Chapter(12)
Vol. 1 Ch. 12
အသန့်စင်ဆုံးစနစ် အခန်း(12)
ကျိုးရီဖျင်နဲ့သူ့လူတွေသည် နတ်ဘုရားရုပ်ထုအသေးလေးတစ်ခုအနားကို ပတ်ရှာနေခဲ့သည်။ထိုနေရာတွင် မြေကြီးသည် ရွံများဖြစ်နေပြီး သွားလာရခက်ခဲနေကြသည်။ချောင်ဖုန်းသည် သူရဲ့သိုလှောင်ကွင်းလက်စွပ်ထဲသော မြေပုံကို ထုတ်ကြည့်လိုက်သည်။
ထို့နောက်သူတို့ပြောတော့ နတ်ဘုရားရုပ်ထုကို ရှာကြည့်လိုက်သည်။ထိုအခါ ချောင်ဖုန်းသည် အနီစက်ဝိုင်းတားထားသော နတ်ဘုရားရုပ်ထုပုံနေရာကို တွေ့ရှိသွားခဲ့သည်။မြေပုံပေါ်တွင် နေရာအများအပြားရှိပင်မယ် အနီရောင်စက်ဝိုင်းဆယ်ခုသာရှိသည်။
ထို့နောက် ချောင်ဖုန်းသည် မြေပုံစာရွက်ကို ထည့်သိမ်း၍ ထိုနေရာမှ ထွက်ပြေးမလို့ လုပ်စဥ်မှာ ကျိူးရီဖျင်တို့အဖွဲ့သည် ချောင်ဖုန်းကို တွေ့ရှိသွားလေသည်။
"စီနီယာအကိုကျိူး.... ဒီမှာခုနတုန်းက အဖွဲ့ထဲကလူတစ်ယောက်ပဲ"
ထိုလူပြောသောအခါ ကျိုးရီဖျင်တစ်ဖွဲ့လုံးသည် ချောင်ဖုန်းရှိရောက်ရှိလာခဲ့သည်။ထိုအခါ ကျိုးရီဖျင်သည် ချောင်ဖုန်းကို မြင်ပြီး ပြောလိုက်သည်။
"နတ်ဘုရားက မင်းကို သေစေချင်လို့ ငါ့တို့ရှိ တမင်လွှတ်ပေးလိုက်တာထင်တယ် ဟားဟား.....ဟားဟား"
ထိုချိန်မှာ ရွံမြေထဲမှ မြွေနဂါးကြီးသည် ရုတ်တရက်ထွက်လာခဲ့သည်။ထိုမြွေနဂါးမှာ တစ်ကိုယ်လုံးရွံရောင်ရှိနေခဲ့ပြီး မျက်လုံးကြီးသည် အစိမ်းရောင်ကြီးဖြင့် ချောင်ဖုန်းတို့တစ်ဖွဲ့လုံးကို ကြည့်နေခဲ့သည်။
ကျိုးရီဖျင်သည် ချောင်ဖုန်းကို အာရုံကို မစိုက်နိုင်တော့ပဲ မြွေနဂါးနဲ့ရင်ဆိုင်ဖို့ ဓားကိုထုတ်လိုက်ပြီး ချောင်ဖုန်းကို ပြောလိုက်သည်။
"ကြည့်ရတာ ဒီကောင်ကြီးကို အရင်ရှင်းပြီးမှ မင်းကိုသတ်ရမယ်ထင်တယ ၊ မင်းခဏလောက်အသက်ဝဝရှုထားလိုက်"
ကျိုးရီဖျင်သည် ပြောဆိုပြီးတာနဲ့ သူ့လူတွေနဲ့အတူ မြွေနဂါးကို ရင်ဆိုင်လိုက်သည်။ထိုမြွေနဂါးသည် နတ်ဆိုးသားရဲမဟုတ်ဘဲ သားမာန်သားရဲတစ်ကောင်သာဖြစ်သည်။သို့သော်မြွေနဂါးသည် သူ့ရဲ့အရေပြားများမှာ အလွန်သန်မာလွန်းလှသည်။
ချောင်ဖုန်းသည် သူတို့တိုက်ခိုက်နေတုန်း မြွေနဂါးကြီးကို သေချာကြည့်လိုက်တဲ့အခါ မြွေနဂါးကြီး၏ မျက်လုံးတစ်လုံးသည်အစိမ်းရောင်မှ အရောင်ပေါင်းစုံကို ကွဲပြားသွားတာကို တွေ့လိုက်သည်။ကျိုးရီဖျင်တို့အဖွဲ့သားများသည် တစ်ယောက်ချင်းမနိုင်တာမို့ အဖွဲ့လိုက်ပူးပေါင်းတိုက်ခိုက်သည့်သိုင်းကွက်ကို ပုံဖော်လိုက်သည်။
ထိုအခါ ကျိုးရီဖျင်ရဲ့ စွမ်းအားသည် ဘုရင်နယ်ပယ်အဆင့်၏ အထွဋ်အထိပ်အဆင့်ကို ရောက်သွားပြီး တိုက်ခိုက်နှုန်းမှာလဲ အလွန်မြန်ဆန်လာလေသည်။
မြွေနဂါးကြီးသည် ကျိုးရီဖျင်ရဲ့ အဖျက်စွမ်းအားကို သိရှိသွားပြီထွက်ပြေးဖို့ ကြံလိုက်သည်။သို့သော် ကျိုးရီဖျင်သည် သူဆရာပေးလိုက်သော မှော်ရတနာဆူးချွန်ကို စွမ်းအားနဲ့အတူသုံးပြီး တိုက်ခိုက်လိုက်တဲ့အခါ မြွေနဂါးကြီးသည် ခေါင်းပြတ်ထွက်သွားခဲ့သည်။
ထိုအခါ ကျိုးရီဖျင်သည် ချောင်ဖုန်းရှိကို ချက်ချင်းပြန်ရောက်လာပြီး ပြောလိုက်သည်။
"မြွေနဂါးကြီးလဲ သေပြီဆိုတော့ မင်းလဲအသက်ရှုလို့ဝရင် မင်းဘာသာသတ်သေလိုက်တော့"
ထိုအခါ ချောင်ဖုန်းသည် အသံတည်ငြိမ်စွာနဲ့ပြန်ပြောလိုက်သည်။
"မြွေနဂါးကြီးသေတာ သေချာလို့လား"
ထိုအခါ ကျိုးရီဖျင်သည် ဒေါသထွက်စွာဖြင့် "မင်းမျက်စိကန်းနေတာလား " ဟု ပြောဆိုရင်း မြွေနဂါးကို လှည့်ကြည့်လိုက်တဲ့အခါ မြွေနဂါးသည် သူ့လူနှစ်ယောက်ကို မျိူချလိုက်တာကို တွေ့လိုက်ရသည်။
ထို့နောက် ကျန်တဲ့ငါးယောက်လုံးသည် ကျိုးရီဖျင်ရှိပြေးလာကြလေသည်။ကျိူးရီဖျင်သည် စိတ်ပျက်လက်ပျက်ဖြင့်ပြောလိုက်သည်။
"သေစမ်း.......ငါတို့စွမ်းအားတွေအကုန်သုံးပြီး သတ်လိုက်နိုင်တာတောင် ဒီမြွေနဂါးက ပြန်ရှင်နိုင်တာလား"
"စီနီယာအကိုကျိုး....ကျွန်တော်တို့ ခုချိန် မထွက်ခွာရင်တော့ ကျွန်တော်တို့ အသက်တွေ ဒီမှာပဲ ချန်ထားခဲ့ရမယ်ထင်တယ်"
ထိုချိန်မှာ မြွေနဂါးကြီးသည် ရွံမြေအောက်ထဲသို့ ပြေးဝင်သွားပြီး ထိုနေရာမှာ အမှောင်ထုကြီးသည် ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။ကျိုးရီဖျင်တို့လဲ ထိုအမှောင်ထုကြီးက လွတ်မြောက်ဖို့ ချက်ချင်းထွက်ပြေးသွားလေသည်။အဝေးတစ်နေရာသို့ရောက်တဲ့အခါ ကျိုးရီဖျင်သည် တောက်ခေါက်၍ ပြောလိုက်သည်။
"တောက်.......ငါတို့ဒီတစ်ခေါက်မှာ တာဝန်ကျရှုံးတဲ့အပြင် လူနှစ်ယောက်ပါ ဆုံးရှုံးလိုက်ရတယ်"
"စီနီယာအကိုကျိုး......ဟိုကောင်ကို ဒီတိုင်းပဲထားခဲ့မှာလား"
ကျိုးရီဖျင်သည် ယုံကြည်ချက်အပြည့်ဖြင့်ပြန်ပြောလိုက်သည်။
"ငါတို့အဖွဲ့ပေါင်းတိုက်တာတောင် ဒီမြွေနဂါးကို မနိုင်တာ ဒီကောင်ဆို ခုချိန် ဘာဖြစ်မလဲ မင်းတို့စဥ်းစားကြည့် "
"စီနီယာအကိုကျိုးက အမျှော်အမြင်သိပ်ရှိတာပဲ ၊ ဒါနဲ့စီနီယာအကိုကျိုးကျွန်တော်တို့ မဟူရာမြို့တော်က ပြန်ထွက်ကြတော့မှာလား"
ကျိူးရီဖျင်သည် ခေါင်းခါ၍ ပြောလိုက်သည်။
"ငါတို့လုံခြုံတဲ့နေရာတစ်ခုမှာ အချိန်တစ်ခုထိနေဖို့လိုအပ်တယ်"
ချောင်ဖုန်းသည် မှောင်၍ဝေးဝါးနေသောနေရာတွင် ဓားတစ်ချောင်းကိုင်ကာ မြွေနဂါးကို ရင်ဆိုင်ဖို့အဆင်သင့်ပြင်ထားသည်။
မြွေနဂါးကြီးသည် ခဏအတွင်း ပြန်ပေါ်လာတဲ့အခါ ချောင်ဖုန်းသည် လေပေါ်သို့ ခုန်တက်လိုက်ပြီး လေပွေဓားသိုင်းဖြင့် ထိုမြွေနဂါးကြီးကို တိုက်ခိုက်လိုက်သည်။
ချောင်ဖုန်းသည် လေပွေဓားသိုင်းဖြင့် မြွေနဂါးကြီးကို တိုက်ခိုက်လိုက်တဲ့အခါ မြွေနဂါးကြီးသည် အပိုင်းလေးပိုင်းလောက်ထိ ပြတ်သွားသည်။ ဒါပေမယ့် စက္ကန့်ပိုင်းသုံးဆယ်ကျော်အတွင်းမှာ ပြန်ရှင်သန်လာသည်။ထို့နောက်ချောင်ဖုန်းသည် တစ်စုံတစ်ရာကို စဥ်းစားမိပြီး ပြောလိုက်သည်။
"ဒီမြွေနဂါးကြီးက ခန္ဓာကိုယ်ပိုင်းပြတ်သွားတာမသေနိုင်ဘူးဆိုတော့ သူ့အသက်က ပြောင်းလဲနေတဲ့မျက်လုံးမှာဖြစ်နိုင်မလား ၊ ငါစမ်းကြည့်ရတာပေါ့"
မြွေနဂါးကြီးသည် ချောင်ဖုန်းရှိကို အလွန်လျင်မြန်သောအရှိန်ဖြင့် ဝင်တိုက်ခိုက်လိုက်သည်။ချောင်ဖုန်းလဲ ရွံမြေထဲမှ မနည်းရှောင်၍ မြွေနဂါးကြီး၏ ခေါင်းပေါ်သို့ ခုန်တက်လိုက်ပြီး ဓားဖြင့် ခေါင်းထိပ်တည့်တည့်သို့ ထိုးချလိုက်သည်။
မြွေနဂါးကြီးသည် နာကျင်စွာအော်လိုက်ပြီး သူ့ခေါင်းပိုင်းကို အတင်းလှုပ်၍ ခါချတဲ့အခါ ချောင်ဖုန်းသည် မြွေနဂါးခေါင်းထိပ်ရဲ့ ရှေ့တည့်တည့်ကို ပြုတ်ကျမလို့ဖြစ်ပြီး ခေါင်းကို ထိုးထားသောဓားကိုဆုပ်ကိုင်ထားလေသည်။
မြွေနဂါးကြီးသည် ချောင်ဖုန်းက သူပါးစပ်ရှေ့တည့်တည့်ရောက်လာတဲ့အခါ မြိုချမလို့လုပ်လိုက်စဥ်မှာ ချောင်ဖုန်းသည်
"ဒီအချိန်ပဲ " ဟု ပြောကာ ထိုးထားသောဓားကို ဆွဲနှုတ်၍ မျက်လုံးတစ်ဖက်အား ထိုးချလိုက်လေသည်။
ဒီတစ်ကြိမ်မှာတော့ မြွေနဂါးကြီးသည် သေလုမတက်ခံစားရကာ အော်ဟစ်ငြီးငြူလိုက်ပြီး မြွေနဂါးခေါင်းပိုင်းကြီးသည် ချောင်ဖုန်းနဲ့အတူ ရွံမြေပေါ်သို့ တစ်ချက်ထဲ ပြုတ်ကျသွားလေသည်။ချောင်းဖုန်းသည် သူရဲ့ဓားကို မြွေနဂါးကြီး၏မျက်လုံးမှ ပြန်ဆွဲနှုတ်ကာသိမ်းပြီး မြွေနဂါးကြီးကို စောင့်ကြည့်လိုက်သည်။
ဒါပေမယ့် မြွေနဂါးကြီးသည် အသက်လုံးဝပြန်မရှင်တော့ဘဲ အပြီးတိုင်သေဆုံးသွားပြီဖြစ်သည်။ချောင်ဖုန်းကြည့်နေတုန်းမှာပဲ မြွေနဂါးကြီးရဲ့ ခန္ဓာကိုယ်သည် ရုတ်တရက်ပြန်ပျောက်ကွယ်သွားတဲ့အတွက် ချောင်ဖုန်းသည် ဓားပြန်ထုတ်လိုက်သည်။သို့သော် မြွေနဂါးကြီးရဲ့နေရာသည် ကြေးနီရောင်သံသေတ္တာတစ်လုံးအဖြစ်ပြောင်းလဲသွားသည်။
ချောင်ဖုန်းလဲ ဓားကို ပြန်သိမ်းလိုက်ပြီး ထိုသံသေတ္တာကို ယူကာ ဖွင့်ကြည့်လိုက်တဲ့အခါ နတ်ဘုရားခြေလှမ်းဆိုသော သိုင်းကျင့်စဥ် တွေ့ရှိလိုက်ရသည်။
"ကြည့်ရတာ ဒီမြွေနဂါးက ဒီသိုင်းကျမ်းကို စောင့်ရှောက်နေတာထင်တယ် ၊ ဘယ်လို သိုင်းကျမ်းမျိုးမို့လို့ မြွေနဂါးလို သားရဲတစ်ကောင်ကတောင် စောင့်ရှောက်နေရတာလဲ"
ချောင်ဖုန်းသည် ရွံမြေပေါ်တွင် နတ်ဘုရားခြေလှမ်းဟုသောကျင့်စဥ်ကို ဖတ်ရှုလိုက်ပြီး လေ့ကျင့်ကြည့်လိုက်သည်။ထိုသိုင်းကျင့်စဥ်သည် လှုပ်ရှားမှုအရှိန်ကို တိုးစေသောကျင့်စဥ်ဖြစ်သည်။
"ဒီနတ်ဘုရားခြေလှမ်းကျင့်စဥ်က လျင်မြန်မှုအရှိန်ကို ပုံမြန်ထက် အဆပေါင်းမျာစွာ မြန်စေတာပဲ ၊ နောက်ပြီး ဒီနေရာက ရွံမြေဖြစ်နေတဲ့အတွက် ငါလေ့ကျင့်ဖို့အသင့်တော်ဆုံးပဲ"
ထို့နောက်ချောင်ဖုန်းသည်သုံးရက်ကြာသည့်အထိ ရွံမြေထဲတွင် အပြေးလေ့ကျင့်နေပါတော့သည်။ထို့နောက်ချောင်ဖုန်းသည် နတ်ဘုရားခြေလှမ်းကျင့်စဥ်သည် နားလည်မှုအဆင့်ရောက်ရှိလာ၍အခါ ပျော်ရွင်စွာ ရယ်၍ ပြောလိုက်သည်။
"ဟီးဟီး.....နတ်ဘုရားခြေလှမ်းကျင့်စဥ်ကို သန့်စင်မယ် ၊ ထပ်သန့်စင်မယ်"
"ဂိုဏ်ယူပါတယ် စနစ်ရှင်သည် နတ်ဘုရားခြေလှမ်းကျင့်စဥ်ရဲ့အနိူင်းမဲ့အဆင့်ကို တက်မြှောက်သွားပါပြီ"
ချောင်ဖုန်းသည် သက်ပြင်းတစ်ချက်ရှိုက်ကာ ပြောလိုက်သည်။
"ပြောမရဘူး ဒီနတ်ဘုရားခြေလှမ်း ကျင့်စဥ်က ဧကရာဇ်နယ်ပယ်အဆင့်ကလူ လက်ထဲကတောင် လွတ်မြောက်နိုင်မယ်ထင်တယ် "
တခြားတစ်ဖက်တွင် ကျိူးရီဖျင်တို့သည် အကာအကွယ်အစီအရင်တစ်ခုအတွင်းမှာ ရှိနေတုန်း မသေမျိူးနတ်သမီးဂိုဏ်းမှ နောက်တစ်ဖွဲ့သည် ထပ်မံရောက်ရှိလာသည်။
ထိုအခါ ကျိုးရီဖျင်သည် အစီအရင်ကို ဖျက်သိမ်းကာ နှုတ်ဆက်လိုက်သည်။
"အကိုယဲ့....မင်းတို့ရောက်လာပြီလား"
ထိုလူသည် ကျိုးရီဖျင်ကို ပုခုံးဖက်ကာသွားဖို့ပြောလိုက်သည်။
"ငါတို့ရောက်လာပြီဆိုတော့ ငါ့ညီပြောတဲ့မြွေနဂါးကြီးကို နောက်တစ်ခါ ပြန်မရှင်နိုင်အောင် အစဖျောက်လိုက်ကြရအောင်"
ထိုအခါ ကျိုးရီဖျင်နဲ့သူအကိုကျိုးတုယွမ်သည် မြွေနဂါးကြီးရှိရာ သို့ အချိန်ခဏအတွင်းရောက်ရှိလာလေသည်။ချောင်ဖုန်းသည် ကျိုးရီဖျင်နဲ့နောက်လူများကို တွေ့ရှိတဲ့အခါ ထိုနေရာမှ ထွက်ပြေးသွားလေသည်။
ချောင်းဖုန်းပြေးသွားတာကို ကျိုးတုယွမ်သည် အရိပ်တစ်ခုလိုသာ မြင်လိုက်သည်။
"ငါပဲအမြင်မှားတာလား တစ်ခုခု ပြေးသွားသလိုပဲ"