Chapter(11)
Vol. 1 Ch. 11
အသန့်စင်ဆုံးစနစ် အခန်း(11)
ဓားချောင်းများစွာရှိသောလေပွေလှိုင်းကြီးသည် နတ်ဆိုးသားရဲကောင်အား တိုက်ခိုက်လိုက်သောအခါ ခဏအတွင်းမှာပဲ နတ်ဆိုးသားရဲကြီးသည် မြေပေါ်သို့ ပစ်လဲကျကာသေဆုံးသွားလေသည်။
ထိုအခါ နတ်ဆိုးသားရဲကောင်သည် နှစ်ကောင်သို့ ပြန်ဖြစ်သွားပြီး ခန္ဓာကိုယ်ထဲမှ သားရဲအမြူတေနှစ်ခုထွက်ပေါ်လာခဲ့သည်။
ထိုအခါ ဝမ်ရှောက်ရှန်က ချောင်ဖုန်းအား ပြောလိုက်သည်။
"ဒီနတ်ဆိုးသားရဲကောင်က မင်းသတ်လိုက်တာဆိုတော့ ဒီသားရဲအမြူတေနှစ်ခုကို မင်းယူလိုက်ပါ"
သို့သော်ချောင်ဖုန်းသည် အထူးအပါးနားလည်တာကြောင့် နတ်ဆိုးသားရဲအမြူတေတစ်ခုကို ဝမ်ရှောက်ရန်ကို ပစ်ပေးလိုက်သည်။
"ကျွန်တော်တို့က တစ်ဖွဲ့ထဲပဲဆိုတာ....စီနီယာအကိုဝမ်မေ့နေတာ
ထင်တယ်"
ထို့နောက်ချောင်ဖုန်းသည် သူ့သိုလှောင်ကွင်းလက်စွပ်ထဲသို့ သားရဲအမြူတေတစ်ခုကို ထည့်လိုက်သည်။ထိုအခါ ဝမ်ရှောက်ရှန်လဲ ခေါင်းငြိမ့်ကာ သူ့သိုလှောင်ကွင်းလက်စွပ်ထဲ ထည့်လိုက်ပြီးကျန်ရှိတဲ့သူတွေလဲ ချောင်ဖုန်းရဲ့ စိတ်ဓာတ်ကိုသဘောကျသွားခဲ့သည်။
နတ်ဆိုးသားရဲအလောင်းကောင်တွေကိုတော့ ချောင်ဖုန်းက သိမ်းထားလိုက်သည်။ထို့နောက် ဝမ်ရှောက်ရန်က မြေပုံကို ကြည့်ကာ အဖွဲ့လိုက်တည်နေရာတစ်ခုကို သွားလိုက်ကြသည်။
ဝမ်ရှောက်ရန်သည် သွားရင်းပင် ချောင်ဖုန်းရဲ့နာမည်အား မေးမြန်းလိုက်သည်။
"ငါတို့က တစ်ဖွဲ့သားပဲဆိုတော့.......မင်းကိုငါတို့ဘယ်လိုခေါ်ရမလဲ"
ချောင်ဖုန်းသည် ရုတ်တရက် သူနာမည်ကို မေးလိုက်တဲ့အတွက် စိတ်ထဲရှိရာကို ပြောလိုက်သည်။
"ကျွန်တော်ကို ကျစ်ရွှမ်လို့ ခေါ်လို့ရပါတယ်"
ထိုအခါ ဝမ်ရှောက်ရန်သည် ချောင်ဖုန်းအား မြေပုံစာရွက်ကမ်းကာ ပြောလိုက်သည်။
"ကောင်းပြီလေ ကျစ်ရွှမ်......မင်းလဲစွမ်းအားရှိတဲ့လူတစ်ယောက်ဆိုတော့ ဒီမြေပုံကို ကြည့်သင့်တယ်ထင်တယ်"
ချောင်ဖုန်းလဲ မြေပုံစာရွက်ကို ယူကာ ကြည့်လိုက်သည်။ထို့နောက် ဝမ်ရှောက်ရှန်က ခုသွားမယ့်နေရာကို လက်ညိုးထောက်ကာ ပြလိုက်သည်။
"ကျစ်ရွှမ် ဒီနေရာက ငါတို့ ခုသွားမယ့် နေရာပဲ"
ချောင်ဖုန်းသည် ဒီမြေပုံအားရင်းနှီးနေသလို ခံစားလိုက်ရသည်။
ထို့နောက် ချောင်ဖုန်းသည် သိုလှောင်ကွင်းလက်စွပ်ထဲက သူရရှိ
ခဲ့တဲ့ မြေပုံကို သတိရသွားခဲ့ကာ စိတ်ထဲကပင်ပြောလိုက်သည်။
"ဟုတ်သားပဲ ဒီမြေပုံက ငါမှာရှိတဲ့မြေပုံနဲ့တစ်ထပ်ထဲပဲ ၊ ဒါပေမယ့် ငါ့မှာ ရှိတဲ့မြေပုံပေါ်မှာက အနီရောင်အမှတ်အသားလေးတွေပါနေတယ်"
ချောင်ဖုန်းသည် မြေပုံစာရွက်အား ဝမ်ရှောက်ရှန်ကို ပြန်ပေးလိုက်ပြီး ဘာမှမပြောလိုက်ချေ။ထိုချိန်မှာ နောက်ထပ်လူအုပ်စုတစ်ခုသည် ချောင်ဖုန်းတို့ရှိ ရောက်ရှိလာလေသည်။ ထိုသူတွေကတော့ မသေမျိူးနတ်သမီးဂိုဏ်းမှ လူများဖြစ်ကြသည်။
ထိုမသေမျိုးနတ်သမီးဂိုဏ်းက လူထဲတွင် လေလံပွဲတွင် မဟူရာမြို့တော်ရဲ့တံဆိပ်အမှတ်အသားအား လေလံအောင်သောသူလဲ ပါဝင်နေခဲ့သည်။ထိုလူသည် ချောင်ဖုန်းတို့အဖွဲ့ကို မြင်ပြီးဒေါသထွက်သွားလေသည်။
"သေစမ်း မင်းတို့က ဘယ်လိုဖြစ်ပြီး ဒီကို ရောက်လာရတာလဲ"
တကယ်တော့ မသေမျိူးနတ်သမီးဂိုဏ်းသည် အန်းမြို့မှ ဝမ်အိုက်လေလံအိမ်တော်တွင် မဟူရာမြို့တော်ရဲ့တံဆိပ်အမှတ်အသားကို ရရှိထားတယ်လို့ သတင်းကြားထားသောကြောင့် မဟူရာမြို့တော်ကို ဝင်ခွင့်မရအောင် လေလံပွဲတွင် တမင်ရွှေဒင်္ဂါးအကုန်ခံပြီး လေလံဆွဲသွားခြင်းဖြစ်သည်။
ဝမ်ရှောက်ရန်သည် တချက်ရယ်လိုက်ပြီး ထိုလူတွေအား ဂရုမစိုက်ဘဲ သတ်မှတ်ထားသော တည်နေရာကို ဆက်သွားလေသည်။
မသေမျိုးနတ်သမီးဂိုဏ်းကလူများသည် ဒေါသထွက်သွားပြီး ဝမ်ရှောက်ရန်ကို မှတ်ထားလိုက်ပြီး သူတို့လည်း တည်နေရာတစ်ခုကိုထွက်ခွာသွားကြသည်။
ချောင်ဖုန်းတို့သည် အစိမ်းရောင်အငွေ့များရှိသော နေရာတစ်ခုကို ရောက်ရှိလာခဲ့ပြီး ဘေးပတ်ဝန်းကျင်တွင် လူအရိုးစုများကို တွေ့ရှိလာရသည်။
ဝမ်ရှောက်ရန်သည် မဟူရာမြို့တော်ကို မရောက်ရှိခင်ထဲက သူ့ဆရာ၏ ပြောပြထားမှုကြောင့် အများအပြားကို သိရှိနားလည်ထားသူဖြစ်သည်။
"အားလုံး သတိထားနေကြ......ငါတို့နတ်ဆိုးသားရဲရဲ့နယ်မြေထဲကို စတင်ဝင်ရောက်နေပြီ"
အားလုံးသည် ဓားများထုတ်လိုက်ပြီး သတိရှိရှိနဲ့ဝမ်ရှောက်ရန်နောက်ကလိုက်လာခဲ့ပြီး ချောင်ဖုန်းသည် နောက်ဆုံးကပင် ဖြစ်သည်။ထိုချိန်မှာ အသားစားလင်းနို့များသည် အုပ်စုလိုက် ပျံသန်းကာ ရောက်ရှိလာပါတော့သည်။
ထိုလင်းနို့များသည် သာမာန်သားရဲများဖြစ်ပေမယ့် လူအသားစား၍ အသက်ရှင်စွာနေထိုင်ကြသည်။
ဝမ်ရှောက်ရန်သည် သူ့ရဲ့ဓားကို ဝိညဥ်စွမ်းအားအသက်သွင်းလိုက်တဲ့အခါ မီးတောက်ဓားကြီးဖြစ်သွားခဲ့သည်။
ထို့နောက် လေပေါ်သို့ တက်လိုက်ပြီး သူတို့ရှိပျံသန်းလာတဲ့ အသားစားလင်းနို့များကို ဓားဖြင့် ပိုင်းခုတ်လိုက်တဲ့အခါ အားလုံးသည် သေသွားကာမြေပေါ်သို့ကျသွားလေသည်။ဝမ်ရှောက်ရန်လဲ လေပေါ်ကပြန်ဆင်းလိုက်ပြီး သူရဲ့ဓားကို ပြန်သိမ်းလိုက်သည်။ထိုချိန်မှာ အားလုံးနင်းထားသော မြေကြီးမှာ တစ်ချက်တစ်ချက်တုန်ခါလာပြီး အားလုံးလဲ ယိမ်းယိုင်ကာ ဖြစ်နေကြလေသည်။
ထိုချိန်တွင် အဆင့်နှစ်နတ်ဆိုးသားရဲမျောက်ဝံတစ်ကောင်သည် သူတို့အဖွဲ့စီကို ခြေတစ်လှမ်းချင်းလှမ်းကာ လမ်းလျှောက်လာလေသည်။
ထိုနတ်ဆိုးသရဲမျောက်ဝံကြီးရဲ့အမွှေးကြီးများသည် တစ်ကိုယ်လုံးဖြူဖွေးစွတ်နေခဲ့ပြီး ခြေလှမ်းတစ်လှမ်းတိုင်းက မြေကြီးကို တုန်ခါစေလေသည်။ဝမ်ရှောက်ရန်သည် ထိုမျောက်ဝံကို တွေ့သောအခါ် အားလုံးကို ထွက်ပြေးခိုင်းလေသည်။
"အသက်မသေချင်ရင် ထွက်ပြေးကြတော့ အဲ့တာအဆင့်နှစ်နတ်ဆိုးမျောက်ဝံပဲ"
အားလုံးသည် ဘာကြောင့်မှန်းမသိဘဲ ဝမ်ရှောက်ရှန်ပြောတာနဲ့ ထွက်ပြေးကြလေသည်။ထိုချိန်တွင် ဝမ်ရှောက်ရှန်ရဲ့လူက ပြေးနေရင်းနဲ့ပင်မေးလိုက်သည်။
"စီနီယာအကိုဝမ်......ဘာလို့ ငါတို့က အဆင့်နှစ်နတ်ဆိုးသားရဲရှိကနေ ထွက်ပြေးလာတာလဲ"
ထိုအခါ ဝမ်ရှောက်ရှန်က ဒေါသထွက်စွာပြောလိုက်သည်။
"မင်းဘာသိလို့လဲ....အဲ့ဒီနတ်ဆိုးမျောက်ဝံတွေက အဖွဲ့လိုက်နေကြတာ၊ သူရဲ့နောက်မှာ ကျန်တဲ့ကောင်တွေလိုက်လာမှာကျိန်းသေတယ်"
ဝမ်ဖူအယ်ကလဲ မောမောဖြင့်ပြောလိုက်သည်။
"အကိုဝမ်....ဖူးအယ်မပြေးနိုင်တော့ဘူး"
ဝမ်ရှောက်ရှန်လဲ နောက်ကိုကြည့်လိုက်ပြီး နတ်ဆိုးမျောက်ဝံတွေ မလိုက်တော့တဲ့အခါ ရောက်နေတဲ့နေရာတွင် ရပ်နားလိုက်သည်။
"နတ်ဆိုးမျောက်ဝံလဲလိုက်မလာဘူးဆိုတော့ ငါတို့ဒီမှာ ခဏနားကြရအောင်"
ထို့နောက်ဘေးကိုကြည့်လိုက်တဲ့ သူတို့အဖွဲ့ထဲမှ လူသုံးယောက်မရှိတော့တာကို သိရှိလိုက်လေသည်။ထိုအခါ ဝမ်ရှောက်ရန်သည် အစီအရင်စာရွက်တစ်ခုကို ချေလိုက်ပြီး ဝမ်ဖူးအယ်ကို ပြောလိုက်သည်။
"ဖူးအယ်.....နင်ရွေးချယ်ထားတဲ့နှစ်ယောက်ကို ခေါ်လိုက်လေ နင်ဘာလုပ်နေတာလဲ"
ထိုအခါ ဝမ်ဖူးအယ်သည် မျက်နှာငယ်လေးဖြင့် အစီအရင်စာရွက်တစ်ခုကို ထုတ်ပြီးပြောလိုက်သည်။
"အကိုဝမ်....ငါကျစ်ရွှမ်ကို အစီအရင်စာရွက်ပေးဖို့မေ့သွားတယ်"
"ဖူးအယ်...နင်တကယ်ပေါ့ဆတာပဲ"
ဝမ်ရှောက်ရန်သည် အစီအရင်စာရွက်ကို ချေလိုက်တာနဲ့ အနီရောက်ကြိုးတန်းလေးအဖြစ်ပြောင်းသွားပြီး သူ့ရဲ့လူမှာရှိသောအစီအရင်စာရွက်သည်လည်း အနီရောင်ကြိုးတန်းလေးအဖြစ်ပြောင်းသွားပြီး နှစ်ဦးလုံးရဲ့ကြိုးတန်းလေးသည် ချိတ်ဆက်သွားကာ တည်နေရာကို သိရှိသွားခြင်းဖြစ်သည်။
ထိုနောက် လူသုံးယောက်တွင် နှစ်ယောက်သာအစီအရင်စာရွက်ကနေ တဆင့်ပြန်လာခဲ့ပြီး ချောင်ဖုန်းကတော့ တခြားနေရာကို ရောက်ရှိသွားခဲ့သည်။
ချောင်ဖုန်းသည် တောင်ဂူအတွင်းလိုနေရာတစ်ခုသို့ရောက်တဲ့အခါ နံရံကိုမှီပြီး အမောဖြေလိုက်သည်။ထိုချိန်မှာ သူမှီထားသောနံရံကြီးသည် ပြိုကွဲသွားပြီး ချောင်ဖုန်းလဲ တစ်ဖက်က ရွံမြေတစ်ခုလို နေရာကို ကျရောက်သွားသည်။
ထိုချိန်မှာ လူတစ်ဖွဲ့သည် ရောက်ရှိလာတဲ့အတွက် ချောင်ဖုန်းသည် တွေ့ရာအကွယ်တစ်ခုမှာ ဝင်ပုန်းလိုက်သည်။ချောင်ဖုန်းသည် ထိုလူတွေအား ချောင်းကြည့်လိုက်တဲ့အခါ မသေမျိုးနတ်သမီးဂိုဏ်းကလူတွေမှန်းသိသွားသည်။
"သေစမ်း.....ဒီလူတွေနဲ့မှ လာတိုးနေတယ် ၊ ငါကိုတွေ့ရင် အလွတ်ပေးမယ်မထင်ဘူး"
ချောင်ဖုန်းသည် သစ်ပင်အငုတ်လေးတစ်ခုမှာ မလှုပ်ပဲ ပုန်းနေခဲ့သည်။ထို့နောက် ထိုလူတွေပြောနေတာကို ကြားနေခဲ့သည်။
"စီနီယာအကိုကျိူး......မြေပုံအရ နတ်ဘုရားရုပ်ထုက ဒီမှာဆိုတော့ ကျွန်တော်တို့သိထားတဲ့သတင်းအရ ရတနာက ဒီမှာပဲ ဖြစ်ရမယ်"
ထိုလူသည် မသေမျိုးနတ်သမီးဂိုဏ်း၏ ပင်မတပည့်ဝင်တစ်ယောက်ဖြစ်ပြီး ဘုရင်နယ်ပယ်အဆင့်ကို ရောက်ရှိနေသော ကျိုးရီဖျင်ဖြစ်သည်။
ကျိုးရီဖျင်သည် ညာဖက်လက်ထောင်ပြလိုက်ပြီး သူ့လူတွေအားလုံးကိုပြောလိုက်သည်။
"နေဦး.....မဟူရာမြို့တော်က အရမ်းအန္တရာယ်များတဲ့အတွက် မင်းတို့တအားကြီး မလှုပ်ရှားကြနဲ့ ၊ နောက်ပြီး ရတနာရတာနဲ့ ငါတို့အမြန်ဆုံးထွက်ခွာကြမယ်"
ထိုအခါ သူနောက်က တစ်ဖွဲ့လုံးက အသံတိုးတိုးဖြင့်ပြောလိုက်သည်။
"ကျွန်တော်တို့ နားလည်ပါပြီ.....စီနီယာအကိုကျိူး"