမှားပြီး ရွေးချယ်မိပြန်ပြီထင်တယ် ........"
ဝမ်ရှောက်ရှန်သည် မတ်တပ်ပြန်ရပ်ကာ ဖုန်ခါလိုက်ပြီး သူရဲ့သိုလှောင်ကွင်းထဲမှ ဆေးလုံးတချို့ကို အားလုံးကို ပေး၍ ပြောလိုက်သည်။
"ဒီဆေးလုံးက မင်းတို့ရဲ့တိုက်ခိုက်နှုန်းကို အရင်ကထက် နှစ်ဆပိုမြန်စေတယ် ၊ ဒါပေမယ့် အချိန်အကန့်အသတ်ရှိတယ်"
ထိုအခါ အားလုံးသည် ဆေးလုံးများသောက်လိုက်ပြီး နတ်ဆိုးသားရဲကြီးကို ဝိုင်းပြီးတိုက်ခိုက်ကြလေသည်။
အားလုံးဝိုင်းပြီး တိုက်ခိုက်ကြတဲ့အခါ နတ်ဆိုးသားရဲကြီးသည် ဓားရာများစွာရသွားခဲ့သည်။သို့သော် သူရဲ့တိုက်ခိုက်နှုန်းကတော့ မကျသွားခဲ့ပေ။
ချောင်ဖုန်းသည် တိုက်ခိုက်နေရင်းနဲ့ပင် အသန့်ရှင်းဆုံးစနစ်ရဲ့ သတိပေးသံကို ကြားလိုက်ရသည်။
"စနစ်ပိုင်ရှင်သည် နတ်ဆိုးသားရဲကို တိုက်ခိုက်နိုင်ရန်အတွက် သိုင်းပညာကိုပါ သန့်စင်ဖို့လိုအပ်ပါတယ်"
ချောင်ဖုန်းသည် တစ်ယောက်ထဲ ရေရွတ်လိုက်သည်။
"သိုင်းပညာကိုပါ သန့်စင်လို့ရတာလား ၊ ကောင်းပြီလေ အဲ့တာဆို လေပွေဓားသိုင်းကို သန့်စင်မယ်"
"စနစ်ရှင်သည် လေပွေဓားသိုင်း၏ အနိူင်းမဲ့အဆင့်ကိုရရှိသွားပါပြီ"
ချောင်ဖုန်းသည် ဝမ်းသာအားရဖြစ်သွားပြီး နတ်ဆိုးသားရဲကို တိုက်ခိုက်နေသူအားလုံးအား ဘေးဖယ်ခိုင်းလိုက်သည်။
"စီနီယာအကိုတို့ တချက်လောက်ဘေးဖယ်ပေးပါ"
'လေပွေဓားသိုင်းကျင့်စဥ်'
ချောင်ဖုန်းသည် သူရဲ့ဓားကို လေပေါ်သို့ထောင်ထားလိုက်တဲ့အခါ ကြီးမားတဲ့လေပွေလှိုင်းကြီး ဖြစ်ပေါ်လာသည်။ထိုအခါ အားလုံးလဲ လေပွေလှိုင်းကြီးကိုမြင်ပြီးနတ်ဆိုးသားရဲရဲ့ အဝေးကို ဆုတ်ခွာသွားကြသည်။
ထို့နောက်ချောင်ဖုန်းသည် သူရဲ့ဓားကို လေပွေလှိုင်းထဲ ပစ်သွင်းလိုက်တဲ့အခါ လေပွေထဲတွင် ဓားပေါင်းများစွာသည် လေပွေနှင့်အတူ ဝဲနေခဲ့သည်။ချောင်ဖုန်းသည် လက်ညိုးလက်ခလယ်နှစ်ချောင်းဖြင့် နတ်ဆိုးသားရဲကို ညွှန်လိုက်တဲ့အခါ ဓားလေပွေလှိုင်းကြီးသည် နတ်ဆိုးသားရဲကြီးကို ခဏအတွင်းရောက်ရှိသွားခဲ့သည်။
အားလုံးသည် ချောင်ဖုန်းကိုကြည့်ကာ အံ့အားသင့်နေကြပြီး ချောင်ဖုန်းသည် အစပိုင်းတွင်သိုင်းပညာလျိုထားသည်ဟုထင်သွားကြသည်။
"အတော်ကြောက်စရာကောင်းတဲ့သိုင်းပညာပဲ..... ဒီလူက သူသိုင်းပညာကိုလျိူထားတာပဲ ဖြစ်ရမယ်"
မှတ်ချက်။
သိုင်းပညာကျင့်စဥ်တွင် အဆင့်သုံးဆင့်ရှိသည်။
နားလည်မှုအဆင့် ၊ ကျွမ်းကျင်သူအဆင့်၊ အနိူင်းမဲ့အဆင့်ဆိုပြီး ခွဲခြားထားသည်။