← Chapters

Chapter(14)

Vol. 1 Ch. 14

Chapter(14)

Vol. 1 Ch. 14

အသန့်စင်ဆုံးစနစ် အခန်း(14)

ချောင်ဖုန်းသည် လောင်ဖန်းကို လှောင်ပြောင်၍ ပြောလိုက်သည်။

"ငါ့ကိုသက်ညှာပေးလို့ ကျေးဇူးတင်ပါတယ် "

ထိုအခါ လောင်ဖန်းသည် ချောင်ဖုန်းကို ဒေါသထွက်စွာဖြင့်ပြောလိုက်သည်။

"ကောင်စုတ်လေး မင်းက ပြန်မတိုက်ပဲ ထွက်ပဲပြေးနေမှာလား"

ထိုအခါ ချောင်ဖုန်းသည် လေပွေဓားသိုင်းကျင့်စဥ်ကို ပုံဖော်လိုက်သည်။လောင်ဖန်သည် ချောင်ဖန်းရဲ့ ခေါင်းပေါ်တွင် ရှိနေသော ဓားလေပွေလှိုင်းကြီးသည် သူကို သေမင်းက လာခေါ်သလို ခံစားနေရသည်။ လောင်းဂန်သည် အန္တရာယ်ရှိတာကို သိရှိလိုက်ရတဲ့အတွက် လောင်းဖန်ကို နောက်ဆုတ်ဖို့ပြောလိုက်သည်။

"လောင်းဖန်......နောက်ကိုအမြန်ပြန်ဆုတ်တော့"

ဒါပေမယ့်လောင်းဖန်သည် သူ့ရဲ့ဓားကို ဝိညဥ်စွမ်းအင်အသက်သွင်းလိုက်ပြီး အစိမ်ရောင်နဂါးကြီးကို ထပ်မံဖော်ထုတ်လိုက်သည်။လောင်းဖန်သည် မှော်ဆေးလုံးတစ်လုံးထုတ်သောက်လိုက်ပြီး ချောင်ဖုန်းအားပြောလိုက်သည်။

"ငါရဲ့ကောင်းကင်ဘုံနဂါးရဲ့ အစွမ်းထက်ဆုံး တိုက်ကွက်ကို မင်းကိုပြရတာပေါ့"

ထိုအခါ ချောင်ဖုန်းသည် လေပ​ွေဓားသိုင်းဖြင့် လောင်းဖန်းအားတိုက်ခိုက်လိုက်ပြီး လောင်းဖန်ကလဲ ကောင်းကင်ဘုံနဂါးဖြင့် အပြန်အလှန်တိုက်ခိုက်ကြလိုက်သည်။

ဓားလေပွေလှိုင်းကြီးသည် လောင်းဖန်ရဲ့အစိမ်းရောင်ဝိညဥ်နဂါးကြီး တစ်ချက်ထဲနဲ့ ဖျက်ဆီးပစ်လိုက်ပြီး လောင်းဖန်စီကို လျင်မြန်သောနှုန်းဖြင့် ကျရောက်သွားလေသည်။လောင်ဖန်းသည် ထွက်ပြေးဖို့ နောက်ကျသွားပြီဖို့ ကူကယ်ရာမဲ့အော်လိုက်သည်။

"လောင်ဂန်း....ငါ့ကိုကယ်ပါအုံး"

ဒါပေမယ့် လောင်းဖန်သည် ဓားလေပွေလှိုင်းထဲသို့ ကျရောက်သွားပြီး စက္ကန်းပိုင်းအတွင်းမှာ ခန္ဓာကိုယ်ပေါ်တွင် ကြောက်စရာကောင်းသော ဓားချက်ပေါင်းများနဲ့ ​သေဆုံးသွားလေသည်။

ချောင်ဖုန်းရဲ့ ဓားလေပွေလှိုင်းကြီးသည် သူတို့ထင်ထားတာထက် ကြောက်စရာ​ကောင်းနေတာကြောင့် ချောင်ဖုန်းအားကြောက်ရွံသွားကြသည်။

ချောင်ဖုန်းသည် လောင်းဖန်ရဲ့ဓားကို ကောက်ယူကာ ကြည့်လိုက်ပြီး သိုလှောင်ကွင်းထဲသို့ ထည့်လိုက်သည်။

"မဆိုးဘူး ဝိညဥ်စွမ်းအင်ပါတဲ့ဓားကောင်းတစ်လက်ပဲ"

လောင်းဂန်သည် သူ့မျက်စိတစ်မှိတ် ခဏလေးအတွင်းမှာ လောင်းဖန်သေဆုံးသွားတဲ့အတွက် ထွက်ပြေးဖို့သာ ကြံလိုက်ပါတော့သည်။

လောင်ဂန်းသည် သူ့လက်ထဲက အဆောင်ရတနာအစီအရင်စာရွက်ကို ဖောက်ခွဲလိုက်ပြီး အားလုံးကိုပြောလိုက်သည်။

"ဓားဘုရင်ဂိုဏ်းက လူကိုသတ်ရဲတဲ့အတွက် မင်းနောင်တရစေရမယ်"

တစ်ဖက်တွင် လောင်းဖန်နဲ့လောင်းဂန်၏ ဆရာဖြစ်သောအဖိုးအိုသည် သူ့တပည့်တွေ အန္တရာယ်ရှိတာကို သိရှိသွားကာ ဒေါသထွက်သွားသည်။

"ဒီအချိန်ရောက်မှ ဒီကောင်တွေကတစ်မျိုး"

အဖိုးအိုသည် သူရှိနေသည့်နေရာမှာပဲ ဆက်လက်ရှိနေခဲ့သည်။

လောင်းဂန်သည် ချောင်ဖုန်းဘက်ကို ပြောနေတဲ့အချိန်တွင် မိန်းမပျိုခုနှစ်ယောက်သည် အောက်ကပင် လက်ဖဝါးမှ ခရမ်းရောင်ရှိသော မီးလုံးများဖြင့် လောင်းဂန်အား ရုတ်တရက်လှမ်းတိုက်ခိုက်လိုက်တဲ့အခါ လောင်းဂန်သည် ဓားပျံနဲ့အတူအောက်သို့ပြုတ်ကျလာလေသည်။

လောင်းဂန်သည် မြေပြင်ပေါ်သို့ ရောက်တဲ့အခါ သူ့ရဲ့ဓားကို ကိုင်ပြီး မိန်းမပျိုခုနှစ်ယောက်ကို ကျိန်ဆဲလိုက်သည်။

"သေစမ်း.......မင်းတို့အားလုံးက သေချင်နေတာပဲ"

ထိုချိန်မှာ မိန်းမပျိုခုနှစ်ယောက်သည် လောင်းဂန်ကို အုပ်စုလိုက်ဝိုင်းလိုက်ပြီး ခေါင်းဆောင်မိန်းကလေးကပြောလိုက်သည်။

"ငါတို့ကို သတ်ချင်တာလား.... နင့်မှာအဲ့လိုအခွင့်အရေးမရှိတော့ဘူး"

လောင်းဂန်လဲ သူဓားကို ဝိညဥ်စွမ်းအင်အသက်သွင်းလိုက်ပြီး တိုက်ခိုက်ဖို့ပြင်ဆင်လိုက်သည်။မိန်းမပျိုခုနှစ်ယောက်သည် သူတို့၏ဓားများကို အပေါ်သို့ ပစ်တင်လိုက်တဲ့အခါ ဓားများသည် လေပေါ်တွင်ရပ်တန့်နေလေသည်။

ထို့နောက် "ဓားစက်ဝန်းအစီအရင်" ဟုပြိုင်တူအော်လိုက်ကာ သူတို့၏လက်ချောင်းများကိုလှုပ်ရှားလိုက်သည်။

ထိုအခါ လေပေါ်တွင်ရပ်တန့်နေသော ဓားများသည် ခရမ်းရောင်စွမ်းအင်များထွက်လာပြီး ထိုစွမ်းအင်များသည် ဓားချောင်းတစ်ချောင်းနဲ့တစ်ချောင်းစီးဆင်းသွားပြီး စက်ဝိုင်းပုံစံဖြစ်ပေါ်လာပြီး ဓားစက်ဝန်းအစီအရင်ဖြစ်ပေါ်သွားလေသည်။

လောင်းဂန်သည် ဓားစက်ဝန်းအစီအရင်ထဲတွင်ရှိနေခဲ့ပြီး ကြောက်လန့်နေခဲ့သည်။မိန်းမပျိုများသည် သူတို့လက်များကို ထပ်မံလှုပ်ရှားလိုက်တဲ့အခါမှာတော့ ဓားစက်ဝန်းအစီအရင်ထဲမှာ ပိတ်မိနေသော လောင်းဂန်သည် အလွန်ကြီးမားသော ဓားချောင်းကြီးကို တွေ့လိုက်ရတဲ့အခါ သူ့ရဲ့ဓားရှိ နဂါးဝိညဥ်စွမ်းအင်ဖြင့် ကာကွယ်လိုက်ပင်မယ့် သူ့ရဲ့ ခန္ဓာကိုယ်ကို ထိုးဖောက်သွားကာ သေဆုံးသွားလေသည်။

ထို့နောက်မိန်းမပျိုလေးခုနှစ်ယောက်ထဲမှ ခေါင်းဆောင်သည် ချောင်ဖုန်းရှိသို့ သွားပြီး နှုတ်ဆက်လိုက်သည်။

"ကျွန်မနာမည် ဖုန်းယွီပါ.......ကျွန်မတို့ကို ကူညီပေးလို့ အထွပ်အမြတ်ရတနာဂိုဏ်းက သခင်လေးကို ကျေးဇူးတင်ပါတယ်"

ချောင်ဖုန်းသည် သူ့ကို အထွပ်အမြတ်ရတနာဂိုဏ်းကလို့ပြောတဲ့အခါ စိတ်တိုသွားပြီး ပြန်ငြင်းလိုက်သည်။

"ငါကအထွပ်အမြတ်ရတနာဂိုဏ်းကသခင်လေးမဟုတ်သလို၊မင်းတို့ကိုကူညီခဲ့တာလဲ မဟုတ်ဘူး"

ထိုအခါ ဖုန်းယွီသည် ချောင်းဖုန်းအားအံ့အားသင့်သွားပြီး ပြန်မေးလိုက်သည်။

"သခင်လေးက အထွပ်အမြတ်ရတနာဂိုဏ်းကမဟုတ်ဘူးဆို လေပွေဓားသိုင်းကိုဘာလို့တက်နေတာလဲ "

ဖုန်းယွီသည် ယန်အစီအရင်ဂိုဏ်းရဲ့ ဂိုဏ်းသားဖြစ်သည်။ချောင်ဖုန်းဂိုဏ်းကမထွက်ခင်မှာ အထွပ်အမြတ်ရတနာဂိုဏ်းနှင့် ယန်အစီအရင်ဂိုဏ်းသည် ဆွေးနွေးမူများပြုလုပ်နေခဲ့ပြီး ယခုအခါမှာ မဟာမိတ်ဂိုဏ်းများဖြစ်သွားကြပြီဖြစ်သည်။ထို့ကြောင့် ဖုန်းယွီသည် အထွပ်အမြတ်ရတနာဂိုဏ်း၏ လေပွေဓားသိုင်းကို သိရှိနေခြင်းဖြစ်သည်။

ချောင်ဖုန်းသည် သူ့ကိုဂိုဏ်းက နှင်ထုတ်လိုက်တဲ့အကြောင်းပြောပြလိုက်သည်။ဖုန်းယွီသည် ချောင်းဖုန်းဘာလို့ထုတ်ခံရမှန်းမသိပင်မယ့် ဂိုဏ်းမရှိမှန်းသိတဲ့အခါ သူတို့ဂိုဏ်းကို ဝင်ဖို့ကမ်းလှမ်းခဲ့သည်။

"ဒါဆို ဖုန်းယွီ........အတင့်ရဲပြီး သခင်လေးကို ကျွန်မတို့ယန်အစီအရင်ဂိုဏ်းဝင်ဖို့ ဖိတ်ခေါ်ပါရစေ"

ချောင်ဖုန်းသည် အမှန်တကယ်ပင် အစီအရင်များကို သဘောကျနေခဲ့သည်။လက်နက်များကို ဝိညဥ်စွမ်းအင်ထည့်သွင်းခြင်း၊ ကာကွယ်ခြင်း ၊ တိုက်ခိုက်ခြင်း ကိုလဲ အစီအရင်ဖြင့် ပြုလုပ်နိုင်သည်။သို့သော် ဖုန်းယွီကို ဘာမှ ဖြေမကြားပဲ စဥ်းစားနေခဲ့သည်။

ထိုအခါ ဖုန်းယွီသည် သူရဲ့အမိန့်ပြားကို ပေးခဲ့ပြီး စိတ်ဝင်စားရင် ယန်အစီအရင်ဂိုဏ်းကို လာခဲ့ဖို့ ပြောလိုက်ပြီး ဓားပျံများစီးကာ အဖွဲ့လိုက်ပျံသန်းသွားလေသည်။

ချောင်ဖုန်းသည် လောင်းဂန်ရဲ့ ပဲ့သွားသော ဓားကိုလဲ ယူလိုက်ကာ အမိန့်ပြားနဲ့အတူ သိုလှောင်ကွင်းကို သိမ်းထားလိုက်ပြီး ထိုနေရာမှ ထွက်ခွာသွားပါတော့သည်။

အမှန်တကယ်တော့ မိန်းမပျိုခုနှစ်ယောက်ပြန်လာမည်ဆိုး၍ ချောင်ဖုန်းသည် ထိုနေရာတွင် ရတနာပစ္စည်းကို မရှာဖွေခဲ့ခြင်းဖြစ်သည်။

ချောင်ဖုန်းသည် မြေပုံစာရွက်ကို ထုတ်ကြည့်လိုက်ပြီး တောင်တစ်ခုကို အနီရောက်စက်ဝိုင်းလေ ဝိုင်းထားတဲ့နေရာကို ထွက်ခွာလာခဲ့သည်။ချောင်ဖုန်းသည် ဝိညဥ်စွမ်းအင်ရှိသော ဓားကို ပိုင်ဆိုင်ထားပင်မယ့် ဓားပျံမစီးဖူးသည့်အတွက် နတ်ဘုရားခြေလှမ်းဖြင့်သာ အလွန်လျင်မြန်စွာ သွားလာနေခဲ့သည်။

ချောင်ဖုန်းသည် တော်ထိပ်အနားရှိသစ်ပင်နားကိုရောက်တဲ့အခါ လူပေါင်းများစွာသည် တောင်ထိပ်မှာ စုနေတာကို သိရှိလိုက်ရသည်။ထို့နောက်သူ့ကိုယ်သူပြောလိုက်သည်။

"သေစမ်းလာပြန်ပြီ ၊ တော်တော်ကံဆိုးတဲ့ငါပါလား....ရတနာမြေပုံကို ငါပဲရထားတယ်ဆိုပြီးထင်နေတာ လူတိုင်းက သိနေတာပဲ"

ချောင်ဖုန်းသည် တောင်ထိပ်ပေါ်မှာ အဖွဲ့များစွာကို တွေ့ရှိလိုက်ရပြီး အားလုံးသည် တစ်နေရာထဲကို ကြည့်နေတာကို တွေ့လိုက်ရသည်။ထိုနေရာမှာတော့ ဟောင်းနွမ်းပျက်စီးနေသောဧရာမဓားအကြီးကြီးရှိနေခဲ့ပြီး တစ်ဝက်လောက်သည်မြေကြီးပေါ်တွင် စိုက်နေလေသည်။

ထိုဓား၏ အပေါ်ရှိကောင်းကင်ယံသည် နီနီရဲရဲဖြစ်နေခဲ့ပြီး ထိုတောင်ထိပ်ရဲ့နယ်မြေသည် အနီရောင်အငွေ့များနှင့်အနက်ရောင်အငွေ့များရှိနေတာကြောင့် ကြောက်လန့်သလို ခံစားနေရသည်။လူတိုင်း၏ ပါးစပ်မှာလဲ အသွင်ကိုးမျိူးမရဏငရဲဓားဟု ခေါ်ဆိုနေကြသည်။

ချောင်ဖုန်းသည် ထို့နောက် အမှတ်မထင်ပဲ ဝမ်ရှောက်ရှန်တို့ကို ပြန်လည်တွေ့ရှိသွားခဲ့သည်။ဝမ်ရှောက်ရှန်တို့အဖွဲ့ထဲတွင် ချောင်ဖုန်းမသိသော နောက်ထပ်အဖိုးကြီးတစ်ယောက်သည် ရောက်ရှိနေခဲ့သည်။ထိုလူနာမည်ကတော့ ဝမ်လော့ဖြစ်ပြီး ဧကရာဇ်နယ်ပယ်အဆင့်ဖြစ်သည်။

ချောင်ဖုန်းသည် ဆက်၍ မသွားတော့ပဲ ဧကရာဇ်နယ်ပယ်အဆင့်ကလူသည် အနားမှာပုန်းနေရင် သိရှိနိုင်တာမလို့ အဝေးကပင် ကြည့်နေတော့သည်။

အသွင်ကိုးမျိုးမရဏငရဲဓားသည် ယခုအခါမှာတော့ ဒဏ္ဍာရီတွင်ကျန်ခဲ့သော ဓားတစ်လက်ဖြစ်ပြီး စွမ်းအင်အငွေ့အသက်တွေမရှိတော့ဘဲ သာမာန်ဧရာမဓားကြီးအဖြစ်သာ တောင်ထိပ်ပေါ်တွင် တည်ရှိနေတော့သည်။

ချောင်းဖုန်းကတော့ သူ့အတွေးနဲ့သူ ပျော်ရွှင်နေလေသည်။

All Chapters