Chapter(13)
Vol. 1 Ch. 13
အသန့်စင်ဆုံးစနစ် အခန်း(13)
ချောင်ဖုန်းသည် နတ်ဘုရားခြေလှမ်းဖြင့် ထိုနေရာမှထွက်ခွာလာခဲ့သည်။ထို့နောက် သူ့ရှိမှာ ရှိတဲ့မြေပုံကို ထုတ်ကြည့်လိုက်ပြီး ချောင်ဖုန်းသည် အနီးဆုံးစက်ဝိုင်းတစ်ခုကို ထပ်မံသွားလိုက်သည်။
"ဒီအနီရောင်စက်ဝိုင်းတွေက ရတနာပစ္စည်းတွေရှိတဲ့နေရာပဲ ဖြစ်ရမယ်"
ချောင်ဖုန်းသည် နတ်ဘုရားခြေလှမ်းကျင့်စဥ်ဖြင့် မြေပုံတွင်အနီရောင်စက်ဝိုင်းမှတ်ထားသော နေရာကို ရောက်ရှိလာခဲ့သည်။ထိုနေရာသို့ ရောင်ရှိတဲ့ အဖြူရောင်ဝတ်စုံများဝတ်ဆင်ထားပြီး ခရမ်းရောင်းခါးစည်းများစည်းထားသော မိန်းကလေးများအဖွဲ့ကို ချောင်ဖုန်းတွေ့လိုက်ရသည်။ဓားအိမ်များကို ကျောတွင်လွယ်ထားကြသည်။
ထိုတစ်ဖွဲ့လုံးသည် ချောင်ဖုန်းရောက်ရှိလာတာကို မရိပ်မိဘဲ တစ်စုံတစ်ရာကို ကြံစည်နေကြသည်။သူတို့အဖွဲ့သည် ခုနှစ်ယောက်ရှိနေခဲ့ပြီး ခြောက်ယောက်သည် စက်ဝိုင်းကဲ့သို့ ထိုင်နေပြီး အလယ်တွင်တစ်ယောက်က ထိုင်နေခဲ့သည်။
ထိုခုနှစ်ယောက်သည် သိုင်းကျင့်စဥ်တစ်ခုကို အတူတကွပုံဖော်လိုက်ပြီး လက်ဖဝါးတစ်ဖက်ကို အပေါ်သို့ ထောင်ကြလိုက်တဲ့ ခရမ်းရောင်စက်ဝိုင်းအစီအရင်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။
ထိုမိန်းကလေးများသည် သူတို့လက်ဝါးများကို အချင်းချင်း ရိုက်ချလိုက်တဲ့အခါ စက်ဝိုင်းအစီအရင်သည် လည်ပတ်သွားခဲ့ပြီး ရောင်ခြည်တန်းများသည် ထိုတစ်ဝိုက်ကို ဖုံးအုပ်သွားခဲ့သည်။ထို့နောက် အလယ်မှာ ထိုင်နေသော အမျိူးသမီးက ထပြီးပြောလိုက်သည်။
"ဒီလောက်ဆို ငါတို့ကို ဘယ်သူမှနှောက်ယှက်လို့ မရတော့ဘူး ၊ အမြန်ဆုံး အဆုံးသတ်လိုက်ရအောင်"
ထိုအမျိုးသမီးများသည် အပြင်မှ သူတို့ကိုနှောက်ယှက်လို့ မရအောင် အကာအကွယ်အစီအရင်ကို ပြုလုပ်လိုက်ခြင်းဖြစ်သည်။ချောင်ဖုန်းသည် ထိုအဖွဲ့ကို ကြည့်နေချိန်မှာ လေပေါ်မှ ဓားများကိုစီးကာ ပျံသန်းလာတဲ့ လူသုံးယောက်ကိုတွေ့လိုက်ရသည်။
ထိုလူသုံးယောက်တွင် အလယ်ကတစ်ယောက်သည် အသက်တော်တော်ကြီးနေပြီဖြစ်ပြီး ဧကရာဇ်နယ်ပယ်အဆင့်ကို ရောက်ရှိနေသူဖြစ်သည်။ထိုလူသည် အောက်မှာရှိသော အမျိုးသမီးအဖွဲ့အားပြောလိုက်သည်။
"မင်းတို့အားလုံးကို ငါအခွင့်အရေးတစ်ခုပေးမယ် ၊ ငါနဲ့အတူလိုက်ခဲ့ပြီး ငါ့မယားတွေလုပ်မယ်ဆိုရင် မင်းတို့အားလုံးရဲ့ အသက်ကို ငါချမ်းသာပေးမယ် မဟုတ်ရင်တော့ မင်းတို့ရဲ့ အသက်တွေကို ဒီမှာပဲ ချန်ထားခဲ့ရလိမ့်မယ်"
ထိုမိန်းကလေးများသည် ရှက်ရှက်နဲ့ ဒေါသများထွက်သွားလေသည်။ထို့နောက် သူတို့ထဲမှ ခေါင်းဆောင်လို့ထင်ရတဲ့အမျိုးသမီးသည် ထိုအဖိုးကြီးအားပြန်ပြောလိုက်သည်။
"အကြီးအကဲက ဘယ်ဂိုဏ်းကလဲ မသိဘူး.....ဘာဖြစ်လို့ ကျွန်မတို့လို အငယ်လေးတွေကို စော်ကားပြီးပြောဆိုရတာလဲ"
ထိုအခါ အဖိုးအိုသည် ရယ်ကာပြန်ပြောလိုက်သည်။
"ဓားဘုရင်ဂိုဏ်းဆိုတာ ကြားဖူးကြလား"
ချောင်းဖုန်းအပါအဝင် ထိုမိန်းကလေးများသည် ဓားဘုရင်ဂိုဏ်းဟု ကြားသောအခါ လန့်သွားခဲ့သည်။ ဓားဘုရင်ဂိုဏ်းသည် ခေတ်အဆက်ဆက်နာမည်ကြီးသော ဂိုဏ်းတစ်ဂိုဏ်းဖြစ်ပြီး ထိပ်သီးဂိုဏ်းများတွင်လဲ ပါဝင်သည်။
ထိုနောက် အဖိုးအိုသည် ချောင်ဖုန်းကွယ်နေသော သစ်ပင်ကို ဓားဖြင့် လှမ်းတိုက်လိုက်တဲ့အခါ ချောင်ဖုန်းသည် ရှောင်လိုက်ရကာ ပုန်းကွယ်နေရာကနေ ထွက်ပေါ်လာခဲ့သည်။
"ကောင်စုတ်လေး......မင်းက ငါ့လိုဧကရာဇ်နယ်ပယ်အဆင့်ရဲ့ရှေ့မှောက်မှာ ပုန်းကွယ်လို့ ရမယ်ထင်နေတာလား"
ချောင်ဖုန်းသည် ထိုအဖိုးကြီးက သူ့ကို ရှာတွေ့သွားလိမ့်မယ်လို ထင်မထားချေ။ချောင်းဖုန်သည် ဧကရာဇ်နယ်ပယ်အဆင့်က လူကိုတော့ ရန်မစရဲပဲ ရိုရိုသေသေပြောလိုက်သည်။
"အကြီးအကဲ.....ဒီကိစ္စက ကျွန်တော်နဲ့ မဆိုင်ဘူးဆိုတော့ ဒီနေရာက ထွက်သွားလို့ရမလား"
ချောင်ဖုန်းသည် ထိုလူတွေနဲ့ ရန်ငြိုးမရှိအောင် ထွက်သွားဖို့သာ ဆုံးဖြတ်ခဲ့သည်။
ထိုချိန်မှာ အဖိုးအိုသည် သူ့ဘေးက လူကိုတချက်ကြည့်လိုက်တာနဲ့ ဘေးမှ တပည့်သည် ချောင်ဖုန်းကို တိုက်ခိုက်ဖို့ ခုန်ဆင်းလာလေသည်။ထို့နောက် အဖိုးအိုက ချောင်ဖုန်းအား ပြောလိုက်သည်။
"ငါ့တပည့်ရဲ့ တိုက်ကွက်သုံးကွက်ကို မင်းခုခံနိုင်တယ်ဆို မင်းကိုငါဒီနေရာကနေ ထွက်သွားခွင့်ပေးမယ်"
ထိုသို့ ပြောပြီးနောက် အဖိုးအိုသည် သူရဲ့ဓားကို မိန်းကလေးများဖန်တီးထားသော အကာအကွယ်အစီအရင်ကို တိုက်ခိုက်လိုက်သည်။အဘိုးအိုရဲ့ဓားရှေ့တွင် ပါရှိသော ဆင်ပုံစံဝိညဥ်စွမ်းအင်သည် အကာအကွယ်အစီအရင်ကြီးကို တိုက်ခိုက်လိုက်သည်။
ထိုအခါ အကာအကွယ်အစီအရင်အတွင်းမှ မိန်းမပျိုလေးများကလဲ လက်ဖဝါးမှ စွမ်းအားများဖြင့် အကာအကွယ်အစီအရင်ကို စွမ်းအားများထပ်မံဖြည့်တင်းကြလိုက်သည်။
တစ်ဖက်မှာတော့ ချောင်ဖုန်းကို တိုက်ခိုက်မယ့်သူသည် ခံယူချက်အပြည့်နဲ့ ပြောလိုက်သည်။ထိုလူနာမည်သည် လောင်းဖန်ဖြစ်ပြီး ဘုရင်နယ်ပယ်အဆင့်ကို ရောက်ရှိနေသူဖြစ်သည်။
"မင်းဘာသာမင်းသတ်သေလိုက်....မင်းလိုကောင်အတွက် ငါ့လက်ကို သွေးမစွန်းချင်ဘူး"
ချောင်ဖုန်းသည် ထိုလူအား ဂရုမစိုက်ဘဲ ပြန်ပြောလိုက်သည်။
"ငါ့ကို ရန်မစဖို့ မင်းကိုအခွင့်အရေးပေးမယ် ၊ မဟုတ်ရင်တော့ .........."
လောင်းဖန်သည် ချောင်ဖုန်းသူ့ကို ထိုသို့ ပြန်ပြောရဲမည်ဟု ထင်မထားခဲ့ချေ။ထို့နောက် သူ့ရဲ့ဝိညဥ်စွမ်းအင်ပါတဲ့ဓားကို ထုတ်လိုက်ပြီး ဝိညဥ်စွမ်းအင်ကို အသက်သွင်းကာ ချောင်ဖုန်းအားပြောလိုက်သည်။
"ငါ့ကို အဲ့လိုပြန်ပြောရဲတယ်ဆိုတော့ မင်းမှာအသက်ရှင်ဖို့ အခွင့်အရေးမရှိတော့ဘူး "
ချောင်ဖုန်းလဲ သူ့ရဲ့ဓားကို ထုတ်ကာပြောလိုက်သည်။
"မင်းမှာ အဲ့လိုအရည်အချင်းမျိုးရှိဖို့ မျှော်လင့်ပါတယ်"
ထိုအခါ လောင်းဖန်သည် နောက်ကိုဆုတ်သွားပြီး သူ့ရဲ့ဓားကို ကိုင်ကာ ပြောလိုက်သည်။
"ကောင်းကင်ဘုံနဂါးကျင့်စဥ်"
လောင်းဖန်သည် သူရဲ့ဓားကို လက်ညိုးလက်ခလယ်ဖြင့် ဓားအရင်းကနေ အဖျားထိပွတ်ဆွဲလိုက်သည်။ထိုအခါ အလွန်ကြီးမားသော အစိမ်းရောင်နဂါးဝိညဥ်သည် ဓားမှထွက်ပေါ်လာခဲ့သည်။
လောင်းဖန်သည် ချောင်ဖုန်းအား "မင်းက ကိုယ့်သေလမ်းကိုယ်ရှာမှာတော့ သွားသေလိုက်တော့ " ဟု ပြောလိုက်ပြီး သူ့ရဲ့ဓားဖြင့်အဝေးကနေ ချောင်ဖုန်းကို ခုတ်ချလိုက်တဲ့အခါ အစိမ်းရောင်နဂါးဝိညဥ်ကြီးသည် ချောင်ဖုန်းအနားကို ရောက်ရှိပြီး ပြင်းထန်စွာပေါက်ကွဲသွားလေသည်။လောင်းဖန်သည် သူရဲ့ဓားကို ပြန်သိမ်းလိုက်ကာ ပြောလိုက်သည်။
"ဆောက်ရူးကောင် အရည်အချင်းမရှိဘဲ ၊ ငါ့ကို အချိန်လာဖြုန်းနေတယ် "
အပေါ်ဘက်မှာလဲ အဖိုးအိုတိုက်ခိုက်နေတဲ့ အကာအကွယ်အစီအရင်သည် ပျက်စီးလုနီးပါးဖြစ်နေသည်။အဖိုးအိုဘေးမှ တစ်ယောက်ကလဲ အကာအကွယ်အစီအရင်ကို ကူဖျက်ဆီးပေးနေခဲ့သည်။
ထိုချိန်မှာ အလွန်ဝေးသောနေရာတစ်ခု၌ ကောင်းကင်ကြီးသည် နီရဲတွတ်နေခဲ့ပြီး အားလုံးသည် ဘယ်ကလာမှန်းမသိတဲ့ ကြောက်လန့်မှုကိုနက်ရှိုင်းစွာခံစားလိုက်ရသည်။
အဖိုးအိုသည် အကာအကွယ်ဖျက်ဆီးနေရင်း ရုတ်တရက် ရပ်တန့်လိုက်ရင်း ပြောလိုက်သည်။
"ဒါ ဒဏ္ဍာရီတွေထဲမှာပဲရှိဖူးခဲ့တဲ့ မရဏငရဲဓားရဲ့အရှိန်အဝါလား "
ထို့နောက် အဖိုးအိုမျက်နှာသည် ရုတ်တရက် ပြုံးရွင်သွားပြီး လောင်းဖန်ကိုပြောလိုက်သည်။
"လောင်းဖန်မင်းဟိုကောင်စုတ်ကို ရှင်းပြီးပြီးဆို လောင်ဂန်းကို လာကူလိုက် ၊ ဒီအဖွဲ့ကို မင်းတို့လက်ထဲ ထည့်ခဲ့မယ် "
ထိုအခါ လောင်းဖန်သည် သူ့ဆရာကို စိတ်ချဖို့ပြောလိုက်သည်။
"ဆရာ.....ဒီအဖွဲ့လောက်တော့ ကျွန်တော်တို့ညီကိုနှစ်ယောက်ကိုင်တွယ်နိုင်ပါတယ်"
"ကောင်းပြီလေ.... ဒါပေမယ့်မင်းတို့တွေ မိန်းမတွေကို ဘယ်တော့မှ အထင်မသေးမိစေနဲ့"
အဖိုးအိုသည် ထိုနေရာမှ ပျံသန်းသွားတဲ့အခါ လူတစ်ယောက်သည် ကြိတ်ရယ်လိုက်ပါသည်။
"ဟီး.....အခုငါ့အလှည့်ပြန်ရောက်ပြီပေါ့ "
ထိုလူကတော့ ချောင်ဖုန်းပင် ဖြစ်သည်။ချောင်ဖုန်းရဲ့နတ်ဘုရားခြေလှမ်းသည် အနိူင်းမဲ့အဆင့်ကို ရောက်ရှိနေတာကြောင့် ဘုရင်နယ်ပယ်အဆင့်ကတိုက်ခိုက်မှုကို အလွယ်တကူရှောင်ရှားနိုင်လေသည်။
လောင်းဖန်နဲ့လောင်းဂန်သည် လေပေါ်တွင်ဓားပျံများစီးကာ အဖိုးအိုဖျက်စီးခဲ့သော အကာအကွယ်အစီအရင်ကို အနည်းငယ်ဆက်တိုက်ပြီးတဲ့အခါမှာတော့ အကာအကွယ်အစီအရင်သည် ပေါက်ကွဲထွက်သွားခဲ့သည်။ထိုအခါ မိန်းမပျိူခုနှစ်ယောက်လဲ ဓားများကို ထုတ်ကာတိုက်ခိုက်ဖို့ ပြင်ဆင်ခဲ့သည်။
လောင်ဂန်းသည် မိန်းမပျိူများအားလုံးကို ပြောလိုက်သည်။
"မင်းတို့အားလုံးလိမ်လိမ်မာမာနဲ့ အညံခံမယ်ဆိုရင်တော့ မင်းတို့ကို ဆရာကိုယ်စားမင်းတို့ကို ဂရုစိုက်ပေးမယ်....ဟားဟား"
ထိုချိန်မှာ ချောင်ဖုန်းသည် မြေပြင်တစ်နေရာမှာ ပြန်ပေါ်ထွက်လာပြီး ပြောလိုက်သည်။
"မင်းတို့ခွေးနှစ်ကောင်ရဲ့အသက်ကို အရင်ဆုံးဂရုစိုက်သင့်တယ်ထင်တယ်"
ထိုအခါ လောင်းဖန်သည် အံ့အားသင့်ပြီး ဒေါသထွက်စွာနဲ့ပြောလိုက်သည်။
"ခွေးကောင်စုတ် မင်းကမသေသေးဘူးလား ၊ ကောင်းတယ်ကောင်းတယ် ငါ့ကိုလှည့်စားရဲတဲ့အတွက် မင်းကိုသေတာထက်ပိုဆိုးအောင်လုပ်ရမယ်"
မိန်းမပျိုခုနှစ်ယောက်သည် ချောင်ဖုန်းကို ကြည့်ကာ အံ့အားသင့်နေခဲ့သည်။သူတို့လို့ အဆင့်အတန်းရှိတဲ့ဂိုဏ်းတစ်ခုတောင် ဓားဘုရင်ဂိုဏ်းကို ရန်မစရဲပေ။
လောင်ဖန်းသည် မြေပြင်ပေါ်သို့ ဆင်းသက်သွားပြီး နောက်ထပ်သိုင်းတစ်မျိူးဖြင့် ချောင်ဖုန်းအားတိုက်ခိုက်လိုက်သည်။
"ကြယ်ဓားမိုးကျင့်စဥ်"
လောင်းဖန်သည် ထိုသိုင်းကွက်ကို အသုံးပြုပြီးတိုက်ခိုက်လိုက်တဲ့အခါ ကြယ်ပုံစံဓားပေါင်းများစွာသည် ချောင်ဖုန်းရှိကို မိုးရွာချသလို အုံလိုက်ကြီး ရောက်ရှိသွားသည်။ သို့သော် ချောင်ဖုန်းသည် နတ်ဘုရားခြေလှမ်းဖြင့် အလွယ်တကူပင် ရွှေ့လျားလိုက်
သည်။
လောင်ဖန်းသည် ကြယ်ဓားမိုးကို သုံးလေးကြိမ်တိုက်ခိုက်ပြီးနောက်မှာ ချောင်ဖုန်းသည် ဘာမှမဖြစ်ဘဲ အလွယ်တကူရှောင်ရှားနေတာကြောင့် အားလုံးသည် ကြောက်လန့်သွားခဲ့သည်။လောင်ဖန်းသည် ချောင်ဖန်းကို သရဲတစ္ဆေလို့ပင်ထင်သွားသည်။
"ဒီကောင်က သရဲလား ၊ ဘာလို့ငါ့တိုက်ခိုက်မှုကိုအလွယ်လေးရှောင်ရှားလို့ရနေတာလဲ"